မျဖစ္နုိင္တာကို ျဖစ္ေအာင္ လုပ္ျပနုိင္ခဲ့ျပီလို႔ ပိုခ်က္တီနို ေၾကြးေၾကာ္

[Zawgyi] ဘာစီလိုနာအိမ္ကြင္း နူးကမ့္မွာ လူးကပ္ေမာ္ရာရဲ႕ ေျခပဂိုးေၾကာင့္ သေရတစ္မွတ္ရလိုက္တဲ့ ေတာ္တင္ဟမ္က ရံွဴးထြက္အဆင့္ကို တက္ေရာက္သြားပါျပီ။ အင္တာမီလန္ကလည္း တူညီတဲ့ ရလဒ္အျဖစ္ 1-1 သေရက်ခဲ့လို႔ ထိပ္တိုက္ေတြ႔ဆံုမႈအရ ေတာ္တင္ဟမ္က ေနာက္တစ္ဆင့္ကို တက္ေရာက္သြားတာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုက တက္ဖို႕ မျဖစ္နုိင္သေလာက္ အေနအထားကေန ရွံဳးထြက္အဆင့္ ေရာက္သြားျပီးေနာက္ စပါး မန္ေနဂ်ာ ပိုခ်က္တီနိုက သူ႔အသင္းဟာ မျဖစ္နုိင္သေလာက္ နီးပါးျဖစ္တဲ့ အရာတစ္ခု ျဖစ္ေအာင္ လုပ္နိုင္ခဲ့ျပီ လို႔ ေၾကြးၾကာ္လိုက္ပါတယ္။

“PSV နဲ႕ပြဲျပီးတုန္းက အေျခအေနကို က်ေနာ္ မွတ္မိေသးတယ္.. ဘယ္သူကမွ က်ေနာ္တို႕ဘက္မွာ မရွိဘူး မယံုခဲ့ၾကဘူး။ ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ တက္ဖို႔ဆိုတာ စပါးအသင္းအတြက္ Mission Impossible ပါပဲ။ ဒါေပမယ့္ က်ေ်နာ္တို႔ လုပ္နုိင္ခဲ့တယ္.. ေနာက္တစ္ဆင့္ကို အခု ေရာက္သြားျပီ။ ဒါက ကလပ္အသင္းအတြက္ ၾကီးမားတဲ့ ရလဒ္တစ္္ခုပဲ။”

“ပရိသတ္ေတြအတြက္ က်ေနာ္တို႔ သိပ္ေပ်ာ္ေနတယ္။ အသင္းအတြက္ ဒါက ၾကီးမားတဲ့ ခြန္အားတစ္ခုလည္း ျဖစ္ခဲ့ျပီ။ ေနာက္တစ္ဆင့္မွာ က်ေနာ္တို႔ အသင္းကြင္းသစ္ၾကီးွမွာ ကစားရေတာ့မယ္ ဆိုတာကလည္း လံွဳ႕ေဆာင္မႈ ၾကီးၾကီး တစ္ရပ္ျဖစ္တယ္။” လို႔ ပိုခ်က္တီနိုက ဆိုခဲ့ပါတယ္။

စပါးအသင္းဟာ သူတို႔ကြင္းသစ္ၾကီးကို သူတို႔ ေၾကျငာခဲ့သလို လန္ဒန္မွာ ခ်န္ပီယံလိဂ္ ၾကည့္ဖို႔ တစ္ခုတည္းေသာ ကြင္းဆိုတဲ့ ဂုဏ္ပုဒ္နဲ႕ ပတ္သတ္ျပီး ပရိသတ္ေတြက ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံေနၾကပါျပီ။

Sports Home Time

[Unicode] ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ လူးကပ်မော်ရာရဲ့ ခြေပဂိုးကြောင့် သရေတစ်မှတ်ရလိုက်တဲ့ တော်တင်ဟမ်က ရှူံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ အင်တာမီလန်ကလည်း တူညီတဲ့ ရလဒ်အဖြစ် 1-1 သရေကျခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုအရ တော်တင်ဟမ်က နောက်တစ်ဆင့်ကို တက်ရောက်သွားတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုက တက်ဖို့ မဖြစ်နိုင်သလောက် အနေအထားကနေ ရှုံးထွက်အဆင့် ရောက်သွားပြီးနောက် စပါး မန်နေဂျာ ပိုချက်တီနိုက သူ့အသင်းဟာ မဖြစ်နိုင်သလောက် နီးပါးဖြစ်တဲ့ အရာတစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ လို့ ကြွေးကြာ်လိုက်ပါတယ်။

“PSV နဲ့ပွဲပြီးတုန်းက အခြေအနေကို ကျနော် မှတ်မိသေးတယ်.. ဘယ်သူကမှ ကျနော်တို့ဘက်မှာ မရှိဘူး မယုံခဲ့ကြဘူး။ ချန်ပီယံလိဂ် နောက်တစ်ဆင့် တက်ဖို့ဆိုတာ စပါးအသင်းအတွက် Mission Impossible ပါပဲ။ ဒါပေမယ့် ကျေျနာ်တို့ လုပ်နိုင်ခဲ့တယ်.. နောက်တစ်ဆင့်ကို အခု ရောက်သွားပြီ။ ဒါက ကလပ်အသင်းအတွက် ကြီးမားတဲ့ ရလဒ်တစ််ခုပဲ။”

“ပရိသတ်တွေအတွက် ကျနော်တို့ သိပ်ပျော်နေတယ်။ အသင်းအတွက် ဒါက ကြီးမားတဲ့ ခွန်အားတစ်ခုလည်း ဖြစ်ခဲ့ပြီ။ နောက်တစ်ဆင့်မှာ ကျနော်တို့ အသင်းကွင်းသစ်ကြီးှမှာ ကစားရတော့မယ် ဆိုတာကလည်း လှုံ့ဆောင်မှု ကြီးကြီး တစ်ရပ်ဖြစ်တယ်။” လို့ ပိုချက်တီနိုက ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ သူတို့ကွင်းသစ်ကြီးကို သူတို့ ကြေငြာခဲ့သလို လန်ဒန်မှာ ချန်ပီယံလိဂ် ကြည့်ဖို့ တစ်ခုတည်းသော ကွင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပတ်သတ်ပြီး ပရိသတ်တွေက ပျော်ရွှင်စွာ အောင်ပွဲခံနေကြပါပြီ။

Sports Home Time