[Zawgyi] မန္စီးတီး တိုက္စစ္သမား ရာဟင္းစတားလင္းက ပရီးမီးယားလိဂ္ နို၀င္ဘာ အေကာင္းဆံုးကစားသမား ဆု ကို ဆြတ္ခူးသြားပါတယ္။ အဂၤလန္သား စတားလင္းက စီးတီးရဲ႕ ပရီးမီးယားလိဂ္ နုိင္ပြဲ ၃ ပြဲ ျဖစ္တဲ့ ေဆာက္သမ္တန္၊ ယူနိုက္တက္၊ ၀က္စ္ဟမ္းတို႔နဲ႕ ေတြ႔တဲ့ ပြဲေတြမွာ ပါ၀င္ ေျခစြမ္းျပ ကစားခဲ့ပါတယ္။
အဆိုပါ ၃ ပြဲမွာ စတားလင္းက ၃ ဂိုးသြင္းျပီး အသင္းေဖာ္ေတြအတြက္ပါ ၃ ဂိုး ဖန္တီးေထာက္ပံ့မႈ ျပဳလုပ္ခဲ့ပါတယ္။ အသက္ ၂၄ နွစ္အရြယ္တိုက္စစ္သမားက ဒီရာသီမွာ ၁၃ ပြဲကစား ၈ ဂိုးသြင္းယူထားျပီး Assist ၇ ၾကိမ္ ျပဳလုပ္ထားပါတယ္။
စတားလင္းဟာ ဒီလဲထဲမွာတင္ ခ်ယ္ဆီးနဲ႕ပြဲမွာ ျပိဳင္ဘက္ပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခဲြျခားဆက္ဆံမႈမ်ား ခံခဲ့ရျပီး စစ္ေဆးမႈေတြ ျပဳလုပ္ေနတာပါ။ စတားလင္းနဲ႕ မန္စီးတီးအသင္းက ျပီးခဲ့တဲ့လကပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနုိင္ခဲ့တာ ျဖစ္ျပီး ၂၀၂၃ ထိ ရွိမယ့္ သက္တမ္းတိုး စာခ်ဳပ္ လက္မွတ္ ေရးထိုးထားပါတယ္။
စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက စတားလင္းရဲ႕ တိုးတက္မႈကို အားရ ေက်နပ္ေနျပီး ဒိထက္လည္း တိုးတက္နုိ္င္ေသးတယ္လို႔ ယံုၾကည္ေနပါတယ္။ ၂၀၁၅ လီဗာပူးအသင္းကေန ေရာက္ရွိလာစဥ္ကထက္ စာရင္ စတားလင္းက ရင့္က်က္မႈ အျပည့္နဲ႕ ေၾကာက္မက္ဖြယ္ တိုက္စစ္သမား ျဖစ္ေနပါျပီ။
“သူ ဒိထက္ ပိုေကာင္းနုိ္ုုင္ေသးတယ္.. ဒီ ၃ နွစ္အတြင္း သူတို႔တက္လာတာ ၾကိဳးစားခဲ့တာေတြ က်ေန္ာတို႔ ၀မ္းေျမာက္ပါတယ္.. ဒါေပမယ့္ ဒိထက္လည္း သူ တိုးတက္လာနုိင္ ေကာင္းနုိ္င္ေသးတယ္။ ဒိထက္ ပိုျပီး ေျခစြမ္းတည္းျငိမ္ဖို႔၊ ေဘာလံုးထိခ်က္ေတြ လက္ခံယူမႈေတြ စသျဖင့္ အမ်ားၾကီး တိုးတက္နုိင္စရာ ရွီပါေသးတယ္။ ဒါေပမယ့္ က်ေနာ္ အၾကိမ္ၾကိမ္ ေျပာခဲ့သလိုပဲ သူ တိုးတက္လာတာေတြကို အသိမွတ္ျပဳ ၀မ္းသာေနတာပါ” လု႔ိ ဂြာဒီယိုလာက ဒီလ အေစာပိုင္းမွာ မွတ္ခ်က္ျပဳထားပါတယ္။
Sports Home Time
[Unicode] မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းက ပရီးမီးယားလိဂ် နိုဝင်ဘာ အကောင်းဆုံးကစားသမား ဆု ကို ဆွတ်ခူးသွားပါတယ်။ အင်္ဂလန်သား စတားလင်းက စီးတီးရဲ့ ပရီးမီးယားလိဂ် နိုင်ပွဲ ၃ ပွဲ ဖြစ်တဲ့ ဆောက်သမ်တန်၊ ယူနိုက်တက်၊ ဝက်စ်ဟမ်းတို့နဲ့ တွေ့တဲ့ ပွဲတွေမှာ ပါဝင် ခြေစွမ်းပြ ကစားခဲ့ပါတယ်။

အဆိုပါ ၃ ပွဲမှာ စတားလင်းက ၃ ဂိုးသွင်းပြီး အသင်းဖော်တွေအတွက်ပါ ၃ ဂိုး ဖန်တီးထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်တိုက်စစ်သမားက ဒီရာသီမှာ ၁၃ ပွဲကစား ၈ ဂိုးသွင်းယူထားပြီး Assist ၇ ကြိမ် ပြုလုပ်ထားပါတယ်။
စတားလင်းဟာ ဒီလဲထဲမှာတင် ချယ်ဆီးနဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုများ ခံခဲ့ရပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။ စတားလင်းနဲ့ မန်စီးတီးအသင်းက ပြီးခဲ့တဲ့လကပဲ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၃ ထိ ရှိမယ့် သက်တမ်းတိုး စာချုပ် လက်မှတ် ရေးထိုးထားပါတယ်။
စီးတီးမန်နေဂျာ ဂွာဒီယိုလာက စတားလင်းရဲ့ တိုးတက်မှုကို အားရ ကျေနပ်နေပြီး ဒိထက်လည်း တိုးတက်နို်င်သေးတယ်လို့ ယုံကြည်နေပါတယ်။ ၂၀၁၅ လီဗာပူးအသင်းကနေ ရောက်ရှိလာစဉ်ကထက် စာရင် စတားလင်းက ရင့်ကျက်မှု အပြည့်နဲ့ ကြောက်မက်ဖွယ် တိုက်စစ်သမား ဖြစ်နေပါပြီ။
“သူ ဒိထက် ပိုကောင်းနို်ုုင်သေးတယ်.. ဒီ ၃ နှစ်အတွင်း သူတို့တက်လာတာ ကြိုးစားခဲ့တာတွေ ကျနေ်ာတို့ ဝမ်းမြောက်ပါတယ်.. ဒါပေမယ့် ဒိထက်လည်း သူ တိုးတက်လာနိုင် ကောင်းနို်င်သေးတယ်။ ဒိထက် ပိုပြီး ခြေစွမ်းတည်းငြိမ်ဖို့၊ ဘောလုံးထိချက်တွေ လက်ခံယူမှုတွေ စသဖြင့် အများကြီး တိုးတက်နိုင်စရာ ရှီပါသေးတယ်။ ဒါပေမယ့် ကျနော် အကြိမ်ကြိမ် ပြောခဲ့သလိုပဲ သူ တိုးတက်လာတာတွေကို အသိမှတ်ပြု ဝမ်းသာနေတာပါ” လို့ ဂွာဒီယိုလာက ဒီလ အစောပိုင်းမှာ မှတ်ချက်ပြုထားပါတယ်။
Sports Home Time
