ခ်ယ္ဆီးကို ရွံဳးလို႔ ကစားသမားေတြကို အျပစ္မတင္ေၾကာင္း ဂြာဒီယိုလာေျပာ

[Zawgyi] စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ခ်ယ္ဆီးကို ရွံဳးခဲ့တာဟာ ေဘာလံုးေလာကမွာ အရွံဳးအနိုင္ သာမန္ ျဖစ္ရိုးျဖစ္စဥ္ ကိစၥတစ္ခုအျဖစ္ ေတြးၾကဖို႔ ကစားသမားေတြကို ရွင္းျပထားေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ဒ့ါအျပင္ မန္စီးတီးကို သံသယရွိလာသူ အားလံုးကိုလဲ ဒီတစ္ပြဲဟာ ၁၈ လ လံုးမွာမွ တစ္ၾကိမ္သာ အျပစ္ ျဖစ္သြားတဲ့ပြဲျဖစ္ေၾကာင္း သတိေပးစကား ဆိုလိုက္ပါတယ္။

“(ခ်ယ္ဆီးနဲ႕ပြဲျပီးေနာက္) တစ္ရက္ ေလ့က်င္ျပီး တစ္ရက္ ကစားသမားေတြကို အနားေပးခဲ့တယ္.. ခါတိုင္းထက္ေတာ့ နည္းနည္း ၀မ္းနည္းရတာေပါ့ .. ဒါေပမယ့္ ရွံဳးတယ္ဆိုတာ သာမန္ ျဖစ္စဥ္တစ္ခုပါပဲ.. တစ္ပြဲမွ မရွံဳးေအာက္ ပြဲေတြကို ကစားတယ္ဆိုတာကမွ သာမန္ထက္ ထူးတဲ့ ျဖစ္ရပ္ပါ.. က်ေနာ္တို႔ ၁၅ လ ၁၆ လ ေလာက္ အဲဒီလို ထူးထူးျခားျခား လုပ္ျပထားခဲ့တယ္။”

“ျပီးသြားတဲ့ပြဲ ရွံဳးသြားပံုကို က်ေနာ္ အျငင္းပြားစရာ မရွိဘူး.. က်ေနာ့္ ကစားသမားေတြကိုလည္း မေကာင္းတာ ေျပာစရာ မရွိဘူး.. ဘယ္ေတာ့မွလည္း အျပစ္တင္တာမ်ိဳး ဒီမွာ (သတင္းစာရွင္းလင္းပြဲမွာ) လုပ္မွာ မဟုတ္ဘူး.. ေျပာစရာရွိရင္ က်ေနာ္တို႔ အေနာက္ဘက္ ကစားသမားေတြ အ၀တ္လဲခန္းထဲမွာ ေျပာမယ္။” လို႔ ေဟာ့ဖန္ဟိန္းနဲ႕ ပြဲၾကိဳမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာ ယေန႔ည ေဟာ္ဖန္ဟိန္းနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ သေရ တစ္မွတ္ ရရံုနဲ႕ အုပ္စု ပထမေနရာကေန ေနာက္တစ္ဆင့္ကို တက္ေရာက္မွာပါ။ စတန္းဖို႔ ဘရစ္ခ်္က နာက်င္မႈကို တသသ ျဖစ္ေနမွာ မဟုတ္ဘဲ အေကာင္းဆံုး ရင္ဆုိင္သြားမယ္လို႔ ပက္က ဆိုပါတယ္။

“အားကစားနည္းတိုင္း နာမည္ၾကီး အသင္းေတြ နာမည္ၾကီး အားကစားသမားေတြ ရွံဳးဖူးတာပဲ.. ဒါမ်ိဳးေတြက ရာစုနွစ္ခ်ီ ျမင္ဖူးေနတယ္။ ရွံဳးသြားရင္ လက္ခံျပီး ေရွ႕ဆက္သြားရမယ္။ ဒါက အနာဂတ္မွာ သင္ခန္းစာအျဖစ္ အသံုး၀င္ခ်င္ ၀င္မယ္ ၀င္ခ်င္မွလည္း ၀င္မယ္။ က်ေနာ္ကေတာ့ ပေရာ္ဖက္ရွင္နယ္ က်က်ပဲ ရင္ဆုိင္ခ်င္တယ္။ နုိင္ရင္ ေပ်ာ္မယ္.. ရွံဳးရင္ ဟာ ေနာက္ထပ္ ထပ္ၾကိဳးစားမယ္.. က်ေနာ့္ ကစားသမားေတြလည္း ျပန္ေကာင္းလာေနျပီ။ လူ ၁၅ ေယာက္ေလာက္နဲ႕ ေရရွည္ကစားသြားဖို႔ မျဖစ္နုိင္ဘူး.. ဒါေပမယ့္ ဒါေတြက အခု ျပႆနာ မဟုတ္ေတာ့ဘူး။” လို႔ ဂြာဒီယိုလာက ေရွ႕ဆက္ရမယ့္ပဲြေတြ အတြက္ အသင့္ ရွိေနျပီ ျဖစ္ေၾကာင္း အသိေပးလိုက္ပါတယ္။

Sports Home Time

[Unicode] စီးတီးမန်နေဂျာ ဂွာဒီယိုလာက ချယ်ဆီးကို ရှုံးခဲ့တာဟာ ဘောလုံးလောကမှာ အရှုံးအနိုင် သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုအဖြစ် တွေးကြဖို့ ကစားသမားတွေကို ရှင်းပြထားကြောင်း ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် မန်စီးတီးကို သံသယရှိလာသူ အားလုံးကိုလဲ ဒီတစ်ပွဲဟာ ၁၈ လ လုံးမှာမှ တစ်ကြိမ်သာ အပြစ် ဖြစ်သွားတဲ့ပွဲဖြစ်ကြောင်း သတိပေးစကား ဆိုလိုက်ပါတယ်။

“(ချယ်ဆီးနဲ့ပွဲပြီးနောက်) တစ်ရက် လေ့ကျင်ပြီး တစ်ရက် ကစားသမားတွေကို အနားပေးခဲ့တယ်.. ခါတိုင်းထက်တော့ နည်းနည်း ဝမ်းနည်းရတာပေါ့ .. ဒါပေမယ့် ရှုံးတယ်ဆိုတာ သာမန် ဖြစ်စဉ်တစ်ခုပါပဲ.. တစ်ပွဲမှ မရှုံးအောက် ပွဲတွေကို ကစားတယ်ဆိုတာကမှ သာမန်ထက် ထူးတဲ့ ဖြစ်ရပ်ပါ.. ကျနော်တို့ ၁၅ လ ၁၆ လ လောက် အဲဒီလို ထူးထူးခြားခြား လုပ်ပြထားခဲ့တယ်။”

“ပြီးသွားတဲ့ပွဲ ရှုံးသွားပုံကို ကျနော် အငြင်းပွားစရာ မရှိဘူး.. ကျနော့် ကစားသမားတွေကိုလည်း မကောင်းတာ ပြောစရာ မရှိဘူး.. ဘယ်တော့မှလည်း အပြစ်တင်တာမျိုး ဒီမှာ (သတင်းစာရှင်းလင်းပွဲမှာ) လုပ်မှာ မဟုတ်ဘူး.. ပြောစရာရှိရင် ကျနော်တို့ အနောက်ဘက် ကစားသမားတွေ အဝတ်လဲခန်းထဲမှာ ပြောမယ်။” လို့ ဟော့ဖန်ဟိန်းနဲ့ ပွဲကြိုမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ယနေ့ည ဟော်ဖန်ဟိန်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သရေ တစ်မှတ် ရရုံနဲ့ အုပ်စု ပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်မှာပါ။ စတန်းဖို့ ဘရစ်ချ်က နာကျင်မှုကို တသသ ဖြစ်နေမှာ မဟုတ်ဘဲ အကောင်းဆုံး ရင်ဆိုင်သွားမယ်လို့ ပက်က ဆိုပါတယ်။

“အားကစားနည်းတိုင်း နာမည်ကြီး အသင်းတွေ နာမည်ကြီး အားကစားသမားတွေ ရှုံးဖူးတာပဲ.. ဒါမျိုးတွေက ရာစုနှစ်ချီ မြင်ဖူးနေတယ်။ ရှုံးသွားရင် လက်ခံပြီး ရှေ့ဆက်သွားရမယ်။ ဒါက အနာဂတ်မှာ သင်ခန်းစာအဖြစ် အသုံးဝင်ချင် ဝင်မယ် ဝင်ချင်မှလည်း ဝင်မယ်။ ကျနော်ကတော့ ပရော်ဖက်ရှင်နယ် ကျကျပဲ ရင်ဆိုင်ချင်တယ်။ နိုင်ရင် ပျော်မယ်.. ရှုံးရင် ဟာ နောက်ထပ် ထပ်ကြိုးစားမယ်.. ကျနော့် ကစားသမားတွေလည်း ပြန်ကောင်းလာနေပြီ။ လူ ၁၅ ယောက်လောက်နဲ့ ရေရှည်ကစားသွားဖို့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် ဒါတွေက အခု ပြဿနာ မဟုတ်တော့ဘူး။” လို့ ဂွာဒီယိုလာက ရှေ့ဆက်ရမယ့်ပွဲတွေ အတွက် အသင့် ရှိနေပြီ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

Sports Home Time