ဘာစီလိုနာ တစ္ပြဲတည္းအတြက္ အယ္လီဆန္ ဝတ္ဆင္ခြင့္ရခဲ့တဲ့ သီးသန္႔ ဂ်ာစီအေၾကာင္း

[Zawgyi] လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယ အေက်ာ့မွာေတာ့ အဆိုပါပြဲ တစ္ပြဲတည္းအတြက္ အထူးခ်ဳပ္လုပ္ေပးခဲ့တဲ့ ဂိုးသမားဂ်ာစီကို ဝတ္ဆင္ကစားခဲ့ပါတယ္။

လီဗာပူးက အိုရီဂီနဲ႔ ဂီနီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ဘာစီလိုနာကို ျဖဳတ္ခ်ျပီး ဗိုလ္လုပြဲကို တက္ေရာက္ရာမွာ အယ္လီဆန္ ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီက ပံုမွန္ အိမ္ကြင္း ဂိုးသမားဂ်ာစီ မဟုတ္ျခင္းက လူေျပာမ်ားတဲ့ ကိစၥ ျဖစ္ခဲ့တာပါ။ ဒါက ေဘာလံုးပြဲမွာ သက္မွတ္ထားတဲ့ စည္းကမ္းခ်က္ေၾကာင့္လည္း ျဖစ္ပါတယ္။

ဘရာဇီး ဂိုးသမားဟာ ဒိုင္လူၾကီးေတြ၊ ဘာစီလိုနာ ကစားသမားေတြရဲ႕ အက်ီေတြနဲ႔ မတူညီတဲ့ လက္ရွည္ဂ်ာစီကို ဝတ္ဆင္ဖို႔လိုတာေၾကာင့္ တစ္ပြဲတည္း သီးသန္႔ဝတ္ရမယ့္ ဂ်ာစီကို ဝတ္ဆင္ခဲ့ရတာျဖစ္တယ္။ လီဗာပူးဂိုးသမားရဲ႕ အိမ္ကြင္းဂ်ာစီက ျပိဳင္ဘက္ ဘာစီလိုနာအသင္းဂ်ာစီနဲ႔ အေရာင္ဆင္တူေနလို႔ ကြဲျပားတဲ့ အေရာင္အျဖစ္ အထူး ဝတ္ဆင္ေစခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဝဘ္ဆိုဒ္က သတင္းထုတ္ျပန္ေပးရာမွာ “ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ လီဗာပူးက တစ္ပြဲတည္း အသံုးျပဳမယ့္ ဂိုးသမားဂ်ာစီကို ဝတ္ဆင္ေစပါမယ္။ အယ္လီဆန္ဟာ ဒိုင္လူၾကီးေတြနဲ႔ ဘာစီလိုနာ ဂ်ာစီတို႔နဲ႔ ကြဲျပားေအာင္ New Balance ကထုတ္တဲ့ သတၱဳေရာင္ ဂ်ာစီကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ အသင္းပရိသတ္ေတြကို သိေစလိုတာက အဆိုပါ ဂ်ာစီက တစ္ပြဲတည္းအတြက္ ဝတ္ဆင္ဖို႔ျဖစ္ျပီး ဝယ္ယူႏုိင္ဖုိ႔အတြက္ ေရာင္းခ်ေပးမွာ မဟုတ္ပါဘူး ” လို႔ ျဖစ္ပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ဟာ ဒီရာသီမွာ မိနစ္ 90 တစ္ပြဲတည္း ဝတ္ဆင္ရတဲ့ အဆိုပါ သတၱဳေရာင္ ဂ်ာစီနဲ႔အတူ အံ့မခန္းတဲ့ လက္စြမ္းေတြ ျပသသြားခဲ့တာျဖစ္တယ္။ အဆိုပါ ဂ်ာစီကို လံုးဝ ဝယ္ယူႏုိင္မွာ မဟုတ္သလို ကလပ္အသင္းဘက္ကလည္း ထပ္မံ ထုတ္ေပးသြားမွာ မဟုတ္တာကေတာ့ စိတ္ပ်က္စရာပဲလို႔ အသင္းပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကပါတယ္။

Sports Home Time

[Unicode] လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာတော့ အဆိုပါပွဲ တစ်ပွဲတည်းအတွက် အထူးချုပ်လုပ်ပေးခဲ့တဲ့ ဂိုးသမားဂျာစီကို ဝတ်ဆင်ကစားခဲ့ပါတယ်။

လီဗာပူးက အိုရီဂီနဲ့ ဂီနီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘာစီလိုနာကို ဖြုတ်ချပြီး ဗိုလ်လုပွဲကို တက်ရောက်ရာမှာ အယ်လီဆန် ဝတ်ဆင်ခဲ့တဲ့ ဂျာစီက ပုံမှန် အိမ်ကွင်း ဂိုးသမားဂျာစီ မဟုတ်ခြင်းက လူပြောများတဲ့ ကိစ္စ ဖြစ်ခဲ့တာပါ။ ဒါက ဘောလုံးပွဲမှာ သက်မှတ်ထားတဲ့ စည်းကမ်းချက်ကြောင့်လည်း ဖြစ်ပါတယ်။

ဘရာဇီး ဂိုးသမားဟာ ဒိုင်လူကြီးတွေ၊ ဘာစီလိုနာ ကစားသမားတွေရဲ့ အကျီတွေနဲ့ မတူညီတဲ့ လက်ရှည်ဂျာစီကို ဝတ်ဆင်ဖို့လိုတာကြောင့် တစ်ပွဲတည်း သီးသန့်ဝတ်ရမယ့် ဂျာစီကို ဝတ်ဆင်ခဲ့ရတာဖြစ်တယ်။ လီဗာပူးဂိုးသမားရဲ့ အိမ်ကွင်းဂျာစီက ပြိုင်ဘက် ဘာစီလိုနာအသင်းဂျာစီနဲ့ အရောင်ဆင်တူနေလို့ ကွဲပြားတဲ့ အရောင်အဖြစ် အထူး ဝတ်ဆင်စေခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဝဘ်ဆိုဒ်က သတင်းထုတ်ပြန်ပေးရာမှာ “ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လီဗာပူးက တစ်ပွဲတည်း အသုံးပြုမယ့် ဂိုးသမားဂျာစီကို ဝတ်ဆင်စေပါမယ်။ အယ်လီဆန်ဟာ ဒိုင်လူကြီးတွေနဲ့ ဘာစီလိုနာ ဂျာစီတို့နဲ့ ကွဲပြားအောင် New Balance ကထုတ်တဲ့ သတ္တုရောင် ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ အသင်းပရိသတ်တွေကို သိစေလိုတာက အဆိုပါ ဂျာစီက တစ်ပွဲတည်းအတွက် ဝတ်ဆင်ဖို့ဖြစ်ပြီး ဝယ်ယူနိုင်ဖို့အတွက် ရောင်းချပေးမှာ မဟုတ်ပါဘူး ” လို့ ဖြစ်ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ဟာ ဒီရာသီမှာ မိနစ် 90 တစ်ပွဲတည်း ဝတ်ဆင်ရတဲ့ အဆိုပါ သတ္တုရောင် ဂျာစီနဲ့အတူ အံ့မခန်းတဲ့ လက်စွမ်းတွေ ပြသသွားခဲ့တာဖြစ်တယ်။ အဆိုပါ ဂျာစီကို လုံးဝ ဝယ်ယူနိုင်မှာ မဟုတ်သလို ကလပ်အသင်းဘက်ကလည်း ထပ်မံ ထုတ်ပေးသွားမှာ မဟုတ်တာကတော့ စိတ်ပျက်စရာပဲလို့ အသင်းပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

Sports Home Time