အေၾကြးဆပ္ဖို႔ လီဗာပူးနဲ႕ ေတြ႔ခ်င္ေသးတဲ့ ေဒါ့မြန္ CEO

[Zawgyi] ခ်န္ပီယံလိဂ္မွာ သည္းထိတ္ရင္ဖိုဆန္စြာ ေနာက္တစ္ဆင့္ တက္သြားျပီ ျဖစ္တဲ့ လီဗာပူးအသင္းက ျပည္တြင္း ပရီးမီးယားလိဂ္မွာဆိုရင္ အမွတ္ေပးဇယားထိပ္မွာ ဦးေဆာင္ေနျပီး ပံုစံေကာင္းေတြ ရရွိေနပါတယ္။ ဒါေပမယ့္ လီဗာပူးအသင္းကို ရွိန္မေနဘဲ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ အေၾကြးဆပ္ဖို႔ ထိပ္တိုက္ေတြ႔လိုေၾကာင္း ေဒါ့မြန္အသင္း အမႈေဆာင္ခ်ဳပ္ Hans-Joachim Watzke က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းေဟာင္း ေဒါ့မြန္က ဂ်ာမန္ ဘြန္ဒီလီဂါမွာ အေျခအေနေကာင္းေနျပီး အမွတ္ေပးဇယား ပထမေနရာမွာ ရွိေနကာ ဒုတိယေနရာမွ မြန္ခ်င္ဂလာဘတ္ကို ၇ မွတ္အထိ ျဖတ္ထားကာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ပါ ေသခ်ာေနပါျပီ။ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာလည္း အက္သလက္တီကိုကို ထိပ္တိုက္ေတြ႕ဆံုမႈမွာ ဂိုးေပါင္း အသာရထားတဲ့အတြက္ ေဒါ့မြန္က အုပ္စုပထမနဲ႕ ရွံဳးထြက္ အဆင့္ တက္ေရာက္ထားတာပါ။ ဒါေၾကာင့္ အုပ္စုဒုတိယအသင္းေတြထဲ ပါ၀င္တဲ့ လီဗာပူးနဲ႕ ေတြ႔နုိင္ေခ် ရွိပါတယ္။

ေဒါ့မြန္ CEO က ၂၀၁၆ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္မွာ လီဗာပူးကို အေရးနိမ့္ျပီး ထြက္ခဲ့ရတာ ေမ့နုိင္ေသးဟန္ မတူပါဘူး။

“အုပ္စု ပထမျဖစ္ရတာ သိပ္ေတာ့ ထူးသြားတယ္ မထင္ဘူး။ အုပ္စုေတြ အေျခအေန ၾကည့္လိုက္ေတာ့ အဂၤလိပ္ ၃သင္း ျဖစ္တဲ့ လီဗာပူး၊ မန္ခ်က္စတာယူနိုက္တက္နဲ႕ စပါးတို႔က အုပ္စု ဒုတိယနဲ႕ တက္လာတဲ့ထဲ ပါေနတယ္။ ဒီအဆင့္မွာ အေျခအေနေျပာင္းသြားနုိင္တာက ဒုတိယအေက်ာ့မွာ အိမ္ကြင္းပြဲ ျဖစ္ရင္ပါ။ လီဗာပူးအသင္းနဲ႕ေတြ႕ရင္ေတာ့ ဆပ္စရာ အေၾကြးရွိတယ္.. ျပိဳင္ဘက္ကေတာ့ ဘယ္အသင္း မဆို ျဖစ္နုိင္တယ္။ တနလၤာေန႔ မဲခြဲရင္ ၾကည့္ရမွာေပါ့”

“အေရးၾကီးဆံုးကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ၁၃ မွတ္ရျပီး ပံုရိပ္ေကာင္း ရခဲ့တယ္.. အရင္နွစ္က ၂မွတ္တည္းနဲ႕ ျပိဳင္ပြဲက အရွက္ရစြာ ထြက္ခြာခဲ့ရတာကို ျပန္ေခ်နုိင္ခဲ့တယ္။ အားလံုးအဆင္ေျပပါတယ္ အသင္းကို က်ေန္ာ ခ်ီးက်ဴးအားေပးရမယ္။” လို႔ ၄င္းက ဆိုပါတယ္။

ေဒါ့မြန္အသင္းဟာ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္မွာ လီဗာပူးနဲ႕ ေတြ႕စဥ္က ပထမအေက်ာ့ သေရက်ထားေသာ္လည္း နွစ္ေက်ာ့ေပါ့င္း ၅-၄ ရလဒ္ေၾကာင့္ ထြက္ခြာခဲ့ရတာပါ။ လီဗာပူးက ဒုတိယေက်ာ့ အန္းဖီးမွာ ေဒါ့မြန္ကို အမွတ္ရဖြယ္ ၄ဂိုး ၃ဂိုးနဲ႕ အနုိင္ယူခဲ့တာ ျဖစ္ပါတယ္။ ထိုစဥ္က ပြဲျပီးဖို႔ ၂၅ မိနစ္အလိုထိ ေဒါ့မြန္က ၃ဂိုး ၁ဂိုးနဲ႕ နုိင္ထားတာပါ။ ထို႔ေနာက္ ေကာ္တင္ညိဳ၊ ဆာခိုနဲ႕ ပြဲျပီး နာက်င္ခ်ိန္ပို တစ္မိနစ္မွာ သြင္းခဲ့တဲ့ လိုဗရန္ရဲ႕ အနုိင္ဂိုးေၾကာင့္ ျပိဳင္ပြဲက လွည့္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေဒါ့မြန္ CEO က လီဗာပူးကို ဆပ္္စရာ အေၾကြးရွိတယ္ ဆိုခဲ့တာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ်မှာ သည်းထိတ်ရင်ဖိုဆန်စွာ နောက်တစ်ဆင့် တက်သွားပြီ ဖြစ်တဲ့ လီဗာပူးအသင်းက ပြည်တွင်း ပရီးမီးယားလိဂ်မှာဆိုရင် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ပုံစံကောင်းတွေ ရရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းကို ရှိန်မနေဘဲ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ အကြွေးဆပ်ဖို့ ထိပ်တိုက်တွေ့လိုကြောင်း ဒေါ့မွန်အသင်း အမှုဆောင်ချုပ် Hans-Joachim Watzke က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ရဲ့ အသင်းဟောင်း ဒေါ့မွန်က ဂျာမန် ဘွန်ဒီလီဂါမှာ အခြေအနေကောင်းနေပြီး အမှတ်ပေးဇယား ပထမနေရာမှာ ရှိနေကာ ဒုတိယနေရာမှ မွန်ချင်ဂလာဘတ်ကို ၇ မှတ်အထိ ဖြတ်ထားကာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ပါ သေချာနေပါပြီ။ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း အက်သလက်တီကိုကို ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးပေါင်း အသာရထားတဲ့အတွက် ဒေါ့မွန်က အုပ်စုပထမနဲ့ ရှုံးထွက် အဆင့် တက်ရောက်ထားတာပါ။ ဒါကြောင့် အုပ်စုဒုတိယအသင်းတွေထဲ ပါဝင်တဲ့ လီဗာပူးနဲ့ တွေ့နိုင်ချေ ရှိပါတယ်။

ဒေါ့မွန် CEO က ၂၀၁၆ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးကို အရေးနိမ့်ပြီး ထွက်ခဲ့ရတာ မေ့နိုင်သေးဟန် မတူပါဘူး။

“အုပ်စု ပထမဖြစ်ရတာ သိပ်တော့ ထူးသွားတယ် မထင်ဘူး။ အုပ်စုတွေ အခြေအနေ ကြည့်လိုက်တော့ အင်္ဂလိပ် ၃သင်း ဖြစ်တဲ့ လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့က အုပ်စု ဒုတိယနဲ့ တက်လာတဲ့ထဲ ပါနေတယ်။ ဒီအဆင့်မှာ အခြေအနေပြောင်းသွားနိုင်တာက ဒုတိယအကျော့မှာ အိမ်ကွင်းပွဲ ဖြစ်ရင်ပါ။ လီဗာပူးအသင်းနဲ့တွေ့ရင်တော့ ဆပ်စရာ အကြွေးရှိတယ်.. ပြိုင်ဘက်ကတော့ ဘယ်အသင်း မဆို ဖြစ်နိုင်တယ်။ တနင်္လာနေ့ မဲခွဲရင် ကြည့်ရမှာပေါ့”

“အရေးကြီးဆုံးကတော့ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၁၃ မှတ်ရပြီး ပုံရိပ်ကောင်း ရခဲ့တယ်.. အရင်နှစ်က ၂မှတ်တည်းနဲ့ ပြိုင်ပွဲက အရှက်ရစွာ ထွက်ခွာခဲ့ရတာကို ပြန်ချေနိုင်ခဲ့တယ်။ အားလုံးအဆင်ပြေပါတယ် အသင်းကို ကျနေ်ာ ချီးကျူးအားပေးရမယ်။” လို့ ၎င်းက ဆိုပါတယ်။

ဒေါ့မွန်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးနဲ့ တွေ့စဉ်က ပထမအကျော့ သရေကျထားသော်လည်း နှစ်ကျော့ပေါ့င်း ၅-၄ ရလဒ်ကြောင့် ထွက်ခွာခဲ့ရတာပါ။ လီဗာပူးက ဒုတိယကျော့ အန်းဖီးမှာ ဒေါ့မွန်ကို အမှတ်ရဖွယ် ၄ဂိုး ၃ဂိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ပွဲပြီးဖို့ ၂၅ မိနစ်အလိုထိ ဒေါ့မွန်က ၃ဂိုး ၁ဂိုးနဲ့ နိုင်ထားတာပါ။ ထို့နောက် ကော်တင်ညို၊ ဆာခိုနဲ့ ပွဲပြီး နာကျင်ချိန်ပို တစ်မိနစ်မှာ သွင်းခဲ့တဲ့ လိုဗရန်ရဲ့ အနိုင်ဂိုးကြောင့် ပြိုင်ပွဲက လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ့မွန် CEO က လီဗာပူးကို ဆပ်စရာ အကြွေးရှိတယ် ဆိုခဲ့တာ ဖြစ်ပါတယ်။

Sports Home Time