[Zawgyi] ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာစီးတီး အသင္းဟာ မ်ားစြာေသာ ပရီးမီးယားလိဂ္ စံခ်ိန္ေတြကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး ဒီရာသီမွာေတာ့ ေတာင္ပံကစားသမား ရာဟင္းစတာလင္က ပရီးမီးယားလိဂ္ သမိုင္းမွတ္တမ္းမွာ သူ႔နာမည္ကို ေရးထိုးႏိုင္ဖို႔ အခြင့္အေရးရွိေနပါတယ္။
မန္ခ်က္စတာစီးတီး နည္းျပ ပက္ဂြာဒီယိုလာက သူ႔ကို ကမာၻ႔အေကာင္းဆုံး တစ္ေယာက္ျဖစ္လာေအာင္ ကူညီလမ္းျပေပးခဲ့တာေၾကာင့္ စတာလင္ရဲ႕ မန္စီးတီး ထံ အေျပာင္းအေ႐ႊ႕ ဟာ ပရိသတ္ေတြအတြက္ ေစာင့္ၾကည့္ခ်င္စရာျဖစ္ခဲ့တာပါ။ စတာလင္အတြက္ လီဗာပူးအသင္းကို စီးတီးတို႔ ေပါင္ 49 သန္း ေပးေခ်ခဲ့ရၿပီး ဒါဟာဆိုရင္ အဲ့ဒီ့အခ်ိန္တုန္းက ေဈးအႀကီးဆုံး အဂၤလိပ္ကစားသမား ျဖစ္ေစခဲ့ပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ဒီပမာဏက အေတာ္ေလး သက္သာတယ္လို႔ ေျပာလို႔ရႏိုင္ပါတယ္။
ေျပာင္းေ႐ႊ႕ေၾကး ျမင့္မားလို႔ သူ႔အေပၚ ေဝဖန္မႈေတြကို စတာလင္ဟာ မႏွစ္က ရာသီမွာ စီးတီးအသင္းအတြက္ 18 ဂိုး သြင္းယူၿပီး 11 ဂိုး ဖန္တီးေပးခဲ့ကာ ေျဖရွင္းႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာလဲ သူ႔ရဲ႕ပုံစံေကာင္းေတြကို ဆက္လက္ျပသႏိုင္ေနဆဲပါ။ ေျခစြမ္းထက္ျမက္တဲ့ ဒီေတာင္ပံကစားသမားဟာ ဆိုရင္ လက္ရွိမွာ 8 ဂိုးသြင္းယူထားၿပီး ပရီးမီးယားလိဂ္ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ စတုတၳ ေနရာမွာ ရပ္တည္ေနႏိုင္႐ုံသာမက ဂိုးဖန္တီးမႈ အမ်ားဆုံးစာရင္းမွာလဲ ထိပ္ဆုံးေနရာက ဘုန္းေမာက္ကစားသမား ႐ိုင္ယန္ ဖေရဆာရဲ႕ ေနာက္မွာ ေျခာက္ႀကိမ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။
ရာသီတစ္ခုမွာ သူမ်ားေတြထက္ သြင္းဂိုးေကာ၊ ဖန္တီးမႈပါ ပိုမ်ားေအာင္ျပီး ထိပ္ဆံုးေရာက္ေအာင္လုပ္ႏိုင္တဲ့ ကစားသမားဆိုလို႔ ပရီးမီးယားလိဂ္ သမိုင္းမွာ ႏွစ္ေယာက္သာရွိပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားေဟာင္း အန္ဒီကိုးလ္ဟာ 1993-1994 ရာသီမွာ နယူးကာဆယ္အသင္းအတြက္ လိဂ္ဂိုး 34 ဂိုးသြင္းယူၿပီး ဖန္တီးမႈ 13 ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ကာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ဂ်င္မီဖလိုက္ ဟက္ဆယ္ဘိုင့္ပါ။ သူဟာ 1998-1999 ရာသီမွာ ခ်ယ္ဆီးအသင္းအတြက္ 18 ဂိုးသြင္းယူၿပီး 13 ႀကိမ္ဖန္တီးေပးခဲ့တာပါ။
ဒီမွတ္တမ္းေတြဟာ ျမင့္မားလြန္းၿပီး ရယူဖို႔ ခက္ခဲတဲ့စံခ်ိန္ျဖစ္တာေၾကာင့္ စတာလင္ တစ္ေယာက္ ဒါကို လုပ္ႏိုင္ဖို႔ဆိုတာက အျငင္းပြားစရာျဖစ္ေနပါတယ္။ တရာသီအတြင္း သြင္းဂိုးေရာ ဖန္တီးမႈမွာပါ အမ်ားဆုံး ျဖစ္ခဲ့တဲ့ ပထမဆုံးကစားသမား အန္ဒီကိုးလ္ကေတာ့ “သူအမ်ားႀကီး တိုးတက္လာခဲ့ပါတယ္။ ဒီထက္ပိုၿပီး ဂိုးေတြအမ်ားႀကီး သူသြင္းႏိုင္တယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္။ အဝတ္လဲခန္းထဲမွာ သူ ဒါကို ေသခ်ာေပါက္ ေတြးထားၿပီးျဖစ္မွာပါ။ ဒါေပမယ့္ ရာသီအနည္းငယ္ ကုန္လြန္လာၿပီးတဲ့ေနာက္ သူ႔ကစားပုံက ထိပ္တန္းအဆင့္ျဖစ္ခဲ့ပါတယ္ ” လို႔ ေျပာပါတယ္။
စတာလင္ဟာ ပုံစံေကာင္းေတြကို အဂၤလန္အသင္းမွာလဲ ျပသထားႏိုင္ၿပီး သူ႔ရဲ႕အေကာင္းဆုံးအခ်ိန္ေတြ ေရာက္လာေတာ့မယ္လို႔ ကိုးလ္က ထင္ေၾကာင္း ေျပာပါတယ္။
“မန္စီးတီး အသင္းအတြက္ သူ႔ရဲ႕ကစားပုံေတြက မယုံႏိုင္စရာပါပဲ။ ဒါေၾကာင့္ ဒီပုံစံေကာင္းေတြကို အဂၤလန္အသင္းဆီ ယူေဆာင္သြားဖို႔ သူႀကိဳးစားတဲ့အခါ ခင္ဗ်ား သူနဲ႔အတူတူလုပ္ရင္ ဆိုးဝါးတဲ့ကစားသမား ျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ မင္း အဂၤလန္အသင္းအတြက္ ကစားၿပီးေတာ့ စေနေန႔ေတြမွာ မန္စီးတီးအတြက္ ကစားရတာမို႔ အရမ္းေကာင္းပါတယ္။ သူဟာ အဂၤလန္အသင္းအတြက္ ကစားသည္ျဖစ္ေစ မန္စီးတီးအတြက္ ကစားသည္ျဖစ္ေစ သူဘယ္လိုေတာ္တယ္ သူဘယ္ေလာက္ ေကာင္းေအာင္လုပ္ႏိုင္တယ္ဆိုတာ ပက္ဂြာဒီယိုလာ က ယုံၾကည္ၿပီးသားပါ။ ”
စတာလင္မွာ အသက္ 24 ႏွစ္သာ ရွိေသးတာမို႔ အေကာင္းဆုံးအခ်ိန္ေတြ ျဖစ္လာဦးမွာပါ။ အနာဂတ္ေကာင္းေတြကလည္း မန္ခ်က္စတာစီးတီး ၾကယ္ပြင့္ကစားသမားအတြက္ လမ္းေျဖာင့္ေနဆဲျဖစ္ပါတယ္။
Sports Home Time

[Unicode] ပြီးခဲ့တဲ့ရာသီက မန်ချက်စတာစီးတီး အသင်းဟာ များစွာသော ပရီးမီးယားလိဂ် စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့ပြီး ဒီရာသီမှာတော့ တောင်ပံကစားသမား ရာဟင်းစတာလင်က ပရီးမီးယားလိဂ် သမိုင်းမှတ်တမ်းမှာ သူ့နာမည်ကို ရေးထိုးနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပက်ဂွာဒီယိုလာက သူ့ကို ကမ္ဘာ့အကောင်းဆုံး တစ်ယောက်ဖြစ်လာအောင် ကူညီလမ်းပြပေးခဲ့တာကြောင့် စတာလင်ရဲ့ မန်စီးတီး ထံ အပြောင်းအရွှေ့ ဟာ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာဖြစ်ခဲ့တာပါ။ စတာလင်အတွက် လီဗာပူးအသင်းကို စီးတီးတို့ ပေါင် 49 သန်း ပေးချေခဲ့ရပြီး ဒါဟာဆိုရင် အဲ့ဒီ့အချိန်တုန်းက ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမား ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီပမာဏက အတော်လေး သက်သာတယ်လို့ ပြောလို့ရနိုင်ပါတယ်။
ပြောင်းရွှေ့ကြေး မြင့်မားလို့ သူ့အပေါ် ဝေဖန်မှုတွေကို စတာလင်ဟာ မနှစ်က ရာသီမှာ စီးတီးအသင်းအတွက် 18 ဂိုး သွင်းယူပြီး 11 ဂိုး ဖန်တီးပေးခဲ့ကာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလဲ သူ့ရဲ့ပုံစံကောင်းတွေကို ဆက်လက်ပြသနိုင်နေဆဲပါ။ ခြေစွမ်းထက်မြက်တဲ့ ဒီတောင်ပံကစားသမားဟာ ဆိုရင် လက်ရှိမှာ 8 ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ စတုတ္ထ နေရာမှာ ရပ်တည်နေနိုင်ရုံသာမက ဂိုးဖန်တီးမှု အများဆုံးစာရင်းမှာလဲ ထိပ်ဆုံးနေရာက ဘုန်းမောက်ကစားသမား ရိုင်ယန် ဖရေဆာရဲ့ နောက်မှာ ခြောက်ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ရာသီတစ်ခုမှာ သူများတွေထက် သွင်းဂိုးကော၊ ဖန်တီးမှုပါ ပိုများအောင်ပြီး ထိပ်ဆုံးရောက်အောင်လုပ်နိုင်တဲ့ ကစားသမားဆိုလို့ ပရီးမီးယားလိဂ် သမိုင်းမှာ နှစ်ယောက်သာရှိပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း အန်ဒီကိုးလ်ဟာ 1993-1994 ရာသီမှာ နယူးကာဆယ်အသင်းအတွက် လိဂ်ဂိုး 34 ဂိုးသွင်းယူပြီး ဖန်တီးမှု 13 ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကာ အများဆုံးဖြစ်ခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ဂျင်မီဖလိုက် ဟက်ဆယ်ဘိုင့်ပါ။ သူဟာ 1998-1999 ရာသီမှာ ချယ်ဆီးအသင်းအတွက် 18 ဂိုးသွင်းယူပြီး 13 ကြိမ်ဖန်တီးပေးခဲ့တာပါ။
ဒီမှတ်တမ်းတွေဟာ မြင့်မားလွန်းပြီး ရယူဖို့ ခက်ခဲတဲ့စံချိန်ဖြစ်တာကြောင့် စတာလင် တစ်ယောက် ဒါကို လုပ်နိုင်ဖို့ဆိုတာက အငြင်းပွားစရာဖြစ်နေပါတယ်။ တရာသီအတွင်း သွင်းဂိုးရော ဖန်တီးမှုမှာပါ အများဆုံး ဖြစ်ခဲ့တဲ့ ပထမဆုံးကစားသမား အန်ဒီကိုးလ်ကတော့ “သူအများကြီး တိုးတက်လာခဲ့ပါတယ်။ ဒီထက်ပိုပြီး ဂိုးတွေအများကြီး သူသွင်းနိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဝတ်လဲခန်းထဲမှာ သူ ဒါကို သေချာပေါက် တွေးထားပြီးဖြစ်မှာပါ။ ဒါပေမယ့် ရာသီအနည်းငယ် ကုန်လွန်လာပြီးတဲ့နောက် သူ့ကစားပုံက ထိပ်တန်းအဆင့်ဖြစ်ခဲ့ပါတယ် ” လို့ ပြောပါတယ်။
စတာလင်ဟာ ပုံစံကောင်းတွေကို အင်္ဂလန်အသင်းမှာလဲ ပြသထားနိုင်ပြီး သူ့ရဲ့အကောင်းဆုံးအချိန်တွေ ရောက်လာတော့မယ်လို့ ကိုးလ်က ထင်ကြောင်း ပြောပါတယ်။
“မန်စီးတီး အသင်းအတွက် သူ့ရဲ့ကစားပုံတွေက မယုံနိုင်စရာပါပဲ။ ဒါကြောင့် ဒီပုံစံကောင်းတွေကို အင်္ဂလန်အသင်းဆီ ယူဆောင်သွားဖို့ သူကြိုးစားတဲ့အခါ ခင်ဗျား သူနဲ့အတူတူလုပ်ရင် ဆိုးဝါးတဲ့ကစားသမား ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်း အင်္ဂလန်အသင်းအတွက် ကစားပြီးတော့ စနေနေ့တွေမှာ မန်စီးတီးအတွက် ကစားရတာမို့ အရမ်းကောင်းပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ကစားသည်ဖြစ်စေ မန်စီးတီးအတွက် ကစားသည်ဖြစ်စေ သူဘယ်လိုတော်တယ် သူဘယ်လောက် ကောင်းအောင်လုပ်နိုင်တယ်ဆိုတာ ပက်ဂွာဒီယိုလာ က ယုံကြည်ပြီးသားပါ။ ”
စတာလင်မှာ အသက် 24 နှစ်သာ ရှိသေးတာမို့ အကောင်းဆုံးအချိန်တွေ ဖြစ်လာဦးမှာပါ။ အနာဂတ်ကောင်းတွေကလည်း မန်ချက်စတာစီးတီး ကြယ်ပွင့်ကစားသမားအတွက် လမ်းဖြောင့်နေဆဲဖြစ်ပါတယ်။
Sports Home Time
