ႏ်ဴးကပ္ကြင္းေျမမွာ ကြင္းစမ္းေလ့လာေနျပီျဖစ္တဲ့ လီဗာပူးရဲ႕ ၂၃ ဦးပါ ခ်န္ပီယံလိဂ္လူစာရင္း

ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္အတြက္ ကက္တလန္ကို ေရာက္ေနတဲ့ အသင္းသား 23 ဦး စာရင္းကို လီဗာပူးအသင္းက တရားဝင္ ထုတ္ျပန္လိုက္ျပီျဖစ္ျပီး တိုက္စစ္မွဴး ဖာမင္ႏို ပါဝင္ခဲ့ပါျပီ။

ဟက္ဒါဖီးနဲ႔ပြဲမွာ ၾကြက္သားဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ခဲ့တဲ့ ဖာမင္ႏိုဟာ ခ်န္ပီယံလိဂ္ပြဲအတြက္ အဆင့္သင့္ ျဖစ္ေနပါတယ္။ အဆိုပါ လူစာရင္းမွာေတာ့ ဒဏ္ရာျပႆနာ ရွိထားတယ္လို႔ ၾကားထားရတဲ့ ဆာလက္၊ ဖာဘင္ညိဳတို႔ ျပန္ပါခဲ့တယ္။ ဒါ့အျပင္ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာတဲ့ ခ်ိန္ဘာလိန္၊ ဂိုးမက္စ္နဲ႔ လူငယ္တုိက္စစ္သမား ဘရူးစတားလည္း ပါဝင္ခဲ့ပါတယ္။

လီဗာပူးအသင္းရဲ႕ ၂၃ ဦးပါ ခ်န္ပီယံလိဂ္လူစာရင္း

Fabinho, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Alisson, Henderson, Sturridge, Moreno, Oxlade-Chamberlain, Mignolet, Shaqiri, Brewster, Robertson, Origi, Matip, Kelleher, Alexander-Arnold.

ဘာစီလိုနာအသင္းမွာ ကမၻာအေကာင္းဆံုး ကစားသမားဆု 5 ၾကိမ္အႏုိင္ရ မက္ဆီ ပါဝင္ေနျပီး သူ႔ကို ရပ္တန္႔ဖို႔ရာ လီဗာပူးအတြက္ စိန္ေခၚမႈလည္း ျဖစ္လာပါမယ္။ မက္ဆီဟာ အေကာင္းဆံုး ေျခစြမ္းျပသႏုိင္ရင္ သူဘာလုပ္ႏုိင္သလဲဆိုတာ ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္နဲ႔ ကြာတားအဆင့္ ဒုတိယအေက်ာ့မွာ ျပသထားခဲ့တာက လီဗာပူးအတြက္ သတိေပးမႈလည္း ျဖစ္ခဲ့ပါလိမ့္မယ္။

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ” အျခားေသာ ပြဲေတြနဲ႔ ျခားနားတဲ့ ျပင္ဆင္မႈေတြ လုပ္သင့္တယ္ က်ေန္ာေတာ့ မထင္ဘူး။ ပိုေကာင္းတဲ့ ကစားသမားတစ္ဦးကို ရင္ဆုိင္ကစားရမွာျဖစ္ျပီး သူက ကမၻာအေကာင္းဆံုး ကစားသမားဆိုတာက မွန္ပါတယ္။ ဗီဒီယိုဖိုင္ေတြကို ေလ့လာေပမယ့္ အဲ့တာက အကူအညီျဖစ္မလား က်ေန္ာ မသိပါဘူး။

ဒါေပမယ့္လို႔ သူက တကြင္းလံုးကို ကစားႏုိင္လို႔ က်ေန္ာတို႔အားလံုး ျပင္ဆင္သင့္တယ္။ မက္ဆီဟာ အတြင္းလူေနရာကေန ေဘာလံုးကို သယ္ထုတ္လာႏုိင္တယ္။ သူ႔ကို အေကာင္းဆံုး ေဘာလံုးမစတင္ႏုိင္ဖုိ႔ က်ေန္ာ ျပင္ဆင္ရပါမယ္။ မက္ဆီကို ကာကြယ္ဖို႔ လိုေပမယ့္ ျပႆနာက သူ႔တစ္ေယာက္ထဲ မဟုတ္ပါဘူး။ သူ႔ကို ထိန္းႏုိင္ရင္ ေကာ္တင္ညိဳ က်န္ပါေသးတယ္။ ဆြာရက္စ္ က်န္ပါေသးတယ္။

အဲ့သည္ ကစားသမားေတြက ဘယ္ေလာက္ေကာင္းေကာင္း လုပ္ႏုိင္တယ္ဆိုတာ အားလံုးသိထားျပီး ျပႆနာၾကီးေတြ ေပးႏုိင္တဲ့ ကစားသမားေတြလည္းျဖစ္တယ္။ ဒီေတာ့ ျပိဳင္ဘက္ကစားသမား တစ္ဦးတည္းကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ၾကိဳးစားလို႔ မရပါဘူး။ ျပိဳင္ဘက္တစ္သင္းလံုးကို ထိန္းခ်ဳပ္ႏုိင္ဖုိ႔ ၾကိဳးစားရမွာျဖစ္တယ္။ အဲ့တာက က်ေန္ာတုိ႔အတြက္ အခက္ခဲဆံုးပါပဲ ” လို႔ ေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အတွက် ကက်တလန်ကို ရောက်နေတဲ့ အသင်းသား 23 ဦး စာရင်းကို လီဗာပူးအသင်းက တရားဝင် ထုတ်ပြန်လိုက်ပြီဖြစ်ပြီး တိုက်စစ်မှူး ဖာမင်နို ပါဝင်ခဲ့ပါပြီ။

ဟက်ဒါဖီးနဲ့ပွဲမှာ ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဖာမင်နိုဟာ ချန်ပီယံလိဂ်ပွဲအတွက် အဆင့်သင့် ဖြစ်နေပါတယ်။ အဆိုပါ လူစာရင်းမှာတော့ ဒဏ်ရာပြဿနာ ရှိထားတယ်လို့ ကြားထားရတဲ့ ဆာလက်၊ ဖာဘင်ညိုတို့ ပြန်ပါခဲ့တယ်။ ဒါ့အပြင် ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ ချိန်ဘာလိန်၊ ဂိုးမက်စ်နဲ့ လူငယ်တိုက်စစ်သမား ဘရူးစတားလည်း ပါဝင်ခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ၂၃ ဦးပါ ချန်ပီယံလိဂ်လူစာရင်း

Fabinho, Van Dijk, Wijnaldum, Lovren, Milner, Keita, Firmino, Mane, Salah, Gomez, Alisson, Henderson, Sturridge, Moreno, Oxlade-Chamberlain, Mignolet, Shaqiri, Brewster, Robertson, Origi, Matip, Kelleher, Alexander-Arnold.

ဘာစီလိုနာအသင်းမှာ ကမ္ဘာအကောင်းဆုံး ကစားသမားဆု 5 ကြိမ်အနိုင်ရ မက်ဆီ ပါဝင်နေပြီး သူ့ကို ရပ်တန့်ဖို့ရာ လီဗာပူးအတွက် စိန်ခေါ်မှုလည်း ဖြစ်လာပါမယ်။ မက်ဆီဟာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ရင် သူဘာလုပ်နိုင်သလဲဆိုတာ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ ကွာတားအဆင့် ဒုတိယအကျော့မှာ ပြသထားခဲ့တာက လီဗာပူးအတွက် သတိပေးမှုလည်း ဖြစ်ခဲ့ပါလိမ့်မယ်။

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ” အခြားသော ပွဲတွေနဲ့ ခြားနားတဲ့ ပြင်ဆင်မှုတွေ လုပ်သင့်တယ် ကျနေ်ာတော့ မထင်ဘူး။ ပိုကောင်းတဲ့ ကစားသမားတစ်ဦးကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး သူက ကမ္ဘာအကောင်းဆုံး ကစားသမားဆိုတာက မှန်ပါတယ်။ ဗီဒီယိုဖိုင်တွေကို လေ့လာပေမယ့် အဲ့တာက အကူအညီဖြစ်မလား ကျနေ်ာ မသိပါဘူး။

ဒါပေမယ့်လို့ သူက တကွင်းလုံးကို ကစားနိုင်လို့ ကျနေ်ာတို့အားလုံး ပြင်ဆင်သင့်တယ်။ မက်ဆီဟာ အတွင်းလူနေရာကနေ ဘောလုံးကို သယ်ထုတ်လာနိုင်တယ်။ သူ့ကို အကောင်းဆုံး ဘောလုံးမစတင်နိုင်ဖို့ ကျနေ်ာ ပြင်ဆင်ရပါမယ်။ မက်ဆီကို ကာကွယ်ဖို့ လိုပေမယ့် ပြဿနာက သူ့တစ်ယောက်ထဲ မဟုတ်ပါဘူး။ သူ့ကို ထိန်းနိုင်ရင် ကော်တင်ညို ကျန်ပါသေးတယ်။ ဆွာရက်စ် ကျန်ပါသေးတယ်။

အဲ့သည် ကစားသမားတွေက ဘယ်လောက်ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ အားလုံးသိထားပြီး ပြဿနာကြီးတွေ ပေးနိုင်တဲ့ ကစားသမားတွေလည်းဖြစ်တယ်။ ဒီတော့ ပြိုင်ဘက်ကစားသမား တစ်ဦးတည်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားလို့ မရပါဘူး။ ပြိုင်ဘက်တစ်သင်းလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ အဲ့တာက ကျနေ်ာတို့အတွက် အခက်ခဲဆုံးပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time