လီဗာပူရဲ႕ ခ်န္ပီယံလိဂ္ Come Back နိုင္ပြဲကို စတားလင္း တုန္႕ျပန္

[Zawgyi] လီဗာပူးအသင္းရဲ႕ ဒရမ္မာဆန္ဆန္ Come Back နိုင္ပြဲ အျပီးမွာ လီဗာပူးကစားသမားေဟာင္း လက္ရွိ မန္စီးတီးတိုက္စစ္မွဴး စတားလင္းက ၄င္း စိတ္ထဲ ျဖစ္ေပၚလာတဲ့ ခံစားခ်က္မ်ား အေၾကာင္း ဖြင့္ဟသြားပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ ဘာစီလိုနာကို ပထမအေက်ာ့မွာတင္ ၃-၀ နဲ႕ ရွံဳးနိမ့္ထားခဲ့လို႕ အားလံုးက လီဗာပူးကို ခ်န္ပီယံလိဂ္က ထြက္ရျပီ ယံုၾကည္ခဲ့တာပါ။

ဒါေပမယ့္လည္း အန္းဖီးမွာ ကန္တဲ့ ဒုတိယအေက်ာ့မွာေတာ့ မထင္မွတ္ထားေလာက္စြာ စိတ္ဓာတ္အျပည္နဲ႕ ကစားျပီး ဘာစီလိုနာကို ၄-၀ နဲ႕ နုိင္ျပီး ဗိုလ္လုပြဲ တက္သြားခဲ့ပါတယ္။ လီဗာပူးက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ မန္စီးတီးကို နီးကပ္စြာ ဖိအားေပးေနဆဲ ျပိဳင္ဘက္ ျဖစ္ျပီး တစ္မွတ္သာ အကြာမွာ ရွိပါတယ္။

စတားလင္းကေတာ့ သူ႔ရဲ႕ အသင္းေဟာင္း ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ နွစ္ရာသီဆက္ တက္သြားတာ အတြက္ ၀မ္းေျမာက္ပါေၾကာင္း ေျပာၾကားလိုက္တာပါ။ စတားလင္းကို လီဗာပူး ပရိသတ္ေတာ္ေတာ္မ်ားမ်ားက အသင္းက ထြက္ခြာစဥ္ အျပဳအမူ အေျပာဆိုမ်ားေၾကာင့္ နွစ္လိုၾကျခင္း မရွိပါဘူး။

” က်ေနာ္ လီဗာပူးအတြက္ တကယ္ေပ်ာ္ပါတယ္.. တတြတ္တြတ္ေတာင္ ေျပာေနမိခဲ့တာပါ။ လူေတြကေတာ့ ဒါ တကယ္မဟုတ္ေလာက္ပါဘူး ေတြးျပီး က်ေနာ့္ကို မယံုၾကတာ ျဖစ္နုိင္တယ္။ ဒါေပမယ့္ ဒါ တကယ္ပါ။ ထရန္႔လို၊ ဟန္ဒိုလို ကစားသမားေတြ ဖိုင္နယ္ေရာက္သြားတာ ျမင္ရလို႔ က်ေနာ္ ေပ်ာ္ရႊင္တာေပါ့.. သူတို႔ အတြက္ ၀မ္းသာမိပါတယ္။ ” လို႔ စတားလင္းက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္ ခ်န္ပီယံ အဆံုးအျဖတ္အတြက္ ဘရိုက္တန္နဲ႕ ေနာက္ဆံုးပြဲကို တနဂၤေႏြေန႔ ယွဥ္ျပိဳင္ရေတာ့မွာ ျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားမိေၾကာင္း ၄င္းက ၀န္ခံခဲ့ပါတယ္။

” ဒီပြဲက ဘယ္ေလာက္ အေရးၾကီးလည္း က်ေနာ္တို႔ သိပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔ ဘက္မွာ အမ်ားၾကီး အသာရပါတယ္.. ဒီပြဲ နုိင္တာနဲ႕ ခ်န္ပီယံ ျဖစ္မွာဆိုတဲ့ တြန္းအားက ရွိတယ္ေလ။ အဲဒီေန႔က ခက္ခဲမွာက ေသခ်ပါတယ္။ ဘရိုက္တန္က က်ေနာ္တို႔ ကစားသမွ် ျငိမ္ေနျပီး ဂိုးေတြ ေပးသြင္းေနမွာ မဟုတ္ပါဘူး။ သူတို႔ က တန္းဆင္းဖို႔ ပူစရာ မလိုေတာ့ဘူး ဆိုရင္ေတာင္ လံုး၀ ခက္ခဲတဲ့ ေန႔ ျဖစ္ပါလိမ့္မယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ က်ေနာ္က အဲဒီေန႔ကို ေစာင့္ေနတာပါ။ ” လို႔ စတားလင္းက ေျပာၾကားလိုက္ပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းရဲ့ ဒရမ်မာဆန်ဆန် Come Back နိုင်ပွဲ အပြီးမှာ လီဗာပူးကစားသမားဟောင်း လက်ရှိ မန်စီးတီးတိုက်စစ်မှူး စတားလင်းက ၎င်း စိတ်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်များ အကြောင်း ဖွင့်ဟသွားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဘာစီလိုနာကို ပထမအကျော့မှာတင် ၃-၀ နဲ့ ရှုံးနိမ့်ထားခဲ့လို့ အားလုံးက လီဗာပူးကို ချန်ပီယံလိဂ်က ထွက်ရပြီ ယုံကြည်ခဲ့တာပါ။

ဒါပေမယ့်လည်း အန်းဖီးမှာ ကန်တဲ့ ဒုတိယအကျော့မှာတော့ မထင်မှတ်ထားလောက်စွာ စိတ်ဓာတ်အပြည်နဲ့ ကစားပြီး ဘာစီလိုနာကို ၄-၀ နဲ့ နိုင်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို နီးကပ်စွာ ဖိအားပေးနေဆဲ ပြိုင်ဘက် ဖြစ်ပြီး တစ်မှတ်သာ အကွာမှာ ရှိပါတယ်။ စတားလင်းကတော့ သူ့ရဲ့ အသင်းဟောင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ရာသီဆက် တက်သွားတာ အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားလိုက်တာပါ။ စတားလင်းကို လီဗာပူး ပရိသတ်တော်တော်များများက အသင်းက ထွက်ခွာစဉ် အပြုအမူ အပြောဆိုများကြောင့် နှစ်လိုကြခြင်း မရှိပါဘူး။

” ကျနော် လီဗာပူးအတွက် တကယ်ပျော်ပါတယ်.. တတွတ်တွတ်တောင် ပြောနေမိခဲ့တာပါ။ လူတွေကတော့ ဒါ တကယ်မဟုတ်လောက်ပါဘူး တွေးပြီး ကျနော့်ကို မယုံကြတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါ တကယ်ပါ။ ထရန့်လို၊ ဟန်ဒိုလို ကစားသမားတွေ ဖိုင်နယ်ရောက်သွားတာ မြင်ရလို့ ကျနော် ပျော်ရွှင်တာပေါ့.. သူတို့ အတွက် ဝမ်းသာမိပါတယ်။ ” လို့ စတားလင်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ်အတွက် ဘရိုက်တန်နဲ့ နောက်ဆုံးပွဲကို တနင်္ဂနွေနေ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားမိကြောင်း ၎င်းက ဝန်ခံခဲ့ပါတယ်။

” ဒီပွဲက ဘယ်လောက် အရေးကြီးလည်း ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘက်မှာ အများကြီး အသာရပါတယ်.. ဒီပွဲ နိုင်တာနဲ့ ချန်ပီယံ ဖြစ်မှာဆိုတဲ့ တွန်းအားက ရှိတယ်လေ။ အဲဒီနေ့က ခက်ခဲမှာက သေချပါတယ်။ ဘရိုက်တန်က ကျနော်တို့ ကစားသမျှ ငြိမ်နေပြီး ဂိုးတွေ ပေးသွင်းနေမှာ မဟုတ်ပါဘူး။ သူတို့ က တန်းဆင်းဖို့ ပူစရာ မလိုတော့ဘူး ဆိုရင်တောင် လုံး၀ ခက်ခဲတဲ့ နေ့ ဖြစ်ပါလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်က အဲဒီနေ့ကို စောင့်နေတာပါ။ ” လို့ စတားလင်းက ပြောကြားလိုက်ပါတယ်။

Sports Home Time