ဘာစီလိုနာ အသင္းသားေတြ အိပ္မရေအာင္ ဟိုတယ္ေရွ႔မွာ မီးပန္းသြားေဖာက္တဲ့ လီဗာပူးဖန္းမ်ား

ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ပြဲ ဒုတိယအေက်ာ့အျဖစ္ ဘာစီလိုနာဟာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ကစားဖို႔ မာေဆးဆိုဒ္ကို ေရာက္ေနပါျပီ။ မနက္အေစာပိုင္းမွာေတာ့ လီဗာပူးပရိသတ္ေတြက ဘာစီလိုနာ အသင္းသားေတြကို အိပ္မရေအာင္ အေႏွာက္အယွက္ေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

လီဗာပူး ပရိသတ္အခ်ိဳ႕က ဘာစီလိုနာအသင္းသားေတြ အနားယူေနတဲ့ ဟိုတယ္ေရွ႔မွာ မီးပန္းေတြကို သြားေဖာက္ျပီး ျပိဳင္ဘက္အသင္းသားေတြ အိပ္မရေအာင္ ေႏွာက္ယွက္ခဲ့ၾကတာျဖစ္တယ္။ ဒါဟာ လီဗာပူးပရိသတ္ေတြအေနနဲ႔ အသင္းအတြက္ အသာစီးရဖို႔ သူတို႔ တတ္ႏုိင္တဲ့ဘက္ကေန သြားေရာက္ ေႏွာက္ယွက္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

မာေဆးျမစ္အနားက ၾကယ္ေလးပြင့္ ဟိုတယ္မွာ ဘာစီလိုနာ အသင္းသားေတြ တည္းခိုေနတာျဖစ္ျပီး ေဒသခံ ရဲအဖြဲ႔ကေတာ့ ည 11 နာရီနဲ႔ မနက္ 7 နာရီၾကားမွာ မီးပန္းေဖာက္မႈေတြ ျဖစ္ခဲ့ေၾကာင္း အတည္ျပဳဳခဲ့ပါတယ္။ ရဲအဖြဲ႔ကေတာ့ လီဗာပူးျမိဳ႔က Chavasse Park မွာ မီးပန္းေဖာက္မႈေတြ ျဖစ္ခဲ့တယ္ဆိုတဲ့ တိုင္စာကို ရခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

အမ်ားဆိုင္ရာ ေနရာေတြမွာ မီးပန္းေဖာက္ျခင္းက ဥပေဒနဲ႔ ညိစြန္းေနတယ္လို႔ ရဲ႕အဖြဲ႔က သတင္းထုတ္ျပန္ျပီး အထူးသက္မွတ္ထားတဲ့ ေန႔ရက္ေတြကလြဲလုိ႔ ခြင့္ျပဳထားျခင္းမရွိတဲ့ အဆိုပါ မီးပန္းေဖာက္မႈေတြနဲ႔ ပက္သက္လို႔ တစ္စံုတစ္ေယာက္က တိုင္ၾကားမႈေတြျပဳလုပ္လိုရင္ ရဲ႕အဖြဲ႔ဖုန္းနံပါတ္ကို ဆက္ေပးၾကဖို႔နဲ႔ မာေဆးဆိုဒ္ရဲကို ဆက္သြယ္ေပးၾကဖို႔ သတင္းထုတ္ျပန္ေပးခဲ့ပါတယ္။

ဘာစီလိုနာဟာ အသင္းသားေတြနဲ႔အတူ အသင္းပရိသတ္ 160 ကိုလည္း တစ္ပါတည္း ေခၚလာခဲ့တယ္လို႔ သိရျပီး တစ္ညလံုး သက္ေသာင့္သက္သာ မအိပ္ရဘူးလို႔လည္း သိရပါတယ္။ ဒီလို အျပဳအမႈကို ျပဳလုပ္လာက လီဗာပူးပရိသတ္ေတြက ပထမဆံုးေသာ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ ဆီမီးအဆင့္ကို ေရာက္ေနတဲ့ ေအဂ်က္ ပရိသတ္ေတြကလည္း 16 သင္းအဆင့္နဲ႔ ကြာတားဖိုင္နယ္ေတြမွာ ျပိဳင္ဘက္အသင္းသားေတြ အိပ္စက္မရေအာင္ မီးပန္းေတြ ေဖာက္ျပီး ေႏွာက္ယွက္ခဲ့ဖူးပါတယ္။

လီဗာပူးဟာ ပထမအေက်ာ့မွာ ဘာစီလိုနာကို 3-0 နဲ႔ အေရးနိမ့္ထားျပီး အန္ဖီးကြင္းမွာ ရလဒ္ေကာင္း ျပန္ရယူလိုရင္ အနည္းဆံုး 3 ဂိုးသြင္းရမွာျဖစ္ကာ ခံစစ္က ဂိုးမေပးဖို႔လည္း လိုပါတယ္။ ဒီပြဲမွာေတာ့ ဖာမင္ႏိုနဲ႔ ဆာလက္တို႔ ပါဝင္ကစားႏုိင္မွာ မဟုတ္ေၾကာင္းလည္း လီဗာပူးဘက္က သတင္းထုတ္ျပန္ထားပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ဒုတိယအကျော့အဖြစ် ဘာစီလိုနာဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားဖို့ မာဆေးဆိုဒ်ကို ရောက်နေပါပြီ။ မနက်အစောပိုင်းမှာတော့ လီဗာပူးပရိသတ်တွေက ဘာစီလိုနာ အသင်းသားတွေကို အိပ်မရအောင် အနှောက်အယှက်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လီဗာပူး ပရိသတ်အချို့က ဘာစီလိုနာအသင်းသားတွေ အနားယူနေတဲ့ ဟိုတယ်ရှေ့မှာ မီးပန်းတွေကို သွားဖောက်ပြီး ပြိုင်ဘက်အသင်းသားတွေ အိပ်မရအောင် နှောက်ယှက်ခဲ့ကြတာဖြစ်တယ်။ ဒါဟာ လီဗာပူးပရိသတ်တွေအနေနဲ့ အသင်းအတွက် အသာစီးရဖို့ သူတို့ တတ်နိုင်တဲ့ဘက်ကနေ သွားရောက် နှောက်ယှက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မာဆေးမြစ်အနားက ကြယ်လေးပွင့် ဟိုတယ်မှာ ဘာစီလိုနာ အသင်းသားတွေ တည်းခိုနေတာဖြစ်ပြီး ဒေသခံ ရဲအဖွဲ့ကတော့ ည 11 နာရီနဲ့ မနက် 7 နာရီကြားမှာ မီးပန်းဖောက်မှုတွေ ဖြစ်ခဲ့ကြောင်း အတည်ပြုုခဲ့ပါတယ်။ ရဲအဖွဲ့ကတော့ လီဗာပူးမြို့က Chavasse Park မှာ မီးပန်းဖောက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ တိုင်စာကို ရခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အများဆိုင်ရာ နေရာတွေမှာ မီးပန်းဖောက်ခြင်းက ဥပဒေနဲ့ ညိစွန်းနေတယ်လို့ ရဲ့အဖွဲ့က သတင်းထုတ်ပြန်ပြီး အထူးသက်မှတ်ထားတဲ့ နေ့ရက်တွေကလွဲလို့ ခွင့်ပြုထားခြင်းမရှိတဲ့ အဆိုပါ မီးပန်းဖောက်မှုတွေနဲ့ ပက်သက်လို့ တစ်စုံတစ်ယောက်က တိုင်ကြားမှုတွေပြုလုပ်လိုရင် ရဲ့အဖွဲ့ဖုန်းနံပါတ်ကို ဆက်ပေးကြဖို့နဲ့ မာဆေးဆိုဒ်ရဲကို ဆက်သွယ်ပေးကြဖို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ အသင်းသားတွေနဲ့အတူ အသင်းပရိသတ် 160 ကိုလည်း တစ်ပါတည်း ခေါ်လာခဲ့တယ်လို့ သိရပြီး တစ်ညလုံး သက်သောင့်သက်သာ မအိပ်ရဘူးလို့လည်း သိရပါတယ်။ ဒီလို အပြုအမှုကို ပြုလုပ်လာက လီဗာပူးပရိသတ်တွေက ပထမဆုံးသော မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ဆီမီးအဆင့်ကို ရောက်နေတဲ့ အေဂျက် ပရိသတ်တွေကလည်း 16 သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်တွေမှာ ပြိုင်ဘက်အသင်းသားတွေ အိပ်စက်မရအောင် မီးပန်းတွေ ဖောက်ပြီး နှောက်ယှက်ခဲ့ဖူးပါတယ်။

လီဗာပူးဟာ ပထမအကျော့မှာ ဘာစီလိုနာကို 3-0 နဲ့ အရေးနိမ့်ထားပြီး အန်ဖီးကွင်းမှာ ရလဒ်ကောင်း ပြန်ရယူလိုရင် အနည်းဆုံး 3 ဂိုးသွင်းရမှာဖြစ်ကာ ခံစစ်က ဂိုးမပေးဖို့လည်း လိုပါတယ်။ ဒီပွဲမှာတော့ ဖာမင်နိုနဲ့ ဆာလက်တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ကြောင်းလည်း လီဗာပူးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

Sports Home Time