[Zawgyi] မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လာမယ့္ ဇန္နဝါရီ မွာ လက္စတာစီးတီး ေနာက္တန္းကစားသမား ဟယ္ရီ မက္ဂြဲရားကို ေခၚယူသင့္တယ္လို႔ ကစားသမားေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။
သရဲနီေတြဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ အသက္ ၂၅ ႏွစ္အ႐ြယ္ မက္ဂြဲရားနဲ႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ဖူးတာပါ။ ဒါေပမယ့္ အဆုံးသတ္မွာေတာ့ ကစားသမားဟာ လက္စတာစီးတီးနဲ႔ ကာလရွည္သက္တမ္းတိုးခဲ့ျပီး လက္စတာမွာပဲ ဆက္ရွိေနခဲ့ပါတယ္။
ယူႏိုက္တက္ နည္းျပ ေမာ္ရင္ညိဳဟာ အရည္အခ်င္းရွိ ဗဟိုခံစစ္တစ္ေယာက္ ဝယ္ယူဖို႔ အသည္းအသန္ျဖစ္ေနခဲ့ၿပီး ကလပ္က မေခၚေပးခဲ့ပါဘူး။ အက်ိဳးဆက္အေနနဲ႔ ဒီရာသီမွာ ယူႏိုက္တက္ ဟာ ဆိုး႐ြားတဲ့ပုံစံေတြနဲ႔ စတင္လာခဲ့တဲ့အျပင္ အမွတ္ေပးဇယား အဆင့္ ၆ မွာပဲ ရပ္တည္ေနႏိုင္တာျဖစ္တယ္။ ယူႏိုက္တက္တို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၂၆ ဂိုးေတာင္ ခြင့္ျပဳေပးထားရၿပီး ေမာ္ရင္ညိဳ ရဲ႕အသင္းအတြက္ ဟယ္ရီမက္ဂြဲရား က အဖိုးတန္ ဝယ္ယူမႈျဖစ္လိမ့္မယ္ဆိုၿပီး ဘာဘာေတာ့ဗ္က ယုံၾကည္ေနပါတယ္။
ဘာဘာေတာ့ဗ္ က ” တကယ္လို႔ မင္းဟာ တစ္ေယာက္ေယာက္ကို ေခၚယူဖို႔ ကံေကာင္းမယ္ဆိုရင္ အဲ့ဒီလူဟာ အသင္းနဲ႔ ဘယ္လို ေပါင္းစည္းႏိုင္မလဲဆိုတာကို မင္း စိတ္ထဲမွာ မွတ္ထားဖို႔လိုပါတယ္။ တကယ္လို႔ သူဟာ ျပည္ပလိဂ္က လာတာဆိုရင္ အဂၤလန္ အသင္းတသင္းဆီက ေခၚယူတာထက္ ပိုၿပီးခက္ခဲႏိုင္တယ္။ ဗဟိုခံစစ္တစ္ေယာက္ကို ဝယ္တယ္ဆိုရင္ သူ႔ကို ဘယ္သူနဲ႔တြဲေပးမလဲဆိုတာ စဥ္းစားဖို႔လိုတယ္။
ဘာေၾကာင့္လဲဆိုေတာ့ မင္းအေနနဲ႔ တကယ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ ေခၚယူထားတာျဖစ္ႏိုင္တယ္။ ဒါေပမယ့္ အဲ့ဒါက အလုပ္မျဖစ္ဘူးဆိုရင္ ေနာက္ထပ္ျပသနာ ျဖစ္ေစပါတယ္။ တစ္စုံတစ္ေယာက္က တိုက္စစ္ဆင္ေနရင္ေတာင္ ဖိအားေတြေအာက္မွာ ၿပိဳလဲမသြားပဲ ေအးေအးေဆးေဆးနဲ႔ ေဘာလုံးကစားႏိုင္တဲ့ ေနာက္တန္းတစ္ေယာက္ကို သူတို႔ ေခၚယူဖို႔ လိုအပ္တယ္လို႔ က်ေနာ္ထင္ပါတယ္။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကြင္းလယ္ဆီေရာက္ေအာင္ ေက်ာ္ျဖတ္ၿပီး ေဘာလုံးေပးႏိုင္တဲ့ ကစားသမားမ်ိဳးတစ္ေယာက္ သူတို႔လိုေနတာပါ။
ကမာၻ႔ဖလား မွာတုန္းက ဟယ္ရီမက္ဂြဲရား ကို က်ေနာ္ တကယ္အထင္ႀကီးခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ေဘာလုံးကို ေတာ္ေတာ္ေလး ထိန္းခ်ဳပ္ႏိုင္တယ္။ ခံစစ္တစ္ေယာက္မွာ ဒီလို အရည္အခ်င္းရွိေနတာကို က်ေနာ္သေဘာက်တယ္။ အဲ့ဒါက တသင္းလုံးကို အက်ိဳးျပဳႏိုင္တယ္ေလ ” လို႔ သူ႔ရဲ႕အျမင္ကို ေျပာဆိုပါတယ္။
ဟယ္ရီမက္ဂြဲရားဟာ မႏွစ္က ဟားလ္စီးတီး ကေန လက္စတာစီးတီး ကို ေျပာင္းေ႐ႊ႕လာၿပီးထဲက နာမည္ႀကီးလာခဲ့တာျဖစ္ၿပီး ေႏြရာသီတုန္းက ကမာၻ႔ဖလားမွာလဲ ဆီမီးဖိုင္နယ္ေရာက္ အဂၤလန္အသင္းအတြက္ အဓိကေနရာမွာ ပါဝင္ကစားခဲ့တာျဖစ္ပါတယ္။ ဒီတပတ္ ပရီးမီးယားလိဂ္မွာေတာ့ မက္ဂြဲယားရဲ႕ လက္စတာစီးတီးဟာ ခရစ္စတယ္ပဲေလ့စ္ထံ သြားေရာက္ကစားရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ လီဗာပူးနဲ႔ ရင္ဆိုင္ေတြ႕ရမွာျဖစ္ပါတယ္။
Sports Home Time

[Unicode] မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမယ့် ဇန်နဝါရီ မှာ လက်စတာစီးတီး နောက်တန်းကစားသမား ဟယ်ရီ မက်ဂွဲရားကို ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့ဗ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
သရဲနီတွေဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသက် ၂၅ နှစ်အရွယ် မက်ဂွဲရားနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ဖူးတာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကစားသမားဟာ လက်စတာစီးတီးနဲ့ ကာလရှည်သက်တမ်းတိုးခဲ့ပြီး လက်စတာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ မော်ရင်ညိုဟာ အရည်အချင်းရှိ ဗဟိုခံစစ်တစ်ယောက် ဝယ်ယူဖို့ အသည်းအသန်ဖြစ်နေခဲ့ပြီး ကလပ်က မခေါ်ပေးခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ ဒီရာသီမှာ ယူနိုက်တက် ဟာ ဆိုးရွားတဲ့ပုံစံတွေနဲ့ စတင်လာခဲ့တဲ့အပြင် အမှတ်ပေးဇယား အဆင့် ၆ မှာပဲ ရပ်တည်နေနိုင်တာဖြစ်တယ်။ ယူနိုက်တက်တို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၂၆ ဂိုးတောင် ခွင့်ပြုပေးထားရပြီး မော်ရင်ညို ရဲ့အသင်းအတွက် ဟယ်ရီမက်ဂွဲရား က အဖိုးတန် ဝယ်ယူမှုဖြစ်လိမ့်မယ်ဆိုပြီး ဘာဘာတော့ဗ်က ယုံကြည်နေပါတယ်။
ဘာဘာတော့ဗ် က ” တကယ်လို့ မင်းဟာ တစ်ယောက်ယောက်ကို ခေါ်ယူဖို့ ကံကောင်းမယ်ဆိုရင် အဲ့ဒီလူဟာ အသင်းနဲ့ ဘယ်လို ပေါင်းစည်းနိုင်မလဲဆိုတာကို မင်း စိတ်ထဲမှာ မှတ်ထားဖို့လိုပါတယ်။ တကယ်လို့ သူဟာ ပြည်ပလိဂ်က လာတာဆိုရင် အင်္ဂလန် အသင်းတသင်းဆီက ခေါ်ယူတာထက် ပိုပြီးခက်ခဲနိုင်တယ်။ ဗဟိုခံစစ်တစ်ယောက်ကို ဝယ်တယ်ဆိုရင် သူ့ကို ဘယ်သူနဲ့တွဲပေးမလဲဆိုတာ စဉ်းစားဖို့လိုတယ်။
ဘာကြောင့်လဲဆိုတော့ မင်းအနေနဲ့ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက် ခေါ်ယူထားတာဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် နောက်ထပ်ပြသနာ ဖြစ်စေပါတယ်။ တစ်စုံတစ်ယောက်က တိုက်စစ်ဆင်နေရင်တောင် ဖိအားတွေအောက်မှာ ပြိုလဲမသွားပဲ အေးအေးဆေးဆေးနဲ့ ဘောလုံးကစားနိုင်တဲ့ နောက်တန်းတစ်ယောက်ကို သူတို့ ခေါ်ယူဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ကွင်းလယ်ဆီရောက်အောင် ကျော်ဖြတ်ပြီး ဘောလုံးပေးနိုင်တဲ့ ကစားသမားမျိုးတစ်ယောက် သူတို့လိုနေတာပါ။
ကမ္ဘာ့ဖလား မှာတုန်းက ဟယ်ရီမက်ဂွဲရား ကို ကျနော် တကယ်အထင်ကြီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ဘောလုံးကို တော်တော်လေး ထိန်းချုပ်နိုင်တယ်။ ခံစစ်တစ်ယောက်မှာ ဒီလို အရည်အချင်းရှိနေတာကို ကျနော်သဘောကျတယ်။ အဲ့ဒါက တသင်းလုံးကို အကျိုးပြုနိုင်တယ်လေ ” လို့ သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။
ဟယ်ရီမက်ဂွဲရားဟာ မနှစ်က ဟားလ်စီးတီး ကနေ လက်စတာစီးတီး ကို ပြောင်းရွှေ့လာပြီးထဲက နာမည်ကြီးလာခဲ့တာဖြစ်ပြီး နွေရာသီတုန်းက ကမ္ဘာ့ဖလားမှာလဲ ဆီမီးဖိုင်နယ်ရောက် အင်္ဂလန်အသင်းအတွက် အဓိကနေရာမှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒီတပတ် ပရီးမီးယားလိဂ်မှာတော့ မက်ဂွဲယားရဲ့ လက်စတာစီးတီးဟာ ခရစ်စတယ်ပဲလေ့စ်ထံ သွားရောက်ကစားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ လီဗာပူးနဲ့ ရင်ဆိုင်တွေ့ရမှာဖြစ်ပါတယ်။
Sports Home Time
