ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ သိေကာင္းစရာမ်ား | ေနရာ/ အခ်ိန္/ လက္မွတ္ခြဲတမ္း/ VAR

2018-2019 ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ လီဗာပူးနဲ႔ စပါးအသင္းတို႔ ထိပ္တိုက္ ယွဥ္ျပိဳင္သြားရမွာျဖစ္ျပီး ဗိုလ္လုပြဲအေၾကာင္း သိေကာင္းစရာေတြ အားလံုးကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ က်င္းပမည့္အခ်ိန္

ခ်န္ပီယံလိဂ္ျပိဳင္ပြဲ လက္ရွိစနစ္နဲ႔ ယွဥ္ျပိဳင္မႈ 27 ၾကိမ္၊ ဥေရာပအထက္တန္းစား ျပိဳင္ပြဲအျဖစ္ ျပိဳင္ပြဲ စတင္လာခဲ့ကတည္းက 64 ၾကိမ္ေျမာက္အျဖစ္ 2019 ခုႏွစ္ ဗိုလ္လုပြဲကို လာမယ့္ ဇြန္လ 1 ရက္ေန႔မွာ ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။

ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ဇြန္လ 2 ရက္ေန႔ မနက္ 1း30 နာရီအခ်ိန္ ျဖစ္ပါတယ္။

ဗိုလ္လုပြဲကို ဘယ္ေနရာမွာ ယွဥ္ျပိဳင္မလဲ

2018-2019 ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ စပိန္ႏုိင္ငံ မက္ဒရစ္ျမိဳ႕က အက္သလက္တီကို မက္ဒရစ္ရဲ႕ အိမ္ကြင္းျဖစ္တဲ့ Wanda Metropolitano ကြင္းမွာ ယွဥ္ျပိဳင္ပါမယ္။ ကြင္းသစ္ကို စတင္ဖြင့္ခဲ့ျပီး 18 လအၾကာမွာပဲ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ဧည့္ခံရမွာျဖစ္ပါတယ္။

ဗိုလ္လုပြဲေရာက္ အသင္းမ်ား

လီဗာပူးအသင္းက ပထမအေက်ာ့မွာ ဘာစီလိုနာကို 3-0 နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ 4-0 နဲ႔ အႏုိင္ရျပီး ဘာစီလိုနာကို ေက်ာ္ျဖတ္လာတာပါ။

စပါးကေတာ့ ပထမအေက်ာ့မွာ 1-0 နဲ႔ အေရးနိမ့္ခဲ့ျပီး ဒုတိယအေက်ာ့မွာလည္း 2-0 နဲ႔ အေရးနိမ့္ေနရာက 3 ဂိုး ျပန္သြင္းခဲ့ျပီး အေဝးဂိုး စည္းမ်ဥ္းအရ ဗိုလ္လုပြဲကို တက္ေရာက္လာတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ဘယ္ေနရာေတြက ၾကည့္ႏုိင္မလဲ

Sky Sports ကေန ထုတ္လႊင့္မွာျဖစ္ျပီး ခ်န္ပီယံလိဂ္တရားဝင္ ဝဘ္ဆိုဒ္ကေနလည္း Live ထုတ္လႊင့္ျပသသြားမွာပါ။

ပရိသတ္ဝင္ဆန္႔မႈ

တီကိုတို႔ရဲ႕ Wanda Metropolitano ကြင္းၾကီးဟာ ပရိသတ္ 67,000 ဆံ့တယ္ဆိုေပမယ့္ ဗိုလ္လုပြဲကိုေတာ့ ပရိသတ္ 63,500 ဧည့္ခံေပးသြားမွာ ျဖစ္ပါတယ္။

လက္မွတ္ခြဲတမ္း

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ ႏွစ္သင္းဟာ တစ္သင္းကို လက္မွတ္ခြဲတမ္း 17,000 ရရွိမွာ ျဖစ္ျပီး လက္မွတ္ခြဲတမ္း 4,000 ကိုေတာ့ ခ်န္ပီယံလိဂ္ ပရိသတ္ေတြအတြက္ ေရာင္းခ်ေပးမွာျဖစ္ကာ က်န္ 25,500 ကိုေတာ့ ေဒသခံ အဖြဲ႔အစည္း၊ ယူအီးအက္ဖ္ေအ အဖြဲ႔အစည္း၊ စီးပြားေရး ပါတနာနဲ႔ ေၾကညာကုမၸဏီေတြကို ေပးအပ္သြားမွာပါ။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို VAR စနစ္သံုးမလား

2019 ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ပထမဆံုး VAR စနစ္ကို အသံုးျပဳမယ့္ပြဲ ျဖစ္လာပါမယ္။ ရံွဴးထြက္ေတြမွာ စတင္မိတ္ဆက္ခဲ့ျပီး ဗိုလ္လုပြဲမွာပါ ထည့္သြင္း အသံုးျပဳမွာပါ။

Sports Home Time

[Unicode] 2018-2019 ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ လီဗာပူးနဲ့ စပါးအသင်းတို့ ထိပ်တိုက် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗိုလ်လုပွဲအကြောင်း သိကောင်းစရာတွေ အားလုံးကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပမည့်အချိန်

ချန်ပီယံလိဂ်ပြိုင်ပွဲ လက်ရှိစနစ်နဲ့ ယှဉ်ပြိုင်မှု 27 ကြိမ်၊ ဥရောပအထက်တန်းစား ပြိုင်ပွဲအဖြစ် ပြိုင်ပွဲ စတင်လာခဲ့ကတည်းက 64 ကြိမ်မြောက်အဖြစ် 2019 ခုနှစ် ဗိုလ်လုပွဲကို လာမယ့် ဇွန်လ 1 ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မြန်မာစံတော်ချိန်အားဖြင့် ဇွန်လ 2 ရက်နေ့ မနက် 1း30 နာရီအချိန် ဖြစ်ပါတယ်။

ဗိုလ်လုပွဲကို ဘယ်နေရာမှာ ယှဉ်ပြိုင်မလဲ

2018-2019 ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့က အက်သလက်တီကို မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Wanda Metropolitano ကွင်းမှာ ယှဉ်ပြိုင်ပါမယ်။ ကွင်းသစ်ကို စတင်ဖွင့်ခဲ့ပြီး 18 လအကြာမှာပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဧည့်ခံရမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲရောက် အသင်းများ

လီဗာပူးအသင်းက ပထမအကျော့မှာ ဘာစီလိုနာကို 3-0 နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ 4-0 နဲ့ အနိုင်ရပြီး ဘာစီလိုနာကို ကျော်ဖြတ်လာတာပါ။

စပါးကတော့ ပထမအကျော့မှာ 1-0 နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့မှာလည်း 2-0 နဲ့ အရေးနိမ့်နေရာက 3 ဂိုး ပြန်သွင်းခဲ့ပြီး အဝေးဂိုး စည်းမျဉ်းအရ ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဘယ်နေရာတွေက ကြည့်နိုင်မလဲ

Sky Sports ကနေ ထုတ်လွှင့်မှာဖြစ်ပြီး ချန်ပီယံလိဂ်တရားဝင် ဝဘ်ဆိုဒ်ကနေလည်း Live ထုတ်လွှင့်ပြသသွားမှာပါ။

ပရိသတ်ဝင်ဆန့်မှု

တီကိုတို့ရဲ့ Wanda Metropolitano ကွင်းကြီးဟာ ပရိသတ် 67,000 ဆံ့တယ်ဆိုပေမယ့် ဗိုလ်လုပွဲကိုတော့ ပရိသတ် 63,500 ဧည့်ခံပေးသွားမှာ ဖြစ်ပါတယ်။

လက်မှတ်ခွဲတမ်း

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းဟာ တစ်သင်းကို လက်မှတ်ခွဲတမ်း 17,000 ရရှိမှာ ဖြစ်ပြီး လက်မှတ်ခွဲတမ်း 4,000 ကိုတော့ ချန်ပီယံလိဂ် ပရိသတ်တွေအတွက် ရောင်းချပေးမှာဖြစ်ကာ ကျန် 25,500 ကိုတော့ ဒေသခံ အဖွဲ့အစည်း၊ ယူအီးအက်ဖ်အေ အဖွဲ့အစည်း၊ စီးပွားရေး ပါတနာနဲ့ ကြေညာကုမ္ပဏီတွေကို ပေးအပ်သွားမှာပါ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို VAR စနစ်သုံးမလား

2019 ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး VAR စနစ်ကို အသုံးပြုမယ့်ပွဲ ဖြစ်လာပါမယ်။ ရံှူးထွက်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီး ဗိုလ်လုပွဲမှာပါ ထည့်သွင်း အသုံးပြုမှာပါ။

Sports Home Time