ေအဂ်က္ကို ဧည့္ခံယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲၾကိဳ စပါးအတြက္ သတင္းေကာင္း

စပါးအသင္းဟာ ဒီအပတ္မွာေတာ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ ပထမအေက်ာ့အျဖစ္ ေအဂ်က္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရပါမယ္။ ဒဏ္ရာရ ကစားသမားေတြ မ်ားျပားေနတဲ့ စပါးအတြက္ကေတာ့ ေအဂ်က္ပြဲၾကိဳ သတင္းေကာင္း ထြက္ေပၚလာပါျပီ။

အဲ့သည္ သတင္းကေတာ့ စပါးရဲ႕ ကြင္းလယ္ကစားသမား ဆစ္ဆိုခိုဟာ တနလၤာေန႔ ေလ့က်င့္ေရးမွာ ျပန္လည္ပါဝင္လာခဲ့ျပီး ေအဂ်က္နဲ႔ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲမွာ ပြဲထြက္ကစားဖို႔ အဆင္သင့္ျဖစ္ေနျပီ ျဖစ္ပါတယ္။ ဆစ္ဆိုခိုဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္က မန္စီးတီးနဲ႔ပြဲမွာ ဒဏ္ရာေၾကာင့္ အနားယူေနရသူလည္း ျဖစ္ပါတယ္။

ခံစစ္သမား ဗာတြန္ဂမ္ဟာ ဝက္ဟမ္းကို အိမ္ကြင္းမွာ 1-0 နဲ႔ အေရးနိမ့္တဲ့ ဝက္ဟမ္းနဲ႔ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ တနလၤာေန႔ ေလ့က်င့္ေရးမွာ ဆစ္ဆိုခိုနဲ႔အတူ ပါဝင္လာခဲ့တာကို ေတြ႔ခဲ့ရတယ္။ တိုက္စစ္မွဴး ဟယ္ရီကိန္းက ဆီမီးဖိုင္နယ္အဆင့္မွာ ပါဝင္ကစားႏုိင္ဖုိ႔ မရွိေပမယ့္ စပါးအသင္း ဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခဲ့မယ္ဆိုရင္ ဇြန္လ 1 ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ဗိုလ္လုပြဲမွာ ပါဝင္လာႏုိင္မွာျဖစ္တယ္။

စပါးဘက္က ဆစ္ဆိုခိုနဲ႔ ဗာတြမ္ဂန္တို႔ ေအဂ်က္နဲ႔ ယွဥ္ျပိဳင္ရမယ့္ အိမ္ကြင္းပြဲအတြက္ စစ္ေဆးမႈေတြ ခံယူရမယ္ဆိုတာကို ေၾကညာခဲ့တယ္။ ကြင္းလယ္လူ ဝင့္၊ လာမယ္လာ၊ ဆာဂ်္ေအာ္ရီရာ တို႔က ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္မွာျဖစ္ျပီး တုိက္စစ္မွဴး ဆြန္ေယာင္မင္ကေတာ့ ပြဲပယ္ေၾကာင့္ လြဲေခ်ာ္မွာျဖစ္ပါတယ္။

ဆြန္က ေျပာရာမွာ ” ဆီမီးဖိုင္နယ္ကို လြဲရတာကို အေကာင္းျမင္ေနေပမယ့္ စိတ္ပ်က္ျပီး ဝမ္းနည္းမိပါတယ္။ က်ေန္ာက အေကာင္းျမင္တတ္တဲ့ သူပါ။ အသင္းေဖာ္ေတြကို ယံုၾကည္မႈရွိပါတယ္။ အသင္းေဖာ္ေတြ၊ ကြင္းသစ္ၾကီးကို ယံုပါတယ္။ ဒီေတာ့ ကြင္းထဲမွာ ဝင္ကစားရမွာထက္ ပြဲၾကည့္စင္ကေန ၾကည့္ရမွာကို ပိုျပီး တုန္လႈပ္ေနပါတယ္။

က်ေန္ာကေတာ့ ပြဲတိုင္းမွာ ပါဝင္ကစားခ်င္ျပီး ေဘာလံုးကစားရတာကို ေပ်ာ္ေနတတ္သူပါ။ ဆီမီးဖိုင္နယ္ကို ပါဝင္ကစားခ်င္တယ္။ ဒါက ကလပ္အသင္းအတြက္ေကာ၊ က်ေနာ္အတြက္ပါ ပထမဆံုးပါပဲ။ ေပ်ာ္ခဲ့သလိုပဲ ဝမ္းနည္းျပီး စိတ္မေကာင္းျဖစ္ရေပမယ့္ အျခားေသာ အသင္းေဖာ္ေတြနဲ႔အတူ မယံုႏုိင္ေလာက္တဲ့ ကြင္းကေန အသင္းကစားတာကို ေစာင့္ၾကည့္ေနပါမယ္။ က်ေန္ာတို႔ ေပ်ာ္ရႊင္ရမယ္လို႔ေတာ့ ယူဆရပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

မန္ေနဂ်ာ ပိုခ်က္​တီႏိုက ” ကိန္းက အရမ္​းတက္​ႂကြ​ေနပါတယ္​။ ​ေဖာ္​ျပဖို႔ခက္​ခဲ​ေပမယ္​့ သူတို႔​ေတြက အရမ္​း​ေပ်ာ္​​ေနၾကတယ္​။ ဘာ​ေၾကာင္​့လဲဆို​ေတာ့ သူတို႔ဟာ ဆီမီးဖိုင္​နယ္​ ဒါမွမဟုတ္​ ဖိုင္​နယ္​မွာ ကစားဖို႔ ျဖစ္​ႏိုင္​တယ္​​ေလ။ အခုခ်ိန္​မွာ ဒါက ႀကိဳးႀကိဳးစားစားလုပ္​ၿပီး ျမန္​ျမန္​ျပန္​​ေကာင္​းလာ​ေအာင္​ အာရံုစိုက္​ထားဖို႔ သူတို႔အတြက္​ ႀကီးမားတဲ့ လွံု႔​ေဆာ္​မႈျဖစ္​ပါတယ္​။ ဒီလိုပြဲ​ေတြမွာ မကစားရပဲ အိမ္​မွာၾကည္​့ရတာဟာ ကစားသမား​ေတြအတြက္​ အျမဲ ခက္​ခဲပါတယ္​။ အ​ေတြ႔အၾကံဳက တူမွမတူတာ ” လို႔ ​ေျပာဆိုခဲ့ပါတယ္​။

Sports Home Time

[Unicode] စပါးအသင်းဟာ ဒီအပတ်မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ပထမအကျော့အဖြစ် အေဂျက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရပါမယ်။ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့ စပါးအတွက်ကတော့ အေဂျက်ပွဲကြို သတင်းကောင်း ထွက်ပေါ်လာပါပြီ။

အဲ့သည် သတင်းကတော့ စပါးရဲ့ ကွင်းလယ်ကစားသမား ဆစ်ဆိုခိုဟာ တနင်္လာနေ့ လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာခဲ့ပြီး အေဂျက်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။ ဆစ်ဆိုခိုဟာ လွန်ခဲ့တဲ့ နှစ်ပတ်က မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာကြောင့် အနားယူနေရသူလည်း ဖြစ်ပါတယ်။

ခံစစ်သမား ဗာတွန်ဂမ်ဟာ ဝက်ဟမ်းကို အိမ်ကွင်းမှာ 1-0 နဲ့ အရေးနိမ့်တဲ့ ဝက်ဟမ်းနဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် တနင်္လာနေ့ လေ့ကျင့်ရေးမှာ ဆစ်ဆိုခိုနဲ့အတူ ပါဝင်လာခဲ့တာကို တွေ့ခဲ့ရတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းက ဆီမီးဖိုင်နယ်အဆင့်မှာ ပါဝင်ကစားနိုင်ဖို့ မရှိပေမယ့် စပါးအသင်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ဇွန်လ 1 ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲမှာ ပါဝင်လာနိုင်မှာဖြစ်တယ်။

စပါးဘက်က ဆစ်ဆိုခိုနဲ့ ဗာတွမ်ဂန်တို့ အေဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲအတွက် စစ်ဆေးမှုတွေ ခံယူရမယ်ဆိုတာကို ကြေညာခဲ့တယ်။ ကွင်းလယ်လူ ဝင့်၊ လာမယ်လာ၊ ဆာဂျ်အော်ရီရာ တို့က ဒဏ်ရာတွေကြောင့် လွဲချော်မှာဖြစ်ပြီး တိုက်စစ်မှူး ဆွန်ယောင်မင်ကတော့ ပွဲပယ်ကြောင့် လွဲချော်မှာဖြစ်ပါတယ်။

ဆွန်က ပြောရာမှာ ” ဆီမီးဖိုင်နယ်ကို လွဲရတာကို အကောင်းမြင်နေပေမယ့် စိတ်ပျက်ပြီး ဝမ်းနည်းမိပါတယ်။ ကျနေ်ာက အကောင်းမြင်တတ်တဲ့ သူပါ။ အသင်းဖော်တွေကို ယုံကြည်မှုရှိပါတယ်။ အသင်းဖော်တွေ၊ ကွင်းသစ်ကြီးကို ယုံပါတယ်။ ဒီတော့ ကွင်းထဲမှာ ဝင်ကစားရမှာထက် ပွဲကြည့်စင်ကနေ ကြည့်ရမှာကို ပိုပြီး တုန်လှုပ်နေပါတယ်။

ကျနေ်ာကတော့ ပွဲတိုင်းမှာ ပါဝင်ကစားချင်ပြီး ဘောလုံးကစားရတာကို ပျော်နေတတ်သူပါ။ ဆီမီးဖိုင်နယ်ကို ပါဝင်ကစားချင်တယ်။ ဒါက ကလပ်အသင်းအတွက်ကော၊ ကျနော်အတွက်ပါ ပထမဆုံးပါပဲ။ ပျော်ခဲ့သလိုပဲ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရပေမယ့် အခြားသော အသင်းဖော်တွေနဲ့အတူ မယုံနိုင်လောက်တဲ့ ကွင်းကနေ အသင်းကစားတာကို စောင့်ကြည့်နေပါမယ်။ ကျနေ်ာတို့ ပျော်ရွှင်ရမယ်လို့တော့ ယူဆရပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

မန်နေဂျာ ပိုချက်တီနိုက ” ကိန်းက အရမ်းတက်ကြွနေပါတယ်။ ဖော်ပြဖို့ခက်ခဲပေမယ့် သူတို့တွေက အရမ်းပျော်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ဖိုင်နယ်မှာ ကစားဖို့ ဖြစ်နိုင်တယ်လေ။ အခုချိန်မှာ ဒါက ကြိုးကြိုးစားစားလုပ်ပြီး မြန်မြန်ပြန်ကောင်းလာအောင် အာရုံစိုက်ထားဖို့ သူတို့အတွက် ကြီးမားတဲ့ လှုံ့ဆော်မှုဖြစ်ပါတယ်။ ဒီလိုပွဲတွေမှာ မကစားရပဲ အိမ်မှာကြည့်ရတာဟာ ကစားသမားတွေအတွက် အမြဲ ခက်ခဲပါတယ်။ အတွေ့အကြုံက တူမှမတူတာ ” လို့ ပြောဆိုခဲ့ပါတယ်။

Sports Home Time