ဒီရာသီ ပရီးမီးယားလိဂ္မွာ က်ရွံဳးခဲ့တဲ့ နည္းျပနဲ႕ ကစားသမားမ်ား

[Zawgyi] ေအာင္ျမင္တဲ့ ကစားသမားနဲ႔ နည္းျပေတြ၊ မေအာင္ျမင္တဲ့ ကစားသမားနဲ႔ နည္းျပေတြနဲ႔အတူ ဒီႏွစ္က ထူးျခားတဲ့ ပရီးမီးယားလိဂ္ ရာသီ ျဖစ္ခဲ့ပါတယ္။ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ နည္းျပနဲ႕ကစားသမားေတြထဲက ေတာက္ပလာခဲ့တဲ့သူ ၅ ေယာက္နဲ႕ က်ရွံဳးေမွးမွိန္သြားခဲ့သူ ၅ ေယာက္ဆိုျပီး GMS ေရြးထုတ္ထားရာ က်ရွံဴးခဲ့သူ ၅ဦးကို ထပ္မံ ေဖာ္ျပေပးလိုပါတယ္။

၁) ဟိုေဆးေမာ္ရင္ညိဳ

တတိယရာသီ အိမ္မက္ဆိုးဟာ ေမာ္ရင္ညိဳကို ထပ္မံဒုကၡေပးခဲ့ၿပီး ယူႏိုက္တက္မွာ က်႐ွံူးခဲ့တာ ျဖစ္ပါတယ္။ ေႏြအေျပာင္းအေရႊ႔ စီမံခန္႔ခြဲမႈတြနဲ႔ ပတ္သက္ၿပီး ကလပ္ရဲ႕အႀကီးအကဲေတြက သူ႔ကို စိတ္ပ်က္ေစခဲ့တယ္လို႕ ေစာဒကတက္ခဲ့ၿပီးေနာက္ ယူႏိုက္တက္ ၾကယ္ပြင့္ ေပါ့ဘာ အပါအ၀င္ တျခား ကစားသမားေတြနဲ႕ ေမာ္ရင္ညိဳ သေဘာထားကြဲလြဲမႈေတြ ႐ွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဒီဇင္ဘာမွာ လီဗာပူးကို ႐ွံုးနိမ့့္ၿပီးေနာက္ ေမာ္ရင္ညိဳ ထုတ္ပယ္ခံခဲ့ရပါတယ္။

၂) ကေလာ္ဒီယို ရာေနးရာရီ

လက္စတာရဲ႕ ၂၀၁၆ ပရီးမီးယားလိဂ္ ဖလား ေအာင္ျမင္မႈ ပဲ့ကိုင္႐ွင္ဟာ ႏိူဝင္ဘာမွာ ပရီးမီးယားလိဂ္ကို အံ့အားသင့္ဖြယ္ ျပန္လာခဲ့ပါတယ္။ သူဟာ ဂ်ိဳကာႏိုဗစ္ရဲ႕ ေနရာကိုဆက္ခံၿပီး ဖူလ္ဟမ္ ပိုင္႐ွင္ ႐ွာဟစ္ခန္က သူ႔ကို အနာဂတ္မွာ ေအာင္ျမင္ဖို႔ ေသခ်ာတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ အျဖစ္ ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ အသက္ ၆၇ နွစ္အရြယ္ အီတလီသား နည္းျပဟာ ၁၇ ပြဲမွာ သံူးပြဲသာ အႏိုင္ရ႐ွိၿပီးေနာက္ နည္းျပဘဝ ၁၀၆ ရက္ အၾကာမွာပဲ ထုတ္ပယ္ခံခဲ့ရပါတယ္။

၃) အလက္ဆစ္ဆန္းခ်က္

ဆန္းခ်က္ရဲ႕ ဝမ္းနည္းစရာ က်႐ွံုးမႈဟာ ယူႏိုက္တက္ကိုလဲ တန္ျပန္ ထိခိုက္ေစသလို သူ႔အတြက္ တန္ေၾကးက စိုးရိမ္းရာ က်ဆင္းလာခဲ့ပါတယ္။ ခ်ီလီ သားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ေျခစြမ္းျပဖို႔နဲ႔ ၾကံ့ခိုင္ေရးေကာင္းမြန္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး လိဂ္ဂိုး တစ္ဂိုးသာ ရ႐ွိထားပါတယ္။ ဆန္းခ်က္ဟာ အာဆင္နယ္မွာ ေတာက္ပခဲ့သလိုမ်ိဳး မစြမ္းေဆာင္ႏိူင္ခဲ့ဘဲ ေမာ္ရင္ညိဳ နဲ႔ ဆိုး႐ွားတို႔ရဲ႕ ေဘးထုတ္ထားျခင္း ခံခဲ့ရပါတယ္။ ယူႏိုက္တက္ကေတာ့ ေႏြရာသီမွာ သူ႔ကို ေရာင္းထုတ္ဖို႔ ရည္ရြယ္ေနပါတယ္။

၄) မာကို အနာတိုဗစ္

သူ႔ရဲ႕ ၁၁ ဂိုးဟာ တစ္ကိုယ္ေတာ္ စြမ္းေဆာင္ရည္နဲ႔ မႏွစ္က ဝက္စ္ဟမ္းကို ပရီးမီးယားလိဂ္မွာ ဆက္႐ွိေနေစဖို႔ ျဖစ္ေစခဲ့ပါတယ္။ အနာတိုဗစ္ ဟာ ပရိသတ္ေတြရဲ႕ အႀကိဳက္ျဖစ္ခဲ့ေပမယ့္ ေနာက္ပိူင္းမွာေတာ့ တ႐ုတ္က မ်ားျပားတဲ့ ပမာဏနဲ႔ကမ္းလွမ္းမႈကို လက္ခံဖို႔ တိုက္စစ္ ကစားသမားက စိတ္အားထက္သန္ လာတာနဲ႔အတူ ဇန္နဝါရီအေျပာင္းအေရႊ႔ ကိစၥ ျဖစ္ခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ အနာတိုဗစ္ဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီး ဝက္စ္ဟမ္းမွာပဲ ဆက္ေနခဲ့ပါတယ္။ ဒါေပမယ့္ ေမလအထိ ပရီးမီးယားလိဂ္မွာ ဂိုး မသြင္းႏိူင္ခဲ့သလို သူ႔ကစားပံုက ဆိုးဝါးခဲ့ပါတယ္။

၅) ဂ်ိဳးဟတ္

မန္စီးတီးကေန တိုရီႏိုနဲ႔ ဝက္စ္စ္ဟမ္းမွာ ႏွစ္ရာသီ အငွါးကစားခဲ့ၿပီးေနာက္ တည္ၿငိမ္မႈရဖို႔ ဂ်ိဴးဟတ္ရဲ႕ ဆႏၵကို နားလည္ေပးခဲ့ပါတယ္။ အဂၤလန္ ဂိုးသမားေဟာင္းႀကီးဟာ ဘန္ေလမွာ ႏွစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ဥေရာပ ေဘာလံုးေလာကနဲ႔ ထိေတြ႔ဖို႔ ေမ်ွာ္လင့္ခ်က္႐ွိခဲ့ပါတယ္။ ဂ်ိဳးဟတ္ဟာ ေဘာက္ဆင္ေဒးမွာ အဲဗာတန္ကို ၅-၁ နဲ႔ ခြက္ခြက္လန္ေအာင္ ႐ွံူးနိမ့္ခဲ့ၿပီးေနာက္ ၁၉ ပြဲမွာ ၄၁ ဂိုး ထိ ခြင့္ျပဳခဲ့ရပါတယ္။ ဂ်ိဳးဟတ္ဟာ ေနာက္ထပ္ ပြဲမကစားခဲ့ရေတာ့ပဲ ေႏြရာသီမွာ ေနာက္ထပ္ ေျပာင္းေရႊ႔ခံရဖို႔ ျဖစ္ႏိူင္ပါတယ္။

Sports Home Time

[Unicode] အောင်မြင်တဲ့ ကစားသမားနဲ့ နည်းပြတွေ၊ မအောင်မြင်တဲ့ ကစားသမားနဲ့ နည်းပြတွေနဲ့အတူ ဒီနှစ်က ထူးခြားတဲ့ ပရီးမီးယားလိဂ် ရာသီ ဖြစ်ခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ နည်းပြနဲ့ကစားသမားတွေထဲက တောက်ပလာခဲ့တဲ့သူ ၅ ယောက်နဲ့ ကျရှုံးမှေးမှိန်သွားခဲ့သူ ၅ ယောက်ဆိုပြီး GMS ရွေးထုတ်ထားရာ ကျရှူံးခဲ့သူ ၅ဦးကို ထပ်မံ ဖော်ပြပေးလိုပါတယ်။

၁) ဟိုဆေးမော်ရင်ညို

တတိယရာသီ အိမ်မက်ဆိုးဟာ မော်ရင်ညိုကို ထပ်မံဒုက္ခပေးခဲ့ပြီး ယူနိုက်တက်မှာ ကျရှူံးခဲ့တာ ဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့ စီမံခန့်ခွဲမှုတွနဲ့ ပတ်သက်ပြီး ကလပ်ရဲ့အကြီးအကဲတွေက သူ့ကို စိတ်ပျက်စေခဲ့တယ်လို့ စောဒကတက်ခဲ့ပြီးနောက် ယူနိုက်တက် ကြယ်ပွင့် ပေါ့ဘာ အပါအဝင် တခြား ကစားသမားတွေနဲ့ မော်ရင်ညို သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာမှာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် မော်ရင်ညို ထုတ်ပယ်ခံခဲ့ရပါတယ်။

၂) ကလော်ဒီယို ရာနေးရာရီ

လက်စတာရဲ့ ၂၀၁၆ ပရီးမီးယားလိဂ် ဖလား အောင်မြင်မှု ပဲ့ကိုင်ရှင်ဟာ နိူဝင်ဘာမှာ ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လာခဲ့ပါတယ်။ သူဟာ ဂျိုကာနိုဗစ်ရဲ့ နေရာကိုဆက်ခံပြီး ဖူလ်ဟမ် ပိုင်ရှင် ရှာဟစ်ခန်က သူ့ကို အနာဂတ်မှာ အောင်မြင်ဖို့ သေချာတဲ့ ရင်းနှီးမြုပ်နှံမှု အဖြစ် ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အသက် ၆၇ နှစ်အရွယ် အီတလီသား နည်းပြဟာ ၁၇ ပွဲမှာ သူံးပွဲသာ အနိုင်ရရှိပြီးနောက် နည်းပြဘဝ ၁၀၆ ရက် အကြာမှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။

၃) အလက်ဆစ်ဆန်းချက်

ဆန်းချက်ရဲ့ ဝမ်းနည်းစရာ ကျရှုံးမှုဟာ ယူနိုက်တက်ကိုလဲ တန်ပြန် ထိခိုက်စေသလို သူ့အတွက် တန်ကြေးက စိုးရိမ်းရာ ကျဆင်းလာခဲ့ပါတယ်။ ချီလီ သားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြဖို့နဲ့ ကြံ့ခိုင်ရေးကောင်းမွန်ဖို့ ရုန်းကန်ခဲ့ရပြီး လိဂ်ဂိုး တစ်ဂိုးသာ ရရှိထားပါတယ်။ ဆန်းချက်ဟာ အာဆင်နယ်မှာ တောက်ပခဲ့သလိုမျိုး မစွမ်းဆောင်နိူင်ခဲ့ဘဲ မော်ရင်ညို နဲ့ ဆိုးရှားတို့ရဲ့ ဘေးထုတ်ထားခြင်း ခံခဲ့ရပါတယ်။ ယူနိုက်တက်ကတော့ နွေရာသီမှာ သူ့ကို ရောင်းထုတ်ဖို့ ရည်ရွယ်နေပါတယ်။

၄) မာကို အနာတိုဗစ်

သူ့ရဲ့ ၁၁ ဂိုးဟာ တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ မနှစ်က ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေဖို့ ဖြစ်စေခဲ့ပါတယ်။ အနာတိုဗစ် ဟာ ပရိသတ်တွေရဲ့ အကြိုက်ဖြစ်ခဲ့ပေမယ့် နောက်ပိူင်းမှာတော့ တရုတ်က များပြားတဲ့ ပမာဏနဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ တိုက်စစ် ကစားသမားက စိတ်အားထက်သန် လာတာနဲ့အတူ ဇန်နဝါရီအပြောင်းအရွှေ့ ကိစ္စ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အနာတိုဗစ်ဟာ စာချုပ်သစ်ချုပ်ဆိုပြီး ဝက်စ်ဟမ်းမှာပဲ ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် မေလအထိ ပရီးမီးယားလိဂ်မှာ ဂိုး မသွင်းနိူင်ခဲ့သလို သူ့ကစားပုံက ဆိုးဝါးခဲ့ပါတယ်။

၅) ဂျိုးဟတ်

မန်စီးတီးကနေ တိုရီနိုနဲ့ ဝက်စ်စ်ဟမ်းမှာ နှစ်ရာသီ အငှါးကစားခဲ့ပြီးနောက် တည်ငြိမ်မှုရဖို့ ဂျိူးဟတ်ရဲ့ ဆန္ဒကို နားလည်ပေးခဲ့ပါတယ်။ အင်္ဂလန် ဂိုးသမားဟောင်းကြီးဟာ ဘန်လေမှာ နှစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဥရောပ ဘောလုံးလောကနဲ့ ထိတွေ့ဖို့ မျှော်လင့်ချက်ရှိခဲ့ပါတယ်။ ဂျိုးဟတ်ဟာ ဘောက်ဆင်ဒေးမှာ အဲဗာတန်ကို ၅-၁ နဲ့ ခွက်ခွက်လန်အောင် ရှူံးနိမ့်ခဲ့ပြီးနောက် ၁၉ ပွဲမှာ ၄၁ ဂိုး ထိ ခွင့်ပြုခဲ့ရပါတယ်။ ဂျိုးဟတ်ဟာ နောက်ထပ် ပွဲမကစားခဲ့ရတော့ပဲ နွေရာသီမှာ နောက်ထပ် ပြောင်းရွှေ့ခံရဖို့ ဖြစ်နိူင်ပါတယ်။

Sports Home Time