မ်က္ရည္က်တဲ့ထိ ခံံစားရင္း ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္တဲ့ ခံစားခ်က္ကို ပိုခ်က္ ရင္ဖြင့္

စပါးအသင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထံ ပို႔ေဆာင္ေပးျပီးေနာက္မွာ မန္ေနဂ်ာ ပိုခ်က္တီႏိုဟာ မ်က္ရည္က်သည္ထိ ခံစားခဲ့ရျပီး အသင္းသားေတြကို စူပါဟီးရိုးေတြပါလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

လူးကပ္ေမာ္ရာရဲ႕ hat-trick သြင္းဂိုးနဲ႔အတူ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ ဇြန္လ 2 ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ စပါးအသင္းသားေတြက သူတို႔ရဲ႕ကိုယ္ပိုင္ ေဘာလံုးကို ကစားခဲ့ၾကတာအတြက္ ဂုဏ္ျပဳေၾကာင္း ပိုခ်က္တီႏိုက ဆိုပါတယ္။ ႏုိင္ပြဲအတြက္ ပိုခ်က္တီႏို ဦးေဆာင္တဲ့ စပါးအသင္းသားေတြဟာ အေဝးကြင္း ပရိသတ္ေတြနဲ႔အတူ ကြင္းထဲမွာ မိနစ္ 20 ေလာက္ ေအာင္ပြဲခံမႈကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

ပိုခ်က္က ေျပာရာမွာ ” အရင္တုန္းကလည္း ေျပာခဲ့ပါတယ္။ အသင္းသားေတြက ဟီးရိုးေတြပါ။ အခုေတာ့ စူပါဟီးရိုးေတြ ျဖစ္ကုန္ၾကပါျပီ။ သူတို႔ကို အေရးၾကီးဆံုး ေျပာလိုတာကေတာ့ ဂုဏ္ယူပါတယ္လို႔ပါ။ သူတို႔က ကိုယ္ပိုင္ေဘာလံုးကို ကစားႏုိင္ခဲ့ျပီး ကိုယ္လုပ္ရမယ့္ အလုပ္ကို လုပ္ႏုိင္ခဲ့ပါတယ္။

ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္တာက အံ့မခန္းတဲ့ အလုပ္ကို လုပ္ႏုိင္ဖုိ႔ နီးစပ္သြားတာပါ။ ေဘာလံုးရာသီစက ဒီအဆင့္ကို ေရာက္လာမယ္ဆိုတာ ဘယ္သူကမွ မယံုၾကည္ၾကဘူး။ ဒါေပမယ့္ ဒီညမွာေတာ့ က်ေန္ာတို႔ အႏုိင္ရဖုိ႔ ထိုက္တန္ျပီး ဒီေနရာကို ေရာက္လာခဲ့ပါျပီ ” လို႔ ေျပာပါတယ္။

စပါးဟာ လြယ္ကူတဲ့ ႏုိင္ပြဲကို ရခဲ့တာေတာ့ မဟုတ္ပါဘူး။ ေအဂ်က္ဘက္က ပထမပိုင္းမွာတင္ သြင္းဂိုး 2 ဂိုး ရခဲ့တာေၾကာင့္ ဒုတိယပိုင္းမွာ အနည္းဆံုး သံုးဂိုးထိသြင္းဖို႔ လိုအပ္ခဲ့တာပါ။ အန္ဖီးမွာ လီဗာပူးက မယံုႏုိင္ေလာက္တဲ့ ႏုိင္ပြဲကို လုပ္ျပခဲ့သလိုပဲ စပါးကလည္း ေအဂ်က္ပြဲမွာ မယံုႏုိင္တဲ့ စြမ္းေဆာင္ရည္နဲ႔ လိုအပ္တဲ့ ရလဒ္ကို ယူျပခဲ့ပါတယ္။

ပိုခ်က္က ” ဒုတိယပိုင္းမွာ လုပ္ႏိုင္ခဲ့တာ အားလံုးက အံ့မခန္းပါပဲ။ ပထမပိုင္းကေတာ့ တကယ္ကို ရက္စက္ပါတယ္။ က်ေန္ာတို႔ လံုးဝ နာလန္မထူႏုိင္ဘူး။ အခြင့္အေရးေတြ အမ်ားၾကီး လုပ္ႏုိင္လုိ႔ က်ေန္ာတုိ႔နဲ႔ မထိုက္တန္ပါဘူး။ ဒါေပမယ့္ ဒုတိယပိုင္းမွာ အေျပာင္းအလဲေတြ ျဖစ္လာခဲ့တယ္။ အရံွဴးမေပးပဲ ယံုၾကည္မႈရွိရွိနဲ႔ စတင္ ကစားႏုိင္ခဲ့တယ္။

က်ေန္ာတုိ႔ ငါးႏွစ္ေလာက္ ဒီကစားေတြနဲ႔ အတူ ရွိခဲ့တာပါ။ သူတို႔က အေကာင္းဆံုးေတြ ေပးဆပ္ခဲ့ၾကတယ္။ ဒီကေန႔ညမွာ သူတို႔ထံက အမ်ားၾကီး သင္ယူခဲ့ရပါတယ္။ သူတို႔က အေကာင္းဆံုး ဆရာေတြပါ။ အရမ္းလည္း ဂုဏ္ယူပါတယ္။ ကုန္ခဲ့တဲ့ 5 ႏွစ္အတြင္း အေကာင္းဆံုး လုပ္ခဲ့တာေတြရဲ႕ သက္ေရာက္မႈကို ခံစားရတာပါပဲ။ အိမ္ကြင္းသစ္ကို ပိုင္ဆိုင္ခဲ့တယ္၊ စာမ်က္ႏွာသစ္အတြက္ ဗိုလ္လုပြဲကို ေရာက္လာျပီျဖစ္ျပီး အႏုိင္ရဖို႔ အခြင့္အေရးလည္း ရွိေနတာက အံ့မခန္းပါပဲ။

ကြာတားဖိုင္နယ္မွာ မန္စီးတီးကို ရင္ဆိုင္တဲ့ပြဲနဲ႔ ဒီေန႔ပြဲက အရမ္းကို အံ့မခန္းပါပဲ။ သူတို႔ရဲ႕ နည္းျပျဖစ္ရတာ အရမ္း ဂုဏ္ယူပါတယ္။ ဗိုလ္လုပြဲကို ကစားဖို႔ အခြင့္အေရးရတာက အံ့မခန္းပါပဲ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] စပါးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ ပို့ဆောင်ပေးပြီးနောက်မှာ မန်နေဂျာ ပိုချက်တီနိုဟာ မျက်ရည်ကျသည်ထိ ခံစားခဲ့ရပြီး အသင်းသားတွေကို စူပါဟီးရိုးတွေပါလို့ ချီးကျူးသွားခဲ့ပါတယ်။

လူးကပ်မော်ရာရဲ့ hat-trick သွင်းဂိုးနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဇွန်လ 2 ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် စပါးအသင်းသားတွေက သူတို့ရဲ့ကိုယ်ပိုင် ဘောလုံးကို ကစားခဲ့ကြတာအတွက် ဂုဏ်ပြုကြောင်း ပိုချက်တီနိုက ဆိုပါတယ်။ နိုင်ပွဲအတွက် ပိုချက်တီနို ဦးဆောင်တဲ့ စပါးအသင်းသားတွေဟာ အဝေးကွင်း ပရိသတ်တွေနဲ့အတူ ကွင်းထဲမှာ မိနစ် 20 လောက် အောင်ပွဲခံမှုကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ပိုချက်က ပြောရာမှာ ” အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ အသင်းသားတွေက ဟီးရိုးတွေပါ။ အခုတော့ စူပါဟီးရိုးတွေ ဖြစ်ကုန်ကြပါပြီ။ သူတို့ကို အရေးကြီးဆုံး ပြောလိုတာကတော့ ဂုဏ်ယူပါတယ်လို့ပါ။ သူတို့က ကိုယ်ပိုင်ဘောလုံးကို ကစားနိုင်ခဲ့ပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲကို တက်ရောက်နိုင်တာက အံ့မခန်းတဲ့ အလုပ်ကို လုပ်နိုင်ဖို့ နီးစပ်သွားတာပါ။ ဘောလုံးရာသီစက ဒီအဆင့်ကို ရောက်လာမယ်ဆိုတာ ဘယ်သူကမှ မယုံကြည်ကြဘူး။ ဒါပေမယ့် ဒီညမှာတော့ ကျနေ်ာတို့ အနိုင်ရဖို့ ထိုက်တန်ပြီး ဒီနေရာကို ရောက်လာခဲ့ပါပြီ ” လို့ ပြောပါတယ်။

စပါးဟာ လွယ်ကူတဲ့ နိုင်ပွဲကို ရခဲ့တာတော့ မဟုတ်ပါဘူး။ အေဂျက်ဘက်က ပထမပိုင်းမှာတင် သွင်းဂိုး 2 ဂိုး ရခဲ့တာကြောင့် ဒုတိယပိုင်းမှာ အနည်းဆုံး သုံးဂိုးထိသွင်းဖို့ လိုအပ်ခဲ့တာပါ။ အန်ဖီးမှာ လီဗာပူးက မယုံနိုင်လောက်တဲ့ နိုင်ပွဲကို လုပ်ပြခဲ့သလိုပဲ စပါးကလည်း အေဂျက်ပွဲမှာ မယုံနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ လိုအပ်တဲ့ ရလဒ်ကို ယူပြခဲ့ပါတယ်။

ပိုချက်က ” ဒုတိယပိုင်းမှာ လုပ်နိုင်ခဲ့တာ အားလုံးက အံ့မခန်းပါပဲ။ ပထမပိုင်းကတော့ တကယ်ကို ရက်စက်ပါတယ်။ ကျနေ်ာတို့ လုံးဝ နာလန်မထူနိုင်ဘူး။ အခွင့်အရေးတွေ အများကြီး လုပ်နိုင်လို့ ကျနေ်ာတို့နဲ့ မထိုက်တန်ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ အရံှူးမပေးပဲ ယုံကြည်မှုရှိရှိနဲ့ စတင် ကစားနိုင်ခဲ့တယ်။

ကျနေ်ာတို့ ငါးနှစ်လောက် ဒီကစားတွေနဲ့ အတူ ရှိခဲ့တာပါ။ သူတို့က အကောင်းဆုံးတွေ ပေးဆပ်ခဲ့ကြတယ်။ ဒီကနေ့ညမှာ သူတို့ထံက အများကြီး သင်ယူခဲ့ရပါတယ်။ သူတို့က အကောင်းဆုံး ဆရာတွေပါ။ အရမ်းလည်း ဂုဏ်ယူပါတယ်။ ကုန်ခဲ့တဲ့ 5 နှစ်အတွင်း အကောင်းဆုံး လုပ်ခဲ့တာတွေရဲ့ သက်ရောက်မှုကို ခံစားရတာပါပဲ။ အိမ်ကွင်းသစ်ကို ပိုင်ဆိုင်ခဲ့တယ်၊ စာမျက်နှာသစ်အတွက် ဗိုလ်လုပွဲကို ရောက်လာပြီဖြစ်ပြီး အနိုင်ရဖို့ အခွင့်အရေးလည်း ရှိနေတာက အံ့မခန်းပါပဲ။

ကွာတားဖိုင်နယ်မှာ မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲနဲ့ ဒီနေ့ပွဲက အရမ်းကို အံ့မခန်းပါပဲ။ သူတို့ရဲ့ နည်းပြဖြစ်ရတာ အရမ်း ဂုဏ်ယူပါတယ်။ ဗိုလ်လုပွဲကို ကစားဖို့ အခွင့်အရေးရတာက အံ့မခန်းပါပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time