ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ ဘယ္သူမွ မဆံုခ်င္မယ့္ အသင္းအမည္ ဖာဒီနန္ ေျပာၾကား

[Zawgyi] ရီယိုဖာဒီနန္က ဒီရာသီ ခ်န္ပီယံလိဂ္ ရွံဳးထြက္အဆင့္မွာ ဘယ္သူမွ မဆံုခ်င္မယ့္ အသင္းက ပရီးမီးယားလိဂ္ ကလပ္ လီဗာပူးအသင္း ျဖစ္မယ္လို႔ မွတ္ခ်က္ျပဳလိုက္ပါတယ္။ လီဗာပူးအသင္းဟာ အုပ္စုေနာက္ဆံုးပြဲမွာမွ နာပိုလီဂီု ၁ဂိုး ဂိုးမရွိနဲ႕ နုိင္ျပီး အုပ္စု ဒုတိယနဲ႕ ၁၆ သင္း ရွံဳးထြက္အဆင့္ဆီ တက္ေရာက္သြားတာပါ။

လီဗာပူးအသင္းက အုပ္စု ဒုတိယအေနနဲ႕ ေနာက္တစ္ဆင့္ တက္တာ ျဖစ္လုိ႔ ရွံံဳးထြက္အဆင့္မွာ ဘာစီလုိနာ၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္၊ ဘိုင္ယန္ျမဴးနစ္ အစရွိတဲ့ အင္အားၾကီး ကလပ္အသငး္ေတြနဲ႕ ထိပ္တိုက္ေတြ႕ျပီး ကြာတားဖိုင္နယ္တက္ဖို႔ ၾကိဳးစားရမွာပါ။ ဒါေပမယ့္လည္း ဖာဒီနန္က လီဗာပူးအသင္းနဲ႕ ဘယ္အသင္းမွ ရင္ဆုိင္ခ်င္ၾကမယ္ မထင္ဘူးလို႔ ယံုၾကည္ေနပါတယ္။

“ယာဂင္ရဲ႕ ေျပာပံုအရ ရလဒ္ထက္ သူတို႔အသင္း ကစားသြားပံုကို ေက်နပ္ေနတာ ေတြ႔ရတယ္..လီဗာပူးအသင္းက အန္းဖီးလ္မွာ နာပိုလီကို လံုး၀ အဆိပ္မဲ့သြားေအာင္ လုပ္္ခဲ့တာပါ။ အခြင့္အေရး မ်ားမ်ားစားစားေတာင္ နာပိုလီ ဖန္တီးခြင့္ မရခဲ့ပါဘူး။”

“သူတို႔ကစားသြားတဲ့ဟန္နဲ႕ ရဲရင့္မႈကို အလန္းစားပါပဲ။ သူတုိ႔အားထုတ္မႈ လံု႕လေၾကာင့္ ဥေရာပမွာ ျပိဳင္ဘက္ကင္းလို႔ ေလာေလာဆယ္ ဆိုရမလို ျဖစ္ေနပါျပီ။” လို႔ ဖာဒီနန္က ခ်ီးက်ဴးသြားပါတယ္။

လီဗာပူးအသင္းဟာ ျပီးခဲ့တဲ့ ရာသီမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ခဲ့တဲ့ အသင္းျဖစ္ျပီး ဖိုင္နယ္မွာ ရီးရဲ႕လ္အသည္းခြဲသြားတာေၾကာင့္ ဒုတိယနဲ႕သာ ေက်နပ္ခဲ့ရတာပါ။ ဆာလက္ရဲ႕ ေျခစြမ္းက ယခင္လို ေၾကာက္မက္ဖြယ္ ေကာင္းဆဲဆိုတာ ဒီတေလာ ပြဲေတြမွာ ျမင္ခဲ့ရတာျဖစ္လို႔ လီဗာပူးက အစြယ္ရွိဆဲပါ။

“သူတို႔က အင္တိုက္အားတိုက္ကို ကစားၾကတယ္.. ေရွ႕မွာဆိုလည္း အေသးစိတ္ထိ အာရံုစိုက္ျပီး ဖိဖိစီးစီးရွိတဲ့အျပင္ မိုဆာလက္ ဖာမီနို မာေနးတို႔ အုပ္စုကို ဘယ္အသင္းမွာ ရင္ဆိုင္ခ်င္ၾကဦးမယ္ က်ေနာ္မထင္ဘူး။” လို႔ ဖာဒီနန္က ဆိုပါတယ္။

Sports Home Time

[Unicode] ရီယိုဖာဒီနန်က ဒီရာသီ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဘယ်သူမှ မဆုံချင်မယ့် အသင်းက ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်း ဖြစ်မယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာမှ နာပိုလီဂီု ၁ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အုပ်စု ဒုတိယနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်သွားတာပါ။

လီဗာပူးအသင်းက အုပ်စု ဒုတိယအနေနဲ့ နောက်တစ်ဆင့် တက်တာ ဖြစ်လို့ ရှံုံးထွက်အဆင့်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ် အစရှိတဲ့ အင်အားကြီး ကလပ်အသငး်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့်လည်း ဖာဒီနန်က လီဗာပူးအသင်းနဲ့ ဘယ်အသင်းမှ ရင်ဆိုင်ချင်ကြမယ် မထင်ဘူးလို့ ယုံကြည်နေပါတယ်။

“ယာဂင်ရဲ့ ပြောပုံအရ ရလဒ်ထက် သူတို့အသင်း ကစားသွားပုံကို ကျေနပ်နေတာ တွေ့ရတယ်..လီဗာပူးအသင်းက အန်းဖီးလ်မှာ နာပိုလီကို လုံးဝ အဆိပ်မဲ့သွားအောင် လုပ််ခဲ့တာပါ။ အခွင့်အရေး များများစားစားတောင် နာပိုလီ ဖန်တီးခွင့် မရခဲ့ပါဘူး။”

“သူတို့ကစားသွားတဲ့ဟန်နဲ့ ရဲရင့်မှုကို အလန်းစားပါပဲ။ သူတို့အားထုတ်မှု လုံ့လကြောင့် ဥရောပမှာ ပြိုင်ဘက်ကင်းလို့ လောလောဆယ် ဆိုရမလို ဖြစ်နေပါပြီ။” လို့ ဖာဒီနန်က ချီးကျူးသွားပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့ အသင်းဖြစ်ပြီး ဖိုင်နယ်မှာ ရီးရဲ့လ်အသည်းခွဲသွားတာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဆာလက်ရဲ့ ခြေစွမ်းက ယခင်လို ကြောက်မက်ဖွယ် ကောင်းဆဲဆိုတာ ဒီတလော ပွဲတွေမှာ မြင်ခဲ့ရတာဖြစ်လို့ လီဗာပူးက အစွယ်ရှိဆဲပါ။

“သူတို့က အင်တိုက်အားတိုက်ကို ကစားကြတယ်.. ရှေ့မှာဆိုလည်း အသေးစိတ်ထိ အာရုံစိုက်ပြီး ဖိဖိစီးစီးရှိတဲ့အပြင် မိုဆာလက် ဖာမီနို မာနေးတို့ အုပ်စုကို ဘယ်အသင်းမှာ ရင်ဆိုင်ချင်ကြဦးမယ် ကျနော်မထင်ဘူး။” လို့ ဖာဒီနန်က ဆိုပါတယ်။

Sports Home Time