မန္စီးတီး အသင္းေခါင္းေဆာင္ရာထူးအတြက္ ကြန္ပနီ ေထာက္ခံေပးျခင္း ခံထားရသူ

မန္စီးတီးအသင္းေခါင္းေဆာင္ ကြန္ပနီက သူ႔ေနရာမွာ ဆက္ခံမယ့္ အနာဂတ္ အသင္းေခါင္းေဆာင္ကုိ ေရြးထုတ္ေပးမႈ ျပဳလုပ္လာခဲ့ပါတယ္။ မန္စီးတီးဟာ မၾကာခင္မွာေတာ့ ကြန္ပနီေနရာမွာ ဆက္ခံရမယ့္ အသင္းေခါင္းေဆာင္သစ္ကို ေရြးခ်ယ္ရျခင္းေတြ ရွိလာမွာပါ။

မန္စီးတီးနဲ႔ ကြန္ပနီဟာ စာခ်ဳပ္သစ္ကိစၥ စကားေျပာေနေပမယ့္ လာမယ့္ရာသီမွာ ဘယ္ဂ်ီယံသားၾကီးရဲ႕ ပြဲထြက္ခြင့္က ပံုမွန္ရဖို႔ မေသခ်ာေတာ့ပါဘူး။ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ေဆးဗားနဲ႔ ဖာနန္ဒင္ဟိုတို႔ကလည္း အသက္အရြယ္ ရလာခဲ့ျပီျဖစ္တယ္။ ဒီအတြက္နဲ႔ အနာဂတ္အတြက္ ကြန္ပနီ ေထာက္ခံေပးျခင္း ခံရသူကေတာ့ မန္စီးတီး ကြင္းလယ္နဲ႔ ေတာင္ပံကစားသမား ဘာနာတိုေဆးဗားပဲျဖစ္ပါတယ္။

ကြန္ပနီဟာ သူ႔ရဲ႕ မန္စီးတီးအသင္းေခါင္းေဆာင္ဘဝ ေလးၾကိမ္ေျမာက္ ပရီးမီးယားလိဂ္ ဆုဖလားကို ျပီးခဲ့တဲ့ တနဂၤေႏြကပဲ ကိုင္ေျမာက္ထားပါတယ္။ သူဟာ ပရီးမီးယားလိဂ္သမုိင္းမွာ အမွတ္ေပးခ်န္ပီယံကို အၾကိမ္အမ်ားၾကီး ကိုင္ေျမာက္ခြင့္ရတဲ့ အသင္းေခါင္းေဆာင္ေတြထဲက တစ္ဦးလည္း ျဖစ္လာခဲ့တယ္။ သူကေတာ့ ဘာနာတိုဟာ မန္စီးတီးကို ဦးေဆာင္ႏုိင္မယ့္ ကစားသမားအျဖစ္ ယံုၾကည္ေနပါတယ္။

ကြန္ပနီက ေျပာရာမွာ ” က်ေန္ာ သူ႔ကိုေျပာခဲ့တာက မင္းက 50% လူေႏွာက္ျဖစ္ျပီး 50% ကေတာ့ ေခါင္းေဆာင္ေကာင္းျဖစ္တယ္။ အကယ္လို႔ မင္းေႏွာက္ေျပာင္တာကို 25% ထိေလ်ာ့ခ်ျပီး ေခါင္းေဆာင္မႈကို 75% ထိ ျမင့္တင္ႏုိင္ရင္ ဒီအသင္းရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္လာလိမ့္မယ္လို႔ျဖစ္တယ္။ သူက အရမ္းသန္းမာတယ္။ အမွတ္ေပးဖလားကို ထိုက္တန္တဲ့ သူေတြထဲမွာ သူ႔ထက္ပိုတဲ့ ကစားသမားလည္း မရွိေတာ့ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

မၾကာေသးခင္က မန္စီးတီးအသင္း ပရိသတ္ေတြ ကိုယ္တုိင္ကပဲ သူတို႔ရဲ႕ ေနာက္ထပ္ အသင္းေခါင္းေဆာင္ အျဖစ္ ဘာနာဒိုေဆးလ္ဗားကို ခန္႔အပ္ဖို႔ ေျပာဆို ေတာင္းဆိုမႈေတြ ရွိလာပါတယ္။ ဗင္းဆင့္ကြန္ပီနီသာ အနားယူသြားရင္ ဘာနာဒိုေဆးလ္ဗားက အသင္းကို အေကာင္းဆံုး ဦးေဆာင္နုိင္လိမ့္မယ္လု႔ိ ပရိသတ္ေတြဘက္က ယံုၾကည္ေနၾကျပီး တြစ္တာမွ တဆင့္ ေတာင္းဆိုေထာက္ခံမႈေတြ ျပဳလုပ္ထားဖူးပါတယ္။

မန္စီးတီးဘက္ကေတာ့ ေတာင္ပံကစားသမား စတာလင္ကို အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ ျမင္မႈေတြ ရွိသလို၊ ဂၽြန္စတုန္းကို အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္လိုတယ္လို႔လည္း သတင္းေတြ ထြက္ေပၚထားပါတယ္။

Sports Home Time

[Unicode] မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက သူ့နေရာမှာ ဆက်ခံမယ့် အနာဂတ် အသင်းခေါင်းဆောင်ကို ရွေးထုတ်ပေးမှု ပြုလုပ်လာခဲ့ပါတယ်။ မန်စီးတီးဟာ မကြာခင်မှာတော့ ကွန်ပနီနေရာမှာ ဆက်ခံရမယ့် အသင်းခေါင်းဆောင်သစ်ကို ရွေးချယ်ရခြင်းတွေ ရှိလာမှာပါ။

မန်စီးတီးနဲ့ ကွန်ပနီဟာ စာချုပ်သစ်ကိစ္စ စကားပြောနေပေမယ့် လာမယ့်ရာသီမှာ ဘယ်ဂျီယံသားကြီးရဲ့ ပွဲထွက်ခွင့်က ပုံမှန်ရဖို့ မသေချာတော့ပါဘူး။ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဆေးဗားနဲ့ ဖာနန်ဒင်ဟိုတို့ကလည်း အသက်အရွယ် ရလာခဲ့ပြီဖြစ်တယ်။ ဒီအတွက်နဲ့ အနာဂတ်အတွက် ကွန်ပနီ ထောက်ခံပေးခြင်း ခံရသူကတော့ မန်စီးတီး ကွင်းလယ်နဲ့ တောင်ပံကစားသမား ဘာနာတိုဆေးဗားပဲဖြစ်ပါတယ်။

ကွန်ပနီဟာ သူ့ရဲ့ မန်စီးတီးအသင်းခေါင်းဆောင်ဘဝ လေးကြိမ်မြောက် ပရီးမီးယားလိဂ် ဆုဖလားကို ပြီးခဲ့တဲ့ တနင်္ဂနွေကပဲ ကိုင်မြောက်ထားပါတယ်။ သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်ပေးချန်ပီယံကို အကြိမ်အများကြီး ကိုင်မြောက်ခွင့်ရတဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦးလည်း ဖြစ်လာခဲ့တယ်။ သူကတော့ ဘာနာတိုဟာ မန်စီးတီးကို ဦးဆောင်နိုင်မယ့် ကစားသမားအဖြစ် ယုံကြည်နေပါတယ်။

ကွန်ပနီက ပြောရာမှာ ” ကျနေ်ာ သူ့ကိုပြောခဲ့တာက မင်းက 50% လူနှောက်ဖြစ်ပြီး 50% ကတော့ ခေါင်းဆောင်ကောင်းဖြစ်တယ်။ အကယ်လို့ မင်းနှောက်ပြောင်တာကို 25% ထိလျော့ချပြီး ခေါင်းဆောင်မှုကို 75% ထိ မြင့်တင်နိုင်ရင် ဒီအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ဖြစ်တယ်။ သူက အရမ်းသန်းမာတယ်။ အမှတ်ပေးဖလားကို ထိုက်တန်တဲ့ သူတွေထဲမှာ သူ့ထက်ပိုတဲ့ ကစားသမားလည်း မရှိတော့ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

မကြာသေးခင်က မန်စီးတီးအသင်း ပရိသတ်တွေ ကိုယ်တိုင်ကပဲ သူတို့ရဲ့ နောက်ထပ် အသင်းခေါင်းဆောင် အဖြစ် ဘာနာဒိုဆေးလ်ဗားကို ခန့်အပ်ဖို့ ပြောဆို တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဗင်းဆင့်ကွန်ပီနီသာ အနားယူသွားရင် ဘာနာဒိုဆေးလ်ဗားက အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ်လု့ိ ပရိသတ်တွေဘက်က ယုံကြည်နေကြပြီး တွစ်တာမှ တဆင့် တောင်းဆိုထောက်ခံမှုတွေ ပြုလုပ်ထားဖူးပါတယ်။

မန်စီးတီးဘက်ကတော့ တောင်ပံကစားသမား စတာလင်ကို အနာဂတ် အသင်းခေါင်းဆောင်အဖြစ် မြင်မှုတွေ ရှိသလို၊ ဂျွန်စတုန်းကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။

Sports Home Time