ဝုဗ္နဲ႔ပြဲမွာ လီဗာပူးမိသားစု တစ္ခုတည္းအတြက္ပဲ အာရံုစိုက္ ကစားမယ္ဆိုတဲ့ ယာဂင္ကေလာ့ပ္

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ ေနာက္ဆံုးေသာ အန္ဖီးကြင္းပြဲနဲ႔ ပရီးမီးယားလိဂ္ပြဲအျဖစ္ ယွဥ္ျပိဳင္ကစားရမယ့္ ဝုဗ္နဲ႔ပြဲၾကိဳမွာ အသင္းပရိသတ္ေတြအတြက္ အေၾကာင္းၾကားစာကို ကလပ္အသင္း ဝဘ္ဆိုဒ္ကေန ထုတ္ျပန္သြားခဲ့ပါတယ္။

လီဗာပူးရဲ႕ ေနာက္ဆံုးပြဲဟာ ဒီရာသီ အမွတ္ေပးဖလား ဘယ္သူျဖစ္မယ္ဆိုတာကို တစ္ျပိဳင္နက္ သိရမယ့္ ပြဲလည္းျဖစ္တယ္။ ယာဂင္ကေလာ့ပ္ကေတာ့ ဒီပြဲကို အျခားေသာ အေၾကာင္းအရာေတြထက္စာရင္ လီဗာပူးမိသားစုအတြက္ အမွတ္တရျဖစ္ေစဖို႔ ကစားမယ္လို႔ ဆိုလာတာ ျဖစ္ပါတယ္။

ကေလာ့ပ္က “ အဂၤါေန႔ညက အက်ိဳးသက္ေရာက္မႈကို မသိက်ိဳးကၽြံထားဖို႔က မျဖစ္ႏုိင္ပါဘူး။ ဒါေပမယ့္ အဲ့တာက ကစားသမားေတြေၾကာင္တင္ မဟုတ္ပါဘူး။ က်ေန္ာတုိ႔ေတြ အားလံုးေၾကာင့္ပါ။ အဲ့သည္ အားသာခ်က္ကို အရယူရပါမယ္။ ရုပ္ပိုင္းဆိုင္ရာနဲ႔ ခံစားခ်က္ေတြက ၾကီးမားတဲ့ သက္ေရာက္မႈေတြ ျဖစ္ခဲ့ပါတယ္။

ရုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈအေနနဲ႔ အသင္းမွာ ဒဏ္ရာဖုေယာင္ေနတာေတြ၊ အတြင္းေၾကတာေတြ ရွိထားပါတယ္။ ဒီစာကို ေရးေနခ်ိန္မွာ ဘယ္လိုလူစာရင္းကို ထုတ္ရမယ္ က်ေန္ာ မသိေသးပါဘူး။ ဒါေပမယ့္လို႔ ခံစားမႈနဲ႔ စိတ္ဓါတ္ပိုင္းေတြက အဲ့သည္ အေျခအေနေတြကို ကိုင္တြယ္ႏုိင္ပါလိမ့္မယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြနဲ႔ အသင္းသားေတြၾကား အတူတကြ ေပါင္းစပ္မႈက အေရးၾကီးတယ္လို႔ ထင္တာပါ။

က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြက က်ေန္ာတုိ႔ရဲ႕ စြမ္းအင္အရင္းအျမစ္ပါ။ က်ေန္ာတုိ႔ သူတို႔ကို အလိုအပ္ဆံုး ဒီေနလို႔ အခ်ိန္မွာ ပရိသတ္ေတြက က်ေန္ာတုိ႔အတြက္ ရွိေပးပါလိမ့္မယ္။ အန္ဖီးမွာ ကိုယ္အသင္း ဘာျဖစ္မယ္ဆိုတာကိုပဲ စိတ္ပူေပးဖို႔က အေရးၾကီးပါတယ္။

အဂၤါေန႔ညက အျခားအျပင္လူေတြရဲ႕ အျမင္ထင္ လီဗာပူးမိသားစုကိုပဲ က်ေန္ာတုိ႔ အာရံုစိုက္ခဲ့တယ္။ ကိုယ္ပိုင္ အမွတ္တရေတြကို ဖန္တီးခဲ့တယ္။ ဒီကေန႔မွာ အဲ့သည္လို လုပ္ေပးၾကပါတယ္။ ဒီကေန႔ဟာ က်ေန္ာတို႔အတြက္၊ လီဗာပူးအတြက္ ေပ်ာ္ရႊင္စရာျဖစ္ေအာင္ လာေရာက္ အားေပးၾကပါ။

ဘာစီလိုနာကို ရင္ဆုိင္ေက်ာ္ျဖတ္ခဲ့လုိ႔ ဒီေန႔ပြဲဟာ ဒီရာသီ ေနာက္ဆံုးပြဲ မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ရမယ့္ ေနာက္ဆံုးပြဲပါ။ က်ေန္ာတုိ႔ အတူတကြ ၾကိဳးစားလာခဲ့တဲ့ အံ့မခန္းတဲ့ ခရီးအတြက္ အားေပးေထာက္ပံ့မႈၾကီး ရခ်င္ပါတယ္။

ဘာေတြပဲျဖစ္လာပါေစ။ က်ေန္ာတုိ႔က က်ေန္ာတို႔ပါပဲ။ ဒီအထိေရာက္ေအာင္ အတူတကြ လာခဲ့ၾကတာျဖစ္တယ္။ ဒါက လီဗာပူးပါ။ ခြန္းအားေတြကို စုစည္းၾကျပီး ဒါကို ေပ်ာ္ရႊင္စြာနဲ႔ ေပြ႔ဖက္ၾကရေအာင္ပါ။ ေက်းဇူးတင္ပါတယ္ အန္ဖီး။ အရမ္းကို ခမ္းနားလြန္းပါတယ္ ” လို႔ ပရိသတ္ေတြကို စာပို႔ခဲ့တာျဖစ္ပါတယ္။

ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ 8း30 နာရီမွာေတာ့ အန္ဖီးကြင္းမွာ လီဗာပူးဟာ ဝုဗ္ကို ဧည့္ခံျပီး ဒီရာသီ ေနာက္ဆံုးေသာ ပရီးမီးယားလိဂ္ပြဲကို ဧည့္ခံကစားမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ နောက်ဆုံးသော အန်ဖီးကွင်းပွဲနဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမယ့် ဝုဗ်နဲ့ပွဲကြိုမှာ အသင်းပရိသတ်တွေအတွက် အကြောင်းကြားစာကို ကလပ်အသင်း ဝဘ်ဆိုဒ်ကနေ ထုတ်ပြန်သွားခဲ့ပါတယ်။

လီဗာပူးရဲ့ နောက်ဆုံးပွဲဟာ ဒီရာသီ အမှတ်ပေးဖလား ဘယ်သူဖြစ်မယ်ဆိုတာကို တစ်ပြိုင်နက် သိရမယ့် ပွဲလည်းဖြစ်တယ်။ ယာဂင်ကလော့ပ်ကတော့ ဒီပွဲကို အခြားသော အကြောင်းအရာတွေထက်စာရင် လီဗာပူးမိသားစုအတွက် အမှတ်တရဖြစ်စေဖို့ ကစားမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။

ကလော့ပ်က “ အင်္ဂါနေ့ညက အကျိုးသက်ရောက်မှုကို မသိကျိုးကျွံထားဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲ့တာက ကစားသမားတွေကြောင်တင် မဟုတ်ပါဘူး။ ကျနေ်ာတို့တွေ အားလုံးကြောင့်ပါ။ အဲ့သည် အားသာချက်ကို အရယူရပါမယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်တွေက ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအနေနဲ့ အသင်းမှာ ဒဏ်ရာဖုယောင်နေတာတွေ၊ အတွင်းကြေတာတွေ ရှိထားပါတယ်။ ဒီစာကို ရေးနေချိန်မှာ ဘယ်လိုလူစာရင်းကို ထုတ်ရမယ် ကျနေ်ာ မသိသေးပါဘူး။ ဒါပေမယ့်လို့ ခံစားမှုနဲ့ စိတ်ဓါတ်ပိုင်းတွေက အဲ့သည် အခြေအနေတွေကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ပရိသတ်တွေနဲ့ အသင်းသားတွေကြား အတူတကွ ပေါင်းစပ်မှုက အရေးကြီးတယ်လို့ ထင်တာပါ။

ကျနေ်ာတို့ရဲ့ ပရိသတ်တွေက ကျနေ်ာတို့ရဲ့ စွမ်းအင်အရင်းအမြစ်ပါ။ ကျနေ်ာတို့ သူတို့ကို အလိုအပ်ဆုံး ဒီနေလို့ အချိန်မှာ ပရိသတ်တွေက ကျနေ်ာတို့အတွက် ရှိပေးပါလိမ့်မယ်။ အန်ဖီးမှာ ကိုယ်အသင်း ဘာဖြစ်မယ်ဆိုတာကိုပဲ စိတ်ပူပေးဖို့က အရေးကြီးပါတယ်။ အင်္ဂါနေ့ညက အခြားအပြင်လူတွေရဲ့ အမြင်ထင် လီဗာပူးမိသားစုကိုပဲ ကျနေ်ာတို့ အာရုံစိုက်ခဲ့တယ်။ ကိုယ်ပိုင် အမှတ်တရတွေကို ဖန်တီးခဲ့တယ်။ ဒီကနေ့မှာ အဲ့သည်လို လုပ်ပေးကြပါတယ်။ ဒီကနေ့ဟာ ကျနေ်ာတို့အတွက်၊ လီဗာပူးအတွက် ပျော်ရွှင်စရာဖြစ်အောင် လာရောက် အားပေးကြပါ။

ဘာစီလိုနာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့လို့ ဒီနေ့ပွဲဟာ ဒီရာသီ နောက်ဆုံးပွဲ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲပါ။ ကျနေ်ာတို့ အတူတကွ ကြိုးစားလာခဲ့တဲ့ အံ့မခန်းတဲ့ ခရီးအတွက် အားပေးထောက်ပံ့မှုကြီး ရချင်ပါတယ်။

ဘာတွေပဲဖြစ်လာပါစေ။ ကျနေ်ာတို့က ကျနေ်ာတို့ပါပဲ။ ဒီအထိရောက်အောင် အတူတကွ လာခဲ့ကြတာဖြစ်တယ်။ ဒါက လီဗာပူးပါ။ ခွန်းအားတွေကို စုစည်းကြပြီး ဒါကို ပျော်ရွှင်စွာနဲ့ ပွေ့ဖက်ကြရအောင်ပါ။ ကျေးဇူးတင်ပါတယ် အန်ဖီး။ အရမ်းကို ခမ်းနားလွန်းပါတယ် ” လို့ ပရိသတ်တွေကို စာပို့ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် 8း30 နာရီမှာတော့ အန်ဖီးကွင်းမှာ လီဗာပူးဟာ ဝုဗ်ကို ဧည့်ခံပြီး ဒီရာသီ နောက်ဆုံးသော ပရီးမီးယားလိဂ်ပွဲကို ဧည့်ခံကစားမှာဖြစ်ပါတယ်။

Sports Home Time