နာပိုလီက ယူရိုပါလိဂ္ ခ်န္ပီယံျဖစ္မယ့္အသင္းလို႔ ကူလီဘိုင္ေလ ဆို

[Zawgyi] အန္းဖီးလ္မွာ လီဗာပူးသားေတြကို အရွံဳးေပးခဲ့ရျပီးေနာက္ ခ်န္ပီယံလိဂ္ အုပ္စုမွ ထြက္ခြာခဲ့ရျပီ ျဖစ္ကာ နာပိုလီအသင္းဟာ ယူရိုပါလိဂ္မွာ ဆက္လက္ ယွဥ္ျပိဳင္ရေတာ့မွာပါ။ ယူနိုက္တက္က ပစ္မွတ္ထားေနတဲ့ နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလက နာပိုလီအသင္းက ယူရိုပါလိဂ္ ဗိုလ္စြဲဖို႔ ေရးပန္းစားမယ့္ အသင္းျဖစ္ျပီး ခ်န္ပီယံျဖစ္ဖို႔ ပစ္မွတ္ထားမယ္လုိ႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

စီးရီးစ္ေအကလပ္ နာပိုလီဟာ အုပ္စု C မွာ တတိယေနရာနဲ႕ အုပ္စုတက္ဖို႔ လြဲေခ်ာ္ခဲ့ရတာပါ။ ဒါေပမယ့္ နာပိုလီဟာ အမ်ား အံ့အားသင့္ ေလာက္ေအာင္ အုပ္စုၾကပ္ကေန ေက်ာ္ျဖတ္ျပနိုင္ဖို႔ အလြန္ နီးစပ္ခဲ့တယ္လို႔ ကူလီဘိုင္ေလက ဆိုပါတယ္။

“လူတိုင္း အံ့အားသင့္သြားေအာင္ လုပ္ျပဖို႔ က်ေနာ္တုိ႔ အလြန္ နီးစပ္ခဲ့ေပမယ့္ လုပ္မျပနိုင္ခဲ့တာ စိတ္မေကာင္းပါဘူး။ ဒါေပမယ့္ က်ေန္ာတို႔က အသင္းေကာင္း တစ္သင္း ျဖစ္ျပီး ဒီရာသီမွာ သိပ္ေကာင္းတဲ့ အခ်ိန္ေတြ ရွိဦးမယ္ဆိုတာ သိေနတယ္။” လို႔ ၄င္းက ဆိုပါတယ္။

ခ်န္ပီယံလိဂ္က ထြက္ခြာခဲ့ရေပမယ့္ နာပိုလီဟာ ယူရိုပါမွာ ဗိုလ္စြဲနုိင္လိမ့္မယ္လုိ႔ ၄င္းက ေမွ်ာ္လင့္ထားပါတယ္။ ယူရိုပါလိဂ္ဟာ ဥေရာပ ဒုတိယတန္းစား ကလပ္အသင္းေတြ ယွဥ္ျပိဳင္ရတာ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္ အင္အားၾကီး လန္ဒန္ကလပ္ေတြ ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔လည္း ရွိနွင့္ေနပါတယ္။

“ယူရိုပါလိဂ္မွာ အစြမ္းကုန္ ၾကိဳးစားျပီး ျမင့္နုိင္သမွ် ျမင့္ျမင့္ အဆံုးသတ္နုိင္ဖို႔ ၾကိဳးစားမယ္.. က်ေနာ္တို႔က အဲဒီမွာ ေရပန္းစားဦးမွာပါ။ ခ်န္ပီယံအျဖစ္ ဗိုလ္စြဲတဲ့အထိပါေပါ့။ အဲဒါကလည္း ခက္ခဲတဲ့ ျပိဳင္ပြဲ ျဖစ္ဦးမွာပါ.. အသင္းေကာင္းေတြ အမ်ားၾကီး ယူရိုပါမွာလည္း ရွိေနတယ္။ က်ေနာ္တို႔ စဥ္းစားခ်ိန္ ရွိပါေသးတယ္.. ဒီည စဥ္းစားရမယ္.. ၾကိဳးစားျပီး ဗိုလ္စြဲဖို႔ လုပ္မယ္။” လို႔ ကူလီဘိုင္ေလက ေျပာၾကားခဲ့ပါတယ္။

Sports Home Time

[Unicode] အန်းဖီးလ်မှာ လီဗာပူးသားတွေကို အရှုံးပေးခဲ့ရပြီးနောက် ချန်ပီယံလိဂ် အုပ်စုမှ ထွက်ခွာခဲ့ရပြီ ဖြစ်ကာ နာပိုလီအသင်းဟာ ယူရိုပါလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်ရတော့မှာပါ။ ယူနိုက်တက်က ပစ်မှတ်ထားနေတဲ့ နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေက နာပိုလီအသင်းက ယူရိုပါလိဂ် ဗိုလ်စွဲဖို့ ရေးပန်းစားမယ့် အသင်းဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စီးရီးစ်အေကလပ် နာပိုလီဟာ အုပ်စု C မှာ တတိယနေရာနဲ့ အုပ်စုတက်ဖို့ လွဲချော်ခဲ့ရတာပါ။ ဒါပေမယ့် နာပိုလီဟာ အများ အံ့အားသင့် လောက်အောင် အုပ်စုကြပ်ကနေ ကျော်ဖြတ်ပြနိုင်ဖို့ အလွန် နီးစပ်ခဲ့တယ်လို့ ကူလီဘိုင်လေက ဆိုပါတယ်။

“လူတိုင်း အံ့အားသင့်သွားအောင် လုပ်ပြဖို့ ကျနော်တို့ အလွန် နီးစပ်ခဲ့ပေမယ့် လုပ်မပြနိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျနေ်ာတို့က အသင်းကောင်း တစ်သင်း ဖြစ်ပြီး ဒီရာသီမှာ သိပ်ကောင်းတဲ့ အချိန်တွေ ရှိဦးမယ်ဆိုတာ သိနေတယ်။” လို့ ၄င်းက ဆိုပါတယ်။

ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပေမယ့် နာပိုလီဟာ ယူရိုပါမှာ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ၄င်းက မျှော်လင့်ထားပါတယ်။ ယူရိုပါလိဂ်ဟာ ဥရောပ ဒုတိယတန်းစား ကလပ်အသင်းတွေ ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် အင်အားကြီး လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့လည်း ရှိနှင့်နေပါတယ်။

“ယူရိုပါလိဂ်မှာ အစွမ်းကုန် ကြိုးစားပြီး မြင့်နိုင်သမျှ မြင့်မြင့် အဆုံးသတ်နိုင်ဖို့ ကြိုးစားမယ်.. ကျနော်တို့က အဲဒီမှာ ရေပန်းစားဦးမှာပါ။ ချန်ပီယံအဖြစ် ဗိုလ်စွဲတဲ့အထိပါပေါ့။ အဲဒါကလည်း ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်ဦးမှာပါ.. အသင်းကောင်းတွေ အများကြီး ယူရိုပါမှာလည်း ရှိနေတယ်။ ကျနော်တို့ စဉ်းစားချိန် ရှိပါသေးတယ်.. ဒီည စဉ်းစားရမယ်.. ကြိုးစားပြီး ဗိုလ်စွဲဖို့ လုပ်မယ်။” လို့ ကူလီဘိုင်လေက ပြောကြားခဲ့ပါတယ်။

Sports Home Time