ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ဘာစီလိုနာက လီဗာပူးအသင္းကို 3-0 နဲ႔ အႏုိင္ရတဲ့ပြဲမွာ အဖြင့္ဂိုး သြင္းယူခဲ့တဲ့ တိုက္စစ္မွဴးလူးဝစ္ဆြာရက္စ္ကို အန္ဖီးဂႏၱဝင္ၾကီး ကာေရဂါက သတိေပးမႈတစ္ခု လုပ္သြားခဲ့ပါတယ္။
အသင္းေဟာင္း လီဗာပူးကို ျပန္လည္ရင္ဆိုင္ျပီး ဘာစီလိုနာကို အေရးသာမႈေစမွာ လူးဝစ္ဆြာရက္စ္ဟာ အဓိကက်တဲ့ ကစားသမားလည္းျဖစ္တယ္။ အဖြင့္ဂိုးကို သြင္းယူတဲ့အေပၚ ဆြာရက္စ္ ေအာင္ပြဲခံခဲ့သလို သူနဲ႔ လီဗာပူး ခံစစ္သမား ေရာ္ဘတ္ဆန္တို႔ၾကားမွာ အခ်င္းမ်ားမႈေတြ ရွိခဲ့ျပီး ဥမင္ထဲထိေတာင္ ဆက္လက္ စကားမ်ားခဲ့ၾကပါတယ္။
ကာေရဂါကေတာ့ အသင္းေဖာ္ေဟာင္းျဖစ္ခဲ့တဲ့ ဆြာရက္စ္ကို အန္ဖီးကြင္းကို ျပန္လာရခ်ိန္မွာ ရင္ဆိုင္ရမယ့္ အေနအထားအေပၚ သတိေပးမႈ လုပ္ခဲ့ပါတယ္။ ႏ်ဴးကပ္ကြင္းမွာ ဘာစီလိုနာကစားသမားအျဖစ္ လီဗာပူးအသင္းသားေတြကို ခပ္ၾကမ္းၾကမ္း ကစားခဲ့တဲ့ ဆြာရက္စ္က အန္ဖီးရဲ႕ စိန္ေခၚမႈေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ကာေရဂါက ျမင္ပါတယ္။
ကာေရဂါက ” အန္ဖီးကို ျပန္လာခ်ိန္မွာ ေႏြးေထြးတဲ့ ၾကိဳဆိုမႈေတြရဖို႔ ဆြာရက္စ္ ေမွ်ာ္လင့္ေနမယ္ က်ေန္ာ မထင္ပါဘူး။ သူက လူးဝစ္ဆြာရက္စ္ပါ။ မင္းအသင္းအတြက္ ကစားေပးေနရင္ ခ်စ္ဖို႔ေကာင္းျပီး ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္ေတြ႔ရင္ေတာ့ မုန္တီးဖို႔ေကာင္းတဲ့ ကစားသမားျဖစ္ပါတယ္။
ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈက ဆြာရက္စ္အေနနဲ႔ လီဗာပူးကို ျပိဳင္ဘက္အျဖစ္ ပထမဆံုးအၾကိမ္ ျပန္လည္ရင္ဆိုင္ရမႈပါ။ လီဗာပူးပရိသတ္ေတြက သူ႔ကို ႏွစ္သက္ေနၾကမယ္လို႔ က်ေန္ာ မထင္ပါဘူး။ ဆြာရက္စ္က လမ္းမေတြမွာ ကစားတဲ့ တြန္းတြန္းတိုက္တိုက္ ကစားဟန္နဲ႔အတူ အသာစီးယူ ကစားသြားခဲ့တယ္။
သူရဲ႕ ပထမဂိုးက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ အန္ဖီးကို ျပန္လာတဲ့ခရီးမွာ သူရဲေကာင္းတစ္ဦးအျဖစ္ ၾကိဳဆိုမႈေတြကို ရဖို႔ သူေမွ်ာ္လင့္ေနမယ္ မထင္ပါဘူး ” လို႔ ေျပာပါတယ္။
မက္ဆီ အထူးေတာက္ပမႈနဲ႔အတူ ဘာစီလိုနာက ပထမအေက်ာ့မွာ 3-0 ဆိုတဲ့ ရလဒ္ကို ရယူထားေပမယ့္ မာေဆးဆိုဒ္ကလပ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ရံွဴးပြဲမရွိထားတဲ့ အန္ဖီးကြင္းမွာ ခပ္လြယ္လြယ္ အရံွဴးေပးဖို႔ထက္ လက္က်န္ ေမွ်ာ္လင့္ခ်က္အတြက္ ဘာစီလိုနာကို တုန္႔ျပန္သြားမွာ ေသခ်ာလွပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာက လီဗာပူးအသင်းကို 3-0 နဲ့ အနိုင်ရတဲ့ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးလူးဝစ်ဆွာရက်စ်ကို အန်ဖီးဂန္တဝင်ကြီး ကာရေဂါက သတိပေးမှုတစ်ခု လုပ်သွားခဲ့ပါတယ်။
အသင်းဟောင်း လီဗာပူးကို ပြန်လည်ရင်ဆိုင်ပြီး ဘာစီလိုနာကို အရေးသာမှုစေမှာ လူးဝစ်ဆွာရက်စ်ဟာ အဓိကကျတဲ့ ကစားသမားလည်းဖြစ်တယ်။ အဖွင့်ဂိုးကို သွင်းယူတဲ့အပေါ် ဆွာရက်စ် အောင်ပွဲခံခဲ့သလို သူနဲ့ လီဗာပူး ခံစစ်သမား ရော်ဘတ်ဆန်တို့ကြားမှာ အချင်းများမှုတွေ ရှိခဲ့ပြီး ဥမင်ထဲထိတောင် ဆက်လက် စကားများခဲ့ကြပါတယ်။
ကာရေဂါကတော့ အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ ဆွာရက်စ်ကို အန်ဖီးကွင်းကို ပြန်လာရချိန်မှာ ရင်ဆိုင်ရမယ့် အနေအထားအပေါ် သတိပေးမှု လုပ်ခဲ့ပါတယ်။ နျူးကပ်ကွင်းမှာ ဘာစီလိုနာကစားသမားအဖြစ် လီဗာပူးအသင်းသားတွေကို ခပ်ကြမ်းကြမ်း ကစားခဲ့တဲ့ ဆွာရက်စ်က အန်ဖီးရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ကာရေဂါက မြင်ပါတယ်။
ကာရေဂါက ” အန်ဖီးကို ပြန်လာချိန်မှာ နွေးထွေးတဲ့ ကြိုဆိုမှုတွေရဖို့ ဆွာရက်စ် မျှော်လင့်နေမယ် ကျနေ်ာ မထင်ပါဘူး။ သူက လူးဝစ်ဆွာရက်စ်ပါ။ မင်းအသင်းအတွက် ကစားပေးနေရင် ချစ်ဖို့ကောင်းပြီး ပြိုင်ဘက်အဖြစ် ရင်ဆိုင်တွေ့ရင်တော့ မုန်တီးဖို့ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။
ဒီတစ်ကြိမ် တွေ့ဆုံမှုက ဆွာရက်စ်အနေနဲ့ လီဗာပူးကို ပြိုင်ဘက်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှုပါ။ လီဗာပူးပရိသတ်တွေက သူ့ကို နှစ်သက်နေကြမယ်လို့ ကျနေ်ာ မထင်ပါဘူး။ ဆွာရက်စ်က လမ်းမတွေမှာ ကစားတဲ့ တွန်းတွန်းတိုက်တိုက် ကစားဟန်နဲ့အတူ အသာစီးယူ ကစားသွားခဲ့တယ်။
သူရဲ့ ပထမဂိုးက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အန်ဖီးကို ပြန်လာတဲ့ခရီးမှာ သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုမှုတွေကို ရဖို့ သူမျှော်လင့်နေမယ် မထင်ပါဘူး ” လို့ ပြောပါတယ်။
မက်ဆီ အထူးတောက်ပမှုနဲ့အတူ ဘာစီလိုနာက ပထမအကျော့မှာ 3-0 ဆိုတဲ့ ရလဒ်ကို ရယူထားပေမယ့် မာဆေးဆိုဒ်ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ရံှူးပွဲမရှိထားတဲ့ အန်ဖီးကွင်းမှာ ခပ်လွယ်လွယ် အရံှူးပေးဖို့ထက် လက်ကျန် မျှော်လင့်ချက်အတွက် ဘာစီလိုနာကို တုန့်ပြန်သွားမှာ သေချာလှပါတယ်။
Sports Home Time
