ဘယ္အသင္း ဗိုလ္လုပြဲကို တက္သြားလဲလို႔ ခပ္ျပတ္ျပတ္ ျပန္ေျဖတဲ့ ေရာ္ဘတ္ဆန္

လီဗာပူးအသင္းသား ေရာ္ဘတ္ဆန္ဟာ ကမၻာအေကာင္းဆံုး ကစားသမား မက္ဆီကို အန္ဖီးကြင္းမွာ အေကာင္းဆံုး ထိန္းခ်ဳပ္ျပခဲ့သူပါ။ ဒါေပမယ့္လို႔ ျပိဳင္ဘက္ကစားသမား ဆြာရက္စ္နဲ႔ ထိခုိက္မိတဲ့ေနာက္ ဒုတိယပိုင္းမွာ အသင္းေဖာ္ ဂီနီနဲ႔ လူစားလဲခဲ့ရတယ္။

ေရာ္ဘတ္ဆန္နဲ႔ ဆြာရက္စ္တို႔ဟာ ပထမအေက်ာ့မွာတည္းက ထိေတြ႔မႈေတြ ျဖစ္ထားခဲ့ၾကတယ္။ အန္ဖီးမွာလည္း လူးဝစ္ဆြာရက္စ္နဲ႔ ထိခိုက္မိလို႔ ဒဏ္ရာရသြားခဲ့တဲ့ ေရာ္ဘတ္ဆန္ကို သတင္းေထာက္ေတြက ဘာစီလိုနာ တုိက္စစ္မွဴးက ဒဏ္ရာရခ်ိန္မွာ ဘာေျပာခဲ့သလဲလို႔ ေမးခြန္းထုတ္ခဲ့ၾကတယ္။ ေရာ္ဘတ္ဆန္က ျပန္ေျဖေပးတာက

” ဗိုလ္လုပြဲကို ဘယ္အသင္း တက္သြားလဲ? ငါတုိ႔ပဲမို႔လား။ ဒါပဲ အေရးၾကီးပါတယ္။ ငါ့ေနရာမွာ ဂီနီအစားဝင္တယ္။ ႏွစ္ဂိုးသြင္းခဲ့တယ္။ က်န္တာေတြ ဂရုမစိုက္ပါဘူး။ ဒီရာသီမွာ ခဏခဏ ေျပာခဲ့ျပီးပါျပီ။ အသင္းအေနနဲ႔ ငါတုိ႔က ယံုၾကည္မႈရွိပါတယ္။ လူေတြက ငါတို႔ ရံွဴးမွာပဲလို႔ ေျပာၾက ေရးၾကတယ္။ ဒါေပမယ့္ ငါတို႔ အေကာင္းဆံုး စတင္ရင္ အခြင့္အေရးရွိမယ္လို႔ ယံုၾကည္ခဲ့ၾကတယ္။

အယ္လီဆန္က မယံုႏုိင္ေလာက္တဲ့ ကာကြယ္မႈေတြကို လုပ္ေပးခဲ့ပါတယ္။ တနဂၤေႏြေန႔ကို အင္အားအျပည့္နဲ႔ ငါတုိ႔ ယွဥ္ျပိဳင္ပါမယ္။ ပရီးမီးယားလိဂ္ဖလားအတြက္ အခြင့္အေရးက ငါတုိ႔လက္မွာ မရွိေတာ့ဘူး။ ဒါေပမယ့္ ထူးထူးျခားျခားေတြ ျဖစ္လာႏုိင္တာကို ျမင္ထားခဲ့ျပီပဲ အထူးသျဖင့္ ဒီညမွာ ျမင္ခဲ့ျပီးျပီပဲ ” လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးဟာ ဘာစီလိုနာကို ပထမအေက်ာ့မွာ 3-0 နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ဒုတိယအေက်ာ့မွာ အနည္းဆံုး 4 ဂိုးသြင္းျပီး ျပိဳင္ဘက္ကို ဂိုးမေပးရမွပဲ ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္မွာပါ။ ဒုတိယအေက်ာ့မွာ လီဗာပူးအသင္းသားေတြက သြင္းဂိုးအတြက္ တာဝန္ေက်ခဲ့သလို ဂိုးသမား အယ္လီဆန္ကလည္း အထူးလက္စြမ္းျပ ကာကြယ္ေပးသြားခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ဒီအပတ္ တနဂၤေႏြေန႔မွာ ဝုဗ္အသင္းကို အန္ဖီးကြင္းမွာပဲ ဧည့္ခံရမွာျဖစ္ျပီး ဒီရာသီ ေနာက္ဆံုးေသာ အိမ္ကြင္းပြဲကို ကစားရမွာ ျဖစ္ပါတယ္။ အဆိုပါရက္မွာေတာ့ မန္စီးတီးက ဘရိုက္တန္အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ႏွစ္ကြင္းလံုးမွာ ပရီးမီးယားလိဂ္ဖလားေတြ ထားရွိသြားမယ္လို႔ သိရပါတယ္။

Sports Home Time

[Unicode] လီဗာပူးအသင်းသား ရော်ဘတ်ဆန်ဟာ ကမ္ဘာအကောင်းဆုံး ကစားသမား မက်ဆီကို အန်ဖီးကွင်းမှာ အကောင်းဆုံး ထိန်းချုပ်ပြခဲ့သူပါ။ ဒါပေမယ့်လို့ ပြိုင်ဘက်ကစားသမား ဆွာရက်စ်နဲ့ ထိခိုက်မိတဲ့နောက် ဒုတိယပိုင်းမှာ အသင်းဖော် ဂီနီနဲ့ လူစားလဲခဲ့ရတယ်။

ရော်ဘတ်ဆန်နဲ့ ဆွာရက်စ်တို့ဟာ ပထမအကျော့မှာတည်းက ထိတွေ့မှုတွေ ဖြစ်ထားခဲ့ကြတယ်။ အန်ဖီးမှာလည်း လူးဝစ်ဆွာရက်စ်နဲ့ ထိခိုက်မိလို့ ဒဏ်ရာရသွားခဲ့တဲ့ ရော်ဘတ်ဆန်ကို သတင်းထောက်တွေက ဘာစီလိုနာ တိုက်စစ်မှူးက ဒဏ်ရာရချိန်မှာ ဘာပြောခဲ့သလဲလို့ မေးခွန်းထုတ်ခဲ့ကြတယ်။ ရော်ဘတ်ဆန်က ပြန်ဖြေပေးတာက

” ဗိုလ်လုပွဲကို ဘယ်အသင်း တက်သွားလဲ? ငါတို့ပဲမို့လား။ ဒါပဲ အရေးကြီးပါတယ်။ ငါ့နေရာမှာ ဂီနီအစားဝင်တယ်။ နှစ်ဂိုးသွင်းခဲ့တယ်။ ကျန်တာတွေ ဂရုမစိုက်ပါဘူး။ ဒီရာသီမှာ ခဏခဏ ပြောခဲ့ပြီးပါပြီ။ အသင်းအနေနဲ့ ငါတို့က ယုံကြည်မှုရှိပါတယ်။ လူတွေက ငါတို့ ရံှူးမှာပဲလို့ ပြောကြ ရေးကြတယ်။ ဒါပေမယ့် ငါတို့ အကောင်းဆုံး စတင်ရင် အခွင့်အရေးရှိမယ်လို့ ယုံကြည်ခဲ့ကြတယ်။

အယ်လီဆန်က မယုံနိုင်လောက်တဲ့ ကာကွယ်မှုတွေကို လုပ်ပေးခဲ့ပါတယ်။ တနင်္ဂနွေနေ့ကို အင်အားအပြည့်နဲ့ ငါတို့ ယှဉ်ပြိုင်ပါမယ်။ ပရီးမီးယားလိဂ်ဖလားအတွက် အခွင့်အရေးက ငါတို့လက်မှာ မရှိတော့ဘူး။ ဒါပေမယ့် ထူးထူးခြားခြားတွေ ဖြစ်လာနိုင်တာကို မြင်ထားခဲ့ပြီပဲ အထူးသဖြင့် ဒီညမှာ မြင်ခဲ့ပြီးပြီပဲ ” လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးဟာ ဘာစီလိုနာကို ပထမအကျော့မှာ 3-0 နဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ အနည်းဆုံး 4 ဂိုးသွင်းပြီး ပြိုင်ဘက်ကို ဂိုးမပေးရမှပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်မှာပါ။ ဒုတိယအကျော့မှာ လီဗာပူးအသင်းသားတွေက သွင်းဂိုးအတွက် တာဝန်ကျေခဲ့သလို ဂိုးသမား အယ်လီဆန်ကလည်း အထူးလက်စွမ်းပြ ကာကွယ်ပေးသွားခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ဒီအပတ် တနင်္ဂနွေနေ့မှာ ဝုဗ်အသင်းကို အန်ဖီးကွင်းမှာပဲ ဧည့်ခံရမှာဖြစ်ပြီး ဒီရာသီ နောက်ဆုံးသော အိမ်ကွင်းပွဲကို ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါရက်မှာတော့ မန်စီးတီးက ဘရိုက်တန်အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နှစ်ကွင်းလုံးမှာ ပရီးမီးယားလိဂ်ဖလားတွေ ထားရှိသွားမယ်လို့ သိရပါတယ်။

Sports Home Time