ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ယူႏိုက္တက္ကို ဘယ္အသင္းမ်ိဳးက ေၾကာက္မွာတဲ့လဲ

[Zawgyi] ခ်န္ပီယံလိဂ္မွာ မန္ေနဂ်ာ ေမာ္ရင္ညိဳရဲ႕ ယူႏိုက္တက္က ရံွဴးထြက္အဆင့္ကိုေတာ့ တက္ေရာက္ခဲ့ပါျပီ။ ဒါေပမယ့္လို႔ ယူႏုိက္တက္ကစားသမားေဟာင္းၾကီး မိုက္ကယ္အိုဝင္က ခ်န္ပီယံလိဂ္မွာ ယူႏိုက္တက္က ဘယ္အသင္းနဲ႔မွ ေျခမညီပဲ ထိပ္တန္းအဆင့္မွာ ရွိေနတဲ့ အသင္းမဟုတ္ဘူလို႔ ပစ္ပစ္ခါခါကို ေဝဖန္လိုက္ပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ကို တက္ေရာက္လာတဲ့ အသင္းေတြဟာ ဥေရာပရဲ႕ ဟဲဗီးဝိတ္အသင္းေတြပဲျဖစ္ကာ အဆိုပါ အဆင့္အတြက္ ယူႏိုက္တက္ ထိပ္တိုက္ေတြ႔မယ့္ အသင္းမ်ားစာရင္းမွာေတာ့ အင္အားနည္းတဲ့ ကလပ္အသင္းဆိုလို႔ ေပၚတိုတစ္သင္းေလာက္ပဲ ပါဝင္လာခဲ့တာျဖစ္တယ္။

အုပ္စုတြင္းေနာက္ဆံုးပြဲျဖစ္တဲ့ ဗလန္စီယာနဲ႔ပြဲမွာ ယူႏိုက္တက္တို႔ ရလဒ္ပိုင္း မေကာင္းခဲ့ပဲ စြမ္းေဆာင္ရည္ကလည္း အထင္ၾကီးစရာ မရွိခဲ့ပါဘူး။ ရမွတ္မလိုေတာ့ဘူးဆိုရင္ေတာင္ ပိုေကာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရေအာင္ ကစားခဲ့ရင္ ယူႏုိက္တက္ဟာ အုပ္စုတြင္းမွာ ထိပ္ဆံုးကိုေရာက္ခဲ့မွာပါ။ ဒါဆိုရင္ေတာ့ ခက္ခဲတဲ့ ျပိဳင္ဘက္ေတြကို ေရွာင္းရွားႏိုင္ျပီး ပိုမိုအင္အားနည္းတဲ့ အသင္းေတြနဲ႔ ေတြ႔ဆံုႏိုင္မွာျဖစ္တယ္။ ဒါေပမယ့္ အခြင့္အေရးေကာင္းကို ပုတ္ထုတ္ခဲ့ပါတယ္။

မိုက္ကယ္အိုဝင္ကပဲ “ ဝမ္းနည္းစရာတစ္ခ်က္ကေတာ့ အုပ္စုဗိုလ္က အက္သလက္တီကိုနဲ႔ လီဗာပူးလို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ခဲ့ဖူးတဲ့ အသင္းေတြနဲ႔ ယွဥ္ျပိဳင္ရႏိုင္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အတြက္ကေတာ့ ဂ်ာစီေပၚမွာ ယူႏိုက္တက္ဆိုတာ ပါေနလို႔ပဲ ယူႏိုက္တက္လို႔ ေျပာေနႏိုင္တာပါ။ လြန္ခဲ့တဲ့ 6 ႏွစ္ကတည္းက အစဥ္အလာၾကီးတဲ့ ယူႏိုက္တက္ မဟုတ္ေတာ့ပါဘူး။

ယူႏိုက္တက္ဟာ အေရာင္ေတြေဖ်ာ့လာေနခဲ့ပါျပီ။ ယခင္က အင္အားၾကီးအသင္းလို႔ လက္ခံႏိုင္စရာ အေျခအေနမ်ိဳး မဟုတ္ေတာ့ပါဘူး။ ေနာက္အပတ္မွာ ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ ကစားရမယ္ဆိုရင္ သူတို႔ အႏုိင္ရေကာင္း ရပါလိမ့္မယ္။ ဒါေပမယ့္ အျခားအသင္းနဲ႔ဆိုရင္ေတာ့ အႏုိင္ရဖို႔ မရွိပါဘူး။

ယူႏိုက္တက္အတြက္ ကံေကာင္းတာက အသင္းကို ျပန္လည္ဖြဲ႔စည္းဖို႔ အခ်ိန္ ႏွစ္လေလာက္ ရမွာပါပဲ။ ဒီအေျခအေနမွာေတာ့ ရံွဴးထြက္မွာ ႏွစ္ေက်ာ့ကစားျပီး ျပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ဖို႔က မျဖစ္ႏုိင္ပါဘူး။ ခု အသင္းက ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြမွာ ပံုမွန္ ေနရာေကာာင္း ယူခဲ့တဲ့ ယခင္ ယူနိုက္တက္အသင္းေတြနဲ႔ မတူေတာ့ပါဘူး ” လို႔ ေျပာပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္း ရံွဴးထြက္အဆင့္အတြက္ မဲခြဲပြဲကိုေတာ့ တနလၤာေန႔မွာ က်င္းပျပဳလုပ္မွာျဖစ္တယ္။ ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္၊ ဘုိင္ယန္ျမဴးနစ္၊ ဘာစီလိုနာ၊ ပီအက္ဂ်ီနဲ႔ ေဒါ့မြန္တို႔ထဲက တစ္သင္းနဲ႔ ေတြ႔ဆံုႏိုင္တာျဖစ္ပါတယ္။ အဲ့သည္မတိုင္ခင္ ဒီအပတ္မွာေတာ့ ယူႏိုက္တက္ဟာ ျပည္တြင္းျပိဳင္ဘက္ လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ရဖို႔ ရွိေနပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်မှာ မန်နေဂျာ မော်ရင်ညိုရဲ့ ယူနိုက်တက်က ရံှူးထွက်အဆင့်ကိုတော့ တက်ရောက်ခဲ့ပါပြီ။ ဒါပေမယ့်လို့ ယူနိုက်တက်ကစားသမားဟောင်းကြီး မိုက်ကယ်အိုဝင်က ချန်ပီယံလိဂ်မှာ ယူနိုက်တက်က ဘယ်အသင်းနဲ့မှ ခြေမညီပဲ ထိပ်တန်းအဆင့်မှာ ရှိနေတဲ့ အသင်းမဟုတ်ဘူလို့ ပစ်ပစ်ခါခါကို ဝေဖန်လိုက်ပါတယ်။

ချန်ပီယံလိဂ် 16 သင်းအဆင့်ကို တက်ရောက်လာတဲ့ အသင်းတွေဟာ ဥရောပရဲ့ ဟဲဗီးဝိတ်အသင်းတွေပဲဖြစ်ကာ အဆိုပါ အဆင့်အတွက် ယူနိုက်တက် ထိပ်တိုက်တွေ့မယ့် အသင်းများစာရင်းမှာတော့ အင်အားနည်းတဲ့ ကလပ်အသင်းဆိုလို့ ပေါ်တိုတစ်သင်းလောက်ပဲ ပါဝင်လာခဲ့တာဖြစ်တယ်။

အုပ်စုတွင်းနောက်ဆုံးပွဲဖြစ်တဲ့ ဗလန်စီယာနဲ့ပွဲမှာ ယူနိုက်တက်တို့ ရလဒ်ပိုင်း မကောင်းခဲ့ပဲ စွမ်းဆောင်ရည်ကလည်း အထင်ကြီးစရာ မရှိခဲ့ပါဘူး။ ရမှတ်မလိုတော့ဘူးဆိုရင်တောင် ပိုကောင်းတဲ့ရလဒ်နဲ့ အနိုင်ရအောင် ကစားခဲ့ရင် ယူနိုက်တက်ဟာ အုပ်စုတွင်းမှာ ထိပ်ဆုံးကိုရောက်ခဲ့မှာပါ။ ဒါဆိုရင်တော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရှောင်းရှားနိုင်ပြီး ပိုမိုအင်အားနည်းတဲ့ အသင်းတွေနဲ့ တွေ့ဆုံနိုင်မှာဖြစ်တယ်။ ဒါပေမယ့် အခွင့်အရေးကောင်းကို ပုတ်ထုတ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ကပဲ “ ဝမ်းနည်းစရာတစ်ချက်ကတော့ အုပ်စုဗိုလ်က အက်သလက်တီကိုနဲ့ လီဗာပူးလို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့ဖူးတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်ကတော့ ဂျာစီပေါ်မှာ ယူနိုက်တက်ဆိုတာ ပါနေလို့ပဲ ယူနိုက်တက်လို့ ပြောနေနိုင်တာပါ။ လွန်ခဲ့တဲ့ 6 နှစ်ကတည်းက အစဉ်အလာကြီးတဲ့ ယူနိုက်တက် မဟုတ်တော့ပါဘူး။

ယူနိုက်တက်ဟာ အရောင်တွေဖျော့လာနေခဲ့ပါပြီ။ ယခင်က အင်အားကြီးအသင်းလို့ လက်ခံနိုင်စရာ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ နောက်အပတ်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ကစားရမယ်ဆိုရင် သူတို့ အနိုင်ရကောင်း ရပါလိမ့်မယ်။ ဒါပေမယ့် အခြားအသင်းနဲ့ဆိုရင်တော့ အနိုင်ရဖို့ မရှိပါဘူး။

ယူနိုက်တက်အတွက် ကံကောင်းတာက အသင်းကို ပြန်လည်ဖွဲ့စည်းဖို့ အချိန် နှစ်လလောက် ရမှာပါပဲ။ ဒီအခြေအနေမှာတော့ ရံှူးထွက်မှာ နှစ်ကျော့ကစားပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်ပါဘူး။ ခု အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပုံမှန် နေရာကောာင်း ယူခဲ့တဲ့ ယခင် ယူနိုက်တက်အသင်းတွေနဲ့ မတူတော့ပါဘူး ” လို့ ပြောပါတယ်။

ချန်ပီယံလိဂ် 16 သင်း ရံှူးထွက်အဆင့်အတွက် မဲခွဲပွဲကိုတော့ တနင်္လာနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်။ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ပီအက်ဂျီနဲ့ ဒေါ့မွန်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံနိုင်တာဖြစ်ပါတယ်။ အဲ့သည်မတိုင်ခင် ဒီအပတ်မှာတော့ ယူနိုက်တက်ဟာ ပြည်တွင်းပြိုင်ဘက် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

Sports Home Time