ခ်န္ပီယံလိဂ္မွာ ယူႏိုက္တက္အသင္း ခ်ယ္ဆီးေျခရာနင္းႏိုင္ဖို႔ မာတာ ေမွ်ာ္လင့္

[Zawgyi] ယူႏိုက္တက္ရဲ႕ ခက္ခဲတဲ့ ေဘာလံုးရာသီကို ေျပာင္းလဲေစႏိုင္ေအာင္ 2012 ခုႏွစ္က ခ်ယ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ အႏိုင္မႈပံုစံကို အတုယူဖို႔ မာတာက ေမွ်ာ္လင့္ေနပါတယ္။ လြန္ခဲ့တဲ့ 6 ႏွစ္က ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ ခက္ခဲတဲ့ အေျခအေနေတြ ပိုင္ဆိုင္ေနခဲ့ေပမယ့္ မန္ေနဂ်ာဒီမက္တီယိုနဲ႔အတူ ခ်န္ပီယံလိဂ္ဆုဖလား အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ခရစ္စမတ္မေက်ာ္ခင္မွာပဲ ဒီရာသီ ယူႏိုက္တက္တို႔ရဲ႕ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ဆိုတဲ့ အိပ္မက္က လြင့္စင္ခဲ့ပါျပီ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ ေဝဝါးေနတဲ့ အေနအထားျဖစ္တယ္။ ဒါေပမယ့္လို႔ ဥေရာပျပိဳင္ပြဲမွာ အားထည့္ၾကိဳးစားျခင္းနဲ႔အတူ ဆက္လက္ရွင္သန္ေအာင္ လုပ္ခဲ့ျခင္းက ယူႏိုက္တက္အတြက္ အကူအညီၾကီး ျဖစ္ေစမယ့္ အေနအထားျဖစ္ပါတယ္။

2011-2012 ခုႏွစ္မွာ ခ်ယ္ဆီးအသင္းဟာ လူငယ္မန္ေနဂ်ာ ဘိုအာ့စ္ကို ရာသီဝက္မွာ ထုတ္ပယ္ခဲ့ျပီး ဒီမတ္တီယိုကို ေျပာင္းလဲခန္႔အပ္ခဲ့တယ္။ ဒီမတ္တီယိုက ခ်ယ္ဆီးအသင္းကို ခ်န္ပီယံလိဂ္မွာ အေကာင္းဆံုး ဦးေဆာင္ေပးခဲ့ျပီး ခ်န္ပီယံလိဂ္ ဆုဖလားၾကီးကို အႏိုင္ရေစခဲ့ပါတယ္။

မာတာက “ ေဘာလံုးမွာ ဘာျဖစ္လာမယ္ဆိုတာ မသိႏိုင္ပါဘူး။ ခ်ယ္ဆီးအသင္း ခ်န္ပီယံလိဂ္ကို အႏိုင္ရတုန္းက က်ေနာ္တုိ႔ ဘာစီလိုနာကို အႏိုင္ယူခဲ့တယ္။ ျမဴနစ္မွာလုပ္တဲ့ ဗိုလ္လုပြဲမွာ ဘိုင္ယန္ကို အႏိုင္ယူခဲ့တယ္။ အဲ့သည္တုန္းက ခ်န္ပီယံလိဂ္မွာ က်ေနာ္တို႔ အႏိုင္ရမယ္လို႔ လူေတြက မထင္ခဲ့ၾကပါဘူး။

အခုခ်ိန္မွာလည္း က်ေနာ္တို႔ အုပ္စုအဆင့္ကို ေက်ာ္လြန္ေနပါျပီ။ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲေတြကို ေရာက္ဖုိ႔က အဆင့္ေတြ အမ်ားၾကီး က်န္ေသးေပမယ့္ က်ေနာ္ရွိေနတဲ့ ကလပ္အသင္းက ေမွ်ာ္လင့္ခ်က္ေတြကို ဘယ္ေတာ့မွ ရပ္တန္႔ေလ့ရွိတဲ့ ကလပ္အသင္း မဟုတ္ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးျပီဆိုရင္ ဘာမဆို ျဖစ္လာႏိုင္ဖို႔ ေမွ်ာ္လင့္ထားႏုိင္ပါတယ္။

အခုခ်ိန္မွာ ဂရုမွာ အုပ္စုဗိုလ္ျဖစ္ဖို႔ ၾကိဳးစားႏိုင္ပါတယ္။ ဒီပြဲျပီးရင္ ျပိဳင္ဘက္ေတြကို ဂရုစိုက္လို႔ ရပါျပီ။ မႏွစ္တုန္းကလည္း ဒီလိုပဲ ယွဥ္ျပိဳင္ခဲ့တာပါ။ ေနာက္လာမယ့္ ျပိဳင္ဘက္ကို အာရံုစိုက္ျပီး တစ္လွမ္းခ်င္း သြားရပါမယ္။ ျဖစ္လာႏိုင္တဲ့ အေျခအေနကို စိတ္ကူးယဥ္ေနတာထက္ ေနာက္အဆင့္မွာ ဘယ္အသင္းေတြနဲ႔ ေတြ႔မယ္ဆိုတာကိုပဲ စဥ္းစားတာက ပိုေကာင္းပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အတြက္ကေတာ့ ဘာမဆို ျဖစ္လာႏိုင္ပါတယ္ ” လို႔ ဆိုပါတယ္။

ယူႏိုက္တက္ဟာ ဒီညမွာေတာ့ ဗလန္စီယာနဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရမွာပါ။ အုပ္စုကေန တက္ႏိုင္ခဲ့ျပီဆိုေပမယ့္ ဒီပြဲမွာ ရလဒ္ေကာင္းရယူျပီး အုပ္စုဗိုလ္ျဖစ္ႏိုင္ေခ်ကို လက္မလြတ္ဖို႔လည္း လိုအပ္ေနမွာ ျဖစ္ပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ရဲ့ ခက်ခဲတဲ့ ဘောလုံးရာသီကို ပြောင်းလဲစေနိုင်အောင် 2012 ခုနှစ်က ချယ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် အနိုင်မှုပုံစံကို အတုယူဖို့ မာတာက မျှော်လင့်နေပါတယ်။ လွန်ခဲ့တဲ့ 6 နှစ်က ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ခက်ခဲတဲ့ အခြေအနေတွေ ပိုင်ဆိုင်နေခဲ့ပေမယ့် မန်နေဂျာဒီမက်တီယိုနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ခရစ်စမတ်မကျော်ခင်မှာပဲ ဒီရာသီ ယူနိုက်တက်တို့ရဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ဆိုတဲ့ အိပ်မက်က လွင့်စင်ခဲ့ပါပြီ။ ဒါ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဝေဝါးနေတဲ့ အနေအထားဖြစ်တယ်။ ဒါပေမယ့်လို့ ဥရောပပြိုင်ပွဲမှာ အားထည့်ကြိုးစားခြင်းနဲ့အတူ ဆက်လက်ရှင်သန်အောင် လုပ်ခဲ့ခြင်းက ယူနိုက်တက်အတွက် အကူအညီကြီး ဖြစ်စေမယ့် အနေအထားဖြစ်ပါတယ်။

2011-2012 ခုနှစ်မှာ ချယ်ဆီးအသင်းဟာ လူငယ်မန်နေဂျာ ဘိုအာ့စ်ကို ရာသီဝက်မှာ ထုတ်ပယ်ခဲ့ပြီး ဒီမတ်တီယိုကို ပြောင်းလဲခန့်အပ်ခဲ့တယ်။ ဒီမတ်တီယိုက ချယ်ဆီးအသင်းကို ချန်ပီယံလိဂ်မှာ အကောင်းဆုံး ဦးဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားကြီးကို အနိုင်ရစေခဲ့ပါတယ်။

မာတာက “ ဘောလုံးမှာ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။ ချယ်ဆီးအသင်း ချန်ပီယံလိဂ်ကို အနိုင်ရတုန်းက ကျနော်တို့ ဘာစီလိုနာကို အနိုင်ယူခဲ့တယ်။ မြူနစ်မှာလုပ်တဲ့ ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို အနိုင်ယူခဲ့တယ်။ အဲ့သည်တုန်းက ချန်ပီယံလိဂ်မှာ ကျနော်တို့ အနိုင်ရမယ်လို့ လူတွေက မထင်ခဲ့ကြပါဘူး။

အခုချိန်မှာလည်း ကျနော်တို့ အုပ်စုအဆင့်ကို ကျော်လွန်နေပါပြီ။ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ရောက်ဖို့က အဆင့်တွေ အများကြီး ကျန်သေးပေမယ့် ကျနော်ရှိနေတဲ့ ကလပ်အသင်းက မျှော်လင့်ချက်တွေကို ဘယ်တော့မှ ရပ်တန့်လေ့ရှိတဲ့ ကလပ်အသင်း မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးပြီဆိုရင် ဘာမဆို ဖြစ်လာနိုင်ဖို့ မျှော်လင့်ထားနိုင်ပါတယ်။

အခုချိန်မှာ ဂရုမှာ အုပ်စုဗိုလ်ဖြစ်ဖို့ ကြိုးစားနိုင်ပါတယ်။ ဒီပွဲပြီးရင် ပြိုင်ဘက်တွေကို ဂရုစိုက်လို့ ရပါပြီ။ မနှစ်တုန်းကလည်း ဒီလိုပဲ ယှဉ်ပြိုင်ခဲ့တာပါ။ နောက်လာမယ့် ပြိုင်ဘက်ကို အာရုံစိုက်ပြီး တစ်လှမ်းချင်း သွားရပါမယ်။ ဖြစ်လာနိုင်တဲ့ အခြေအနေကို စိတ်ကူးယဉ်နေတာထက် နောက်အဆင့်မှာ ဘယ်အသင်းတွေနဲ့ တွေ့မယ်ဆိုတာကိုပဲ စဉ်းစားတာက ပိုကောင်းပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အတွက်ကတော့ ဘာမဆို ဖြစ်လာနိုင်ပါတယ် ” လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ ဒီညမှာတော့ ဗလန်စီယာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရမှာပါ။ အုပ်စုကနေ တက်နိုင်ခဲ့ပြီဆိုပေမယ့် ဒီပွဲမှာ ရလဒ်ကောင်းရယူပြီး အုပ်စုဗိုလ်ဖြစ်နိုင်ချေကို လက်မလွတ်ဖို့လည်း လိုအပ်နေမှာ ဖြစ်ပါတယ်။

Sports Home Time