လီဗာပူး၊ စပါးတို႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေၾကာင့္ မေပ်ာ္နုိင္ ျဖစ္ေနတဲ့ ေဆာက္ဂိတ္

[Zawgyi] ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲသို႔ ကုိယ္စီ Come Back နုိင္ပြဲေတြနဲ႕ တက္ေရာက္နုိင္ခဲ့တာေၾကာင့္ လီဗာပူးနဲ႕ စပါးအသင္း ပရိသတ္မ်ား အူလိႈက္သည္းလိႈက္ ေပ်ာ္ရႊင္ေနခ်ိန္မွာ အဂၤလန္လက္ေရြးစင္အသင္း မနေ္နဂ်ာ ေဆာက္ဂိတ္ကေတာ့ ေခါင္းကိုက္စရာ အေနအထားတခ်ို႕ ရွိေနပါတယ္။

အဂၤလန္အသင္းကလည္း ေနးရွင္းလိဂ္မွာ ဆီမီးဖိုင္နယ္သို႔ ေရာက္ရွိေနျပီ ျဖစ္ကာ ၁၉၆၆ ေနာက္ပိုင္း အဂၤလန္အသင္းအတြက္ ပထမဆံုး နုိင္ငံတကာျပိဳင္ပြဲၾကီးမွာ ဆုဖလား ရဖို႔ အခြင့္ေကာင္း ရွိေနပါတယ္။ ေနးရွင္းလိဂ္ပြဲကလည္း ဇြန္လထဲမွာ ကစားရမွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ ပရီးမီးယားလိဂ္အသင္း နွစ္သင္းထံမွာ ကစားသမား ၁၀ ေယာက္ထိ လက္လႊတ္ထားရဖို႔ ရွိေနတာပါတယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲက ဇြန္ ၁ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမွာ ျဖစ္ျပီး အဂၤလန္နဲ႕ နယ္သာလန္အသင္းတို႔ရဲ႕ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္က ဇြန္လ ၆ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမွာပါ။ ဖလားဗိုလ္လုပြဲအျပီး ရက္ပိုင္းအတြင္းမွာ သီတင္းပတ္ အေတာ္ၾကာ ထိေတြ႕မႈ မရွိထားတဲ့ ကစားသမားေတြကို စုစည္းေလ့က်င့္ဖို႔ ေဆာက္ဂိတ္ အခက္ေတြ႕ေနတာ အမွန္ပါ။

လီဗာပူးအသင္းမွ ဟန္ဒါဆန္၊ ဂိုမက္ဇ္၊ ထရန္႕ အလက္ဇႏၵါးအာနိုး၊ ခ်ိန္ဘာလိန္တို႔ နဲ႕ စပါးမွ ကိန္း အပါအ၀င္ ဒန္နီရို႔စ္၊ ထရစ္ပီယာ၊ အဲရစ္ ဒိုင္ယာ၊ အလီ၊ ဟယ္ရီ၀င့္တို႔ အားလံုးကလည္း စပိန္ မက္ဒရစ္ကေန ျပန္လာျပီး အဂၤလန္အသင္းထံ ေနာက္က်မွ ပူးေပါင္းဖို႔ ရွိေနပါတယ္။

” ကမၻာ့ဖလားျပိဳင္ပြဲ အျပီး ကလပ္အသင္းေတြက ကစားသမားေတြ ေစာင့္ေနရသလို ျဖစ္မွာပါ။ အဂၤလန္ကစားသမားေတြက အသင္းကို ျပန္ေရာက္တဲ့ အခ်ိန္ေတြ တူမွာ မဟုတ္ေတာ့ဘူး။ က်ေနာ္တို႔ အေနနဲ႕ ရွိတဲ့ကစားသမားေတြနဲ႕ ၾကိဳတင္ေလ့က်င္မႈေတြ စတင္္ထားရမွာပါ။” လို႔ ေဆာက္ဂိတ္က ေျပာၾကားခဲ့ပါတယ္။

” က်ေနာ္တို႔ ဆီမီးဖိုင္နယ္မွာ ေရာက္ေနတယ္.. ဒီအဆင့္ကို လြန္ခဲ့တဲ့ ၆ လတည္းက တက္လာခဲ့တာ ျဖစ္ျပီး ဆုဖလား ေအာင္ျမင္မႈ တစ္ခုခု ရဖို႔ လံုး၀ အခြင့္ေကာင္းပါ။ ဒါေပမယ့္ အသင္းသားေတြကေတာ့ အသင္းနဲ႕အတူ အသင့္ ရွိေနဦးမွာ မဟုတ္ဘူး။ ခ်န္ပီယံလိဂ္ ဖိုင္နယ္လိုမ်ိဳး စိတ္လႈပ္ရွားမႈေတြ အျပည့္ရွိမယ့္ ပြဲကို တနလၤာေန႔မွာ ကစားျပီးရင္ ၾကာသပေတးညမွာ အသင္းသားေတြက တကယ္ စိတ္လက္အျပည့္နဲ႕ ကစားနုိင္ပါ့မလား?”

” က်ေနာ္တို႔ အေနနဲ႕ ျဖစ္လာတဲ့ အေျခအေနေပၚ ရေအာင္ လုပ္ရမွာပဲ။ ရွိတဲ့သူနဲက အရင္ ျပင္ဆင္ ေလ့က်င့္မႈေတြကေတာ့ ရွိမယ္။ ” လို႔ ေဆာက္ဂိတ္က ေျပာဆိုခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ဆီမီးအဆင့္မွာ ေဟာ္လန္ကို ရွံဳးသည္ ျဖစ္ေစ နုိင္သည္ျဖစ္ေစ အဲဒီေနာက္ တနဂၤေႏြမွာ ဗိုလ္လုပြဲ သို႔မဟုတ္ တတိယေနရာ လုပြဲ ရင္ဆုိင္ကစားရမွာပါ။ တဖက္မွာ ေပၚတူဂီနဲ႕ ဆြစ္ဇာလန္အသင္းတို႔ ရွိျပီး အဂၤလန္အသင္းအျပင္ အျခား နုိိင္ငံ အသင္းေတြလည္း ခ်န္ပီယံလိဂ္ပြဲအတြက္ ကစားသမားေတြ လက္လႊတ္ရမႈ ရွိမွာပါ။

လီဗာပူးမွ ေဟာ္လန္သား ဗန္ဒိုက္၊ ၀ိုက္နယ္ဒန္တို႔လည္း နုိင္ငံအသင္းနဲ႕ ပူးေပါင္းမႈ ေနာက္က်မွာ ျဖစ္ကာ ဆြစ္ဇာလန္သား ရွာကြီရီလည္း အလားတူပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေၾကာင့္ အထိခိုက္ဆံုးက အဂၤလန္အသင္း ျဖစ္လာမွာ ျဖစ္လို႔ ေဆာက္ဂိတ္ကေတာ့ ေပ်ာ္ရႊင္နုိုင္ပံု မရပါဘူး။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ကိုယ်စီ Come Back နိုင်ပွဲတွေနဲ့ တက်ရောက် နိုင်ခဲ့တာကြောင့် လီဗာပူးနဲ့ စပါးအသင်း ပရိသတ်များ အူလှိုက်သည်းလှိုက် ပျော်ရွှင်နေချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်း မနေ်နဂျာ ဆောက်ဂိတ်ကတော့ ခေါင်းကိုက်စရာ အနေအထားတချို့ ရှိနေပါတယ်။

အင်္ဂလန်အသင်းကလည်း နေးရှင်းလိဂ်မှာ ဆီမီးဖိုင်နယ်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ၁၉၆၆ နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲကြီးမှာ ဆုဖလား ရဖို့ အခွင့်ကောင်း ရှိနေပါတယ်။ နေးရှင်းလိဂ်ပွဲကလည်း ဇွန်လထဲမှာ ကစားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် ပရီးမီးယားလိဂ်အသင်း နှစ်သင်းထံမှာ ကစားသမား ၁၀ ယောက်ထိ လက်လွှတ်ထားရဖို့ ရှိနေတာပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲက ဇွန် ၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ရဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်က ဇွန်လ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ဖလားဗိုလ်လုပွဲအပြီး ရက်ပိုင်းအတွင်းမှာ သီတင်းပတ် အတော်ကြာ ထိတွေ့မှု မရှိထားတဲ့ ကစားသမားတွေကို စုစည်းလေ့ကျင့်ဖို့ ဆောက်ဂိတ် အခက်တွေ့နေတာ အမှန်ပါ။

လီဗာပူးအသင်းမှ ဟန်ဒါဆန်၊ ဂိုမက်ဇ်၊ ထရန့် အလက်ဇန္ဒါးအာနိုး၊ ချိန်ဘာလိန်တို့ နဲ့ စပါးမှ ကိန်း အပါအဝင် ဒန်နီရို့စ်၊ ထရစ်ပီယာ၊ အဲရစ် ဒိုင်ယာ၊ အလီ၊ ဟယ်ရီဝင့်တို့ အားလုံးကလည်း စပိန် မက်ဒရစ်ကနေ ပြန်လာပြီး အင်္ဂလန်အသင်းထံ နောက်ကျမှ ပူးပေါင်းဖို့ ရှိနေပါတယ်။

” ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး ကလပ်အသင်းတွေက ကစားသမားတွေ စောင့်နေရသလို ဖြစ်မှာပါ။ အင်္ဂလန်ကစားသမားတွေက အသင်းကို ပြန်ရောက်တဲ့ အချိန်တွေ တူမှာ မဟုတ်တော့ဘူး။ ကျနော်တို့ အနေနဲ့ ရှိတဲ့ကစားသမားတွေနဲ့ ကြိုတင်လေ့ကျင်မှုတွေ စတင်ထားရမှာပါ။” လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

” ကျနော်တို့ ဆီမီးဖိုင်နယ်မှာ ရောက်နေတယ်.. ဒီအဆင့်ကို လွန်ခဲ့တဲ့ ၆ လတည်းက တက်လာခဲ့တာ ဖြစ်ပြီး ဆုဖလား အောင်မြင်မှု တစ်ခုခု ရဖို့ လုံး၀ အခွင့်ကောင်းပါ။ ဒါပေမယ့် အသင်းသားတွေကတော့ အသင်းနဲ့အတူ အသင့် ရှိနေဦးမှာ မဟုတ်ဘူး။ ချန်ပီယံလိဂ် ဖိုင်နယ်လိုမျိုး စိတ်လှုပ်ရှားမှုတွေ အပြည့်ရှိမယ့် ပွဲကို တနင်္လာနေ့မှာ ကစားပြီးရင် ကြာသပတေးညမှာ အသင်းသားတွေက တကယ် စိတ်လက်အပြည့်နဲ့ ကစားနိုင်ပါ့မလား?”

” ကျနော်တို့ အနေနဲ့ ဖြစ်လာတဲ့ အခြေအနေပေါ် ရအောင် လုပ်ရမှာပဲ။ ရှိတဲ့သူနဲက အရင် ပြင်ဆင် လေ့ကျင့်မှုတွေကတော့ ရှိမယ်။ ” လို့ ဆောက်ဂိတ်က ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဆီမီးအဆင့်မှာ ဟော်လန်ကို ရှုံးသည် ဖြစ်စေ နိုင်သည်ဖြစ်စေ အဲဒီနောက် တနင်္ဂနွေမှာ ဗိုလ်လုပွဲ သို့မဟုတ် တတိယနေရာ လုပွဲ ရင်ဆိုင်ကစားရမှာပါ။ တဖက်မှာ ပေါ်တူဂီနဲ့ ဆွစ်ဇာလန်အသင်းတို့ ရှိပြီး အင်္ဂလန်အသင်းအပြင် အခြားနိုင်ငံအသင်းတွေလည်း ချန်ပီယံလိဂ်ပွဲအတွက် ကစားသမားတွေ လက်လွှတ်ရမှု ရှိမှာပါ။

လီဗာပူးမှ ဟော်လန်သား ဗန်ဒိုက်၊ ဝိုက်နယ်ဒန်တို့လည်း နိုင်ငံအသင်းနဲ့ ပူးပေါင်းမှု နောက်ကျမှာ ဖြစ်ကာ ဆွစ်ဇာလန်သား ရှာကွီရီလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကြောင့် အထိခိုက်ဆုံးက အင်္ဂလန်အသင်း ဖြစ်လာမှာ ဖြစ်လို့ ဆောက်ဂိတ်ကတော့ ပျော်ရွှင်နိုင်ပုံ မရပါဘူး။

Sports Home Time