စပါးရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ ေအာင္ျမင္မႈမွာ တေထာင့္တေနရာက ကူညီေပးခဲ့တဲ့ အမ္မရီ

[Zawgyi] ဗုဒၶဟူးေန႕ညက စပါးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ ေအာင္ျမင္မႈကို ဒီနွစ္ ဥေရာထိပ္သီး ျပိဳင္ပြဲ ၀င္ခြင့္မရတဲ့ အျပင္ ေနာက္ရာသီအတြက္ ေသခ်ာမႈ မရွိေသးတဲ့ လန္ဒန္ျမိဳ႕ခံ ျပိဳင္ဘက္ အာဆင္နယ္အသင္း ပရိသတ္ေတြအတြက္ နာလိုခံခက္ ျဖစ္မွာပါ။ ပိုျပီး ထိခိုက္ေစတာကေတာ့ အာဆင္နယ္နည္းျပ အူနုိင္းအမ္မရီက စပါး နုိင္ပြဲအတြက္ တေထာင့္တေနရာက ကူညီေပးရာ ေရာက္ခဲ့ေသးတဲ့ အခ်က္ ျဖစ္ပါတယ္။

စပါးအသင္းဟာ ေအဂ်က္ကို ပထမအေက်ာ့ေရာ ဒုတိယအေက်ာ့ ပထမပိုင္းမွာပါ ဆက္တိုက္ ရွံဳးနိမ့္ေနခဲ့ေပမယ့္ ဒုတိယပို္င္းမွာ အံ့အားသင့္ဖြယ္ ျပန္လာနုိ္င္ခဲ့ကာ လူးကပ္ေမာ္ရာရဲ႕ ဟက္ထရစ္ သြင္းဂိုးနဲ႕ ဗိုလ္လုပြဲ အဆင့္ဆီ တက္ေရာက္ သြားခဲ့တာ ျဖစ္ပါတယ္။ အမ္စတာဒမ္မွာ ေတာက္ပခဲ့တဲ့ ဘရာဇီးသားဟာ တကယ္ေတာ့ အမ္မရီကိုယ္တိုင္ စပါးထံ ပို႔ေပးခဲ့တာပါ။

အာဆင္နယ္သို႔ ေရာက္မလာခင္ ၂၀၁၈ ဇန္န၀ါရီမွာ အမ္မရီက ပီအက္စ္ဂ်ီအသင္းကို ကိုင္တြယ္ေနစဥ္ လူးကပ္ေမာ္ရာကုိ ေပါင္ ၂၃ သန္းနဲ႕ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ထိုစဥ္က ျပင္သစ္ခ်န္ပီယံကလပ္ အတြက္ ေနမာကို ေနရာေပးလိုျပီး လူးကပ္ေမာ္ရာ မလိုအပ္ဘူးယူဆလို႔ အမ္မရီကိုယ္တိုင္ ေရာင္းခ်ခဲ့တာပါ။ လူးကပ္ေမာ္ရာက စပါးသို႔ ေရာက္ေရာက္ခ်င္းမွာေတာ့ အနည္းငယ္ ရုန္းကန္ခဲ့ရျပီး တစတစ အသင္းနဲ႕ အံ၀င္လာခဲ့တာပါ။

ေဟာ္လန္ေျမမွာ ေအာင္ပြဲယူခဲ့တဲ့ ညမွာေတာ့ လူးကပ္ေမာ္ရာက စပါးအသင္းအတြက္ ဟီးရိုး ျဖစ္လာခဲ့ပါတယ္။ ပထမပိုင္းျပီးခ်ိန္မွာ နွစ္ေက်ာ့ေပါင္း ၃-၀ နဲ႕ ရွံဳးနိမ့္ေနခဲ့ေပမယ့္ လန္ဒန္ကလပ္ဟာ မာန္မေလွ်ာ့ဘဲ ေအဂ်က္ကို အေကာင္းဆံုး ရင္ဆိုင္ကာ ဂိုးေတြ ျပန္သြင္းနုိင္ခဲ့ျပီး ဗိုလ္လုပြဲ ဆီ ထိုက္ထိုက္တန္တန္ ေရာက္ရွိသြားပါတယ္။

Sports Home Time

[Unicode] ဗုဒ္ဓဟူးနေ့ညက စပါးအသင်းရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် အောင်မြင်မှုကို ဒီနှစ် ဥရောထိပ်သီး ပြိုင်ပွဲ ဝင်ခွင့်မရတဲ့ အပြင် နောက်ရာသီအတွက် သေချာမှု မရှိသေးတဲ့ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်အသင်း ပရိသတ်တွေအတွက် နာလိုခံခက် ဖြစ်မှာပါ။ ပိုပြီး ထိခိုက်စေတာကတော့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက စပါး နိုင်ပွဲအတွက် တထောင့်တနေရာက ကူညီပေးရာ ရောက်ခဲ့သေးတဲ့ အချက် ဖြစ်ပါတယ်။

စပါးအသင်းဟာ အေဂျက်ကို ပထမအကျော့ရော ဒုတိယအကျော့ ပထမပိုင်းမှာပါ ဆက်တိုက် ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ကာ လူးကပ်မော်ရာရဲ့ ဟက်ထရစ် သွင်းဂိုးနဲ့ ဗိုလ်လုပွဲ အဆင့်ဆီ တက်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ အမ်စတာဒမ်မှာ တောက်ပခဲ့တဲ့ ဘရာဇီးသားဟာ တကယ်တော့ အမ်မရီကိုယ်တိုင် စပါးထံ ပို့ပေးခဲ့တာပါ။

အာဆင်နယ်သို့ ရောက်မလာခင် ၂၀၁၈ ဇန်နဝါရီမှာ အမ်မရီက ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်နေစဉ် လူးကပ်မော်ရာကို ပေါင် ၂၃ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ပြင်သစ်ချန်ပီယံကလပ် အတွက် နေမာကို နေရာပေးလိုပြီး လူးကပ်မော်ရာ မလိုအပ်ဘူးယူဆလို့ အမ်မရီကိုယ်တိုင် ရောင်းချခဲ့တာပါ။ လူးကပ်မော်ရာက စပါးသို့ ရောက်ရောက်ချင်းမှာတော့ အနည်းငယ် ရုန်းကန်ခဲ့ရပြီး တစတစ အသင်းနဲ့ အံဝင်လာခဲ့တာပါ။

ဟော်လန်မြေမှာ အောင်ပွဲယူခဲ့တဲ့ ညမှာတော့ လူးကပ်မော်ရာက စပါးအသင်းအတွက် ဟီးရိုး ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းပြီးချိန်မှာ နှစ်ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် လန်ဒန်ကလပ်ဟာ မာန်မလျှော့ဘဲ အေဂျက်ကို အကောင်းဆုံး ရင်ဆိုင်ကာ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲ ဆီ ထိုက်ထိုက်တန်တန် ရောက်ရှိသွားပါတယ်။

Sports Home Time