လီဗာပူးအတြက္ မန္စီးတီးကို ရပ္တန္႔ရမွာက ဘယ္လိုေတာင္ အိပ္မက္ဆန္သလဲဆိုတဲ့ ဘရိုက္တန္ ဂိုး

ဘရိုက္တန္ဂိုးသမား မတ္ရိုင္ယန္ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူးကိုပဲ ျမင္လိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုျပီး အဲ့သည္အတြက္ အေၾကာင္းရင္းလည္း ရွိပါတယ္လို႔ အဂၤလန္သတင္းဌာန Mirror ကို ေျဖဆိုေပးသြားပါတယ္။

ဘရိုက္တန္ဟာ အမွတ္ေပးဇယား အဆင့္ ၁၇ ေနရာမွာ ရွိေနေပမယ့္ တန္းဆင္းဇံုအႏၱရာယ္က ကင္းလြတ္ခဲ့ပါျပီ။ ဒီအပတ္မွာ ယွဥ္ျပိဳင္ရမယ့္ ေနာက္ဆံုးေသာ အိမ္ကြင္းပြဲအျဖစ္ မန္စီးတီးနဲ႔ ကစားရမွာျဖစ္ျပီး ဘရိုက္တန္နဲ႔ ၾသစေတ်းလ် ဂိုးသမား မတ္ရိုင္ယန္က လီဗာပူးဖန္း သူငယ္ခ်င္းေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြအတြက္ မန္စီးတီးကို ဟန္႔တားဖို႔ စိတ္ဆႏၵ ျပင္းျပေနတာပါ။

ၾသစေတ်းလ်ႏုိင္ငံဟာ လီဗာပူးအသင္းကို အဓိကအားေပးတဲ့ ႏုိင္ငံတစ္ခုျဖစ္ျပီး လြန္ခဲ့တဲ့ 4 ႏွစ္တုန္းက ရိုင္ယန္ဟာ လီဗာပူးကို ေျပာင္းဖို႔လည္း သတင္းၾကီးေတြ ရွိထားခဲ့ပါတယ္။ ရိုင္ယန္ကေတာ့ သူနဲ႔ အသင္းေဖာ္ေတြက မန္စီးတီးကို ၾကိဳးစားဟန္႔တားျပီး လီဗာပူးရဲ႕ ပရီးမီးယားလိဂ္အိပ္မက္ကို ဖြင့္လွစ္ေပးႏုိင္ဖုိ႔ ၾကိဳးစားမယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့တာျဖစ္တယ္။

ရိုင္ယန္က ေျပာရာမွာ “ လီဗာပူးကို အားေပးၾကတဲ့ ပရိသတ္ေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြအတြက္ အမွတ္ေပးသမိုင္းမွာ ၾကီးမားတဲ့ လႊမ္းမိုးႏုိင္စြမ္းရွိမယ့္ အိပ္မက္ဆန္ဆန္ အခြင့္အေရးကို ရလာတာပါ။ က်ေန္ာက အကူအညီ မေပးႏုိင္ပါဘူး။ ဒါေပမယ့္ စဥ္းစားၾကည့္မယ္ဆိုရင္ ျပီးခဲ့တဲ့ ႏွစ္အနည္းငယ္က မန္စီးတီးဟာ က်ဴပီအာနဲ႔ ကစားခဲ့ရျပီး စိတ္ပ်က္စရာရလဒ္ ထြက္ေပၚလုနီးပါးျဖစ္ခဲ့ပါတယ္။

အဲ့သည္အေျခအေနကို ျမင္ေယာင္မိျပီး ေမွ်ာ္လင့္ေနမိတယ္။ အဲ့သည္လို ထပ္ျဖစ္လာမယ္ဆိုရင္ ရလဒ္အတြက္ ၾကီးၾကီးမားမားကို သက္ေရာက္သြားေတာ့မွာပါပဲ။ တူညီတဲ့အေျခအေနမွာ က်ေန္ာတို႔ မန္စီးတီးကို ဒုကၡေပးႏုိင္မယ္ဆိုရင္ က်ေန္ာရဲ႕ လက္က်န္ဘဝတစ္ခုလံုး ခ်စ္ျမတ္ႏိုးရတဲ့ အမွတ္တရကို ပိုင္ဆုိင္သြားေတာ့မွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရိုင္ယန္ေျပာတဲ့ အတိတ္က မန္စီးတီးပြဲဟာ 44 ႏွစ္ၾကာခဲ့အျပီး မန္စီးတီးတို႔အတြက္ သမုိင္းဝင္ ေအာင္ပြဲျဖစ္ခဲ့တဲ့ 2011-2012 ေဘာလံုးရာသီကပြဲကို ေျပာခဲ့တာပါ။ သူကပဲ ၾသစေတ်းလ်က သူငယ္ခ်င္းေတြက မန္စီးတီးကို ဟန္႔တားေပးဖို႔ စာေတြပို႔ျပီး ေတာင္းဆိုထားၾကတယ္လို႔ ဆိုပါတယ္။

ရိုင္ယန္က “ က်ေန္ာ ၾကီးျပင္းလာတဲ့ ေဒသက သူငယ္ခ်င္းေတြက စာေတြပို႔ထားၾကတယ္။ က်ေန္ာရထားတဲ့ စာေတြအတြက္ စဥ္းစားေနမိတာက အိပ္မက္ဆန္ဆန္ကိစၥေတြကို လုပ္ေဆာင္ဖုိ႔ အခြင့္အေရးေကာင္း ဆိုတာပါပဲ။ အခု က်ေန္ာ အိပ္မက္ဆန္တဲ့ အေနအထားကို ေရာက္ေနတယ္ ခံစားရတယ္။

က်ဴပီအာနဲ႔ပြဲတုန္းက ကမၻာၾကီးတစ္ခုလံုးက မန္စီးတီးရဲ႕ပြဲကို စိတ္ဝင္စားေနခဲ့ၾကတာ မွတ္မိပါေသးတယ္။ အခု က်ေန္ာလည္း အဲ့သည္လိုပြဲမွာ ပါဝင္ရေတာ့မယ္။ မန္စီးတီးရဲ႕ ပါတီပြဲကို ဖ်က္ဆီးပစ္ႏုိင္ရင္ အရမ္းကို ေကာင္းမွာပါပဲ ” လို႔ ဆိုသြားခဲ့ပါတယ္။

Sports Home Time

[Unicode] ဘရိုက်တန်ဂိုးသမား မတ်ရိုင်ယန်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူးကိုပဲ မြင်လိုကြောင်း ထုတ်ဖော်ပြောဆိုပြီး အဲ့သည်အတွက် အကြောင်းရင်းလည်း ရှိပါတယ်လို့ အင်္ဂလန်သတင်းဌာန Mirror ကို ဖြေဆိုပေးသွားပါတယ်။

ဘရိုက်တန်ဟာ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရှိနေပေမယ့် တန်းဆင်းဇုံအန္တရာယ်က ကင်းလွတ်ခဲ့ပါပြီ။ ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် နောက်ဆုံးသော အိမ်ကွင်းပွဲအဖြစ် မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး ဘရိုက်တန်နဲ့ သြစတျေးလျ ဂိုးသမား မတ်ရိုင်ယန်က လီဗာပူးဖန်း သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် မန်စီးတီးကို ဟန့်တားဖို့ စိတ်ဆန္ဒ ပြင်းပြနေတာပါ။

သြစတျေးလျနိုင်ငံဟာ လီဗာပူးအသင်းကို အဓိကအားပေးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ 4 နှစ်တုန်းက ရိုင်ယန်ဟာ လီဗာပူးကို ပြောင်းဖို့လည်း သတင်းကြီးတွေ ရှိထားခဲ့ပါတယ်။ ရိုင်ယန်ကတော့ သူနဲ့ အသင်းဖော်တွေက မန်စီးတီးကို ကြိုးစားဟန့်တားပြီး လီဗာပူးရဲ့ ပရီးမီးယားလိဂ်အိပ်မက်ကို ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားမယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာဖြစ်တယ်။

ရိုင်ယန်က ပြောရာမှာ “ လီဗာပူးကို အားပေးကြတဲ့ ပရိသတ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် အမှတ်ပေးသမိုင်းမှာ ကြီးမားတဲ့ လွှမ်းမိုးနိုင်စွမ်းရှိမယ့် အိပ်မက်ဆန်ဆန် အခွင့်အရေးကို ရလာတာပါ။ ကျနေ်ာက အကူအညီ မပေးနိုင်ပါဘူး။ ဒါပေမယ့် စဉ်းစားကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မန်စီးတီးဟာ ကျူပီအာနဲ့ ကစားခဲ့ရပြီး စိတ်ပျက်စရာရလဒ် ထွက်ပေါ်လုနီးပါးဖြစ်ခဲ့ပါတယ်။

အဲ့သည်အခြေအနေကို မြင်ယောင်မိပြီး မျှော်လင့်နေမိတယ်။ အဲ့သည်လို ထပ်ဖြစ်လာမယ်ဆိုရင် ရလဒ်အတွက် ကြီးကြီးမားမားကို သက်ရောက်သွားတော့မှာပါပဲ။ တူညီတဲ့အခြေအနေမှာ ကျနေ်ာတို့ မန်စီးတီးကို ဒုက္ခပေးနိုင်မယ်ဆိုရင် ကျနေ်ာရဲ့ လက်ကျန်ဘဝတစ်ခုလုံး ချစ်မြတ်နိုးရတဲ့ အမှတ်တရကို ပိုင်ဆိုင်သွားတော့မှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရိုင်ယန်ပြောတဲ့ အတိတ်က မန်စီးတီးပွဲဟာ 44 နှစ်ကြာခဲ့အပြီး မန်စီးတီးတို့အတွက် သမိုင်းဝင် အောင်ပွဲဖြစ်ခဲ့တဲ့ 2011-2012 ဘောလုံးရာသီကပွဲကို ပြောခဲ့တာပါ။ သူကပဲ သြစတျေးလျက သူငယ်ချင်းတွေက မန်စီးတီးကို ဟန့်တားပေးဖို့ စာတွေပို့ပြီး တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

ရိုင်ယန်က “ ကျနေ်ာ ကြီးပြင်းလာတဲ့ ဒေသက သူငယ်ချင်းတွေက စာတွေပို့ထားကြတယ်။ ကျနေ်ာရထားတဲ့ စာတွေအတွက် စဉ်းစားနေမိတာက အိပ်မက်ဆန်ဆန်ကိစ္စတွေကို လုပ်ဆောင်ဖို့ အခွင့်အရေးကောင်း ဆိုတာပါပဲ။ အခု ကျနေ်ာ အိပ်မက်ဆန်တဲ့ အနေအထားကို ရောက်နေတယ် ခံစားရတယ်။

ကျူပီအာနဲ့ပွဲတုန်းက ကမ္ဘာကြီးတစ်ခုလုံးက မန်စီးတီးရဲ့ပွဲကို စိတ်ဝင်စားနေခဲ့ကြတာ မှတ်မိပါသေးတယ်။ အခု ကျနေ်ာလည်း အဲ့သည်လိုပွဲမှာ ပါဝင်ရတော့မယ်။ မန်စီးတီးရဲ့ ပါတီပွဲကို ဖျက်ဆီးပစ်နိုင်ရင် အရမ်းကို ကောင်းမှာပါပဲ ” လို့ ဆိုသွားခဲ့ပါတယ်။

Sports Home Time