[Zawgyi] ခ်ယ္ဆီးနဲ႔ မန္စီးတီးတို႔ပြဲမွာ တိုက္စစ္မႉး အယ္ဗာ႐ို မိုရာတာဟာ အခြင့္အေရး မရခဲ့ဘူး။ ပြဲၾကီးတစ္ပြဲမွာ အသင္းရဲ႕ အေထာင္တုိက္စစ္သမား ေနရာမရဘူးဆိုတာထက္ ပိုဆိုးတာမ်ိဳး မရွိႏုိင္ပါဘူး။ အဲ့ဒါက စတန္းဖို႔ဒ္ဘရစ္ခ်္ နဲ႔ သူ႔ရဲ႕ကံၾကမၼာအတြက္ ဆက္ႏြယ္မႈလည္း ျဖစ္လာပါလိမ့္မယ္။
ဒီအေျခအေနေတြကို ေျပာင္းလဲဖို႔ သူဘယ္လိုႀကိဳးစားေနတယ္။ သူဟာ အသင္းရဲ႕ ဘယ္ေလာက္ေတာင္ အေရးပါတဲ့ကစားသမား ျဖစ္တယ္.. စသျဖင့္ ပ်င္းစရာေကာင္းတဲ့ စကားေတြဟာ ကစားသမားနဲ႔ ကလပ္ဆီကေန ထပ္ခါတလဲလဲ ထြက္လာပါဦးမယ္။ ဒါက ျဖစ္ရိုးျဖစ္စဥ္ပါပဲ။ ကလပ္စံခ်ိန္တင္ေၾကးနဲ႔ ေခၚယူထားရတဲ့ ကစားသမားအတြက္ ကလပ္နဲ႔ သက္ဆိုင္သူေတြက ကာကြယ္ေပးပါမယ္။ ဒါေပမယ့္လို႔ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈကိုေတာ့ လံုးဝၾကီး ဖယ္ထုတ္ႏိုင္မွာ မဟုတ္ပါဘူး။
ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒါက လူေတြကို အ႐ူးလုပ္ေနတာျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ကစားပုံကို ေစာင့္ၾကည့္ရတာဟာ စိတ္မခ်မ္းသာစရာပါပဲ။ လြန္ခဲ့တဲ့ ၁၂ လကေန ၁၅ လအတြင္း အခ်ိန္ေတြကိုေတာ့ ေမ့ထားလို႔ မရပါဘူး။ သူဟာ ႐ုရွားကမာၻ႔ဖလား သြားေရာက္ဖို႔ စပိန္အသင္းရဲ႕ ေလယာဥ္ေပၚမွာ သူ႔အတြက္ ေနရာတခုရွိတယ္လို႔ ထင္ခဲ့တာပါ။ ဒါေပမယ့္ ျမက္ခင္းေပၚမွာ ေျခာက္လေလာက္ ေျခမခ်ခဲ့ရတဲ့ ဒီေယဂို ေကာ္စတာလို ကစားသမားကို သူ႔ထက္ေနရာေပးၿပီး ေခၚယူခဲ့တာေၾကာင့္ သူ႔ယုံၾကည္မႈေတြက က်ဆင္းသြားခဲ့ရပါတယ္။
တကယ္တမ္းမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္ ကစားသမားေဟာင္းဟာ ဒါကို ျပန္ကာမိေအာင္ မွန္မွန္ကန္ကန္ မလုပ္ႏိုင္ခဲ့ပါဘူး။ အခုလက္ရွိ သူ႔ရဲ႕စြမ္းေဆာင္ရည္က သာမန္ထက္ အနည္းငယ္သာ ပိုေကာင္းေနတာပါ။ စပိန္ၿမိဳ႕ေတာ္မွာ ရွိစဥ္က ယုံၾကည္မႈျမင့္မားစြာနဲ႔ သူစြန္႔လႊတ္ခဲ့တဲ့ အခြင့္အေရးကို အခုအသည္းအသန္ လိုက္ဖမ္းေနရတာ ျဖစ္ပါတယ္။ ေလ့က်င့္ေရးမွာဆိုရင္ အေတာ္ဆုံး လူတစ္ေယာက္ျဖစ္ဖို႔ သူအေကာင္းဆုံး လုပ္ျပႏိုင္တာကို ျမင္ေတြ႕ရပါတယ္။ ဒါေပမယ့္ တကယ့္ၿပိဳင္ပြဲမွာ ဒါကို ျပန္လုပ္ျပဖို႔ေတာ့ သူမတတ္ႏိုင္ပါဘူး။

ဆာရီက တိုက္စစ္မွဴးေကာင္း အလိုရွိေနပါတယ္။ ကလပ္အသင္းက ကစားသမားတစ္ဦးကို အားျဖည့္ေခၚယူဖို႔ျဖစ္လာခဲ့မယ္ဆိုရင္ အေထာင္တိုက္စစ္သမားေနရာကို ဦးစားေပးမယ့္ သေဘာေတြ ထုတ္ေျပာခဲ့ေသးတယ္။ ဒါကိုလည္း နာပိုလီမန္ေနဂ်ာဘဝ အေထာင္တိုက္စစ္မွဴးေကာင္း ပိုင္ဆိုင္ထားျခင္းက အသင္းကို ဝန္ေပ့ါေစခဲ့တာကို ေထာက္ျပခဲ့ပါတယ္။
ဆာရီက ” တကယ္လို႔ ပြဲတိုင္းဂိုးသြင္းနိင္တဲ့ ကစားသမားတစ္ေယာက္ ရွိတယ္ဆိုရင္ သူက အရမ္းအေရးပါပါတယ္။ ဒါေပမယ့္ အဲ့ဒါက မျဖစ္ႏိုင္ဘူးလို႔ က်ေနာ္ထင္တယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ က်ေနာ္ ေနပယ္လ္မွာ ရွိတုန္းက အရမ္းကံေကာင္းခဲ့တယ္။ ဘာေၾကာင့္လဲဆိုရင္ ဂြန္ဇာလို ဟီဂြာအင္က ၃၄ ပြဲမွာ ၃၆ ဂိုးေတာင္ သြင္းခဲ့တာကိုး။ ဒါေပမယ့္ အဲ့ဒါက တစ္ခုခု ထူးျခားခဲ့ပါတယ္။ တိုက္စစ္ကစားသမားတေယာက္အတြက္ ပြဲတိုင္းဂိုးသြင္းဖို႔က အရမ္းခက္ခဲတယ္ ” လို႔ ရွင္းျပပါတယ္။
ဒီအပတ္ေတြမွာ အေျပာင္းအလဲေတြျဖစ္လာခဲ့တယ္။ ဆာရီဟာ ဂ်ီရူးနဲ႔ မိုရာတာလို တိုက္စစ္သမားေတြ ဂိုးေပါက္ေပ်ာက္ေနတာေၾကာင့္ ဟာဇက္ကို အေရွ႔တင္ျပီး False nine ေနရာက တင္ကစားၾကည့္ေနတယ္။ အခ်ိဳ႕ပြဲေတြမွာ အလုပ္ျဖစ္ေပမယ့္ ခ်ယ္ဆီးတစ္သင္းလံုးကို ဟာဇက္တစ္ဦးတည္း ထမ္းတင္ထားရတဲ့ အေနအထားက အေျဖမဟုတ္မွန္း လက္စတာပြဲမွာလည္း သိသာခဲ့တယ္။ ဟာဇက္လို ကစားသမားကို မက္ဒရစ္က အလိုရွိေနခ်ိန္မွာ ကလပ္အသင္းက အနာဂတ္ေကာင္းေတြ ျပသမႈအျဖစ္ ကစားသမားသစ္ အင္အားမျဖည့္ႏိုင္ရင္ ပိုအထိနာဖို႔ ရွိပါတယ္။
ခ်ယ္ဆီးအသင္းမွာ ကိုယ္ပိုင္ရပ္တည္ခ်က္ အခက္အခဲေတြရွိေနလို႔ ကစားသမား အဝင္/အထြက္ေတြကို စိတ္တိုင္းက် မလုပ္ႏိုင္တာကို နားလည္ရပါမယ္။ ကလပ္အသင္းမွာ ဝါရင့္ကစားသမားေတြ မ်ားျပားေနျပီး ဟာဇက္လို အဓိက ကစားသမားကိုလည္း သက္တမ္းမတိုးႏိုင္ပါဘူး။ ဒါ့အျပင္ ေမာ့ဆက္၊ ဒရင့္ဝါးသား၊ ေကာ္စတာ၊ ခရစ္စတန္ဆန္ အစရွိတဲ့ ကစားသမားေတြကို ဆက္ထားမလား၊ သြားမလား ဆိုတဲ့ လူစာရင္းျပန္တည္ေဆာက္မႈေတြ ျပဳလုပ္ရဖို႔လည္းရွိတယ္။ ဇန္နဝါရီမွာ မိုရာတာကို ေရာင္းထုတ္ဖို႔ဆိုတာ ေမးစရာမလိုေပမယ့္ ျခေသၤ့ျပာေတြ အေနနဲ႔ အစစအရာရာ အေျခအေန ပိုဆိုးမလာခင္ အသင္းနဲ႔ မိုရာတာၾကား ေရစက္ကို တစ္ခန္းရပ္မႈကိုေတာ့ ေႏြရာသီမွာပဲ လုပ္ႏိုင္ပါတယ္။
အဂၤလန္နာမည္ေက်ာ္ သတင္းဌာနေတြမွာ အားကစားကေလာင္ရွင္အျဖစ္ ေရးသားေနတဲ့ ကာေရဂါက ” မိုရာတာက မလိုအပ္ပဲ ေျမေပၚ လဲက်လြန္းပါတယ္။ အေထာင္တိုက္စစ္သမားအေနနဲ႔ အရည္အခ်င္းရွိသူ ျဖစ္ေပမယ့္လည္း တိုက္စစ္သမားဆိုတာက ျပိဳင္ဘက္ ခံစစ္သမားေကာင္းေတြကို လႊမ္းမိုးႏိုင္ရမွာပါ။ သူက ခ်ယ္ဆီးအသင္းရဲ႕ ဒုတိယေစ်းအၾကီးဆံုး ကစားသမားပါ။ ဒါေၾကာင့္လည္း မန္ေနဂ်ာဆာရီမွာ သူ႔ကို ပြဲထြက္ခြင့္ေတြ ေပးေနရတာျဖစ္တယ္။ အနာဂတ္မွာေတာ့ ဆာရီက အရံွဴးကို ရလိုမွာမဟုတ္ပဲ ဘယ္တိုက္စစ္သမားကို သံုးရမလဲဆိုတာကို ဆံုးျဖတ္ရေတာ့မွာပါ။
တကယ္တမ္းကေတာ့ ခ်ယ္ဆီးမွာ မိုရာတာ အခြင့္အေရးေကာင္းေတြ သိပ္ရေတာ့မယ္ မထင္ပါဘူး။ ခ်ယ္ဆီးကလည္း အဲ့လိုပဲ စဥ္းစားမွာပါ။ ေနာက္ရာသီအတြက္ သူတို႔ တိုက္စစ္သမားေကာင္း ရွာပါေတာ့မယ္။ မိုရာတာဟာ အသက္ ၂၆ ႏွစ္ရွိေနပါျပီ။ ခ်ယ္ဆီးက ဒေရာ့ဘာနဲ႔ ေကာ္စတာလို တိုက္စစ္သမားေတြနဲ႔ အမွတ္ေပးဖလားကို ရယူခဲ့တာပါ။ ခ်ယ္ဆီးက အဲ့လို တိုက္စစ္သမားတစ္ဦး အေရးတစ္ၾကီးကို လိုေနပါျပီ ” လို႔ ေထာက္ျပခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ နည္းျပ ဆန္တီယာဂို ဆိုလာရီက သူ႔အသင္းအတြက္ သူဘာလိုအပ္တယ္ဆိုတဲ့ စိတ္ကူးေတြ အမ်ားႀကီး ရွိပါလိမ့္မယ္။ မီးမရွိပဲနဲ႔ မီးခိုးမထြက္ပါဘူး။ စပိန္မီဒီယာေတြမွာ အစၥကိုနဲ႔ အလဲအလွယ္ စာခ်ဳပ္ကိစၥ ေျပာတာဟာ အက်ိဳးအေၾကာင္း မရွိပဲနဲ႔ေတာ့ မဟုတ္ေလာက္ပါဘူး။ တစ္ေယာက္စီက ကြင္းထဲမွာ လုံးဝကြဲျပားတဲ့ ေနရာေတြမွာ ကစားေနတာျဖစ္ေပမယ့္ ခ်ယ္ဆီးအေနနဲ႔ အီဒင္ဟာဇက္ ထြက္ခြာသြားတဲ့အခါ အစားထိုးဖို႔ ၾကိဳတင္စိတ္ကူးထားတဲ့ ကစားသမားမ်ိဳး အသင့္ရွိေနႏိုင္ျခင္းနည္းတူ ရီးရဲလ္မက္ဒရစ္မွာကလည္း ကာရင္ဘန္ဇီးမား ေဘးမွာ ေနာက္ထပ္တိုက္စစ္တစ္ေယာက္ ရွိျခင္းျဖင့္ ျပင္သစ္တိုက္စစ္သမားကို ပိုေကာင္းေအာင္ မၾကာခဏ လုပ္ျပဖူးပါတယ္။

မိုရာတာဟာ ခရစ္စတီယာႏို ေရာ္နယ္ဒိုေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္မွာ ကစားခဲ့တဲ့ အေတြ႕အႀကဳံ ဗဟုသုတေတြက သူ႔ကို ေကာင္းမြန္တဲ့ လူစားထိုးမႈ ျဖစ္ေစပါလိမ့္မယ္။ အီဒင္ဟာဇက္က သူ႔ကို လႊမ္းမိုးထားတယ္ဆိုရင္ေတာင္ မိုရာတာအတြက္ ေနရာသစ္တခု စတင္ရာကေန အက်ိဴးရွိလိမ့္မယ္ဆိုတာ လူတိုင္း ရွင္းရွင္းလင္းလင္း သိမွာပါ။ ေျပာရမယ္ဆိုရင္ မိုရာတာက ပရီးမီးယားလိဂ္မွာ ၾကံ႕ခိုင္မႈပိုင္း အားျပဳကစားဖို႔ ရုန္းကန္ေနရေပမယ့္ စပိန္မွာေတာ့ အဲ့သည္ျပႆနာေတြနဲ႔ မထင္ရွားခဲ့ပါဘူး။ ဒီေတာ့ သူဟာ လာမယ့္ ေဘာလံုးရာသီေတြမွာ စပိန္ျပန္လို႔ ျပန္လည္မေတာက္ပလာဘူး ဘယ္သူကမွ မေျပာႏုိင္ပါဘူး။
မက္ဒရစ္ဟာ သူ႔အိမ္ပါ။ အဲ့ဒီ့မွာ ေမြးခဲ့တာျဖစ္ၿပီး ရီးရဲလ္က လာဖာဘရီကာ အကယ္ဒမီထံ သူ႔ကိုမေခၚခင္ အက္သလက္တီကို မက္ဒရစ္ အကယ္ဒမီမွာ ႏွစ္ႏွစ္၊ ဂီတာေဖးမွာ တႏွစ္ ေနခဲ့တာျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ အသင္းမွာလည္း ကစားခဲ့ၿပီးေတာ့ ရီးရဲလ္ကေန ခ်ယ္ဆီးထံေျပာင္းေ႐ႊ႕တာဟာ သူ႔အတြက္ စပိန္ၿမိဳ႕ေတာ္ကို ဒုတိယအႀကိမ္ စြန႔္ခြာခဲ့တာပါ။ မိုရာတာဟာ ကစားသမားေကာင္းျဖစ္ေၾကာင္း အျမင့္ဆံုးျပိဳင္ပြဲေတြမွာေတာင္ သက္ေသျပႏိုင္ခဲ့ဖူးသူျဖစ္တယ္။ ဒါေၾကာင့္လည္း ခ်ယ္ဆီးက ေခၚယူခဲ့တာပါပဲ။
ရီးရဲလ္ဥကၠဌ ဖေလာ္ရန္တီႏို ပီရက္ဇ္ အလိုရွိတဲ့ ကစားသမားအျဖစ္ ေနမာက ထိပ္ဆံုးမွာ ရွိေနဆဲပါ။ ဒါေပမယ့္ ဘရာဇီးသားကို ေခၚယူဖို႔ အလားအလာပိုင္းမွာ ေဆြးေႏြးစရာကိစၥေတြက မ်ားစြာရွိပါတယ္။ အစအေနနဲ႔ မဲခြဲဆုံးျဖတ္ရမွာ မက္ဒရစ္အစ္စတာေတြဟာ သူ႔ကိုေခၚယူဖို႔ စိတ္မဝင္စားၾကပဲ တျခားသူကိုသာ ရွာဖို႔ အလိုရွိေနတာကို ေတြ႕ရပါတယ္။ ကိုယ္တိုင္လည္း ေရွ႕ေနတစ္ေယာက္ျဖစ္တဲ့ ပီရက္ဇ္ကို ဒီမဲရလဒ္က မဟန္႔တားႏိုင္ဘူးဆိုရင္ေတာ့ သူ႔ကို ရပ္တန္႔ႏိုင္မယ့္သူလည္း ရွိေတာ့မွာ မဟုတ္ပါဘူး။ ေနမာနဲ႔ ရီးရဲလ္အသင္းကို ျပန္လည္တည္ေဆာက္ႏိုင္တယ္လို႔ ျငင္းခုံႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့ဒါက ေျပာသေလာက္ မလြယ္ပါဘူး။ ျပီးေတာ့ ေျပာင္းေ႐ြ႕ေၾကးကလည္း ရွိပါေသးတယ္။ ေနာက္ထပ္ စံခ်ိန္တင္ေၾကး ျဖစ္သြားႏိုင္ပါတယ္။

အသင္းနဲ႔လည္း အံကိုက္ျဖစ္ၿပီး အသင္းရဲ႕နည္းလမ္းကို အေသးစိတ္ နားလည္တဲ့ ကစားသမားတစ္ေယာက္ကို ဒီပမာဏရဲ႕ ေလးပုံတပုံေလာက္နဲ႔ ရႏိုင္တဲ့အခါ ကမာၻ႔ေဈးအႀကီးဆုံး ေခၚယူမႈနဲ႔ ဘာလို႔ အခ်ိန္ကုန္ ေငြကုန္ခံေနမွာလဲ?
မိုရာတာအေနနဲ႔ ပရီးမီးယားလိဂ္မွာ သက္ေသျပဖို႔ကိုပဲ အာရံုစိုက္ေနမယ့္အစား ေနရပ္ျပန္သြားျခင္းဟာ အားလုံးအတြက္ အေကာင္းျဖစ္ေစပါလိမ့္မယ္။ သူ႔ရဲ႕အရည္အေသြးကို မွန္ကန္တဲ့ပတ္ဝန္းက်င္မွာ ျမႇင့္တင္တာက သူ႔အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ဘာလံုးရာသီ ႏွစ္ခုေလာက္မွာတုန္းက အီတလီတို႔ရဲ႕ နာမည္ေက်ာ္ အျဖဴအနက္ၾကား ဂ်ာစီကို ဝတ္ဆင္ျခင္းခဲ့သလို၊ စပိန္ရဲ႕အထင္ကရ အျဖဴေရာင္ဂ်ာစီကို ဝတ္ဆင္ျခင္းျဖင့္ ေတာက္ပခဲ့ဖူးတဲ့ မိုရာတာဟာ တကယ္တမ္းမွာေတာ့ လူမႈကြန္ယက္ေပၚမွာ ေလွာင္ေျပာင္စရာ ဟာသပံုရိပ္ တစ္ခု ႏွစ္ခု ျဖစ္ေနရျခင္းထက္ပိုၿပီး တန္ဖိုးရွိပါတယ္။
အေရးၾကီးဆံုးက အသင္းနဲ႔ အံ့မဝင္တဲ့ ကစားသမားတစ္ဦးအေပၚ အခ်ိန္ေတြ အၾကာၾကီး ရင္းႏွီးျမဳပ္ႏွံေနျခင္းက ခ်ယ္ဆီးအသင္းကို ပိုျပီး ဒုကၡၾကီးေစတာပဲျဖစ္ပါတယ္။
Sports Home Time

[Unicode] ချယ်ဆီးနဲ့ မန်စီးတီးတို့ပွဲမှာ တိုက်စစ်မှူး အယ်ဗာရို မိုရာတာဟာ အခွင့်အရေး မရခဲ့ဘူး။ ပွဲကြီးတစ်ပွဲမှာ အသင်းရဲ့ အထောင်တိုက်စစ်သမား နေရာမရဘူးဆိုတာထက် ပိုဆိုးတာမျိုး မရှိနိုင်ပါဘူး။ အဲ့ဒါက စတန်းဖို့ဒ်ဘရစ်ချ် နဲ့ သူ့ရဲ့ကံကြမ္မာအတွက် ဆက်နွယ်မှုလည်း ဖြစ်လာပါလိမ့်မယ်။
ဒီအခြေအနေတွေကို ပြောင်းလဲဖို့ သူဘယ်လိုကြိုးစားနေတယ်။ သူဟာ အသင်းရဲ့ ဘယ်လောက်တောင် အရေးပါတဲ့ကစားသမား ဖြစ်တယ်.. စသဖြင့် ပျင်းစရာကောင်းတဲ့ စကားတွေဟာ ကစားသမားနဲ့ ကလပ်ဆီကနေ ထပ်ခါတလဲလဲ ထွက်လာပါဦးမယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ယူထားရတဲ့ ကစားသမားအတွက် ကလပ်နဲ့ သက်ဆိုင်သူတွေက ကာကွယ်ပေးပါမယ်။ ဒါပေမယ့်လို့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကိုတော့ လုံးဝကြီး ဖယ်ထုတ်နိုင်မှာ မဟုတ်ပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက လူတွေကို အရူးလုပ်နေတာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကစားသမားရဲ့ ကစားပုံကို စောင့်ကြည့်ရတာဟာ စိတ်မချမ်းသာစရာပါပဲ။ လွန်ခဲ့တဲ့ ၁၂ လကနေ ၁၅ လအတွင်း အချိန်တွေကိုတော့ မေ့ထားလို့ မရပါဘူး။ သူဟာ ရုရှားကမ္ဘာ့ဖလား သွားရောက်ဖို့ စပိန်အသင်းရဲ့ လေယာဉ်ပေါ်မှာ သူ့အတွက် နေရာတခုရှိတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် မြက်ခင်းပေါ်မှာ ခြောက်လလောက် ခြေမချခဲ့ရတဲ့ ဒီယေဂို ကော်စတာလို ကစားသမားကို သူ့ထက်နေရာပေးပြီး ခေါ်ယူခဲ့တာကြောင့် သူ့ယုံကြည်မှုတွေက ကျဆင်းသွားခဲ့ရပါတယ်။
တကယ်တမ်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ် ကစားသမားဟောင်းဟာ ဒါကို ပြန်ကာမိအောင် မှန်မှန်ကန်ကန် မလုပ်နိုင်ခဲ့ပါဘူး။ အခုလက်ရှိ သူ့ရဲ့စွမ်းဆောင်ရည်က သာမန်ထက် အနည်းငယ်သာ ပိုကောင်းနေတာပါ။ စပိန်မြို့တော်မှာ ရှိစဉ်က ယုံကြည်မှုမြင့်မားစွာနဲ့ သူစွန့်လွှတ်ခဲ့တဲ့ အခွင့်အရေးကို အခုအသည်းအသန် လိုက်ဖမ်းနေရတာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှာဆိုရင် အတော်ဆုံး လူတစ်ယောက်ဖြစ်ဖို့ သူအကောင်းဆုံး လုပ်ပြနိုင်တာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် တကယ့်ပြိုင်ပွဲမှာ ဒါကို ပြန်လုပ်ပြဖို့တော့ သူမတတ်နိုင်ပါဘူး။

ဆာရီက တိုက်စစ်မှူးကောင်း အလိုရှိနေပါတယ်။ ကလပ်အသင်းက ကစားသမားတစ်ဦးကို အားဖြည့်ခေါ်ယူဖို့ဖြစ်လာခဲ့မယ်ဆိုရင် အထောင်တိုက်စစ်သမားနေရာကို ဦးစားပေးမယ့် သဘောတွေ ထုတ်ပြောခဲ့သေးတယ်။ ဒါကိုလည်း နာပိုလီမန်နေဂျာဘဝ အထောင်တိုက်စစ်မှူးကောင်း ပိုင်ဆိုင်ထားခြင်းက အသင်းကို ဝန်ပေ့ါစေခဲ့တာကို ထောက်ပြခဲ့ပါတယ်။
ဆာရီက ” တကယ်လို့ ပွဲတိုင်းဂိုးသွင်းနိင်တဲ့ ကစားသမားတစ်ယောက် ရှိတယ်ဆိုရင် သူက အရမ်းအရေးပါပါတယ်။ ဒါပေမယ့် အဲ့ဒါက မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။ လွန်ခဲ့တဲ့ ၃ နှစ် ကျနော် နေပယ်လ်မှာ ရှိတုန်းက အရမ်းကံကောင်းခဲ့တယ်။ ဘာကြောင့်လဲဆိုရင် ဂွန်ဇာလို ဟီဂွာအင်က ၃၄ ပွဲမှာ ၃၆ ဂိုးတောင် သွင်းခဲ့တာကိုး။ ဒါပေမယ့် အဲ့ဒါက တစ်ခုခု ထူးခြားခဲ့ပါတယ်။ တိုက်စစ်ကစားသမားတယောက်အတွက် ပွဲတိုင်းဂိုးသွင်းဖို့က အရမ်းခက်ခဲတယ် ” လို့ ရှင်းပြပါတယ်။
ဒီအပတ်တွေမှာ အပြောင်းအလဲတွေဖြစ်လာခဲ့တယ်။ ဆာရီဟာ ဂျီရူးနဲ့ မိုရာတာလို တိုက်စစ်သမားတွေ ဂိုးပေါက်ပျောက်နေတာကြောင့် ဟာဇက်ကို အရှေ့တင်ပြီး False nine နေရာက တင်ကစားကြည့်နေတယ်။ အချို့ပွဲတွေမှာ အလုပ်ဖြစ်ပေမယ့် ချယ်ဆီးတစ်သင်းလုံးကို ဟာဇက်တစ်ဦးတည်း ထမ်းတင်ထားရတဲ့ အနေအထားက အဖြေမဟုတ်မှန်း လက်စတာပွဲမှာလည်း သိသာခဲ့တယ်။ ဟာဇက်လို ကစားသမားကို မက်ဒရစ်က အလိုရှိနေချိန်မှာ ကလပ်အသင်းက အနာဂတ်ကောင်းတွေ ပြသမှုအဖြစ် ကစားသမားသစ် အင်အားမဖြည့်နိုင်ရင် ပိုအထိနာဖို့ ရှိပါတယ်။
ချယ်ဆီးအသင်းမှာ ကိုယ်ပိုင်ရပ်တည်ချက် အခက်အခဲတွေရှိနေလို့ ကစားသမား အဝင်/အထွက်တွေကို စိတ်တိုင်းကျ မလုပ်နိုင်တာကို နားလည်ရပါမယ်။ ကလပ်အသင်းမှာ ဝါရင့်ကစားသမားတွေ များပြားနေပြီး ဟာဇက်လို အဓိက ကစားသမားကိုလည်း သက်တမ်းမတိုးနိုင်ပါဘူး။ ဒါ့အပြင် မော့ဆက်၊ ဒရင့်ဝါးသား၊ ကော်စတာ၊ ခရစ်စတန်ဆန် အစရှိတဲ့ ကစားသမားတွေကို ဆက်ထားမလား၊ သွားမလား ဆိုတဲ့ လူစာရင်းပြန်တည်ဆောက်မှုတွေ ပြုလုပ်ရဖို့လည်းရှိတယ်။ ဇန်နဝါရီမှာ မိုရာတာကို ရောင်းထုတ်ဖို့ဆိုတာ မေးစရာမလိုပေမယ့် ခြင်္သေ့ပြာတွေ အနေနဲ့ အစစအရာရာ အခြေအနေ ပိုဆိုးမလာခင် အသင်းနဲ့ မိုရာတာကြား ရေစက်ကို တစ်ခန်းရပ်မှုကိုတော့ နွေရာသီမှာပဲ လုပ်နိုင်ပါတယ်။
အင်္ဂလန်နာမည်ကျော် သတင်းဌာနတွေမှာ အားကစားကလောင်ရှင်အဖြစ် ရေးသားနေတဲ့ ကာရေဂါက ” မိုရာတာက မလိုအပ်ပဲ မြေပေါ် လဲကျလွန်းပါတယ်။ အထောင်တိုက်စစ်သမားအနေနဲ့ အရည်အချင်းရှိသူ ဖြစ်ပေမယ့်လည်း တိုက်စစ်သမားဆိုတာက ပြိုင်ဘက် ခံစစ်သမားကောင်းတွေကို လွှမ်းမိုးနိုင်ရမှာပါ။ သူက ချယ်ဆီးအသင်းရဲ့ ဒုတိယဈေးအကြီးဆုံး ကစားသမားပါ။ ဒါကြောင့်လည်း မန်နေဂျာဆာရီမှာ သူ့ကို ပွဲထွက်ခွင့်တွေ ပေးနေရတာဖြစ်တယ်။ အနာဂတ်မှာတော့ ဆာရီက အရံှူးကို ရလိုမှာမဟုတ်ပဲ ဘယ်တိုက်စစ်သမားကို သုံးရမလဲဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။
တကယ်တမ်းကတော့ ချယ်ဆီးမှာ မိုရာတာ အခွင့်အရေးကောင်းတွေ သိပ်ရတော့မယ် မထင်ပါဘူး။ ချယ်ဆီးကလည်း အဲ့လိုပဲ စဉ်းစားမှာပါ။ နောက်ရာသီအတွက် သူတို့ တိုက်စစ်သမားကောင်း ရှာပါတော့မယ်။ မိုရာတာဟာ အသက် ၂၆ နှစ်ရှိနေပါပြီ။ ချယ်ဆီးက ဒရော့ဘာနဲ့ ကော်စတာလို တိုက်စစ်သမားတွေနဲ့ အမှတ်ပေးဖလားကို ရယူခဲ့တာပါ။ ချယ်ဆီးက အဲ့လို တိုက်စစ်သမားတစ်ဦး အရေးတစ်ကြီးကို လိုနေပါပြီ ” လို့ ထောက်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဆန်တီယာဂို ဆိုလာရီက သူ့အသင်းအတွက် သူဘာလိုအပ်တယ်ဆိုတဲ့ စိတ်ကူးတွေ အများကြီး ရှိပါလိမ့်မယ်။ မီးမရှိပဲနဲ့ မီးခိုးမထွက်ပါဘူး။ စပိန်မီဒီယာတွေမှာ အစ္စကိုနဲ့ အလဲအလှယ် စာချုပ်ကိစ္စ ပြောတာဟာ အကျိုးအကြောင်း မရှိပဲနဲ့တော့ မဟုတ်လောက်ပါဘူး။ တစ်ယောက်စီက ကွင်းထဲမှာ လုံးဝကွဲပြားတဲ့ နေရာတွေမှာ ကစားနေတာဖြစ်ပေမယ့် ချယ်ဆီးအနေနဲ့ အီဒင်ဟာဇက် ထွက်ခွာသွားတဲ့အခါ အစားထိုးဖို့ ကြိုတင်စိတ်ကူးထားတဲ့ ကစားသမားမျိုး အသင့်ရှိနေနိုင်ခြင်းနည်းတူ ရီးရဲလ်မက်ဒရစ်မှာကလည်း ကာရင်ဘန်ဇီးမား ဘေးမှာ နောက်ထပ်တိုက်စစ်တစ်ယောက် ရှိခြင်းဖြင့် ပြင်သစ်တိုက်စစ်သမားကို ပိုကောင်းအောင် မကြာခဏ လုပ်ပြဖူးပါတယ်။

မိုရာတာဟာ ခရစ်စတီယာနို ရော်နယ်ဒိုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့ အတွေ့အကြုံ ဗဟုသုတတွေက သူ့ကို ကောင်းမွန်တဲ့ လူစားထိုးမှု ဖြစ်စေပါလိမ့်မယ်။ အီဒင်ဟာဇက်က သူ့ကို လွှမ်းမိုးထားတယ်ဆိုရင်တောင် မိုရာတာအတွက် နေရာသစ်တခု စတင်ရာကနေ အကျိူးရှိလိမ့်မယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း သိမှာပါ။ ပြောရမယ်ဆိုရင် မိုရာတာက ပရီးမီးယားလိဂ်မှာ ကြံ့ခိုင်မှုပိုင်း အားပြုကစားဖို့ ရုန်းကန်နေရပေမယ့် စပိန်မှာတော့ အဲ့သည်ပြဿနာတွေနဲ့ မထင်ရှားခဲ့ပါဘူး။ ဒီတော့ သူဟာ လာမယ့် ဘောလုံးရာသီတွေမှာ စပိန်ပြန်လို့ ပြန်လည်မတောက်ပလာဘူး ဘယ်သူကမှ မပြောနိုင်ပါဘူး။
မက်ဒရစ်ဟာ သူ့အိမ်ပါ။ အဲ့ဒီ့မှာ မွေးခဲ့တာဖြစ်ပြီး ရီးရဲလ်က လာဖာဘရီကာ အကယ်ဒမီထံ သူ့ကိုမခေါ်ခင် အက်သလက်တီကို မက်ဒရစ် အကယ်ဒမီမှာ နှစ်နှစ်၊ ဂီတာဖေးမှာ တနှစ် နေခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ် အသင်းမှာလည်း ကစားခဲ့ပြီးတော့ ရီးရဲလ်ကနေ ချယ်ဆီးထံပြောင်းရွှေ့တာဟာ သူ့အတွက် စပိန်မြို့တော်ကို ဒုတိယအကြိမ် စွန့်ခွာခဲ့တာပါ။ မိုရာတာဟာ ကစားသမားကောင်းဖြစ်ကြောင်း အမြင့်ဆုံးပြိုင်ပွဲတွေမှာတောင် သက်သေပြနိုင်ခဲ့ဖူးသူဖြစ်တယ်။ ဒါကြောင့်လည်း ချယ်ဆီးက ခေါ်ယူခဲ့တာပါပဲ။
ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် အလိုရှိတဲ့ ကစားသမားအဖြစ် နေမာက ထိပ်ဆုံးမှာ ရှိနေဆဲပါ။ ဒါပေမယ့် ဘရာဇီးသားကို ခေါ်ယူဖို့ အလားအလာပိုင်းမှာ ဆွေးနွေးစရာကိစ္စတွေက များစွာရှိပါတယ်။ အစအနေနဲ့ မဲခွဲဆုံးဖြတ်ရမှာ မက်ဒရစ်အစ်စတာတွေဟာ သူ့ကိုခေါ်ယူဖို့ စိတ်မဝင်စားကြပဲ တခြားသူကိုသာ ရှာဖို့ အလိုရှိနေတာကို တွေ့ရပါတယ်။ ကိုယ်တိုင်လည်း ရှေ့နေတစ်ယောက်ဖြစ်တဲ့ ပီရက်ဇ်ကို ဒီမဲရလဒ်က မဟန့်တားနိုင်ဘူးဆိုရင်တော့ သူ့ကို ရပ်တန့်နိုင်မယ့်သူလည်း ရှိတော့မှာ မဟုတ်ပါဘူး။ နေမာနဲ့ ရီးရဲလ်အသင်းကို ပြန်လည်တည်ဆောက်နိုင်တယ်လို့ ငြင်းခုံနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ပြောသလောက် မလွယ်ပါဘူး။ ပြီးတော့ ပြောင်းရွေ့ကြေးကလည်း ရှိပါသေးတယ်။ နောက်ထပ် စံချိန်တင်ကြေး ဖြစ်သွားနိုင်ပါတယ်။

အသင်းနဲ့လည်း အံကိုက်ဖြစ်ပြီး အသင်းရဲ့နည်းလမ်းကို အသေးစိတ် နားလည်တဲ့ ကစားသမားတစ်ယောက်ကို ဒီပမာဏရဲ့ လေးပုံတပုံလောက်နဲ့ ရနိုင်တဲ့အခါ ကမ္ဘာ့ဈေးအကြီးဆုံး ခေါ်ယူမှုနဲ့ ဘာလို့ အချိန်ကုန် ငွေကုန်ခံနေမှာလဲ?
မိုရာတာအနေနဲ့ ပရီးမီးယားလိဂ်မှာ သက်သေပြဖို့ကိုပဲ အာရုံစိုက်နေမယ့်အစား နေရပ်ပြန်သွားခြင်းဟာ အားလုံးအတွက် အကောင်းဖြစ်စေပါလိမ့်မယ်။ သူ့ရဲ့အရည်အသွေးကို မှန်ကန်တဲ့ပတ်ဝန်းကျင်မှာ မြှင့်တင်တာက သူ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဘာလုံးရာသီ နှစ်ခုလောက်မှာတုန်းက အီတလီတို့ရဲ့ နာမည်ကျော် အဖြူအနက်ကြား ဂျာစီကို ဝတ်ဆင်ခြင်းခဲ့သလို၊ စပိန်ရဲ့အထင်ကရ အဖြူရောင်ဂျာစီကို ဝတ်ဆင်ခြင်းဖြင့် တောက်ပခဲ့ဖူးတဲ့ မိုရာတာဟာ တကယ်တမ်းမှာတော့ လူမှုကွန်ယက်ပေါ်မှာ လှောင်ပြောင်စရာ ဟာသပုံရိပ် တစ်ခု နှစ်ခု ဖြစ်နေရခြင်းထက်ပိုပြီး တန်ဖိုးရှိပါတယ်။
အရေးကြီးဆုံးက အသင်းနဲ့ အံ့မဝင်တဲ့ ကစားသမားတစ်ဦးအပေါ် အချိန်တွေ အကြာကြီး ရင်းနှီးမြုပ်နှံနေခြင်းက ချယ်ဆီးအသင်းကို ပိုပြီး ဒုက္ခကြီးစေတာပဲဖြစ်ပါတယ်။
Sports Home Time
