ႏ်ဴးကပ္မွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲမွာေတာ့ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ႔ အႏိုင္ရခဲ့ျပီး ကက္တလန္ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီက 7 မိနစ္အတြင္း သြင္းဂိုး 2 ဂိုး ရယူသြားခဲ့တာျဖစ္တယ္။
မက္ဆီရဲ႕ ဒုတိယသြင္းဂိုးျဖစ္တဲ့ ဖရီးကစ္ဂိုးဟာ သူ႔ရဲ႕ ဘာစီလိုနာ ကစားသမားဘဝ သြင္းဂိုး 600 ျပည့္တဲ့ ဂိုးျဖစ္ျပီး အေတာ္ေလး ထူးခၽြန္တဲ့ ကန္သြင္းယူမႈလည္း ျဖစ္ပါတယ္။ ကမၻာအေကာင္းဆံုး ခံစစ္သမားနဲ႔ ဂိုးသမား စာရင္းဝင္ ထိပ္တန္းအသင္းသားေတြကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ မက္ဆီကို ထိန္းခ်ဳပ္ဖို႔ရာ သူ႔ရဲ႕အသင္းက မတတ္ႏုိင္ခဲ့တာကို ဝန္ခံပါတယ္။
ယာဂင္ကေလာ့ပ္က ေျပာရာမွာ ” အဲ့သည္ အေနအထားေတြမွာ မက္ဆီက ရပ္တန္႔လုိ႔ မရပါဘူး။ က်ေန္ာတုိ႔ တည္ကန္ေဘာကို ကာကြယ္ႏုိင္ခဲ့ျခင္း မရွိဘူး။ သူက ကမၻာအဆင့္ ကစားသမားတစ္ေယာက္ပါ။ သူ႔ရဲ႕ ဒုတိယေျမာက္သြင္းဂိုးက ကစားသမားဘဝအတြင္း အေကာင္းဆံုး သြင္းဂိုး မဟုတ္ေပမယ့္ သူ႔ရဲ႕စြမ္းရည္ကို ျပသခဲ့ပါတယ္။ သူမွာ အဲ့သည္လို အေျခအေနေတြ ပိုင္ဆုိင္ခဲ့တယ္။
မက္ဆီ အပါအဝင္ ဘာစီလိုနာ တစ္သင္းလံုးကို က်ေန္ာတုိ႔ ခံစစ္ကာကြယ္ခဲ့တာနဲ႔ ပက္သက္ျပီး က်ေန္ာတုိ႔ ေပ်ာ္ရႊင္ပါတယ္။ က်ေနာ္က မက္ဆီကို အထင္ၾကီးေနေပမယ့္ က်ေန္ာရဲ႕ ေကာင္ေလးေတြကေတာ့ အရမ္းၾကီး ေလးစားျပမေနပါဘူး။ သူတို႔ ကစားရမယ့္ေဘာလံုးပြဲအတြက္ အေကာင္းဆံုးကိုပဲ ၾကိဳးစားျပီး ကစားျပခဲ့ၾကတာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။
လီဗာပူးနဲ႔ပြဲမွာ သြင္းဂိုးႏွစ္ဂိုးရခဲ့တဲ့ မက္ဆီဟာ သူ႔ရဲ႕ကစားသမားဘဝ လီဗာပူးနဲ႔ ရင္ဆုိင္ခ်ိန္မွာ သြင္းဂိုးမရဘူးဆိုတဲ့ မွတ္တမ္းဆုိးကို ေခ်ဖ်က္ႏုိင္ခဲ့တယ္။ ဒါ့အျပင္ ေဘာလံုးကမၻာရဲ႕ ထာဝရသြင္းဂိုးအမ်ားဆံုး ပုဂၢိဳလ္စာရင္းမွာလည္း သြင္းဂိုး 600 ျပည့္မႈနဲ႔အတူ ခုႏွစ္ဦးေျမာက္ စာရင္းဝင္သြားခဲ့ပါတယ္။
Sports Home Time

[Unicode] နျူးကပ်မှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာတော့ ဘာစီလိုနာက လီဗာပူးကို 3-0 နဲ့ အနိုင်ရခဲ့ပြီး ကက်တလန်ကလပ်ရဲ့ အသင်းခေါင်းဆောင် မက်ဆီက 7 မိနစ်အတွင်း သွင်းဂိုး 2 ဂိုး ရယူသွားခဲ့တာဖြစ်တယ်။
မက်ဆီရဲ့ ဒုတိယသွင်းဂိုးဖြစ်တဲ့ ဖရီးကစ်ဂိုးဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ သွင်းဂိုး 600 ပြည့်တဲ့ ဂိုးဖြစ်ပြီး အတော်လေး ထူးချွန်တဲ့ ကန်သွင်းယူမှုလည်း ဖြစ်ပါတယ်။ ကမ္ဘာအကောင်းဆုံး ခံစစ်သမားနဲ့ ဂိုးသမား စာရင်းဝင် ထိပ်တန်းအသင်းသားတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ မက်ဆီကို ထိန်းချုပ်ဖို့ရာ သူ့ရဲ့အသင်းက မတတ်နိုင်ခဲ့တာကို ဝန်ခံပါတယ်။
ယာဂင်ကလော့ပ်က ပြောရာမှာ ” အဲ့သည် အနေအထားတွေမှာ မက်ဆီက ရပ်တန့်လို့ မရပါဘူး။ ကျနေ်ာတို့ တည်ကန်ဘောကို ကာကွယ်နိုင်ခဲ့ခြင်း မရှိဘူး။ သူက ကမ္ဘာအဆင့် ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးက ကစားသမားဘဝအတွင်း အကောင်းဆုံး သွင်းဂိုး မဟုတ်ပေမယ့် သူ့ရဲ့စွမ်းရည်ကို ပြသခဲ့ပါတယ်။ သူမှာ အဲ့သည်လို အခြေအနေတွေ ပိုင်ဆိုင်ခဲ့တယ်။
မက်ဆီ အပါအဝင် ဘာစီလိုနာ တစ်သင်းလုံးကို ကျနေ်ာတို့ ခံစစ်ကာကွယ်ခဲ့တာနဲ့ ပက်သက်ပြီး ကျနေ်ာတို့ ပျော်ရွှင်ပါတယ်။ ကျနော်က မက်ဆီကို အထင်ကြီးနေပေမယ့် ကျနေ်ာရဲ့ ကောင်လေးတွေကတော့ အရမ်းကြီး လေးစားပြမနေပါဘူး။ သူတို့ ကစားရမယ့်ဘောလုံးပွဲအတွက် အကောင်းဆုံးကိုပဲ ကြိုးစားပြီး ကစားပြခဲ့ကြတာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။
လီဗာပူးနဲ့ပွဲမှာ သွင်းဂိုးနှစ်ဂိုးရခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝ လီဗာပူးနဲ့ ရင်ဆိုင်ချိန်မှာ သွင်းဂိုးမရဘူးဆိုတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တယ်။ ဒါ့အပြင် ဘောလုံးကမ္ဘာရဲ့ ထာဝရသွင်းဂိုးအများဆုံး ပုဂ္ဂိုလ်စာရင်းမှာလည်း သွင်းဂိုး 600 ပြည့်မှုနဲ့အတူ ခုနှစ်ဦးမြောက် စာရင်းဝင်သွားခဲ့ပါတယ်။
Sports Home Time
