ဘာစီလိုနာ မန္ေနဂ်ာ ဗယ္ဗာဒီက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ယွဥ္ျပိဳင္ကစားမယ့္ ႏ်ဴးကပ္ကြင္းမွာ ကက္တလန္ပရိသတ္ေတြရဲ႕ တိက်ျပတ္သားတဲ့ ရဲရဲေတာက္ အားေပးမႈကို လီဗာပူးအသင္းဘက္က ေမွ်ာ္လင့္ထားဖို႔ စကားပါးလိုက္ပါတယ္။
ယာဂင္ကေလာ့ပ္က ပြဲၾကိဳေတြ႔ဆံုမႈမွာ ဘာစီလိုနာဟာ အသင္းေကာင္းျဖစ္ျပီး ပရိသတ္ အားေပးမႈေကာင္းလည္း ရွိထားေပမယ့္ ႏ်ဴးကပ္ကြင္းဟာ ဝတ္ျပဳဆုေတာင္းရမယ့္ ဘုရားေက်ာင္း မဟုတ္ပါဘူးလို႔ မွတ္ခ်က္ေပးထားတာပါ။ ဗယ္ဗာဒီကေတာ့ ႏ်ဴးကပ္ကြင္းရဲ႕ ယံုၾကည္သက္ဝင္စြာ အားေပးမႈက လီဗာပူးကို ျခိမ္းေျခာက္ႏိုင္ဖုိ႔ ေမွ်ာ္လင့္ထားပါတယ္။
ဗယ္ဗာဒီက ေျပာရာမွာ ” ႏ်ဴးကပ္က 90,000 ေက်ာ္ေသာ ပရိသတ္ေတြက ျပီးခဲ့တဲ့ အပတ္ေတြမွာ တိက်ျပတ္သားစြာ အားေပးခဲ့တယ္။ အဲ့တာကို က်ေန္ာတုိ႔ ခံစားမိျပီး က်ေန္ာတုိ႔ရဲ႕ ျပိဳင္ဘက္ေတြလည္း ခံစားမိပါလိမ့္မယ္။ ဒီေတာ့ အသင္းပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ လီဗာပူးအား ခံစားရေစခ်င္တယ္။ ယာဂင္ကေလာ့ပ္ရဲ႕ စကားေတြက ဒရာမာဆန္လြန္းပါတယ္။ ဒါက ကြင္းထဲက ေဘာလံုးပြဲပါ။ ကစားသမား 22 ေယာက္ေလာက္ကလည္း အဆင္သင့္ ျဖစ္ေနပါျပီ ” လို႔ျဖစ္တယ္။
ဘာစီလိုနာဟာ ဗယ္ဗာဒီလက္ထက္ လာလီဂါဖလားကို ႏွစ္ၾကိမ္ဆက္ အႏိုင္ရခဲ့ပါျပီ။ လီဗာပူးကေတာ့ ျပည္တြင္းဖလားအတြက္ တိုက္ခုိက္ေနရဆဲ အေနအထားျဖစ္တယ္။ ဗယ္ဗာဒီက ဒီအေျခအေနဟာ လီဗာပူးအတြက္ အခက္အခဲတစ္ခုလို႔ ထင္ျမင္ျခင္းေတာ့ မရွိပါဘူး။
” ခ်န္ပီယံလိဂ္မွာ ကစားဖို႔ဆိုရင္ အျမင့္ဆံုး ျပိဳင္ဆုိင္ႏုိင္ဖုိ႔ လိုပါတယ္။ ဒီအဆင့္က ႏွစ္ေက်ာ့ ကစားရမွာပါ။ လာလီဂါဖလားကို အႏုိင္ရထားႏွင့္တာကို က်ေန္ာတို႔ ေပ်ာ္ရႊင္ပါတယ္။ လီဗာပူးကေတာ့ ကစားသမားေတြ အနားေပးလို႔ မရေတာ့ပါဘူး။ ဒါေပမယ့္ ဒါက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပါ။ ဒီအဆင့္ကို ယွဥ္ျပိဳင္ကစားလုိ႔ ပင္ပန္းတယ္ဆိုတာမ်ိုး မရွိပါဘူး။
ေဒါ့မြန္မွာ ကေလာ့ပ္က အေကာင္းဆံုး လုပ္ခဲ့တယ္။ ပရီးမီးယားလိဂ္မွာလည္း ေနာက္ဆံုးပြျေတြ ကစားရဖို႔ပဲ က်န္တယ္။ ဒါက သူတို႔ရဲ႕ ေတာင့္တင္းမႈေတြကို ျပသေနပါတယ္။ အရမ္းေကာင္းတဲ့ ပြဲေကာင္းႏွစ္ပြဲကို ကစားဖို႔ လိုပါတယ္။ ငါးမိနစ္ေလာက္ ကစားပံု မေကာင္းတာနဲ႔ လီဗာပူးက ကိုယ္ရဲ႕ဂိုးေပါက္ကို ျခိမ္းေျခာက္လာႏိုင္ပါတယ္ ” လို႔ ဗယ္ဗာဒီက ေျပာဆိုတယ္။
လီဗာပူးဟာ ဘာစီလိုနာရဲ႕ ျပိဳင္ဘက္ၾကီး ရီးရဲလ္မက္ဒရစ္ကို မႏွစ္က ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့သည္ပြဲကေန ခ်န္ပီယံလိဂ္အေတြ႔အၾကံဳ ပိုမိုၾကြယ္ဝလာျပီလို႔ ဘာစီလိုနာ မန္ေနဂ်ာက ေျပာဆိုခဲ့ပါတယ္။
Sports Home Time

[Unicode] ဘာစီလိုနာ မန်နေဂျာ ဗယ်ဗာဒီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားမယ့် နျူးကပ်ကွင်းမှာ ကက်တလန်ပရိသတ်တွေရဲ့ တိကျပြတ်သားတဲ့ ရဲရဲတောက် အားပေးမှုကို လီဗာပူးအသင်းဘက်က မျှော်လင့်ထားဖို့ စကားပါးလိုက်ပါတယ်။
ယာဂင်ကလော့ပ်က ပွဲကြိုတွေ့ဆုံမှုမှာ ဘာစီလိုနာဟာ အသင်းကောင်းဖြစ်ပြီး ပရိသတ် အားပေးမှုကောင်းလည်း ရှိထားပေမယ့် နျူးကပ်ကွင်းဟာ ဝတ်ပြုဆုတောင်းရမယ့် ဘုရားကျောင်း မဟုတ်ပါဘူးလို့ မှတ်ချက်ပေးထားတာပါ။ ဗယ်ဗာဒီကတော့ နျူးကပ်ကွင်းရဲ့ ယုံကြည်သက်ဝင်စွာ အားပေးမှုက လီဗာပူးကို ခြိမ်းခြောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဗယ်ဗာဒီက ပြောရာမှာ ” နျူးကပ်က 90,000 ကျော်သော ပရိသတ်တွေက ပြီးခဲ့တဲ့ အပတ်တွေမှာ တိကျပြတ်သားစွာ အားပေးခဲ့တယ်။ အဲ့တာကို ကျနေ်ာတို့ ခံစားမိပြီး ကျနေ်ာတို့ရဲ့ ပြိုင်ဘက်တွေလည်း ခံစားမိပါလိမ့်မယ်။ ဒီတော့ အသင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ လီဗာပူးအား ခံစားရစေချင်တယ်။ ယာဂင်ကလော့ပ်ရဲ့ စကားတွေက ဒရာမာဆန်လွန်းပါတယ်။ ဒါက ကွင်းထဲက ဘောလုံးပွဲပါ။ ကစားသမား 22 ယောက်လောက်ကလည်း အဆင်သင့် ဖြစ်နေပါပြီ ” လို့ဖြစ်တယ်။
ဘာစီလိုနာဟာ ဗယ်ဗာဒီလက်ထက် လာလီဂါဖလားကို နှစ်ကြိမ်ဆက် အနိုင်ရခဲ့ပါပြီ။ လီဗာပူးကတော့ ပြည်တွင်းဖလားအတွက် တိုက်ခိုက်နေရဆဲ အနေအထားဖြစ်တယ်။ ဗယ်ဗာဒီက ဒီအခြေအနေဟာ လီဗာပူးအတွက် အခက်အခဲတစ်ခုလို့ ထင်မြင်ခြင်းတော့ မရှိပါဘူး။
” ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုရင် အမြင့်ဆုံး ပြိုင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ဒီအဆင့်က နှစ်ကျော့ ကစားရမှာပါ။ လာလီဂါဖလားကို အနိုင်ရထားနှင့်တာကို ကျနေ်ာတို့ ပျော်ရွှင်ပါတယ်။ လီဗာပူးကတော့ ကစားသမားတွေ အနားပေးလို့ မရတော့ပါဘူး။ ဒါပေမယ့် ဒါက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပါ။ ဒီအဆင့်ကို ယှဉ်ပြိုင်ကစားလို့ ပင်ပန်းတယ်ဆိုတာမျိုး မရှိပါဘူး။
ဒေါ့မွန်မှာ ကလော့ပ်က အကောင်းဆုံး လုပ်ခဲ့တယ်။ ပရီးမီးယားလိဂ်မှာလည်း နောက်ဆုံးပွြတွေ ကစားရဖို့ပဲ ကျန်တယ်။ ဒါက သူတို့ရဲ့ တောင့်တင်းမှုတွေကို ပြသနေပါတယ်။ အရမ်းကောင်းတဲ့ ပွဲကောင်းနှစ်ပွဲကို ကစားဖို့ လိုပါတယ်။ ငါးမိနစ်လောက် ကစားပုံ မကောင်းတာနဲ့ လီဗာပူးက ကိုယ်ရဲ့ဂိုးပေါက်ကို ခြိမ်းခြောက်လာနိုင်ပါတယ် ” လို့ ဗယ်ဗာဒီက ပြောဆိုတယ်။
လီဗာပူးဟာ ဘာစီလိုနာရဲ့ ပြိုင်ဘက်ကြီး ရီးရဲလ်မက်ဒရစ်ကို မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့သည်ပွဲကနေ ချန်ပီယံလိဂ်အတွေ့အကြုံ ပိုမိုကြွယ်ဝလာပြီလို့ ဘာစီလိုနာ မန်နေဂျာက ပြောဆိုခဲ့ပါတယ်။
Sports Home Time
