လန္ဒန္အိပ္မက္အတြက္ ေတာ္တင္ဟမ္နဲ႔ ယူအီးအက္ဖ္ေအၾကား ညိႏိႈင္းမႈေတြ စတင္လာပါျပီ

[Zawgyi] ေတာ္တင္ဟမ္ပရိသတ္ေတြအတြက္ေတာ့ သတင္းေကာင္းပါပဲ။ ခ်န္ပီယံလိဂ္မွာ ရံွဴးထြက္အဆင့္ကို တက္ေရာက္ခဲ့ျပီျဖစ္တဲ့ ေတာ္တင္ဟမ္အသင္းဟာ ခ်န္ပီယံလိဂ္ ျပန္လည္စတင္မယ့္ ေဖေဖာ္ဝါရီလမွာ အိမ္ကြင္းအျဖစ္ အသစ္တည္ေဆာက္ေနတဲ့ ကြင္းသစ္မွာ ေျပာင္းလဲက်င္းပႏိုင္ဖို႔ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ စတင္ညိႏိႈင္းေနျပီျဖစ္ပါတယ္။

အုပ္စုတြင္းပြဲေတြအားလံုးကို ဝင္ဘာေလမွာပဲ က်င္းပခဲ့ရတဲ့ စပါးတို႔ဟာ တရားဝင္မေျပာင္းေရႊ႔ရေသးေပမယ့္ 16 သင္းအဆင့္ ဥေရာပပြဲေတြကို အိမ္ကြင္းမွာ လက္ခံယွဥ္ျပိဳင္ႏိုင္ေတာ့မွာပါ။ ယူအီအက္ဖ္ေအကေတာ့ ေဖေဖာ္ဝါရီမွာ ေတာ္တင္ဟမ္ကို ကြင္းသစ္မွာ ေပးကစားဖို႔ရာ အတည္ျပဳမႈေတြကို မၾကာခင္မွာ လုပ္ေဆာင္ေပးမွာျဖစ္တယ္။

2019 ေဖေဖာ္ဝါရီမွာ ေတာ္တင္ဟမ္ကို အိမ္ကြင္းသစ္မွာ ေျပာင္းလဲကစားေစဖို႔ ကလပ္အသင္းနဲ႔ ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္ၾကား လႈပ္ေဆာင္မႈေတြက အေတာ္ေလး ခရီးေပါက္ေနတဲ့ အေနအထားျဖစ္တယ္။ အုပ္စု B မွာ ဘာစီလိုနာေနာက္ ဒုတိယအဆင့္ကေန ရံွဴးထြက္ကိုတက္ခဲ့တဲ့ ေတာ္တင္ဟမ္ဟာ ေဖေဖာ္ဝါရီလ 12-13 (သို႔) ေဖေဖာ္ဝါရီလ 19-20 မွာေတာ့ 16 သင္းရံွဴးထြက္ ပထမအေက်ာ့ကို ကစားသြားရမွာျဖစ္ပါတယ္။

ႏူးကပ္မွာ ဘာစီလိုနာကို သေရက်ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ျပီဆိုတာ ေသခ်ာျပီးတဲ့ေနာက္မွာ မန္ေနဂ်ာ ပိုခ်က္တီႏိုက “ ေနာက္ႏွစ္မွာ ခ်န္ပီယံလိဂ္ရံွဴးထြက္အဆင့္ကို ကြင္းသစ္ၾကီးမွာ ကစားရမယ္ဆိုတာက က်ေနာ္တို႔အတြက္ ၾကီးမားတဲ့ တြန္းအားျဖစ္လာေစပါမယ္ ” လို႔ ထုတ္ေျပာခဲ့တယ္။

ခံစစ္မွဴး ဗာတြန္ဂမ္ကလည္း ဘာစီလိုနာကို သေရက်ျပီးခ်င္းမွာပဲ “ အံ့မခန္းတဲ့ ညတစ္ညပါပဲ။ 2019 မွာ ခ်န္ပီယံလိဂ္ကို လိန္းမွာ ကစားရပါေတာ့မယ္ ” လို႔ မွတ္ခ်က္ေပးပါတယ္။

ေတာ္တင္ဟဟမ္ဟာ လာမယ့္ စေနေန႔မွာေတာ့ ကြင္းသစ္မွာ မိတ္ဆက္ပြဲလုပ္ဖို႔ အသင္းပရိသတ္ေတြနဲ႔ ေတြ႔ဆံုသြားမွာပါ။ ဒါေပမယ့္လို႔ ကြင္းသစ္ကို တရားဝင္မဖြင့္ခ်ိန္မွာ အၾကိဳစမ္းသပ္မႈေတြကိုပဲ လုပ္ေဆာင္ဖုိ႔ ရွိေနပါတယ္။ ကြင္းသစ္ကို တရားဝင္ေျပာင္းမႈကိစၥေတြကိုေတာ့ ေဖေဖာ္ဝါရီလေလာက္မွပဲ ျပဳလုပ္ႏိုင္မွာပါ။ အျပီးတိုင္ ေရြ႔ေျပာင္းမႈေတြကိုေတာ့ မတ္လမွ လုပ္ႏိုင္မယ္လို႔လည္း ၾကိဳတင္ခန္႔မွန္းခဲ့ၾကတာျဖစ္တယ္။

ေတာ္တင္ဟမ္ဘက္ကေတာ့ အုပ္စုတြင္း အိမ္ကြင္းပြဲအားလံုးကို ဝင္ဘာေလမွာ လက္ခံကစားဖို႔ စီစဥ္ခဲ့ျပီး အခုခ်ိန္မွာေတာ့ ခ်န္ပီယံလိဂ္ ရံွဴးထြက္ပြဲကို ကြင္းသစ္ၾကီးမွာ ေျပာင္းလဲက်င္းပႏိုင္ဖုိ႔ ၾကိဳးစားမႈေတြ စတင္လာခဲ့ျပီျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာ္တင္ဟမ္ကေတာ့ သူတို႔ရဲ႕ နာမည္ေက်ာ္ ပရိုးမိုးရွင္း ေဆာင္ပုဒ္ျဖစ္လာတဲ့ ‘လန္ဒန္ရဲ႕ တစ္ခုတည္းေသာ ခ်န္ပီယံလိဂ္ၾကည့္ႏိုင္တဲ့ကြင္း’ ဆိုတာကို စတင္လို႔ အေကာင္အထည္ ေဖာ္လာခဲ့ပါျပီ။

Sports Home Time

[Unicode] တော်တင်ဟမ်ပရိသတ်တွေအတွက်တော့ သတင်းကောင်းပါပဲ။ ချန်ပီယံလိဂ်မှာ ရံှူးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်တဲ့ တော်တင်ဟမ်အသင်းဟာ ချန်ပီယံလိဂ် ပြန်လည်စတင်မယ့် ဖေဖော်ဝါရီလမှာ အိမ်ကွင်းအဖြစ် အသစ်တည်ဆောက်နေတဲ့ ကွင်းသစ်မှာ ပြောင်းလဲကျင်းပနိုင်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ စတင်ညိနှိုင်းနေပြီဖြစ်ပါတယ်။

အုပ်စုတွင်းပွဲတွေအားလုံးကို ဝင်ဘာလေမှာပဲ ကျင်းပခဲ့ရတဲ့ စပါးတို့ဟာ တရားဝင်မပြောင်းရွှေ့ရသေးပေမယ့် 16 သင်းအဆင့် ဥရောပပွဲတွေကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်နိုင်တော့မှာပါ။ ယူအီအက်ဖ်အေကတော့ ဖေဖော်ဝါရီမှာ တော်တင်ဟမ်ကို ကွင်းသစ်မှာ ပေးကစားဖို့ရာ အတည်ပြုမှုတွေကို မကြာခင်မှာ လုပ်ဆောင်ပေးမှာဖြစ်တယ်။

2019 ဖေဖော်ဝါရီမှာ တော်တင်ဟမ်ကို အိမ်ကွင်းသစ်မှာ ပြောင်းလဲကစားစေဖို့ ကလပ်အသင်းနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကြား လှုပ်ဆောင်မှုတွေက အတော်လေး ခရီးပေါက်နေတဲ့ အနေအထားဖြစ်တယ်။ အုပ်စု B မှာ ဘာစီလိုနာနောက် ဒုတိယအဆင့်ကနေ ရံှူးထွက်ကိုတက်ခဲ့တဲ့ တော်တင်ဟမ်ဟာ ဖေဖော်ဝါရီလ 12-13 (သို့) ဖေဖော်ဝါရီလ 19-20 မှာတော့ 16 သင်းရံှူးထွက် ပထမအကျော့ကို ကစားသွားရမှာဖြစ်ပါတယ်။

နူးကပ်မှာ ဘာစီလိုနာကို သရေကျပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပြီဆိုတာ သေချာပြီးတဲ့နောက်မှာ မန်နေဂျာ ပိုချက်တီနိုက “ နောက်နှစ်မှာ ချန်ပီယံလိဂ်ရံှူးထွက်အဆင့်ကို ကွင်းသစ်ကြီးမှာ ကစားရမယ်ဆိုတာက ကျနော်တို့အတွက် ကြီးမားတဲ့ တွန်းအားဖြစ်လာစေပါမယ် ” လို့ ထုတ်ပြောခဲ့တယ်။

ခံစစ်မှူး ဗာတွန်ဂမ်ကလည်း ဘာစီလိုနာကို သရေကျပြီးချင်းမှာပဲ “ အံ့မခန်းတဲ့ ညတစ်ညပါပဲ။ 2019 မှာ ချန်ပီယံလိဂ်ကို လိန်းမှာ ကစားရပါတော့မယ် ” လို့ မှတ်ချက်ပေးပါတယ်။

တော်တင်ဟဟမ်ဟာ လာမယ့် စနေနေ့မှာတော့ ကွင်းသစ်မှာ မိတ်ဆက်ပွဲလုပ်ဖို့ အသင်းပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာပါ။ ဒါပေမယ့်လို့ ကွင်းသစ်ကို တရားဝင်မဖွင့်ချိန်မှာ အကြိုစမ်းသပ်မှုတွေကိုပဲ လုပ်ဆောင်ဖို့ ရှိနေပါတယ်။ ကွင်းသစ်ကို တရားဝင်ပြောင်းမှုကိစ္စတွေကိုတော့ ဖေဖော်ဝါရီလလောက်မှပဲ ပြုလုပ်နိုင်မှာပါ။ အပြီးတိုင် ရွေ့ပြောင်းမှုတွေကိုတော့ မတ်လမှ လုပ်နိုင်မယ်လို့လည်း ကြိုတင်ခန့်မှန်းခဲ့ကြတာဖြစ်တယ်။

တော်တင်ဟမ်ဘက်ကတော့ အုပ်စုတွင်း အိမ်ကွင်းပွဲအားလုံးကို ဝင်ဘာလေမှာ လက်ခံကစားဖို့ စီစဉ်ခဲ့ပြီး အခုချိန်မှာတော့ ချန်ပီယံလိဂ် ရံှူးထွက်ပွဲကို ကွင်းသစ်ကြီးမှာ ပြောင်းလဲကျင်းပနိုင်ဖို့ ကြိုးစားမှုတွေ စတင်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် တော်တင်ဟမ်ကတော့ သူတို့ရဲ့ နာမည်ကျော် ပရိုးမိုးရှင်း ဆောင်ပုဒ်ဖြစ်လာတဲ့ ‘လန်ဒန်ရဲ့ တစ်ခုတည်းသော ချန်ပီယံလိဂ်ကြည့်နိုင်တဲ့ကွင်း’ ဆိုတာကို စတင်လို့ အကောင်အထည် ဖော်လာခဲ့ပါပြီ။

Sports Home Time