လီဗာပူးကို ကြင္းထဲမွာ မႏိုင္လို႔ မီဒီယာနဲ႔ ကိုင္လိုက္တဲ့ အီတလီသတင္းဌာန

[Zawgyi] ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာေတာ့ လီဗာပူးအသင္းက နာပိုလီကို ဆာလက္ရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ယူျပီး ယူရိုပါလိဂ္ကို ပို႔ေပးလိုက္ပါတယ္။ လီဗာပူးနဲ႔ပြဲ မတိုင္ခင္မွာ ခ်န္ပီယံလိဂ္ အုပ္စုတြင္းအမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ စီးရီးေအရဲ႔ အင္အားၾကီးကလပ္ဟာ ပြဲအျပီးမွာေတာ့ ဥေရာပ ဒုတိယတန္းစား ယူရိုပါလိဂ္ထံ ဆင္းကစားရေတာ့မွာျဖစ္တယ္။

ဆာလက္ရဲ႕ သြင္းဂိုးနဲ႔ အယ္လီဆန္ရဲ႕ ကာကြယ္မႈဟာ လီဗာပူးအသင္းအတြက္ အဓိက်တဲ့ စြမ္းေဆာင္ရည္ေတြျဖစ္ေပမယ့္ အျခားေသာ အသင္းသားေတြကလည္း ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့ပါတယ္။ ဒါေၾကာင့္လည္း ျဗိတိန္မီဒီယာေတြက လီဗာပူးအသင္းသားေတြကို အမွတ္ ခပ္ျမင့္ျမင့္ေတြ ေပးခဲ့ၾကတာပါ။ ဥပမာဆိုရင္ ဂါဒီးယန္းသတင္းဌာနက ဝိုက္နယ္ဒမ္ရဲ႕ စြမ္းေဆာင္ရည္ကို အကဲျဖတ္ရာမွာ ‘တိုက္စစ္နဲ႔ ခံစစ္ၾကားမွာ လႊမ္းမိုးကစားႏိုင္ခဲ့တဲ့ ကြင္းလယ္လူ’ ဆိုျပီး မွတ္ခ်က္ေကာင္းေပးခဲ့ပါတယ္။

အယ္လီဆန္၊ ဗန္ဒိုက္၊ ဆာလက္၊ မီလ္နာနဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ (8/10) ထိ ရမွတ္ေကာင္းေတြ ရရွိခဲ့တယ္။ ပြဲအျပီးမွာ လီဗာပူးအသင္းဘက္ကေပးတဲ့ ပြဲစဥ္ရဲ႕ အေကာင္းဆံုးကစားသမားဆုကို အယ္လီဆန္က ရရွိခဲ့တယ္။ စကိုင္းကေပးတဲ့ အေကာင္းဆံုးကစားသမားဆုကိုေတာ့ ဘယ္ျခမ္းအစြန္လူ ေရာ္ဘတ္ဆန္က ရရွိခဲ့ပါတယ္။

ျဗိတိန္သတင္းဌာနျဖစ္တဲ့ Daily Express မွာဆိုရင္လည္း ဝိုက္နယ္ဒမ္ကို ကြင္းလယ္လူေကာင္းအျဖစ္ (8/10) ေပးခဲ့ျပီး အသင္းေဖာ္ ဆာလက္ကို စတားကစားသမားအျဖစ္ (9/10) အထိ ေပးခဲ့ပါတယ္။ မွတ္ခ်က္မွာဆိုရင္လည္း ‘လက္ဖ်ားခါေလာက္ေအာင္ လွ်င္ျမန္တဲ့ ေျခေထာက္၊ ေျပးႏႈန္းေတြနဲ႔အတူ နာပိုလီကို ေနာက္ေကာက္ခ်ခဲ့တယ္’ လို႔ ေဖာ္ျပခဲ့တာပါ။

ဒါေပမယ့္လို႔ အီတလီမွာ ထင္ရွားတဲ့သတင္းစာျဖစ္တဲ့ Gazzetta dello Sport ကေတာ့ လီဗာပူးအသင္းသားေတြကို အမွတ္ေပးရာမွာ ခပ္နိမ့္နိမ့္ပဲ ေပးထားတာကို ေတြ႔ရပါတယ္။ ျဗိတိန္သတင္းစာေတြက အမွတ္ျမင့္ျမင့္ေပးထားရတဲ့ ဝိုက္နယ္ဒမ္ကို သာမာန္ေျခစြမ္းအျဖစ္ (6.5/10) ပဲေပးထားတာကို ျမင္ေတြ႔ရတယ္။

နာပိုလီကို ယူရိုပါလိဂ္ပို႔ခဲ့တဲ့ ဆာလက္ကိုလည္း (7.5/10) ပဲ ေပးထားခဲ့ကာ ေဖာ္ျပပါပံုမွာ မပါဝင္ခဲ့တဲ့ အယ္လီဆန္နဲ႔ ဗန္ဒိုက္တို႔ကိုလည္း တူညီတဲ့ အမွတ္ေပးမႈေတြကိုပဲ လုပ္ထားခဲ့ပါတယ္။ Gazzetta dello Sport သတင္းစာကေတာ့ ကစားသမား 11 ဦးအတြက္ ေပးႏိုင္တဲ့ ရမွတ္ 110 မွာ 71.5 မွတ္ပဲ ေပးခဲ့တာျဖစ္ျပီး ျဗိတိန္သတင္းစာေတြကေပးတဲ့ 83-82 မွတ္ေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ အေတာ္ေလး နည္းပါးလို႔ေနခဲ့တာပါ။

အီတလီသတင္းစာကေတာ့ ေဘာလံုးကစားအေပၚ အကဲျဖတ္မႈမွာ သူတို႔ျမင္တဲ့အတိုင္း သိကၡာရွိရွိ ျပဳလုပ္ခဲ့ေလသလား (သို႔) ျပည္တြင္းအင္အားၾကီးကလပ္ကို ယူရိုပါလိဂ္ပို႔ခဲ့တဲ့ လီဗာပူးအေပၚမွာ အျငိဳးအေတးနဲ႔မ်ား နိမ့္ခ်ရမွတ္ေပးခဲ့လားဆိုတာေတာ့ အဆိုပါပြဲကို ၾကည့္ခဲ့ၾကသူတိုင္း ကိုယ္တုိင္ဆံုးျဖတ္ႏိုင္မယ့္ ျဖစ္ရပ္ပဲျဖစ္ပါတယ္။

Sports Home Time

[Unicode] ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ လီဗာပူးအသင်းက နာပိုလီကို ဆာလက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ကို ပို့ပေးလိုက်ပါတယ်။ လီဗာပူးနဲ့ပွဲ မတိုင်ခင်မှာ ချန်ပီယံလိဂ် အုပ်စုတွင်းအမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ စီးရီးအေရဲ့ အင်အားကြီးကလပ်ဟာ ပွဲအပြီးမှာတော့ ဥရောပ ဒုတိယတန်းစား ယူရိုပါလိဂ်ထံ ဆင်းကစားရတော့မှာဖြစ်တယ်။

ဆာလက်ရဲ့ သွင်းဂိုးနဲ့ အယ်လီဆန်ရဲ့ ကာကွယ်မှုဟာ လီဗာပူးအသင်းအတွက် အဓိကျတဲ့ စွမ်းဆောင်ရည်တွေဖြစ်ပေမယ့် အခြားသော အသင်းသားတွေကလည်း ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်မီဒီယာတွေက လီဗာပူးအသင်းသားတွေကို အမှတ် ခပ်မြင့်မြင့်တွေ ပေးခဲ့ကြတာပါ။ ဥပမာဆိုရင် ဂါဒီးယန်းသတင်းဌာနက ဝိုက်နယ်ဒမ်ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ရာမှာ ‘တိုက်စစ်နဲ့ ခံစစ်ကြားမှာ လွှမ်းမိုးကစားနိုင်ခဲ့တဲ့ ကွင်းလယ်လူ’ ဆိုပြီး မှတ်ချက်ကောင်းပေးခဲ့ပါတယ်။

အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလက်၊ မီလ်နာနဲ့ ရော်ဘတ်ဆန်တို့ဟာ (8/10) ထိ ရမှတ်ကောင်းတွေ ရရှိခဲ့တယ်။ ပွဲအပြီးမှာ လီဗာပူးအသင်းဘက်ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို အယ်လီဆန်က ရရှိခဲ့တယ်။ စကိုင်းကပေးတဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဘယ်ခြမ်းအစွန်လူ ရော်ဘတ်ဆန်က ရရှိခဲ့ပါတယ်။

ဗြိတိန်သတင်းဌာနဖြစ်တဲ့ Daily Express မှာဆိုရင်လည်း ဝိုက်နယ်ဒမ်ကို ကွင်းလယ်လူကောင်းအဖြစ် (8/10) ပေးခဲ့ပြီး အသင်းဖော် ဆာလက်ကို စတားကစားသမားအဖြစ် (9/10) အထိ ပေးခဲ့ပါတယ်။ မှတ်ချက်မှာဆိုရင်လည်း ‘လက်ဖျားခါလောက်အောင် လျှင်မြန်တဲ့ ခြေထောက်၊ ပြေးနှုန်းတွေနဲ့အတူ နာပိုလီကို နောက်ကောက်ချခဲ့တယ်’ လို့ ဖော်ပြခဲ့တာပါ။

ဒါပေမယ့်လို့ အီတလီမှာ ထင်ရှားတဲ့သတင်းစာဖြစ်တဲ့ Gazzetta dello Sport ကတော့ လီဗာပူးအသင်းသားတွေကို အမှတ်ပေးရာမှာ ခပ်နိမ့်နိမ့်ပဲ ပေးထားတာကို တွေ့ရပါတယ်။ ဗြိတိန်သတင်းစာတွေက အမှတ်မြင့်မြင့်ပေးထားရတဲ့ ဝိုက်နယ်ဒမ်ကို သာမာန်ခြေစွမ်းအဖြစ် (6.5/10) ပဲပေးထားတာကို မြင်တွေ့ရတယ်။

နာပိုလီကို ယူရိုပါလိဂ်ပို့ခဲ့တဲ့ ဆာလက်ကိုလည်း (7.5/10) ပဲ ပေးထားခဲ့ကာ ဖော်ပြပါပုံမှာ မပါဝင်ခဲ့တဲ့ အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကိုလည်း တူညီတဲ့ အမှတ်ပေးမှုတွေကိုပဲ လုပ်ထားခဲ့ပါတယ်။ Gazzetta dello Sport သတင်းစာကတော့ ကစားသမား 11 ဦးအတွက် ပေးနိုင်တဲ့ ရမှတ် 110 မှာ 71.5 မှတ်ပဲ ပေးခဲ့တာဖြစ်ပြီး ဗြိတိန်သတင်းစာတွေကပေးတဲ့ 83-82 မှတ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အတော်လေး နည်းပါးလို့နေခဲ့တာပါ။

အီတလီသတင်းစာကတော့ ဘောလုံးကစားအပေါ် အကဲဖြတ်မှုမှာ သူတို့မြင်တဲ့အတိုင်း သိက္ခာရှိရှိ ပြုလုပ်ခဲ့လေသလား (သို့) ပြည်တွင်းအင်အားကြီးကလပ်ကို ယူရိုပါလိဂ်ပို့ခဲ့တဲ့ လီဗာပူးအပေါ်မှာ အငြိုးအတေးနဲ့များ နိမ့်ချရမှတ်ပေးခဲ့လားဆိုတာတော့ အဆိုပါပွဲကို ကြည့်ခဲ့ကြသူတိုင်း ကိုယ်တိုင်ဆုံးဖြတ်နိုင်မယ့် ဖြစ်ရပ်ပဲဖြစ်ပါတယ်။

Sports Home Time