ဖိုဒန္ဟာ ေဆးဗားနဲ႔ ဒီဘရိုင္း လက္သစ္ေလးျဖစ္လာမယ္လို႔ ဂြာဒီယိုလာ ခ်ီးက်ဴး

[Zawgyi] မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ ေဟာ့ဖန္ဟိမ္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ျပသခဲ့တဲ့ ဖိုဒန္ရဲ႕ ေျခစြမ္းဟာ အံ့မခန္းပါပဲလို႔ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။ မန္စီးတီးရဲ႕ ၾကယ္ပြင့္ေလးဟာ မိနစ္ 90 ပြဲခ်ိန္ျပည့္ ပါဝင္ကစားခဲ့ျပီး ဂ်ာမနီအသင္းကို 2-1 နဲ႔ အႏိုင္ယူမႈမွာ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ခဲ့ပါေသးတယ္။

ကိုယ္တိုင္ဂိုးသြင္းမႈနဲ႔ ဂိုးေထာက္ပံ့ႏိုင္မႈေတြ မရွိခဲ့ေပမယ့္ မန္စီးတီးတိုက္စစ္အတြက္ ဖိုဒန္ရဲ႕ ေဘာလံုးေပးပို႔မႈ၊ အျမင္နဲ႔ စြမ္းရည္ေကာင္းေတြေၾကာင့္ အားကစားသံုးသပ္သူေတြရဲ႕ အထင္တၾကီးေပးၾကတဲ့ မွတ္ခ်က္ေကာင္းေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။ ဂြာဒီယိုလာအေနနဲ႔ ဖိုဒန္ကို ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္မေပးေသးေပမယ့္ တိုးတက္လာတဲ့ ကစားဟန္ေတြေၾကာင့္ မၾကာခင္မွာ အခြင့္အေရးေပးလာဖြယ္ ရွိေနပါတယ္။

ဂြာဒီယိုလာကပဲ ‘ ဖိုဒန္က အံ့မခန္းပါပဲ။ သူ႔ရဲ႕အရည္အခ်င္း အေပၚမွာ က်ေနာ္တို႔ သံသယမရွိပါဘူး။ သူက ေဆးဗား၊ ေဂၚဒိုဂန္နဲ႔ ဒီဘရိုင္လို အေကာင္းဆံုးကစားႏိုင္မယ့္သူပါ။ သူက အားလံုးကို လုပ္ႏိုင္ပါတယ္။ ဖိုက္တာတစ္ေယာက္အတြက္ေကာ၊ ဂိုးေတြသြင္းဖို႔ပါ ေကာင္းမြန္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစားကို ပိုင္ဆုိင္ထားတယ္။ သူ ကအခုမွ အသက္ 18 ႏွစ္ပဲ ရွိပါေသးတယ္။ ထိပ္တန္းအဆင့္ေတြမွာ သူကစားႏိုင္တယ္ဆိုတာ သံသယမရွိပါဘူး ‘ လို႔ ခ်ီးက်ဴးပါတယ္။

ပထမပိုင္း အေစာပိုင္းမွာတင္ ေဟာ့ဖန္ဟိမ္းဘက္က သြင္းဂိုးတစ္ဂိုး ရရွိထားေပမယ့္ မန္စီးတီးက ေနာက္ကေန လိုက္ကစားျပီး ဆာေနးက သြင္းဂိုးႏွစ္ဂိုး ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ အုပ္စု F မွာေတာ့ မန္စီးတီးက အုပ္စု ပထမ၊ လိုင္ယြန္က အုပ္စု ဒုတိယနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားျပီျဖစ္ပါတယ္။

ဂြာဒီယိုလာကပဲ ‘ က်ေနာ္တို႔ အေကာင္းဆံုး 16 သင္းအဆင့္ထဲ ဝင္ေရာက္လာပါျပီ။ အခုေတာ့ ဘယ္အသင္းနဲ႔ ေတြ႔မလဲဆိုတာ ေစာင့္သြားရပါမယ္။ က်ေနာ္တို႔ အထေႏွးခဲ့ပါတယ္။ ေဟာ့ဖန္ဟိမ္းအသင္းက တိုက္စစ္ပိုင္းကို အရွိန္နဲ႔ေကာ ရုပ္ပိုင္းဆိုင္ရာနဲ႔ပါ တုိက္ခိုက္ႏိုင္ေအာင္ကို သန္မာခဲ့တယ္။ ေနာက္ပိုင္း က်ေနာ္တို႔ ကစားပံုေကာင္းလာတယ္။ ရလဒ္ကေတာ့ ေကာင္းပါတယ္။ က်ေနာ္တို႔က အုပ္စုဗိုလ္ပါ ‘ လို႔ ေျပာဆိုသြားပါတယ္။

ငယ္စဥ္ကတည္းက မန္စီးတီး ပရိသတ္ျဖစ္ခဲ့တဲ့ ဖိုဒန္ဟာ အသက္ 8 ႏွစ္အ႐ြယ္ ထဲက အျပာေရာင္ မန္ခ်က္စတာ အသင္းနဲ႔ ပူးေပါင္းခဲ့တာျဖစ္ၿပီး အကယ္ဒမီအသင္းေတြနဲ႔ ဂ်ဴနီယာ ကစားသမားေတြထဲမွာ အေတာက္ပဆုံး ျဖစ္ခဲ့ပါတယ္။ သူဟာ 2016-2017 ရာသီအတြင္းမွာ မန္စီးတီး စီနီယာအသင္းကို ေရာက္ရွိခဲ့တာပါ။

ရာသီႀကိဳခရီးမွာလည္း ဖိုဒန္ဟာ စီးတီးနဲ႔အတူ အေမရိကန္ကိုလိုက္ပါခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္ေတြမွာ အထင္ႀကီးေလာက္စရာ ေျခစြမ္းေတြျပသခဲ့ပါတယ္။ ဒီရက္ထဲမွာပဲ ကလပ္အသင္းက သူ႔ကို 5 ႏွစ္ခြဲ သက္တမ္းတိုးလိုက္ႏိုင္တာျဖစ္ပါတယ္။

သူ႔ကစားပုံနဲ႔ပတ္သက္ၿပီး မန္ေနဂ်ာ ပပ္ဂြာဒီယိုလာက ‘ ဒီလိုမ်ိဳး က်ေနာ္ျမင္ခဲ့တာ အေတာ္ၾကာပါၿပီ။ သူ႔ရဲ႕ကစားပုံက တျခားအဆင့္တခုမွာရွိပါတယ္။ သူက 17 ႏွစ္ရွိၿပီး မန္ခ်က္စတာစီးတီး ကစားသမားတစ္ေယာက္ပါ။ အသင္းရဲ႕ အကယ္ဒမီမွာ သူက ႀကီးျပင္းလာခဲ့တာျဖစ္ၿပီး ကလပ္ကိုလဲ ခ်စ္ပါတယ္။ စီးတီးပရိသတ္တစ္ေယာက္လဲ ျဖစ္ပါတယ္။ က်ေနာ္တို႔အတြက္ သူက လက္ေဆာင္တစ္ခုပါပဲ’ လို႔ ခ်ီးက်ဴးထားခဲ့ဖူးပါေသးတယ္။

Football Txiki Begiristain ရဲ႕ ဒါ႐ိုက္တာက ‘ ဖိုဒန္ကို ေနာက္ထက္ ငါးႏွစ္ခြဲေတာင္ အသင္းမွာ ဆက္ထိန္းထားႏိုင္ေတာ့မွာျဖစ္လို႔ ဝမ္းေျမာက္မိပါတယ္။ သူဟာ ထူးခြၽန္တဲ့ အရည္အခ်င္းရွိ သူတစ္ေယာက္ပါ. မန္ခ်က္စတာစီးတီး ကေန ေမြးဖြားလာခဲ့သူျဖစ္ၿပီး ဒါက သူကစားခ်င္တဲ့ ေနရာျဖစ္ပါတယ္။ ပပ္ဂြာဒီယိုလာ လက္ေအာက္မွာ သူ႔နားမွာရွိတဲ့ က်ေနာ္တို႔ရဲ႕ ကစားသမားေတြနဲ႔အတူ ရွိေနတာဟာ သူ႔အတြက္ ကစားသမား တစ္ေယာက္အေနနဲ႔ တိုးတက္ဖို႔ အျဖစ္ႏိုင္ဆုံး အေကာင္းဆုံးေနရာျဖစ္ပါတယ္ ‘ လို႔ ဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ ဟော့ဖန်ဟိမ်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြသခဲ့တဲ့ ဖိုဒန်ရဲ့ ခြေစွမ်းဟာ အံ့မခန်းပါပဲလို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ မန်စီးတီးရဲ့ ကြယ်ပွင့်လေးဟာ မိနစ် 90 ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ဂျာမနီအသင်းကို 2-1 နဲ့ အနိုင်ယူမှုမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါသေးတယ်။

ကိုယ်တိုင်ဂိုးသွင်းမှုနဲ့ ဂိုးထောက်ပံ့နိုင်မှုတွေ မရှိခဲ့ပေမယ့် မန်စီးတီးတိုက်စစ်အတွက် ဖိုဒန်ရဲ့ ဘောလုံးပေးပို့မှု၊ အမြင်နဲ့ စွမ်းရည်ကောင်းတွေကြောင့် အားကစားသုံးသပ်သူတွေရဲ့ အထင်တကြီးပေးကြတဲ့ မှတ်ချက်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာအနေနဲ့ ဖိုဒန်ကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မပေးသေးပေမယ့် တိုးတက်လာတဲ့ ကစားဟန်တွေကြောင့် မကြာခင်မှာ အခွင့်အရေးပေးလာဖွယ် ရှိနေပါတယ်။

ဂွာဒီယိုလာကပဲ ‘ ဖိုဒန်က အံ့မခန်းပါပဲ။ သူ့ရဲ့အရည်အချင်း အပေါ်မှာ ကျနော်တို့ သံသယမရှိပါဘူး။ သူက ဆေးဗား၊ ဂေါ်ဒိုဂန်နဲ့ ဒီဘရိုင်လို အကောင်းဆုံးကစားနိုင်မယ့်သူပါ။ သူက အားလုံးကို လုပ်နိုင်ပါတယ်။ ဖိုက်တာတစ်ယောက်အတွက်ကော၊ ဂိုးတွေသွင်းဖို့ပါ ကောင်းမွန်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတယ်။ သူ ကအခုမှ အသက် 18 နှစ်ပဲ ရှိပါသေးတယ်။ ထိပ်တန်းအဆင့်တွေမှာ သူကစားနိုင်တယ်ဆိုတာ သံသယမရှိပါဘူး ‘ လို့ ချီးကျူးပါတယ်။

ပထမပိုင်း အစောပိုင်းမှာတင် ဟော့ဖန်ဟိမ်းဘက်က သွင်းဂိုးတစ်ဂိုး ရရှိထားပေမယ့် မန်စီးတီးက နောက်ကနေ လိုက်ကစားပြီး ဆာနေးက သွင်းဂိုးနှစ်ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အုပ်စု F မှာတော့ မန်စီးတီးက အုပ်စု ပထမ၊ လိုင်ယွန်က အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

ဂွာဒီယိုလာကပဲ ‘ ကျနော်တို့ အကောင်းဆုံး 16 သင်းအဆင့်ထဲ ဝင်ရောက်လာပါပြီ။ အခုတော့ ဘယ်အသင်းနဲ့ တွေ့မလဲဆိုတာ စောင့်သွားရပါမယ်။ ကျနော်တို့ အထနှေးခဲ့ပါတယ်။ ဟော့ဖန်ဟိမ်းအသင်းက တိုက်စစ်ပိုင်းကို အရှိန်နဲ့ကော ရုပ်ပိုင်းဆိုင်ရာနဲ့ပါ တိုက်ခိုက်နိုင်အောင်ကို သန်မာခဲ့တယ်။ နောက်ပိုင်း ကျနော်တို့ ကစားပုံကောင်းလာတယ်။ ရလဒ်ကတော့ ကောင်းပါတယ်။ ကျနော်တို့က အုပ်စုဗိုလ်ပါ ‘ လို့ ပြောဆိုသွားပါတယ်။

ငယ်စဉ်ကတည်းက မန်စီးတီး ပရိသတ်ဖြစ်ခဲ့တဲ့ ဖိုဒန်ဟာ အသက် 8 နှစ်အရွယ် ထဲက အပြာရောင် မန်ချက်စတာ အသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး အကယ်ဒမီအသင်းတွေနဲ့ ဂျူနီယာ ကစားသမားတွေထဲမှာ အတောက်ပဆုံး ဖြစ်ခဲ့ပါတယ်။ သူဟာ 2016-2017 ရာသီအတွင်းမှာ မန်စီးတီး စီနီယာအသင်းကို ရောက်ရှိခဲ့တာပါ။

ရာသီကြိုခရီးမှာလည်း ဖိုဒန်ဟာ စီးတီးနဲ့အတူ အမေရိကန်ကိုလိုက်ပါခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ချစ်ကြည်ရေးပွဲစဉ်တွေမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေပြသခဲ့ပါတယ်။ ဒီရက်ထဲမှာပဲ ကလပ်အသင်းက သူ့ကို 5 နှစ်ခွဲ သက်တမ်းတိုးလိုက်နိုင်တာဖြစ်ပါတယ်။

သူ့ကစားပုံနဲ့ပတ်သက်ပြီး မန်နေဂျာ ပပ်ဂွာဒီယိုလာက ‘ ဒီလိုမျိုး ကျနော်မြင်ခဲ့တာ အတော်ကြာပါပြီ။ သူ့ရဲ့ကစားပုံက တခြားအဆင့်တခုမှာရှိပါတယ်။ သူက 17 နှစ်ရှိပြီး မန်ချက်စတာစီးတီး ကစားသမားတစ်ယောက်ပါ။ အသင်းရဲ့ အကယ်ဒမီမှာ သူက ကြီးပြင်းလာခဲ့တာဖြစ်ပြီး ကလပ်ကိုလဲ ချစ်ပါတယ်။ စီးတီးပရိသတ်တစ်ယောက်လဲ ဖြစ်ပါတယ်။ ကျနော်တို့အတွက် သူက လက်ဆောင်တစ်ခုပါပဲ’ လို့ ချီးကျူးထားခဲ့ဖူးပါသေးတယ်။

Football Txiki Begiristain ရဲ့ ဒါရိုက်တာက ‘ ဖိုဒန်ကို နောက်ထက် ငါးနှစ်ခွဲတောင် အသင်းမှာ ဆက်ထိန်းထားနိုင်တော့မှာဖြစ်လို့ ဝမ်းမြောက်မိပါတယ်။ သူဟာ ထူးချွန်တဲ့ အရည်အချင်းရှိ သူတစ်ယောက်ပါ. မန်ချက်စတာစီးတီး ကနေ မွေးဖွားလာခဲ့သူဖြစ်ပြီး ဒါက သူကစားချင်တဲ့ နေရာဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာ လက်အောက်မှာ သူ့နားမှာရှိတဲ့ ကျနော်တို့ရဲ့ ကစားသမားတွေနဲ့အတူ ရှိနေတာဟာ သူ့အတွက် ကစားသမား တစ်ယောက်အနေနဲ့ တိုးတက်ဖို့ အဖြစ်နိုင်ဆုံး အကောင်းဆုံးနေရာဖြစ်ပါတယ် ‘ လို့ ဆိုခဲ့ပါတယ်။

Sports Home Time