ေကာ္တင္ညိဳကို ဘာစီလိုနာ ကစားသမားအျဖစ္ မသတ္မွတ္ေတာ့ေၾကာင္း အတြင္းသတင္း ထြက္ေပၚလာ

[Zawgyi] ဘာစီလိုနာရဲ႕ အရွက္တကြဲ ခ်န္ပီယံလိဂ္ ရွံဳးပြဲ အျပီးမွာ နည္းျပ ဗယ္ဗာဒီရဲ႕ အနာဂတ္က မေသခ်ာမခ်ာ ျဖစ္လာခဲ့ျပီး အသင္းေဟာင္းကို ရင္ဆိုင္ရမွာ အဆိပ္မဲ့စြာ ကစားခဲ့တဲ့ ေကာ္တင္ညိဳကိုလည္း ဘာစီလိုနာက အသင္းကစားသမား အျဖစ္ မသတ္မွတ္ေတာ့ေၾကာင္း အတြင္းသတင္းမ်ား ထြက္ေပၚလာခဲ့ပါတယ္။

နည္းျပအဖြဲ႕၀င္ အမ်ားစုက ဒီရာသီ ေကာ္တင္ညိဳရဲ႕ စြမ္းေဆာင္ရည္အေပၚ ေက်နပ္မႈ မရွိၾကဘူး ျဖစ္ေနခဲ့ျပီး ဘရာဇီးသားကို ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၁၆၀ သံုး ေခၚခဲ့ေသာ္လည္း ေမွ်ာ္မွန္းသလို ေျခစြမ္းမျပနုိ္င္ေသးတာက ေပါက္ကြဲစရာ ျဖစ္လာခဲ့ပါတယ္။ လီဗာပူးနဲ႕ပြဲမွာ အိမ္ကြင္းေရာ အေ၀းကြင္းမွာပါ မယ္မယ္ရရ လုပ္မျပနိုင္ခဲ့တာက ေကာ္တင္ညိဳကို ပို ေထာက္ျပစရာ ျဖစ္လာတာပါ။

ဘာစီလိုနာအသင္း ဥကၠဌ၊ ဘုတ္အဖြဲ႕နဲ႕ ဗယ္ဗာဒီ ၾကားမွာလည္း အရွက္ရဖြယ္ ရွံဳးပြဲ အျပီး ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ရဦးမွာ ျဖစ္ကာ ဘုတ္အဖြဲ႕ကေတာ့ နည္းျပ ရာထူးနဲ႕ ပတ္သတ္ျပီး အေလာတၾကီး ဆံုးျဖတ္မႈမ်ိဳး မလုပ္လိုေသးပါဘူး။

လီဗာပူးနဲ႕ ပြဲအျပီး ကစားသမားေတြရဲ႕ Player ratings သတ္မွတ္ရာမွာ ကတ္တလန္နာမည္ၾကီး သတင္းစာ တစ္ေစာင္က ေကာ္တင္ညိဳကို Rating သုည ေပးခဲ့သည္ အထိ ဘရာဇီးသားမွာ ဖိအားေတြ ပိလာခဲ့ပါတယ္။ ဒါ့အျပင္ ၄င္းကို ဘာစီလိုနာ ကစားသမား အျဖစ္ မသတ္မွတ္ေတာ့ဘဲ ေရာင္းထုတ္ဖို႔ ေသခ်ာေနျပီ ျဖစ္ေၾကာင္း ဘာစီလိုနာ အသင္း တာ၀န္ရွိသူတစ္ဦးက ဖြင့္ဟခဲ့ေၾကာင္း ESPN မွာ ေဖာ္ျပထားပါတယ္။

” ေကာ္တင္ညိဳက ဘာစီလိုနာ ကစားသမား တစ္ေယာက္ မဟုတ္ပါဘူး။ ဒါက ရွင္းရွင္းလင္းလင္း ျဖစ္ခဲ့ျပီ။ သူက အသင္းအတြက္ ဘာမွ အေထာက္အကူမျဖစ္နုိင္ဘူး.. လာမယ့္ေႏြမွာ ထြက္ခြာမွာပါ။” လို႔ အသင္း တာ၀န္ရွိသူတစ္ဦးက က ေျပာၾကားခဲ့တာပါ။

လီဗာပူးကြင္းလယ္ကစားသမားေဟာင္း ေကာ္တင္ညိဳက ဒီရာသီကို ပံုစံေကာင္း၊ ယံုၾကည္မႈ အျပည့္နဲ႕ စတင္ခဲ့ေပမယ့္ ေအာက္တိုဘာလ ဒဏ္ရာ ရသြားစဥ္တည္းက စလို႔ ဆက္တုိက္ က်ဆင္းလာခဲ့တာပါ။ သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆံုးသြားျခင္းက အခုခ်ိန္ထိ ျပန္ အဖတ္ဆည္လို႔ မရေသးဘဲ ျဖစ္ေနပါတယ္။

Sports Home Time

[Unicode] ဘာစီလိုနာရဲ့ အရှက်တကွဲ ချန်ပီယံလိဂ် ရှုံးပွဲ အပြီးမှာ နည်းပြ ဗယ်ဗာဒီရဲ့ အနာဂတ်က မသေချာမချာ ဖြစ်လာခဲ့ပြီး အသင်းဟောင်းကို ရင်ဆိုင်ရမှာ အဆိပ်မဲ့စွာ ကစားခဲ့တဲ့ ကော်တင်ညိုကိုလည်း ဘာစီလိုနာက အသင်းကစားသမား အဖြစ် မသတ်မှတ်တော့ကြောင်း အတွင်းသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

နည်းပြအဖွဲ့ဝင် အများစုက ဒီရာသီ ကော်တင်ညိုရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှု မရှိကြဘူး ဖြစ်နေခဲ့ပြီး ဘရာဇီးသားကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၆၀ သုံး ခေါ်ခဲ့သော်လည်း မျှော်မှန်းသလို ခြေစွမ်းမပြနိုင်သေးတာက ပေါက်ကွဲစရာ ဖြစ်လာခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ အိမ်ကွင်းရော အဝေးကွင်းမှာပါ မယ်မယ်ရရ လုပ်မပြနိုင်ခဲ့တာက ကော်တင်ညိုကို ပို ထောက်ပြစရာ ဖြစ်လာတာပါ။ ဘာစီလိုနာအသင်း ဥက္ကဌ၊ ဘုတ်အဖွဲ့နဲ့ ဗယ်ဗာဒီ ကြားမှာလည်း အရှက်ရဖွယ် ရှုံးပွဲ အပြီး ပြောဆိုဆွေးနွေးမှုတွေ လုပ်ရဦးမှာ ဖြစ်ကာ ဘုတ်အဖွဲ့ကတော့ နည်းပြ ရာထူးနဲ့ ပတ်သတ်ပြီး အလောတကြီး ဆုံးဖြတ်မှုမျိုး မလုပ်လိုသေးပါဘူး။

လီဗာပူးနဲ့ ပွဲအပြီး ကစားသမားတွေရဲ့ Player ratings သတ်မှတ်ရာမှာ ကတ်တလန်နာမည်ကြီး သတင်းစာ တစ်စောင်က ကော်တင်ညိုကို Rating သုည ပေးခဲ့သည် အထိ ဘရာဇီးသားမှာ ဖိအားတွေ ပိလာခဲ့ပါတယ်။ ဒါ့အပြင် ၎င်းကို ဘာစီလိုနာ ကစားသမား အဖြစ် မသတ်မှတ်တော့ဘဲ ရောင်းထုတ်ဖို့ သေချာနေပြီ ဖြစ်ကြောင်း ဘာစီလိုနာ အသင်း တာဝန်ရှိသူတစ်ဦးက ဖွင့်ဟခဲ့ကြောင်း ESPN မှာ ဖော်ပြထားပါတယ်။

” ကော်တင်ညိုက ဘာစီလိုနာ ကစားသမား တစ်ယောက် မဟုတ်ပါဘူး။ ဒါက ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ပြီ။ သူက အသင်းအတွက် ဘာမှ အထောက်အကူမဖြစ်နိုင်ဘူး.. လာမယ့်နွေမှာ ထွက်ခွာမှာပါ။” လို့ အသင်း တာဝန်ရှိသူတစ်ဦးက က ပြောကြားခဲ့တာပါ။

လီဗာပူးကွင်းလယ်ကစားသမားဟောင်း ကော်တင်ညိုက ဒီရာသီကို ပုံစံကောင်း၊ ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပေမယ့် အောက်တိုဘာလ ဒဏ်ရာ ရသွားစဉ်တည်းက စလို့ ဆက်တိုက် ကျဆင်းလာခဲ့တာပါ။ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးသွားခြင်းက အခုချိန်ထိ ပြန် အဖတ်ဆည်လို့ မရသေးဘဲ ဖြစ်နေပါတယ်။

Sports Home Time