ေနာက္ဆံုးေန႔အတြက္ ေၾကာက္ေနတဲ့ ခံစားခ်က္မ်ိဳး ရွိသလားလို႔ အေမးခံရတဲ့ ဂြာဒီယိုလာ

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ဘရိုက္တန္ပြဲၾကိဳမွာ ပရီးမီးယားလိဂ္ ေနာက္ဆံုးေန႔ အဆံုးအျဖတ္ခံယူရမယ့္ပြဲကို ရင္ဆိုင္သြားဖို႔ရာ ေၾကာက္ရြံ႔ေနတဲ့ ခံစားခ်က္မ်ား ရွိသလားလို႔ ေမးခြန္းထုတ္ခံခဲ့ရျပီး သူကေတာ့ အဲ့သည္လို႔ ခံစားခ်က္ မရွိပါဘူးလို႔ တုန္႔ျပန္ခဲ့ပါတယ္။

စီးတီးဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ျပီး ျပိဳင္ဘက္ လီဗာပူးကို တစ္မွတ္သာ ရထားတာပါ။ ဘရိုက္တန္နဲ႔ပြဲကို အႏုိင္ရမယ္ဆိုရင္ လီဗာပူးရလဒ္ကို ၾကည့္စရာ မလိုပါပဲ ပရီးမီးယားလိဂ္ခ်န္ပီယံကို ကာကြယ္ႏုိင္မွာျဖစ္တယ္။ လီဗာပူးကလည္း ကလပ္အသင္းသမုိင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္အတြက္ အန္ဖီးကြင္းမွာ ဝုဗ္ကို အႏုိင္ကစားရမွာျဖစ္ပါတယ္။

ဒီအပတ္ အေစာတုန္းက ဂြာဒီယိုလာကပဲ ေရာက္လာႏုိင္တဲ့ အမွတ္ေပးျပိဳင္ဆုိင္မႈ ဖိအားေတြကို ကိုင္တြယ္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာဆိုထားတယ္။ ဘရိုက္တန္နဲ႔ပြဲမွာ ရင္ဆိုင္ရမယ့္ ဖိအားေတြအတြက္ အသင္းသားေတြ တည္တည္ျငိမ္ျငိမ္ရွိဖို႔လည္း မွာၾကားထားပါတယ္။

ပပ္က ေျပာလိုက္တာက ” က်ေန္ာ အရမ္းေပ်ာ္ပါတယ္။ ေၾကာက္ရြံ႔မႈလည္း လံုးဝ မရွိဘူး။ ကေလးငယ္ေလးလိုေတာင္ အိပ္ေပ်ာ္စားဝင္ပါတယ္။ ဒါက အိပ္မက္ပါ။ တကယ္ကို အခြင့္ထူးပါ။ က်ေနာ္ ျမတ္ႏိုးမိပါတယ္ ” ဆိုျပီးျဖစ္တယ္။

ဒါေပမယ့္လို႔ အေစာပိုင္းတုန္းက အီသီဟတ္မွာ လီဗာပူးကို အႏုိင္မရခဲ့စဥ္ကေတာ့ ျပိဳင္ဘက္နဲ႔ 10 မွတ္ကြာသြားႏုိင္တဲ့ အေနအထားကို တုန္လႈပ္ခဲ့မိတယ္လို႔ ဝန္ခဲ့ပါတယ္။ အဲ့သည္အေၾကာင္းကိုလည္း ဂြာဒီယိုလာက ျပန္ေျပာင္းေျပာရာမွာ

” လီဗာပူးေနာက္ 7 မွတ္အကြာေရာက္ေနျပီး 10 မွတ္ေလာက္ ျပတ္သြားႏုိင္တဲ့ အေနအထားမွာ က်ေန္ာ တုန္လႈပ္ခဲ့တယ္။ အား အရမ္းခက္တာပဲလို႔ပါ။ အခုေတာ့ မဟုတ္ေတာ့ပါဘူး။ မတုန္လႈပ္ေတာ့ပါဘူး။

ကစားသမားေတြကို စိတ္ဓါတ္လံု႕ေဆာ္ဖို႔ရာ ေျပာစရာလည္း မရွိပါဘူး။ က်ေန္ာ စကားေျပာမိမယ္လည္း မထင္ဘူး။ သူတို႔ အမွတ္ေပးဖလားကို အႏုိင္ရလိုပါတယ္။ ေလ့က်င့္ေရးတိုင္းမွာ က်ေန္ာတုိ႔ ျမင္ပါတယ္။ သူတို႔ အႏုိင္ရခ်င္ေနပါတယ္။ ဘရိုက္တန္ကိုသြားျပီး အႏုိင္ရေအာင္ ကန္ပါမယ္။

ပရီးမီးယားလိဂ္ကို ႏွဏ္ၾကိမ္ဆက္ အႏုိင္ရဖို႔၊ ရံွဴးရင္ ဘာျဖစ္မယ္တို႔၊ ႏုိင္ရင္ ဘယ္လိုေအာင္ပြဲခံမယ္တို႔ က်ေန္ာတုိ႔ မေျပာပါဘူး။ က်ေန္ာတုိ႔ ေျပာေနခဲ့တာ ဘရိုက္တန္အေၾကာင္းပါ။ သူတို႔ ဘယ္လို ကာကြယ္သလဲ၊ အားသာခ်က္က ဘာ၊ အားနည္းခ်က္က ဘာေတြ၊ က်ေန္ာတို႔ ဘာလုပ္ႏုိင္သလဲဆိုတာေတြပဲ ေျပာခဲ့ၾကတယ္။ တနဂၤေႏြအတြက္ကေတာ့ အဲ့ကိုသြားျပီး ကန္ပလိုက္ရေအာင္ပါ။ ဒါပါပဲ ” လို႔ ဆိုသြားခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဘရိုက်တန်ပွဲကြိုမှာ ပရီးမီးယားလိဂ် နောက်ဆုံးနေ့ အဆုံးအဖြတ်ခံယူရမယ့်ပွဲကို ရင်ဆိုင်သွားဖို့ရာ ကြောက်ရွံ့နေတဲ့ ခံစားချက်များ ရှိသလားလို့ မေးခွန်းထုတ်ခံခဲ့ရပြီး သူကတော့ အဲ့သည်လို့ ခံစားချက် မရှိပါဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

စီးတီးဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ပြိုင်ဘက် လီဗာပူးကို တစ်မှတ်သာ ရထားတာပါ။ ဘရိုက်တန်နဲ့ပွဲကို အနိုင်ရမယ်ဆိုရင် လီဗာပူးရလဒ်ကို ကြည့်စရာ မလိုပါပဲ ပရီးမီးယားလိဂ်ချန်ပီယံကို ကာကွယ်နိုင်မှာဖြစ်တယ်။ လီဗာပူးကလည်း ကလပ်အသင်းသမိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား မျှော်လင့်ချက်အတွက် အန်ဖီးကွင်းမှာ ဝုဗ်ကို အနိုင်ကစားရမှာဖြစ်ပါတယ်။

ဒီအပတ် အစောတုန်းက ဂွာဒီယိုလာကပဲ ရောက်လာနိုင်တဲ့ အမှတ်ပေးပြိုင်ဆိုင်မှု ဖိအားတွေကို ကိုင်တွယ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောဆိုထားတယ်။ ဘရိုက်တန်နဲ့ပွဲမှာ ရင်ဆိုင်ရမယ့် ဖိအားတွေအတွက် အသင်းသားတွေ တည်တည်ငြိမ်ငြိမ်ရှိဖို့လည်း မှာကြားထားပါတယ်။

ပပ်က ပြောလိုက်တာက ” ကျနေ်ာ အရမ်းပျော်ပါတယ်။ ကြောက်ရွံ့မှုလည်း လုံးဝ မရှိဘူး။ ကလေးငယ်လေးလိုတောင် အိပ်ပျော်စားဝင်ပါတယ်။ ဒါက အိပ်မက်ပါ။ တကယ်ကို အခွင့်ထူးပါ။ ကျနော် မြတ်နိုးမိပါတယ် ” ဆိုပြီးဖြစ်တယ်။

ဒါပေမယ့်လို့ အစောပိုင်းတုန်းက အီသီဟတ်မှာ လီဗာပူးကို အနိုင်မရခဲ့စဉ်ကတော့ ပြိုင်ဘက်နဲ့ 10 မှတ်ကွာသွားနိုင်တဲ့ အနေအထားကို တုန်လှုပ်ခဲ့မိတယ်လို့ ဝန်ခဲ့ပါတယ်။ အဲ့သည်အကြောင်းကိုလည်း ဂွာဒီယိုလာက ပြန်ပြောင်းပြောရာမှာ

” လီဗာပူးနောက် 7 မှတ်အကွာရောက်နေပြီး 10 မှတ်လောက် ပြတ်သွားနိုင်တဲ့ အနေအထားမှာ ကျနေ်ာ တုန်လှုပ်ခဲ့တယ်။ အား အရမ်းခက်တာပဲလို့ပါ။ အခုတော့ မဟုတ်တော့ပါဘူး။ မတုန်လှုပ်တော့ပါဘူး။

ကစားသမားတွေကို စိတ်ဓါတ်လုံ့ဆော်ဖို့ရာ ပြောစရာလည်း မရှိပါဘူး။ ကျနေ်ာ စကားပြောမိမယ်လည်း မထင်ဘူး။ သူတို့ အမှတ်ပေးဖလားကို အနိုင်ရလိုပါတယ်။ လေ့ကျင့်ရေးတိုင်းမှာ ကျနေ်ာတို့ မြင်ပါတယ်။ သူတို့ အနိုင်ရချင်နေပါတယ်။ ဘရိုက်တန်ကိုသွားပြီး အနိုင်ရအောင် ကန်ပါမယ်။

ပရီးမီးယားလိဂ်ကို နှဏ်ကြိမ်ဆက် အနိုင်ရဖို့၊ ရံှူးရင် ဘာဖြစ်မယ်တို့၊ နိုင်ရင် ဘယ်လိုအောင်ပွဲခံမယ်တို့ ကျနေ်ာတို့ မပြောပါဘူး။ ကျနေ်ာတို့ ပြောနေခဲ့တာ ဘရိုက်တန်အကြောင်းပါ။ သူတို့ ဘယ်လို ကာကွယ်သလဲ၊ အားသာချက်က ဘာ၊ အားနည်းချက်က ဘာတွေ၊ ကျနေ်ာတို့ ဘာလုပ်နိုင်သလဲဆိုတာတွေပဲ ပြောခဲ့ကြတယ်။ တနင်္ဂနွေအတွက်ကတော့ အဲ့ကိုသွားပြီး ကန်ပလိုက်ရအောင်ပါ။ ဒါပါပဲ ” လို့ ဆိုသွားခဲ့ပါတယ်။

Sports Home Time