ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲအျဖစ္ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ႔ အႏုိင္ရခဲ့ျပီး တုိက္စစ္သမား မက္ဆီကေတာ့ သူ႔ရဲ႕ အေကာင္းဆံုး အသင္းလိုက္နဲ႔ တစ္ကိုယ္ေတာ္ ေျခစြမ္းေတြကို ျပသသြားခဲ့ပါတယ္။
မက္ဆီဟာ ကိုယ္တုိင္ သြင္းဂိုး ႏွစ္ဂိုးသြင္းယူျပီး ဥေရာပေရႊဖိနပ္ဆုအတြက္ ေရပန္းစားမႈကို ျမွင့္တင္ခဲ့သလို ကလပ္အသင္းကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထံေရာက္ဖုိ႔ နီးစပ္မယ့္ အေနအထားကိုလည္း တြန္းပို႔ႏုိင္ခဲ့တယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ ေရပန္းအစားဆံုး အသင္းအျဖစ္ ဘာစီလိုနာ ရပ္တည္ေနေပမယ့္ လူတိုင္းကေတာ့ တူညီတဲ့အျမင္ မရွိထားပါဘူး။
ဂ်ဴဗင္တပ္အသင္း တုိက္စစ္သမား ေရာ္နယ္ဒိုကေတာ့ ဒုတိယအေက်ာ့မွာ လီဗာပူးက ဘာစီလိုနာကို ေက်ာ္ျဖတ္သြားလိမ့္မယ္လို႔ ယံုၾကည္ေနတယ္။ ေရာ္နယ္ဒိုက ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက ဘာစီလိုနာကို ဒုတိယအေက်ာ့မွာ ျဖဳတ္ခ်လိမ့္မယ္လို႔ အသင္းေဖာ္ေတြကိုေတာင္ ေျပာျပခဲ့ေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
ေရာ္နယ္ဒိုက ဆီမီးဖိုင္နယ္အဆင့္မွာ ဘာစီလိုနာက လီဗာပူးကို အႏုိင္ရခဲ့တာ ကအေတာ္ေလး ကံေကာင္းလိုျဖစ္ေပမယ့္ ဆီမီးအဆင့္မွာပဲ ျပိဳင္ဘက္ေဟာင္းတို႔ ရပ္တန္႔သြားမယ္လို႔ ယံုၾကည္ေနတယ္။ ဘာစီလိုနာက မႏွစ္တုန္းက ရိုးမားအသင္းကို ဒုတိယအေက်ာ့မွာ အေရးနိမ့္တဲ့ ပံုစံအတုိင္းပဲ ဒီရာသီမွာလည္း လီဗာပူးကို အေဝးကြင္းမွာ အေရးနိမ့္သြားလိမ့္မယ္လို႔ သူက ဆိုခဲ့ပါတယ္။
ဒီရာသီ ခ်န္ပီယံလိဂ္မွာ အထင္ကရ come back ပြဲေတြ ထြက္ေပၚေနျပီး 16 သင္းအဆင့္မွာ ယူႏုိက္တက္က ပီအက္ဂ်ီကို အိမ္ကြင္းမွာ 2-0 နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ အေဝးကြင္းမွာ 3-1 နဲ႔ အႏုိင္ရခဲ့တယ္။ ဂ်ဴဗင္တပ္ကလည္း အေဝးကြင္းမွာ အက္သလက္တီကို ကို 3-0 နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ 3-0 ရလဒ္ ျပန္ယူႏုိင္ခဲ့တာျဖစ္တယ္။
ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ အေကာင္းဆံုးေသာ come back ပြဲတစ္ပြဲ ျပန္ျမင္ရမယ္ဆိုတဲ့ ေရာ္နယ္ဒိုရဲ႕ ေဟာကိန္း မွန္ကန္မႈ ရွိမလာမလားကေတာ့ ဒီအပတ္မွာပဲ ျမင္ၾကရမွာ ျဖစ္ပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲအဖြစ် ဘာစီလိုနာက လီဗာပူးကို 3-0 နဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်သမား မက်ဆီကတော့ သူ့ရဲ့ အကောင်းဆုံး အသင်းလိုက်နဲ့ တစ်ကိုယ်တော် ခြေစွမ်းတွေကို ပြသသွားခဲ့ပါတယ်။
မက်ဆီဟာ ကိုယ်တိုင် သွင်းဂိုး နှစ်ဂိုးသွင်းယူပြီး ဥရောပရွှေဖိနပ်ဆုအတွက် ရေပန်းစားမှုကို မြှင့်တင်ခဲ့သလို ကလပ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထံရောက်ဖို့ နီးစပ်မယ့် အနေအထားကိုလည်း တွန်းပို့နိုင်ခဲ့တယ်။ ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ဘာစီလိုနာ ရပ်တည်နေပေမယ့် လူတိုင်းကတော့ တူညီတဲ့အမြင် မရှိထားပါဘူး။
ဂျူဗင်တပ်အသင်း တိုက်စစ်သမား ရော်နယ်ဒိုကတော့ ဒုတိယအကျော့မှာ လီဗာပူးက ဘာစီလိုနာကို ကျော်ဖြတ်သွားလိမ့်မယ်လို့ ယုံကြည်နေတယ်။ ရော်နယ်ဒိုက ယာဂင်ကလော့ပ်ရဲ့ အသင်းက ဘာစီလိုနာကို ဒုတိယအကျော့မှာ ဖြုတ်ချလိမ့်မယ်လို့ အသင်းဖော်တွေကိုတောင် ပြောပြခဲ့ကြောင်း စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုက ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာက လီဗာပူးကို အနိုင်ရခဲ့တာ ကအတော်လေး ကံကောင်းလိုဖြစ်ပေမယ့် ဆီမီးအဆင့်မှာပဲ ပြိုင်ဘက်ဟောင်းတို့ ရပ်တန့်သွားမယ်လို့ ယုံကြည်နေတယ်။ ဘာစီလိုနာက မနှစ်တုန်းက ရိုးမားအသင်းကို ဒုတိယအကျော့မှာ အရေးနိမ့်တဲ့ ပုံစံအတိုင်းပဲ ဒီရာသီမှာလည်း လီဗာပူးကို အဝေးကွင်းမှာ အရေးနိမ့်သွားလိမ့်မယ်လို့ သူက ဆိုခဲ့ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်မှာ အထင်ကရ come back ပွဲတွေ ထွက်ပေါ်နေပြီး 16 သင်းအဆင့်မှာ ယူနိုက်တက်က ပီအက်ဂျီကို အိမ်ကွင်းမှာ 2-0 နဲ့ အရေးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ 3-1 နဲ့ အနိုင်ရခဲ့တယ်။ ဂျူဗင်တပ်ကလည်း အဝေးကွင်းမှာ အက်သလက်တီကို ကို 3-0 နဲ့ အရေးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ 3-0 ရလဒ် ပြန်ယူနိုင်ခဲ့တာဖြစ်တယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အကောင်းဆုံးသော come back ပွဲတစ်ပွဲ ပြန်မြင်ရမယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့ ဟောကိန်း မှန်ကန်မှု ရှိမလာမလားကတော့ ဒီအပတ်မှာပဲ မြင်ကြရမှာ ဖြစ်ပါတယ်။
Sports Home Time
