အန္ဖီးကြင္းမွာ ဘာစီလိုနာကို ျဖဳတ္ခ်ျပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္သြားတဲ့ လီဗာပူး

လီဗာပူးနဲ႔ ဘာစီလိုနာတို႔ရဲ႕ ခ်န္ပီယံလိဂ္ဖိုင္နယ္ ဒုတိယအေက်ာ့ပြဲအျဖစ္ အန္ဖီးမွာ ယွဥ္ျပိဳင္မႈမွာေတာ့ လီဗာပူးက 4-0 နဲ႔ အႏုိင္ရကာ ႏွစ္ေက်ာ့ေပါင္း 4-3 ဆိုတဲ့ ရလဒ္နဲ႔အတူ ဗိုလ္လုပြဲကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အဓိက တုိက္စစ္သမားေတြျဖစ္တဲ့ ဖာမင္ႏို၊ ဆာလက္တို႔ မပါဝင္ခဲ့ပဲ အရန္ကစားသမားေတြျဖစ္တဲ့ ရွာကီြရီ၊ အိုရီဂီတို႔ကို ပြဲထြက္လူစာရင္းကေန ထည့္သြင္းျပီး ဘာစီလိုနာကို ယွဥ္ျပိဳင္ခဲ့တာပါ။ ဘာစီလိုနာဘက္ကေတာ့ ၾကားရက္တုန္းက အဓိက အသင္းသားအားလံုးကို အနားေပးထားခဲ့ျပီး လူစံုတက္စံု လာေရာက္ခဲ့တာျဖစ္တယ္။

ပြဲအစကတည္းက ေဖာက္ဖ်က္တုိက္ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ လီဗာပူးဟာ ပြဲအစ 7 မိနစ္မွာတင္ ဟန္ဒါဆန္ရဲ႕ ပိတ္သြင္းမႈကို တာစတီဂန္ ကာကြယ္မႈကေန ျပန္ဆင္လာခဲ့တဲ့ ေဘာလံုးအား အိုရီဂီက ပိတ္သြင္းယူခဲ့ပါတယ္။ အဲ့သည္ေနာက္ အျပန္အလွန္ ထိုးေဖာက္မႈေတြ ျပဳလုပ္ခဲ့ျပီး မက္ဆီရဲ႕ အံ့ၾသစရာ ဧရိယာအတြင္း တုန္႔ေႏွးမႈက လီဗာပူးကို အသက္ရႈေခ်ာင္ေစခဲ့တာပါ။

လီဗာပူးဘက္က ဘာစီလိုနာကို ရွိန္မေနခဲ့ေပမယ့္ ပထမအေက်ာ့မွာ ေျခစြမ္းျပခဲ့တဲ့ မက္ဆီ ဒီကေန႔ပြဲမွာေတာ့ ေရာ္ဘတ္ဆန္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ လံုးလံုးေရာက္ခဲ့ပါတယ္။ ဒါေၾကာင့္ တြဲဘက္တုိက္စစ္သမား ဆြာရက္စ္ကလည္း တစ္ကိုယ္ေတာ္ ကစားေနရျပီး မၾကာခဏ လီဗာပူးအသင္းသားေတြနဲ႔ ညိေနခဲ့တယ္။ လီဗာပူးဘက္က ကြင္းလယ္ေတြဟာ အခြင့္အေရး မဖန္တီးႏုိင္ေပမယ့္ တိုက္ခိုက္လိုစိတ္အျပည့္ အနာခံကစားခဲ့ၾကတာကို ျမင္ခဲ့ရတယ္။

ဒုတိယပိုင္းမွာေတာ့ ဆြာရက္စ္နဲ႔ထိခိုက္မိတဲ့ ေရာ္ဘတ္ဆန္ေနရာ ဝိုက္နယ္ဒမ္ ဝင္ေရာက္ကစားခဲ့ျပီး ပြဲအလွည့္အေျပာင္း စခဲ့ပါတယ္။ ဝိုက္နယ္ဒမ္ရဲ႕ ႏွစ္မိနစ္အတြင္း ႏွစ္ဂိုးသြင္းယူမႈက ပြဲကို ခပ္ျမန္ျမန္ပဲ အေျပာင္းအလဲျဖစ္ေစျပီး ဘာစီလိုနာကို စိတ္ဓါတ္ပိုင္း ေအာက္စည္းကို ထိုးက်ေစခဲ့တယ္။ ပထမပိုင္းတုန္းက ပီေကးက အေတာ္ေလး တည္ျငိမ္ခဲ့ေသးေပမယ့္ ဒုတိယပိုင္းမွာေတာ့ လီဗာပူးက သြင္းဂိုးကလြဲျပီး ေခါင္းထဲ မရွိေတာ့ပါဘူး။

ဘာစီလိုနာအသင္းသားေတြက ပံုမွန္ေျခစြမ္းေအာင္ ေရာက္ေနခဲ့ၾကသလို မက္ဆီတစ္ဦးတည္းကို မွီကစားမႈဟာ အသင္းလိုက္ေကာင္းတဲ့ ျပိဳင္ဘက္နဲ႔ ရင္ဆုိင္ရာမွာ အားနည္းခ်က္ေတြ အေတာ္ေလး သိသာလာခဲ့တယ္။ ေဘာလံုးကို အသင္းလိုက္ စိတ္ဓါတ္အျပည့္နဲ႔ ကစားတဲ့ျပိဳင္ဘက္နဲ႔ တစ္ဦးတည္းကို ပံုေအာျပီး အားကိုးတဲ့ ျပိဳင္ဘက္တို႔ ထိပ္တိုက္ေတြ႔ရမွာ ဒီတစ္ၾကိမ္ေတာ့ လီဗာပူးဟာ ခ်ီးက်ဴးမႈအျပည့္ ခံထိုက္တာျဖစ္တယ္။

အႏုိင္ဂိုးလို႔ ဆိုရမယ့္ စတုတၳဂိုးကေတာ့ အသက္ 20 ႏွစ္အရြယ္ပဲရွိေသးတဲ့ မာေဆးဆိုဒ္သား ထရန္႔က ထူပူေနတဲ့ ဘာစီလိုနာခံစစ္ ေနရာေတာင္မယူရေသးခ်ိန္မွာ လြတ္လြတ္ကၽြတ္ကၽြတ္ ဧရိယာထဲ ခ်ေပးခဲ့ျပီး အိုရီဂီက ပိတ္သြင္းခဲ့တာပါ။ ဒီေန႔ပြဲမွာ ဘာစီလိုနာဘက္က အားေကာင္းတဲ့ အစြန္ေတြက လီဗာပူးအစြန္ေတြကို မယွဥ္ႏုိင္ခဲ့ျခင္းကလည္း ပြဲကို အဆံုးသတ္ေစခဲ့တာျဖစ္တယ္။

ႏွစ္ေက်ာ့ေပါင္း 4 ဂိုး 3 ဂိုးနဲ႔ အႏုိင္ရသြားတဲ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ယွဥ္ျပိဳင္ဖို႔ မက္ဒရစ္ျမိဳ႕ကို သြားရမွာျဖစ္ျပီး ေအဂ်က္နဲ႔ စပါးအတြဲက တက္လာမယ့္အသင္းနဲ႔ ယွဥ္ျပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာ ေဘာလံုးမွာ မျဖစ္ႏုိင္တာ မရွိဘူးဆိုတာကို သက္ေသထူျပခဲ့ပါျပီ။

Sports Home Time

[Unicode] လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ဒုတိယအကျော့ပွဲအဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်မှုမှာတော့ လီဗာပူးက 4-0 နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း 4-3 ဆိုတဲ့ ရလဒ်နဲ့အတူ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဖာမင်နို၊ ဆာလက်တို့ မပါဝင်ခဲ့ပဲ အရန်ကစားသမားတွေဖြစ်တဲ့ ရှာကွီရီ၊ အိုရီဂီတို့ကို ပွဲထွက်လူစာရင်းကနေ ထည့်သွင်းပြီး ဘာစီလိုနာကို ယှဉ်ပြိုင်ခဲ့တာပါ။ ဘာစီလိုနာဘက်ကတော့ ကြားရက်တုန်းက အဓိက အသင်းသားအားလုံးကို အနားပေးထားခဲ့ပြီး လူစုံတက်စုံ လာရောက်ခဲ့တာဖြစ်တယ်။

ပွဲအစကတည်းက ဖောက်ဖျက်တိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လီဗာပူးဟာ ပွဲအစ 7 မိနစ်မှာတင် ဟန်ဒါဆန်ရဲ့ ပိတ်သွင်းမှုကို တာစတီဂန် ကာကွယ်မှုကနေ ပြန်ဆင်လာခဲ့တဲ့ ဘောလုံးအား အိုရီဂီက ပိတ်သွင်းယူခဲ့ပါတယ်။ အဲ့သည်နောက် အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပြီး မက်ဆီရဲ့ အံ့သြစရာ ဧရိယာအတွင်း တုန့်နှေးမှုက လီဗာပူးကို အသက်ရှုချောင်စေခဲ့တာပါ။

လီဗာပူးဘက်က ဘာစီလိုနာကို ရှိန်မနေခဲ့ပေမယ့် ပထမအကျော့မှာ ခြေစွမ်းပြခဲ့တဲ့ မက်ဆီ ဒီကနေ့ပွဲမှာတော့ ရော်ဘတ်ဆန်ရဲ့ ထိန်းချုပ်မှုအောက် လုံးလုံးရောက်ခဲ့ပါတယ်။ ဒါကြောင့် တွဲဘက်တိုက်စစ်သမား ဆွာရက်စ်ကလည်း တစ်ကိုယ်တော် ကစားနေရပြီး မကြာခဏ လီဗာပူးအသင်းသားတွေနဲ့ ညိနေခဲ့တယ်။ လီဗာပူးဘက်က ကွင်းလယ်တွေဟာ အခွင့်အရေး မဖန်တီးနိုင်ပေမယ့် တိုက်ခိုက်လိုစိတ်အပြည့် အနာခံကစားခဲ့ကြတာကို မြင်ခဲ့ရတယ်။

ဒုတိယပိုင်းမှာတော့ ဆွာရက်စ်နဲ့ထိခိုက်မိတဲ့ ရော်ဘတ်ဆန်နေရာ ဝိုက်နယ်ဒမ် ဝင်ရောက်ကစားခဲ့ပြီး ပွဲအလှည့်အပြောင်း စခဲ့ပါတယ်။ ဝိုက်နယ်ဒမ်ရဲ့ နှစ်မိနစ်အတွင်း နှစ်ဂိုးသွင်းယူမှုက ပွဲကို ခပ်မြန်မြန်ပဲ အပြောင်းအလဲဖြစ်စေပြီး ဘာစီလိုနာကို စိတ်ဓါတ်ပိုင်း အောက်စည်းကို ထိုးကျစေခဲ့တယ်။ ပထမပိုင်းတုန်းက ပီကေးက အတော်လေး တည်ငြိမ်ခဲ့သေးပေမယ့် ဒုတိယပိုင်းမှာတော့ လီဗာပူးက သွင်းဂိုးကလွဲပြီး ခေါင်းထဲ မရှိတော့ပါဘူး။

ဘာစီလိုနာအသင်းသားတွေက ပုံမှန်ခြေစွမ်းအောင် ရောက်နေခဲ့ကြသလို မက်ဆီတစ်ဦးတည်းကို မှီကစားမှုဟာ အသင်းလိုက်ကောင်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရာမှာ အားနည်းချက်တွေ အတော်လေး သိသာလာခဲ့တယ်။ ဘောလုံးကို အသင်းလိုက် စိတ်ဓါတ်အပြည့်နဲ့ ကစားတဲ့ပြိုင်ဘက်နဲ့ တစ်ဦးတည်းကို ပုံအောပြီး အားကိုးတဲ့ ပြိုင်ဘက်တို့ ထိပ်တိုက်တွေ့ရမှာ ဒီတစ်ကြိမ်တော့ လီဗာပူးဟာ ချီးကျူးမှုအပြည့် ခံထိုက်တာဖြစ်တယ်။

အနိုင်ဂိုးလို့ ဆိုရမယ့် စတုတ္ထဂိုးကတော့ အသက် 20 နှစ်အရွယ်ပဲရှိသေးတဲ့ မာဆေးဆိုဒ်သား ထရန့်က ထူပူနေတဲ့ ဘာစီလိုနာခံစစ် နေရာတောင်မယူရသေးချိန်မှာ လွတ်လွတ်ကျွတ်ကျွတ် ဧရိယာထဲ ချပေးခဲ့ပြီး အိုရီဂီက ပိတ်သွင်းခဲ့တာပါ။ ဒီနေ့ပွဲမှာ ဘာစီလိုနာဘက်က အားကောင်းတဲ့ အစွန်တွေက လီဗာပူးအစွန်တွေကို မယှဉ်နိုင်ခဲ့ခြင်းကလည်း ပွဲကို အဆုံးသတ်စေခဲ့တာဖြစ်တယ်။

နှစ်ကျော့ပေါင်း 4 ဂိုး 3 ဂိုးနဲ့ အနိုင်ရသွားတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ဖို့ မက်ဒရစ်မြို့ကို သွားရမှာဖြစ်ပြီး အေဂျက်နဲ့ စပါးအတွဲက တက်လာမယ့်အသင်းနဲ့ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။

လီဗာပူးဟာ ဘောလုံးမှာ မဖြစ်နိုင်တာ မရှိဘူးဆိုတာကို သက်သေထူပြခဲ့ပါပြီ။

Sports Home Time