ဘဝမွာ အေကာင္းဆံုးအခိုက္အတန္႔ပါလို႔ ဆိုလာတဲ့ ဟက္ထရစ္႐ွင္ လူးကပ္စ္ေမာ္ရာ

[Zawgyi] လူးကပ္စ္ေမာ္ရာရဲ႕ အံ့အားသင့္ဖြယ္ ဟက္ထရစ္ဂိုးဟာ စပါးအတြက္ ေအဂ်က္ကို 3-2 နဲ႔ အႏိူင္ရၿပီး ခ်န္ပီယံလိဂ္ဖိူင္နယ္တက္ေရာက္ႏိူင္ေအာင္ ကူညီခဲ့ၿပီးေနာက္ သူ႔ခံစားခ်က္ကို ေျပာမျပတတ္ေအာင္ ျဖစ္ခဲ့ရပါတယ္။

ပထမအေက်ာ့ လန္ဒန္မွာ 1-0 နဲ႔ ႐ွံူးခဲ့တဲ့အျပင္ ဒုတိယအေက်ာ့ အမ္စတာဒန္ရဲ႕ ပထမပိုင္းမွာလဲ 2-0 နဲ႔ ႐ွံူးထားတဲ့အေျခအေနမွာ ေတာ့တင္ဟမ္တို႔ မယံုႏိူင္စရာ ျပန္လာႏိူင္ေအာင္ ေမာ္ရာက ကူညီခဲ့တာျဖစ္ၿပီး ဒီပြဲရဲ႕ အေကာင္းဆံုး ကစားသမား ျဖစ္ခဲ့ပါတယ္။

ဘရာဇီးသားဟာ ဒုတိယပိုင္း အေစာပိုင္းမွာ ႏွစ္ဂိုးသြင္းယူၿပီး သူ႔အသင္းကို မျဖစ္ႏိူင္တဲ့ comeback ႏိူင္ပြဲရ႐ွိဖို႔ ေမ်ွာ္လင့္ခ်က္အခ်ိဳ႕ ေပးခဲ့ပါတယ္။ အဲ့ဒီ့္ေနာက္ အခ်ိန္ပို 6 မိနစ္မွာ ရ႐ွိခဲ့တဲ့ ေနာက္က် အႏိူင္ဂိုးနဲ႔ စပါးဟာ အိမ္႐ွင္ေအဂ်က္ကို ဒရာမာဆန္ဆန္ အသည္းခြဲခဲ့တာပါ။

ပြဲအၿပီးမွာ တိုက္စစ္ကစားသမားက သူ႔ရဲ႕စပါးအသင္းေဖာ္ေတြကို ခ်ီးက်ဴးခဲ့ၿပီး ဒါဟာ သူ႔ဘဝမွာ အေကာင္းဆံုး အခိုက္အတန္႔ပါလို႔ ေျပာဆိုခဲ့ပါတယ္။

“က်ေနာ္ ဘယ္လိုခံစားေနရတယ္ဆိုတာ ႐ွင္းျပဖို႔ မျဖစ္ႏိုင္ပါဘူး။ က်ေနာ္အရမ္းေပ်ာ္ေနၿပီး အသင္းေဖာ္ေတြအတြက္ အရမ္းဂုဏ္ယူတယ္။ က်ေနာ္တို႔ဟာ ကြင္းထဲမွာ အရာအားလံုးေပးဆပ္ကစားခဲ့ၿပီး အႏိုင္ရလဒ္နဲ႔ ထိုက္တန္ခဲ့ပါတယ္။”

“က်ေနာ္တို႔က မိသားစုေတြပါ။ ႐ွင္းျပလို႔ေတာင္ မရပါဘူး။ ဘုရားသခင္ထံက ႀကီးမားတဲ့လက္ေဆာင္ကို က်ေနာ့္အသင္းေဖာ္ေတြ၊ မိတ္ေဆြေတြ၊ မိသားစုေတြနဲ႔ မ်ွေဝခ်င္ပါတယ္။”

“ဒါက က်ေနာ္တစ္ေယာက္ထဲေၾကာင့္မဟုတ္ပါဘူး။ က်ေနာ့္အသင္းေဖာ္ေတြနဲ႔ အသင္းအဖြဲ႔စိတ္ဓာတ္အလိုက္ အတူတကြလုပ္ခဲ့ၾကလို႔ပါ။”

“လူတိုင္းက တကယ္ကို ခက္ခက္ခဲခဲ ႀကိဳးစားခဲ့တယ္။ ဒီေနရာမွာ ေအဂ်က္ကို ရင္ဆိုင္ကစားဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒါေပမယ့္ က်ေနာ္ အျမဲတမ္း အသင္းေဖာ္ေတြကို ယံုၾကည္တယ္။ အဓိက ကစားသမားေတြ မပါပဲနဲ႔ေတာင္ က်ေနာ္တို႔ ေကာင္းေကာင္းလုပ္ခဲ့တယ္။ပြဲတိုင္း က်ေနာ္တို႔ ဒီလိုမ်ိဳး တိုက္ပြဲဝင္ဖို႔ လိုအပ္တယ္။ ”

“ေဘာလံုးအားကစားက အံ့ၾသစရာ ေကာင္းပါတယ္။ သူက က်ေနာ္တို႕ကို ဒီလို အခိုက္အတန္႔မ်ိဳး ေပးခဲ့တယ္။ က်ေနာ္တို႔ စိတ္ေတာင္ မကူးႏိုင္ပါဘူး။ က်ေနာ့္ဘဝ၊ က်ေနာ့္ ကစားသမားဘဝမွာ အေကာင္းဆံုး အခိုက္အတန္႔ပါ။ က်ေနာ့္ အသင္းေဖာ္ေတြကို ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။ ” လို႔ ေမာ္ရာက ေျပာဆိုခဲ့ပါတယ္။

စပါးဟာ တနဂၤေႏြေန႔ မွာ အဲဗာတန္နဲ႔ ကစားၿပီး ပရီးမီးယားလိဂ္ ရာသီကို ပိတ္သိမ္းမွာျဖစ္ပါတယ္။ ဒါၿပီးရင္ေတာ့ ဇြန္၁ရက္ေန႔ မက္ဒရစ္မွာ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ကစားရမွာပါ။

ေတာ့တင္ဟမ္ဟာ လိဂ္အမွတ္ေပးဇယား အဆင့္ေလးေနရာမွာ ႐ွိေနၿပီး အဆင့္ငါးေနရာက အာဆင္နယ္နဲ႔ သံုးမွတ္ကြာသလို ဂိုးကြာျခားခ်က္ကလဲ အေတာ္မ်ားမ်ားနဲ႔ ဦးေဆာင္ထားပါတယ္။ အဓိက ကစားသမား ဟယ္ရီကိန္းဟာ လီဗာပူးနဲ႔ပြဲမွာ ပါဝင္ႏိုင္ေအာင္ ၾကံ့ခိုင္မႈျပည့္ဝဖို႔ အခ်ိန္ယူေနရသလို စပါးအေနနဲ႔ ဖိုင္နယ္မတိုင္ခင္ နားခ်ိန္ရဖို႔ ေမ်ွာ္လင့္ေနပါလိမ့္မယ္။

Sports Home Time

[Unicode] လူးကပ်စ်မော်ရာရဲ့ အံ့အားသင့်ဖွယ် ဟက်ထရစ်ဂိုးဟာ စပါးအတွက် အေဂျက်ကို 3-2 နဲ့ အနိူင်ရပြီး ချန်ပီယံလိဂ်ဖိူင်နယ်တက်ရောက်နိူင်အောင် ကူညီခဲ့ပြီးနောက် သူ့ခံစားချက်ကို ပြောမပြတတ်အောင် ဖြစ်ခဲ့ရပါတယ်။

ပထမအကျော့ လန်ဒန်မှာ 1-0 နဲ့ ရှူံးခဲ့တဲ့အပြင် ဒုတိယအကျော့ အမ်စတာဒန်ရဲ့ ပထမပိုင်းမှာလဲ 2-0 နဲ့ ရှူံးထားတဲ့အခြေအနေမှာ တော့တင်ဟမ်တို့ မယုံနိူင်စရာ ပြန်လာနိူင်အောင် မော်ရာက ကူညီခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ဘရာဇီးသားဟာ ဒုတိယပိုင်း အစောပိုင်းမှာ နှစ်ဂိုးသွင်းယူပြီး သူ့အသင်းကို မဖြစ်နိူင်တဲ့ comeback နိူင်ပွဲရရှိဖို့ မျှော်လင့်ချက်အချို့ ပေးခဲ့ပါတယ်။ အဲ့ဒီ့်နောက် အချိန်ပို 6 မိနစ်မှာ ရရှိခဲ့တဲ့ နောက်ကျ အနိူင်ဂိုးနဲ့ စပါးဟာ အိမ်ရှင်အေဂျက်ကို ဒရာမာဆန်ဆန် အသည်းခွဲခဲ့တာပါ။

ပွဲအပြီးမှာ တိုက်စစ်ကစားသမားက သူ့ရဲ့စပါးအသင်းဖော်တွေကို ချီးကျူးခဲ့ပြီး ဒါဟာ သူ့ဘဝမှာ အကောင်းဆုံး အခိုက်အတန့်ပါလို့ ပြောဆိုခဲ့ပါတယ်။

“ကျနော် ဘယ်လိုခံစားနေရတယ်ဆိုတာ ရှင်းပြဖို့ မဖြစ်နိုင်ပါဘူး။ ကျနော်အရမ်းပျော်နေပြီး အသင်းဖော်တွေအတွက် အရမ်းဂုဏ်ယူတယ်။ ကျနော်တို့ဟာ ကွင်းထဲမှာ အရာအားလုံးပေးဆပ်ကစားခဲ့ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။”

“ကျနော်တို့က မိသားစုတွေပါ။ ရှင်းပြလို့တောင် မရပါဘူး။ ဘုရားသခင်ထံက ကြီးမားတဲ့လက်ဆောင်ကို ကျနော့်အသင်းဖော်တွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ မျှဝေချင်ပါတယ်။”

“ဒါက ကျနော်တစ်ယောက်ထဲကြောင့်မဟုတ်ပါဘူး။ ကျနော့်အသင်းဖော်တွေနဲ့ အသင်းအဖွဲ့စိတ်ဓာတ်အလိုက် အတူတကွလုပ်ခဲ့ကြလို့ပါ။”

“လူတိုင်းက တကယ်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့တယ်။ ဒီနေရာမှာ အေဂျက်ကို ရင်ဆိုင်ကစားဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော် အမြဲတမ်း အသင်းဖော်တွေကို ယုံကြည်တယ်။ အဓိက ကစားသမားတွေ မပါပဲနဲ့တောင် ကျနော်တို့ ကောင်းကောင်းလုပ်ခဲ့တယ်။ပွဲတိုင်း ကျနော်တို့ ဒီလိုမျိုး တိုက်ပွဲဝင်ဖို့ လိုအပ်တယ်။ ”

“ဘောလုံးအားကစားက အံ့သြစရာ ကောင်းပါတယ်။ သူက ကျနော်တို့ကို ဒီလို အခိုက်အတန့်မျိုး ပေးခဲ့တယ်။ ကျနော်တို့ စိတ်တောင် မကူးနိုင်ပါဘူး။ ကျနော့်ဘဝ၊ ကျနော့် ကစားသမားဘဝမှာ အကောင်းဆုံး အခိုက်အတန့်ပါ။ ကျနော့် အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ” လို့ မော်ရာက ပြောဆိုခဲ့ပါတယ်။

စပါးဟာ တနင်္ဂနွေနေ့ မှာ အဲဗာတန်နဲ့ ကစားပြီး ပရီးမီးယားလိဂ် ရာသီကို ပိတ်သိမ်းမှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဇွန်၁ရက်နေ့ မက်ဒရစ်မှာ လီဗာပူးနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကစားရမှာပါ။

တော့တင်ဟမ်ဟာ လိဂ်အမှတ်ပေးဇယား အဆင့်လေးနေရာမှာ ရှိနေပြီး အဆင့်ငါးနေရာက အာဆင်နယ်နဲ့ သုံးမှတ်ကွာသလို ဂိုးကွာခြားချက်ကလဲ အတော်များများနဲ့ ဦးဆောင်ထားပါတယ်။ အဓိက ကစားသမား ဟယ်ရီကိန်းဟာ လီဗာပူးနဲ့ပွဲမှာ ပါဝင်နိုင်အောင် ကြံ့ခိုင်မှုပြည့်ဝဖို့ အချိန်ယူနေရသလို စပါးအနေနဲ့ ဖိုင်နယ်မတိုင်ခင် နားချိန်ရဖို့ မျှော်လင့်နေပါလိမ့်မယ်။

Sports Home Time