ခ်န္ပီယံလိဂ္ ရံွဴးထြက္မွာ အဂၤလန္ကလပ္ ၄ သင္း ထိပ္တိုက္ေတြ႔ႏိုင္မယ့္ ျပိဳင္ဘက္မ်ား

[Zawgyi] အဂၤါေန႔ ခ်န္ပီယံလိဂ္ညမွာ လီဗာပူးက နာပိုလီကို အႏိုင္ယူျပီး ရံွဴးထြက္အဆင့္ကို တက္ေရာက္ထားသလို၊ ေတာ္တင္ဟမ္ကလည္း ဘာစီလိုနာကို သေရက်ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ထားပါတယ္။ ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္ညမွာေတာ့ ေဟာ့ဖန္ဟိမ္းကို အႏိုင္ရခဲ့တဲ့ မန္စီးတီးက အုပ္စုဗိုလ္ေနရာျဖင့္ ေနာက္တစ္ဆင့္ကို တက္ခဲ့ျပီး ဗလန္စီယာကို အေရးနိမ့္ခဲ့တဲ့ ယူႏိုက္တက္ကလည္း အုပ္စုဒုတိယကေနရာက ေနာက္တစ္ဆင့္ကို တက္သြားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္မွာေတာ့ အုပ္စုဗိုလ္ေတြက အျခားေသာ အုပ္စုေတြမွာ အုပ္စု ဒုတိယျဖစ္လည္ေကာင္း၊ အုပ္စု ဒုတိယေတြက အျခားေသာ အုပ္စုေတြမွ အုပ္စုဗိုလ္နဲ႔လည္ေကာင္း ထိပ္တိုက္ေတြ႔ၾကမွာပါ။ ဒါေပမယ့္လို႔ ျပည္တြင္းျပိဳင္ဘက္ေတြ အခ်င္းခ်င္း ထိပ္တိုက္ေတြ႔မႈေတြေတာ့ ပါဝင္လာမွာ မဟုတ္ပါဘူး။ ရံွဴးထြက္ပြဲေတြကို အိမ္ကြင္း၊ အေဝးကြင္း ႏွစ္ေက်ာ့ ယွဥ္ျပိဳင္မွာျဖစ္ျပီး အေဝးဂိုး စည္းမ်ဥ္းနဲ႔ အဆံုးအျဖတ္ ေပးသြားမွာျဖစ္ပါတယ္။

အဂၤလိပ္ကလပ္ေတြက ဘယ္အသင္းေတြနဲ႔ ယွဥ္ျပိဳင္ရႏိုင္လဲ?

  • အဂၤလန္ကလပ္ေတြထဲမွာ တစ္သင္းတည္းေသာ အုပ္စုဗိုလ္ျဖစ္တဲ့ မန္စီးတီးကေတာ့ အုပ္စုတြင္းျပိဳင္ဘက္ လိုင္ယြန္အျပင္ အဂၤလန္ျပိဳင္ဘက္ေတြနဲ႔လည္း ရံွဴးထြက္မွာ ေတြ႔ဆံုရဖို႔ မရွိပါဘူး။ ဒါေၾကာင့္ အက္သလက္တီကို၊ ေရွာ္ေကး၊ ေအးဂ်က္နဲ႔ ရိုးမားတို႔ထဲက တစ္သင္းနဲ႔ ေတြ႔ဆံုရမွာျဖစ္ျပီး အနည္းငယ္ ပြဲေခ်ာ္ဖြယ္ရွိပါတယ္။
  • ေတာ္တင္ဟမ္က အုပ္စုတြင္းျပိဳင္ဘက္ ဘာစီလိုနာနဲ႔ ျပည္တြင္းျပိဳင္ဘက္ မန္စီးတီးတို႔ကို ေရွာင္လြဲႏိုင္မွာျဖစ္ျပီး က်န္ ဂရု 6 ခုမွ အုပ္စုဗိုလ္ေတြျဖစ္တဲ့ ေဒါ့မြန္၊ ပီအက္ဂ်ီ၊ ေပၚတို၊ ဘိုင္ယန္ျမဴနစ္၊ ရီးရဲမက္ဒရစ္နဲ႔ မႏွစ္က ေတြ႔ထားတဲ့ ဂ်ဴဗင္တပ္တို႔ထဲက တစ္သင္းနဲ႔ ေတြ႔ဆံုရပါမယ္။
  • လီဗာပူးအသင္းကေတာ့ အုပ္စုတြင္းျပိဳင္ဘက္ ပီအက္ဂ်ီ၊ ျပည္တြင္းျပိဳင္ဘက္ မန္စီးတီး တုိ႔နဲ႔ ေတြ႔ဆံုရဖို႔ မရွိပါဘူး။ ေဒါ့မြန္၊ ဘာစီလိုနာ၊ ေပၚတို၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲမက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တို႔ထဲက တစ္သင္းနဲ႔ ေတြ႔ပါမယ္။
  • ဗလန္စီယာကို အႏိုင္ရခဲ့မယ္ဆိုရင္ ယူႏိုက္တက္ဟာ ေအးဂ်က္၊ ရိုးမား၊ အက္သလက္တီကို၊ လိုင္ယြန္နဲ႔ ေရွာ္ကးတို႔ထဲက တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာပါ။ ဒါေပမယ့္ အေရးနိမ့္ခဲ့တဲ့ေနာက္ ေဒါ့မြန္၊ ဘာစီလိုနာ၊ ပီအက္ဂ်ီ၊ ေပၚတို၊ ဘိုင္ယန္ျမဴးနစ္၊ ရီးရဲမက္ဒရစ္တို႔ထဲ တစ္သင္းနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။

16 သင္းအဆင့္ ရံွဴးထြက္ကို ဘယ္အခ်ိန္ မဲခြဲမလဲ?

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲေတြအတြက္ မဲခြဲမႈကိုေတာ့ ဒီဇင္ဘာလ 17 ရက္ေန႔ Nyon မွာ ျပဳလုပ္ပါမယ္။

16 သင္းအဆင့္ကို ဘယ္အခ်ိန္မွာ စတင္ယွဥ္ျပိဳင္မလဲ?

ပထမအေက်ာ့ေတြကို ေဖေဖာ္ဝါရီ 12/13 ရက္ (သို႔) ေဖေဖာ္ဝါရီလ 19/20 ရက္။ ဒုတိယအေက်ာ့ေတြကို မတ္လ 5/6 ရက္ (သို႔) 12/13 ရက္ေတြမွာ က်င္းပသြားပါမယ္။

မဲခြဲမႈကို မည္သည့္ တီဗီခ်န္နယ္ေတြက ျပမလဲ?

ယူအီးအက္ဖ္ေအက တရားဝင္ဝဘ္ဆိုဒ္ကေန ေဖာ္ျပမွာပါ။ ျဗိတိန္ပရိသတ္ေတြအတြက္က BT Sport ကေန တိုက္ရိုက္ၾကည့္ခြင့္ ရရွိပါမယ္။

Sports Home Time

[Unicode] အင်္ဂါနေ့ ချန်ပီယံလိဂ်ညမှာ လီဗာပူးက နာပိုလီကို အနိုင်ယူပြီး ရံှူးထွက်အဆင့်ကို တက်ရောက်ထားသလို၊ တော်တင်ဟမ်ကလည်း ဘာစီလိုနာကို သရေကျပြီး နောက်တစ်ဆင့်ကို တက်ရောက်ထားပါတယ်။ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ညမှာတော့ ဟော့ဖန်ဟိမ်းကို အနိုင်ရခဲ့တဲ့ မန်စီးတီးက အုပ်စုဗိုလ်နေရာဖြင့် နောက်တစ်ဆင့်ကို တက်ခဲ့ပြီး ဗလန်စီယာကို အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကလည်း အုပ်စုဒုတိယကနေရာက နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။

ချန်ပီယံလိဂ် 16 သင်းအဆင့်မှာတော့ အုပ်စုဗိုလ်တွေက အခြားသော အုပ်စုတွေမှာ အုပ်စု ဒုတိယဖြစ်လည်ကောင်း၊ အုပ်စု ဒုတိယတွေက အခြားသော အုပ်စုတွေမှ အုပ်စုဗိုလ်နဲ့လည်ကောင်း ထိပ်တိုက်တွေ့ကြမှာပါ။ ဒါပေမယ့်လို့ ပြည်တွင်းပြိုင်ဘက်တွေ အချင်းချင်း ထိပ်တိုက်တွေ့မှုတွေတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။ ရံှူးထွက်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်မှာဖြစ်ပြီး အဝေးဂိုး စည်းမျဉ်းနဲ့ အဆုံးအဖြတ် ပေးသွားမှာဖြစ်ပါတယ်။

အင်္ဂလိပ်ကလပ်တွေက ဘယ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရနိုင်လဲ?

  • အင်္ဂလန်ကလပ်တွေထဲမှာ တစ်သင်းတည်းသော အုပ်စုဗိုလ်ဖြစ်တဲ့ မန်စီးတီးကတော့ အုပ်စုတွင်းပြိုင်ဘက် လိုင်ယွန်အပြင် အင်္ဂလန်ပြိုင်ဘက်တွေနဲ့လည်း ရံှူးထွက်မှာ တွေ့ဆုံရဖို့ မရှိပါဘူး။ ဒါကြောင့် အက်သလက်တီကို၊ ရှော်ကေး၊ အေးဂျက်နဲ့ ရိုးမားတို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အနည်းငယ် ပွဲချော်ဖွယ်ရှိပါတယ်။
  • တော်တင်ဟမ်က အုပ်စုတွင်းပြိုင်ဘက် ဘာစီလိုနာနဲ့ ပြည်တွင်းပြိုင်ဘက် မန်စီးတီးတို့ကို ရှောင်လွဲနိုင်မှာဖြစ်ပြီး ကျန် ဂရု 6 ခုမှ အုပ်စုဗိုလ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ပီအက်ဂျီ၊ ပေါ်တို၊ ဘိုင်ယန်မြူနစ်၊ ရီးရဲမက်ဒရစ်နဲ့ မနှစ်က တွေ့ထားတဲ့ ဂျူဗင်တပ်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံရပါမယ်။
  • လီဗာပူးအသင်းကတော့ အုပ်စုတွင်းပြိုင်ဘက် ပီအက်ဂျီ၊ ပြည်တွင်းပြိုင်ဘက် မန်စီးတီး တို့နဲ့ တွေ့ဆုံရဖို့ မရှိပါဘူး။ ဒေါ့မွန်၊ ဘာစီလိုနာ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ထဲက တစ်သင်းနဲ့ တွေ့ပါမယ်။
  • ဗလန်စီယာကို အနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ အေးဂျက်၊ ရိုးမား၊ အက်သလက်တီကို၊ လိုင်ယွန်နဲ့ ရှော်ကးတို့ထဲက တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာပါ။ ဒါပေမယ့် အရေးနိမ့်ခဲ့တဲ့နောက် ဒေါ့မွန်၊ ဘာစီလိုနာ၊ ပီအက်ဂျီ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်တို့ထဲ တစ်သင်းနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။

16 သင်းအဆင့် ရံှူးထွက်ကို ဘယ်အချိန် မဲခွဲမလဲ?

ချန်ပီယံလိဂ် 16 သင်းအဆင့် ရံှူးထွက်ပွဲတွေအတွက် မဲခွဲမှုကိုတော့ ဒီဇင်ဘာလ 17 ရက်နေ့ Nyon မှာ ပြုလုပ်ပါမယ်။

16 သင်းအဆင့်ကို ဘယ်အချိန်မှာ စတင်ယှဉ်ပြိုင်မလဲ?

ပထမအကျော့တွေကို ဖေဖော်ဝါရီ 12/13 ရက် (သို့) ဖေဖော်ဝါရီလ 19/20 ရက်။ ဒုတိယအကျော့တွေကို မတ်လ 5/6 ရက် (သို့) 12/13 ရက်တွေမှာ ကျင်းပသွားပါမယ်။

မဲခွဲမှုကို မည်သည့် တီဗီချန်နယ်တွေက ပြမလဲ?

ယူအီးအက်ဖ်အေက တရားဝင်ဝဘ်ဆိုဒ်ကနေ ဖော်ပြမှာပါ။ ဗြိတိန်ပရိသတ်တွေအတွက်က BT Sport ကနေ တိုက်ရိုက်ကြည့်ခွင့် ရရှိပါမယ်။

Sports Home Time