လီဗာပူးအတြက္ အၾကီးမားဆံုး သတင္းဆိုးတစ္ခုေတာ့ တိုက္စစ္မွဴး ဖာမင္ႏိုဟာ အန္ဖီးမွာ ရင္ဆိုင္ကစားရမယ့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္ျပီျဖစ္ပါတယ္။ ဒါေပမယ့္ ရာသီသိမ္းပြဲျဖစ္တဲ့ ဝုဗ္နဲ႔ပြဲကိုေတာ့ ျပန္ပါလာႏုိင္မွာ ျဖစ္ပါတယ္။
နယူးကာဆယ္ကို ရင္ဆိုင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ လီဗာပူးက 3-2 နဲ႔ အႏိုင္ရခဲ့ေပမယ့္ ဖာမင္ႏို ပါဝင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။ အရန္စာရင္းမွာေတာင္ မပါႏိုင္ခဲ့တဲ့ ဖာမင္ႏိုအစား ပြဲထြက္စာရင္းမွာ စတားရစ္ကို ထည့္သြင္းခဲ့ျပီး အရန္စာရင္းမွ ရွာကီြရီကို ထည့္လာခဲ့တာျဖစ္တယ္။
နယူးကာဆယ္ပြဲအျပီး သတင္းထုတ္ေျပန္ေပးမႈမွာ ယာဂင္ကေလာ့ပ္ကပဲ ဖာမင္ႏိုက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္ျပီလို႔ အတည္ျပဳပါတယ္။ လီဗာပူးမန္ေနဂ်ာက “ ဖာမင္ႏို ဘာစီလိုနာနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနမွာ မဟုတ္ပါဘူး။ က်န္တဲ့ပြဲကိုေတာ့ ေစာင့္ၾကည့္ရပါမယ္ ” လို႔ ဆိုသြားခဲ့တယ္။
လီဗာပူးတိုက္စစ္သမား ဆာလက္ဟာ နယူးကာဆယ္ကို 3-2 နဲ႔ အႏိုင္ရတဲ့ပြဲမွာ ဒဏ္ရာရခဲ့ျပီး ကြင္းထဲကေန ထမ္းစင္နဲ႔ ထြက္ခဲ့ရပါတယ္။ ဒုတိယပိုင္း ပြဲဝက္ေလာက္မွာ အဆိုပါျဖစ္ရပ္ ျဖစ္ခဲ့တာျဖစ္ျပီး အေျခအေန အေကာင္းအဆိုးက ေစာင့္ၾကည့္ရေတာ့မယ္လို႔ ကေလာ့ပ္က ေျပာပါတယ္။
ယာဂင္ကေလာ့ပ္က ” က်ေနာ္ ၾကားတာကေတာ့ ဂိုးသမားက သူ႔ေခါင္းကို တြန္းထိုးမိမႈမွာ တင္ပါးနဲ႔ ျပန္က်ခဲ့တာ ျဖစ္ပါတယ္။ ေျမေပၚကို က်ခဲ့ျပီး ဆရာဝန္က ကြင္းထဲမွာ ဆက္ထားမလားနဲ႔ ကြင္းျပင္ကို ထုတ္မလားဆိုတဲ့ ဆံုးျဖတ္ခ်က္မွာ ကြင္းျပင္ထုတ္ဖို႔ ေရြးခ်ယ္ေစခဲ့ပါတယ္။ ဒီဆံုးျဖတ္ခ်က္ကို က်ေန္ာတုိ႔ လက္ခံပါတယ္။
သူကြင္းထဲကေန ထြက္ျပီးခ်ိန္ ေနာက္ပိုင္းမွာ အဝတ္လဲခန္းအတြင္း ပြဲကို တီဗီကေန ထိုင္ၾကည့္ေနခဲ့ပါတယ္။ ဒီေတာ့ ေနာက္ပိုင္း သူအဆင္ေျပပါတယ္။ က်ေန္ာတုိ႔ ေစာင့္ၾကည့္ရမွာေပါ့။ သူက တကယ္ထိခိုက္မႈၾကီးကို ရင္ဆိုင္ခဲ့ရတယ္ဆိုတာက သိသာပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။
လီဗာပူးက ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ႏ်ဴးကပ္ကြင္းမွာ ဘာစီလိုနာကို 3-0 နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ျပီး အန္ဖီးကြင္းမွာ ဒုတိယအေက်ာ့ကို ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ ဖာမင္ႏိုေနရာ အျခားအသင္းသားတစ္ဦးကို အစားထိုးရမွာျဖစ္ျပီး ဆာလက္ပါ မကစားႏုိင္ရင္ေတာ့ သြင္းဂိုးလိုအပ္ေနတဲ့ လီဗာပူးအတြက္ အခက္ေတြ႔ႏုိင္တာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] လီဗာပူးအတွက် အကြီးမားဆုံး သတင်းဆိုးတစ်ခုတော့ တိုက်စစ်မှူး ဖာမင်နိုဟာ အန်ဖီးမှာ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကို သေချာပေါက် လွဲချော်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသိမ်းပွဲဖြစ်တဲ့ ဝုဗ်နဲ့ပွဲကိုတော့ ပြန်ပါလာနိုင်မှာ ဖြစ်ပါတယ်။
နယူးကာဆယ်ကို ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးက 3-2 နဲ့ အနိုင်ရခဲ့ပေမယ့် ဖာမင်နို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အရန်စာရင်းမှာတောင် မပါနိုင်ခဲ့တဲ့ ဖာမင်နိုအစား ပွဲထွက်စာရင်းမှာ စတားရစ်ကို ထည့်သွင်းခဲ့ပြီး အရန်စာရင်းမှ ရှာကွီရီကို ထည့်လာခဲ့တာဖြစ်တယ်။
နယူးကာဆယ်ပွဲအပြီး သတင်းထုတ်ပြေန်ပေးမှုမှာ ယာဂင်ကလော့ပ်ကပဲ ဖာမင်နိုက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲကို သေချာပေါက် လွဲချော်ပြီလို့ အတည်ပြုပါတယ်။ လီဗာပူးမန်နေဂျာက “ ဖာမင်နို ဘာစီလိုနာနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေမှာ မဟုတ်ပါဘူး။ ကျန်တဲ့ပွဲကိုတော့ စောင့်ကြည့်ရပါမယ် ” လို့ ဆိုသွားခဲ့တယ်။
လီဗာပူးတိုက်စစ်သမား ဆာလက်ဟာ နယူးကာဆယ်ကို 3-2 နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲဝက်လောက်မှာ အဆိုပါဖြစ်ရပ် ဖြစ်ခဲ့တာဖြစ်ပြီး အခြေအနေ အကောင်းအဆိုးက စောင့်ကြည့်ရတော့မယ်လို့ ကလော့ပ်က ပြောပါတယ်။
ယာဂင်ကလော့ပ်က ” ကျနော် ကြားတာကတော့ ဂိုးသမားက သူ့ခေါင်းကို တွန်းထိုးမိမှုမှာ တင်ပါးနဲ့ ပြန်ကျခဲ့တာ ဖြစ်ပါတယ်။ မြေပေါ်ကို ကျခဲ့ပြီး ဆရာဝန်က ကွင်းထဲမှာ ဆက်ထားမလားနဲ့ ကွင်းပြင်ကို ထုတ်မလားဆိုတဲ့ ဆုံးဖြတ်ချက်မှာ ကွင်းပြင်ထုတ်ဖို့ ရွေးချယ်စေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနေ်ာတို့ လက်ခံပါတယ်။
သူကွင်းထဲကနေ ထွက်ပြီးချိန် နောက်ပိုင်းမှာ အဝတ်လဲခန်းအတွင်း ပွဲကို တီဗီကနေ ထိုင်ကြည့်နေခဲ့ပါတယ်။ ဒီတော့ နောက်ပိုင်း သူအဆင်ပြေပါတယ်။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပေါ့။ သူက တကယ်ထိခိုက်မှုကြီးကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာက သိသာပါတယ် ” လို့ ဆိုခဲ့ပါတယ်။
လီဗာပူးက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် နျူးကပ်ကွင်းမှာ ဘာစီလိုနာကို 3-0 နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အန်ဖီးကွင်းမှာ ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ ဖာမင်နိုနေရာ အခြားအသင်းသားတစ်ဦးကို အစားထိုးရမှာဖြစ်ပြီး ဆာလက်ပါ မကစားနိုင်ရင်တော့ သွင်းဂိုးလိုအပ်နေတဲ့ လီဗာပူးအတွက် အခက်တွေ့နိုင်တာ ဖြစ်ပါတယ်။
Sports Home Time
