အမ္မရီရဲ႕ ကစားသမားေရြးခ်ယ္မႈနဲ႕ နည္းစနစ္ေတြကို နားမလည္နိုင္ျဖစ္ေနၾကတဲ့ ဂန္းနားမ်ား

[Zawgyi] အာဆင္နယ္နည္းျပ အူနုိင္း အမ္မရီဟာ သူ႔ရဲ႕ ပြဲဦးထြက္ ရာသီမွာတင္ ကစားသမား ေရြးခ်ယ္မႈနဲ႕ နည္းစနစ္ေတြကို သံသယေ၀ဖန္မႈမ်ားနဲ႕ ေစာင့္ၾကည့္ခံေနရျပီး က်ရွံဳးမသြားေအာင္ က်ားကန္ ကာကြယ္ေနရပါတယ္။ ဒါ့အျပင္ ကလပ္အသင္းရဲ႕ ေႏြရာသီ ကစားသမား၀ယ္ယူဖို႔ အစီအစဥ္ေတြကလည္း လြဲေခ်ာ္သြားနုိ္င္တဲ့ အေနအထားေတြ ရွိေနလို႕ အမ္မရီ စိတ္ပူေနရပါတယ္။

အာဆင္နယ္အသင္း လက္ရွိလူစာရင္းထဲက ကစားသမား တခ်ိဳ႕က အမ္မရီရဲ႕ ပြဲထြက္ကစားသမား ေရြးခ်ယ္မႈနဲ႕ ပြဲအစီအမံေတြကို ရွဳပ္ေထြးေနၾကျပီး ဒီတေလာမွာ သံုးပြဲ ဆက္ ရွံဳးလိုက္တာကလည္း သံသယစကားသံေတြ ပို က်ယ္ေလာင္ လာေစခဲ့တာပါ။ အိမ္ကြင္းမွာ ပဲေလ့စ္ကို ရွံဳးတဲ့ပြဲ ကြင္းလယ္မွာ ဂြမ္ဒူဇီ၊ ၄င္းနဲ႕ တြဲဖက္ျပီ အယ္နီနီ၊ ညာျခမ္းခံစစ္မွာ ဂ်က္ကင္ဆန္ စတဲ့ ေရြးခ်ယ္မႈေတြက ကုိးယို႔ကားယား နုိင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ယူရိုပါလဂ္မွာ နာပိုလီကို နုိင္္ျပီး အရွိန္ေကာင္းေတြ ရခဲ့ေပမယ့္ ပဲေလ့စ္ကို ရွံဳးလိုက္တဲ့ ပြဲေၾကာင့္ ေျခပ်က္သြားကာ ေနာက္ဆံုး ရွံဳးပြဲ သံုးပြဲလံုးမွာ ၃ ဂိုးစီ ေပးထားရတဲ့ထိ အေျခအေနဆိုးေနပါတယ္။ အမွားေတြ ရွိေနေပမယ့္ မူစတာဖီကို ခံစစ္မွာ ျပန္လည္ ထည့္သြင္း ထားခဲ့ျပီး ၀ုဗ္နဲ႕ လက္စတာတို႔ကို အေ၀းကြင္း နွစ္ပြဲဆက္ ရွံဳးလိုက္ပါေသးတယ္။

ဆီဗီလာ မွာ အမ္မရီရဲ႕ လက္ထက္ တစ္ရာသီလံုး အေ၀းကြင္းနုိင္ပြဲ လံုး၀ မရွိတာ ၾကံဳခဲ့ပါတယ္။ အခုလည္း အမ္းမရိတ္ရဲ႕ အေ၀းမွာ သြားကစားရရင္ အမ္မရီရဲ႕ စိုးရိမ္ၾကီးမႈ မတည္ျငိမ္တဲ့ ပြဲအစီအမံေတြက အသင္းအတြက္ စိတ္ပ်က္စရာေတြ ျဖစ္ေနပါတယ္။

အသင္းရလဒ္ မတည္ျငိမ္မႈေတြ ရွိေနတဲ့အျပင္ အာဆင္နယ္ရဲ႕ ေႏြရာသီ အစီအမံေတြကလည္း ေရရာမႈ မရွိေသးပါဘူး။ ေဖေဖာ္၀ါရီတည္းက ကစားသမားေခၚယူမႈ အၾကီးအကဲ မစ္လင္တက္ အသင္းက နႈတ္ထြက္သြားေသာ္လည္း အာဆင္နယ္အသင္းဘက္က အခုထိ အစားထိုး ခန္႔အပ္ထားနိုင္ျခင္း မရွိေသးပါဘူး။ အမ္မရီ အေနနဲ႕ ကြင္းအတြင္းနဲ႕ အ၀တ္လဲခန္းက စိန္ေခၚမႈေတြ အျပင္ ေနာက္ေဘာလံုးရာသီအတြက္ အသင္းရဲ႕ အစီအစဥ္ေတြကို စိတ္ပ်က္ေနရမႈေတြလည္း ရွိေနပါတယ္။

Sports Home Time

[Unicode] အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာတင် ကစားသမား ရွေးချယ်မှုနဲ့ နည်းစနစ်ေbizarreတွကို သံသယဝေဖန်မှုများနဲ့ စောင့်ကြည့်ခံနေရပြီး ကျရှုံးမသွားအောင် ကျားကန် ကာကွယ်နေရပါတယ်။ ဒါ့အပြင် ကလပ်အသင်းရဲ့ နွေရာသီ ကစားသမားဝယ်ယူဖို့ အစီအစဉ်တွေကလည်း လွဲချော်သွားနိုင်တဲ့ အနေအထားတွေ ရှိနေလို့ အမ်မရီ စိတ်ပူနေရပါတယ်။

အာဆင်နယ်အသင်း လက်ရှိလူစာရင်းထဲက ကစားသမား တချို့က အမ်မရီရဲ့ ပွဲထွက်ကစားသမား ရွေးချယ်မှုနဲ့ ပွဲအစီအမံတွေကို ရှုပ်ထွေးနေကြပြီး ဒီတလောမှာ သုံးပွဲ ဆက် ရှုံးလိုက်တာကလည်း သံသယစကားသံတွေ ပို ကျယ်လောင် လာစေခဲ့တာပါ။ အိမ်ကွင်းမှာ ပဲလေ့စ်ကို ရှုံးတဲ့ပွဲ ကွင်းလယ်မှာ ဂွမ်ဒူဇီ၊ ၎င်းနဲ့ တွဲဖက်ပြီ အယ်နီနီ၊ ညာခြမ်းခံစစ်မှာ ဂျက်ကင်ဆန် စတဲ့ ရွေးချယ်မှုတွေက ကိုးယို့ကားယား နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလဂ်မှာ နာပိုလီကို နိုင်ပြီး အရှိန်ကောင်းတွေ ရခဲ့ပေမယ့် ပဲလေ့စ်ကို ရှုံးလိုက်တဲ့ ပွဲကြောင့် ခြေပျက်သွားကာ နောက်ဆုံး ရှုံးပွဲ သုံးပွဲလုံးမှာ ၃ ဂိုးစီ ပေးထားရတဲ့ထိ အခြေအနေဆိုးနေပါတယ်။ အမှားတွေ ရှိနေပေမယ့် မူစတာဖီကို ခံစစ်မှာ ပြန်လည် ထည့်သွင်း ထားခဲ့ပြီး ဝုဗ်နဲ့ လက်စတာတို့ကို အဝေးကွင်း နှစ်ပွဲဆက် ရှုံးလိုက်ပါသေးတယ်။

ဆီဗီလာ မှာ အမ်မရီရဲ့ လက်ထက် တစ်ရာသီလုံး အဝေးကွင်းနိုင်ပွဲ လုံး၀ မရှိတာ ကြုံခဲ့ပါတယ်။ အခုလည်း အမ်းမရိတ်ရဲ့ အဝေးမှာ သွားကစားရရင် အမ်မရီရဲ့ စိုးရိမ်ကြီးမှု မတည်ငြိမ်တဲ့ ပွဲအစီအမံတွေက အသင်းအတွက် စိတ်ပျက်စရာတွေ ဖြစ်နေပါတယ်။ အသင်းရလဒ် မတည်ငြိမ်မှုတွေ ရှိနေတဲ့အပြင် အာဆင်နယ်ရဲ့ နွေရာသီ အစီအမံတွေကလည်း ရေရာမှု မရှိသေးပါဘူး။ ဖေဖော်ဝါရီတည်းက ကစားသမားခေါ်ယူမှု အကြီးအကဲ မစ်လင်တက် အသင်းက နှုတ်ထွက်သွားသော်လည်း အာဆင်နယ်အသင်းဘက်က အခုထိ အစားထိုး ခန့်အပ်ထားနိုင်ခြင်း မရှိသေးပါဘူး။ အမ်မရီ အနေနဲ့ ကွင်းအတွင်းနဲ့ အဝတ်လဲခန်းက စိန်ခေါ်မှုတွေ အပြင် နောက်ဘောလုံးရာသီအတွက် အသင်းရဲ့ အစီအစဉ်တွေကို စိတ်ပျက်နေရမှုတွေလည်း ရှိနေပါတယ်။

Sports Home Time