ဘယ္သူမွ မေက်ာ္ျဖတ္နုိင္ေသးတဲ့ ဗန္ဒိုက္ကို ရင္ဆိုင္ဖို႔ စိတ္အားထက္သန္ေနတဲ့ ဆန္္ခ်ိဳ

[Zawgyi] ေဒါ့မြန္ၾကယ္ပြင့္ ဆန္္ခ်ိဳက ပီအက္ဖ္ေအ ကစားသမားဆုရ လီဗာပူးနဲ႕ ေဟာ္လန္ ခံစစ္မွဴး ဗန္ဒိုက္ကို ေနးရွင္းလိဂ္ ျပိဳင္ပြဲမွာ ထိပ္တိုက္ ေတြ႔ဆံုဖို႔ စိတ္အား ထက္သန္ေနျပီး သူ႔အရည္အခ်င္းမ်ားကုိ မွတ္ေက်ာက္ အတင္ခံလိုေနပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားမ်ား အစည္းအရံုး ပီအက္ဖ္ေအ က ေရြးခ်ယ္တဲ့ ဆန္ခါတင္ စာရင္းထဲမွ အသင္းေဖာ္ မာေနး အပါအ၀င္ မန္စီးတီး စတားမ်ား ျဖစ္တဲ့ ဘာနာဒိုေဆးလ္ဗား၊ စတားလင္းနဲ႕ ခ်ယ္ဆီးမွ ဟာဇက္တို႔ကို ေက်ာ္ျဖတ္ျပီး တစ္နွစ္တာ အေကာင္းဆံုးကစားသမား ဆု ရရွိခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ္မွာ ဂိုးအနည္းဆံုးေပးထားရတဲ့ လီဗာပူး ခံစစ္ေၾကာင္းမွာ ဗန္ဒိုက္က အေရးပါတဲ့ ေဒါက္တိုင္ အျဖစ္ ပါ၀င္ေနျပီး ေဘာလံုးရာသီ ျပီးဆံုးဖို႔ ၂ ပြဲ က်န္ခ်ိန္မွာလည္း မန္စီးတီးေနာက္ တစ္မွတ္သာ အကြာနဲ႕ လီဗာပူးက ထပ္ခ်ပ္မကြာ လိုက္လံ ဖိအား ေပးေနပါတယ္။ ဗန္ဒိုက္ဟာ ဒီရာသီမွာ ဘယ္ကစားသမားကိုမွ သူ႔ကို ေဘာလံုးလိမ္ေခါက္ ေက်ာ္ျဖတ္ခြင့္ ျပဳမထားပါဘူး။ အတိအက် ဆိုရရင္ ျပီးခဲ့တဲ့ ရာသီ မတ္လတည္းက စလို႔ ပရီးမီးယားလိဂ္မွာ ဒီမွတ္တမ္းေကာင္း ရယူထားတာပါ။

ေဒါ့မြန္မွ အဂၤလန္ လူငယ္တိုက္စစ္သမား ဆန္ခ်ိဳက ပရီးမီးယားလိဂ္ပြဲေတြကို မျပတ္ ေစာင့္ၾကည့္ေနသူ ျဖစ္ျပီး ဗန္ဒိုက္ရဲ႕ ထူးျခားတဲ့ မွတ္တမ္းေတြကို သတိျပဳမိေနကာ လာမယ့္ဇြန္လ ေနရွင္းလိဂ္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဗန္ဒိုက္ရဲ႕ နုိင္ငံအသင္း ေဟာ္လန္နဲ႕ ရင္ဆိုင္ရမွာ အတြက္ စိတ္လငပ္ရွားေနပါတယ္။

” ေနရွင္းလိဂ္က လာေတာ့မယ္။ က်ေနာ္ ပရီးမီးယားလိဂ္ ပြဲေတြ ေတာ္ေတာ္မ်ားမ်ား ၾကည့္ျဖစ္တယ္.. ဗန္ဒိုက္ကို သတိထားခဲ့မိတယ္။ သူက လံုး၀ ခံစစ္မွဴးေကာင္းပါ။ ကြင္းထဲမွာ သူ ဘာလုပ္နုိင္တယ္ဆိုတာ ေကာင္းေကာင္း ျပသထားျပီးျပီ။ ဒါေၾကာင့္လည္း သူက ကမၻာ့အေကာင္းဆံုး ခံစစ္မွဴးေတြထဲက တစ္ေယာက္ ျဖစ္ေနတာပါ။ ”

“ဒီနွစ္ ပရီးမီးယားလိဂ္ကေတာ့ စတားလင္း ဒါမွမဟုတ္ ဗန္ဒိုက္ လက္ထဲ ေရာက္မွာပါ.. သူတို႔နွစ္ေယာက္လံုးက ဒီရာသီမွာ အလန္းစားပါပဲ။ အခ်က္အလက္ေတြနဲ႕ သူတို႔ အသင္းေတြ ထိပ္ေရာက္ေနတာက အရည္အခ်င္းကို သက္ေသျပေနတာပါ။ ” လို႔ ဆန္ခ်ိဳက ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုက ပီအက်ဖ်အေ ကစားသမားဆုရ ဗန်ဒိုက်ကို နေးရှင်းလိဂ် ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံဖို့ စိတ်အားထက်သန်နေပြီး သူ့အရည်အချင်းများကို မှတ်ကျောက် အတင်ခံလိုနေပါတယ်။ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အစည်းအရုံး ပီအက်ဖ်အေ က ရွေးချယ်တဲ့ ဆန်ခါတင် စာရင်းထဲမှ အသင်းဖော် မာနေး အပါအဝင် မန်စီးတီး စတားများ ဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗား၊ စတားလင်းနဲ့ ချယ်ဆီးမှ ဟာဇက်တို့ကို ကျော်ဖြတ်ပြီး တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု ရရှိခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးအနည်းဆုံးပေးထားရတဲ့ လီဗာပူး ခံစစ်ကြောင်းမှာ ဗန်ဒိုက်က အရေးပါတဲ့ ဒေါက်တိုင် အဖြစ် ပါဝင်နေပြီး ဘောလုံးရာသီ ပြီးဆုံးဖို့ ၂ ပွဲ ကျန်ချိန်မှာလည်း မန်စီးတီးနောက် တစ်မှတ်သာ အကွာနဲ့ လီဗာပူးက ထပ်ချပ်မကွာ လိုက်လံ ဖိအား ပေးနေပါတယ်။ ဗန်ဒိုက်ဟာ ဒီရာသီမှာ ဘယ်ကစားသမားကိုမှ သူ့ကို ဘောလုံးလိမ်ခေါက် ကျော်ဖြတ်ခွင့် ပြုမထားပါဘူး။ အတိအကျ ဆိုရရင် ပြီးခဲ့တဲ့ ရာသီ မတ်လတည်းက စလို့ ပရီးမီးယားလိဂ်မှာ ဒီမှတ်တမ်းကောင်း ရယူထားတာပါ။ ဒေါ့မွန်မှ အင်္ဂလန် လူငယ်တိုက်စစ်သမား ဆန်ချိုက ပရီးမီးယားလိဂ်ပွဲတွေကို မပြတ် စောင့်ကြည့်နေသူ ဖြစ်ပြီး ဗန်ဒိုက်ရဲ့ ထူးခြားတဲ့ မှတ်တမ်းတွေကို သတိပြုမိနေကာ လာမယ့်ဇွန်လ နေရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဗန်ဒိုက်ရဲ့ နိုင်ငံအသင်း ဟော်လန်နဲ့ ရင်ဆိုင်ရမှာ အတွက် စိတ်လငပ်ရှားနေပါတယ်။

” နေရှင်းလိဂ်က လာတော့မယ်။ ကျနော် ပရီးမီးယားလိဂ် ပွဲတွေ တော်တော်များများ ကြည့်ဖြစ်တယ်.. ဗန်ဒိုက်ကို သတိထားခဲ့မိတယ်။ သူက လုံး၀ ခံစစ်မှူးကောင်းပါ။ ကွင်းထဲမှာ သူ ဘာလုပ်နိုင်တယ်ဆိုတာ ကောင်းကောင်း ပြသထားပြီးပြီ။ ဒါကြောင့်လည်း သူက ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ယောက် ဖြစ်နေတာပါ။ ဒီနှစ် ပရီးမီးယားလိဂ်ကတော့ စတားလင်း ဒါမှမဟုတ် ဗန်ဒိုက် လက်ထဲ ရောက်မှာပါ.. သူတို့နှစ်ယောက်လုံးက ဒီရာသီမှာ အလန်းစားပါပဲ။ အချက်အလက်တွေနဲ့ သူတို့ အသင်းတွေ ထိပ်ရောက်နေတာက အရည်အချင်းကို သက်သေပြနေတာပါ။ ” လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။

Sports Home Time