မန္ယူနိုက္​တက္​ ခ်န္​ပီယံလိဂ္​လူစာရင္​းမွာ ပါ၀င္လာတဲ့ ဆယ္ေက်ာ္သက္ လူငယ္​ကစားသမား ၂ဦး

[Zawgyi] ယူနိုက္တက္မွ ဆယ္ေက်ာ္သက္ လူငယ္ကစားသမား နွစ္ေယာက္ ျဖစ္တဲ့ ​ေမဆန္​ဂရင္​းဝုဒ္​ နဲ႔ ဂ်ိမ္​းစ္​ဂါနာတို႔ဟာ ယ​ေန႔ညမွာ ကစားမယ္​့ ဗလန္​စီယာအသင္​းနဲ႔ ခ်န္​ပီယံလိဂ္​ အုပ္​စု H ​ေနာက္​ဆုံးပြဲစဥ္​မွာ ပါဝင္​ၾကမွာျဖစ္​ပါတယ္​။ နွစ္ေယာက္လံုးက ၁၇ နွစ္အရြယ္ ကြင္းလယ္ကစားသမားေလးေတြ ျဖစ္ပါတယ္။

​ေမဆန္ဂရင္​းဝုဒ္​ ဟာ လြန္​ခဲ့တဲ့ ႏွစ္​လကမွ ပ​ေရာ္​ဖက္​ရွင္​နယ္​ စာခ်ဳပ္​ခ်ဳပ္​ဆိုခဲ့တာျဖစ္​ၿပီး ယူ18 အသင္​းအတြက္​ 15ပြဲမွာ 18ဂိုးထိ သြင္​းယူနိုင္​ခဲ့ပါတယ္​။ ေယာ့ခ္​ရွီးယား ​ေဒသဖြား ဂရင္​းဟာ ​ေအာက္​တိုဘာ လက ဝုလ္​ဗ္​အသင္​းနဲ႔ ကစားခဲ့တဲ့သူ႔ရဲ့ U23 ပြဲဦးထြက္​မွာလဲ ဂိုးသြင္​းခဲ့သူပါ။

ဂရင္​းဝုဒ္​ က ယူအီးအက္​ဖ္​​ေအ လူငယ္​လိဂ္​ ငါးပြဲမွာ ငါးဂိုးသြင္​းထားတာ​ေၾကာင္​့ ခ်န္​ပီယံလိဂ္​ မွာ ရႈံးထြက္​အဆင္​့တက္​​ေရာက္​သြားၿပီျဖစ္​တဲ့ ယူနိုက္​တက္​ စီနီယာအသင္းရဲ႕ အုပ္စုေနာက္ဆံုးပြဲမွာ ဂရင္​းနဲ႔ ဂါနာတို႔ကို ပါဝင္​ကစား​ေစဖို႔ ဟို​ေဆး​ေမာ္​ရင္​ညိဳ က ဆုံးျဖတ္​ထားပါတယ္​။ အဂါၤ​ေန႔ မွာ သူတို႔ႏွစ္​ဦးလုံး အသင္​းႀကီးနဲ႔ ​ေလ့က်င္​့​ေရး ဆင္​းခဲ့ၿပီး ဗလန္​စီယာ နဲ႔ ခ်န္​ပီယံလိဂ္​ အုပ္​စု​ေနာက္​ဆုံးပြဲမွာ ပါဝင္​ၾကမွာပါ။

သူတို႕ကို အ​ေမရိကန္​ ရာသီႀကိဳခရီးမွာလဲ ​ေမာ္​ရင္​ညိဳ က ​ေခၚ​ေဆာင္​ခဲဲ့ဖူးၿပီး ထိုစဥ္က ရီးရဲလ္​မက္​ဒရစ္​ နဲ႔ ​ေနာက္​ဆုံးပြဲအၿပီးမွာ ဂ်ိမ္​းစ္​ဂါနာရဲ႕ အမည္ကို ထုတ္ေျပာကာ အ​ေတြ႕အၾကဳံ​ေတြက​ေန အက်ိဳးမ်ားစြာ ရယူနိုင္​ခဲ့တယ္​လို႔ ဆိုခဲ့ဖူးပါတယ္​။ မာ​ေဆးဆိုဒ္​သား ကြင္းလယ္ ကစားသမားေလး ဂ်ိမ္းစ္ ဂါနာဟာလဲ အသက္​ ၁ရႏွစ္​သာ ရွိ​ေသးၿပီး အဂၤလန္​ U18 အသင္​း​ေခါင္​း​ေဆာင္​ ျဖစ္​ပါတယ္​။

​ေဒးဗစ္​ဒီဂီယာနဲ႔ နီမန္​ဂ်ာ မာတစ္​တို႔ဟာ ဗလန္​စီယာ နဲ႔ပြဲမွာ အနား​ေပးခံရမယ္​့ အလားအလာရွိပါတယ္​။ ဖူလ္​ဟမ္​ ကို 4-1 နဲ႔နိုင္​ခဲ့တဲ့ ပြဲအၿပီး ​ေမာ္​ရင္​ညိဳ က စပိန္​မွာကစားရမယ္​့ပြဲအတြက္​ ကစားသမား​ေတြကို အလဲအလွယ္​ လုပ္​မယ္​လို႔​ေျပာခဲ့ပါတယ္​။

“က်​ေနာ္​တို႔ကစားသမား​ေတြကို အနား​ေပးဖို႔လိုပါတယ္​။ ဗလန္​စီယာ ကိုသြားမယ္​. ကစားသမားအခ်ိဳ႕ကို အနား​ေပးၿပီး တခ်ိဳ႕ကို ကစား​ေစမွာပါ။ ​ေပါလ္​ဟာ ဗလန္​စီယာ နဲ႔ပြဲမွာ ပါဝင္​မွာပါ။ အဲ့ဒါက ​ေကာင္​းမြန္​တဲ့ ကစားပြဲျဖစ္​လာမွာ ျဖစ္​ၿပီး သူ ဘယ္​​ေလာက္​​ေကာင္​းတယ္​ဆိုတာ ျပသသြားမွာပါ.” လို႔ ေမာ္ရင္ညိဳက ဆိုပါတယ္။

ဗလန္​စီယာ နဲ႔ပြဲအတြက္​ အတည္​ျပဳလူစာရင္​းမွာ​ေတာ့ ဆာဂ်ီယို ရိုမီရို၊ လီးဂရန္​့၊ အက္​ရွ္​​ေလယန္​း၊ အန္​တိုနီယို ဗလန္​စီယာ၊ အဲရစ္​ဘိုင္​လီ၊ ဖီးလ္​ဂ်ဳံးစ္​၊ မားကို႔စ္​ရိုဂ်ိဳ၊ ဖရက္၊ ပါရဲရား၊ ဟာရဲရား၊ စ​ေကာ့မက္​တိုမီ​ေနး၊ ဂ်ိမ္​းစ္​ဂါနာ၊ ​ေပါလ္​​ေပါ့ဘာ၊ လင္​ဂတ္​၊ ဖယ္​လိုင္​နီ၊ မာတာ၊ လူကာကူ၊ ရက္​ရွ္​ဖို႔ဒ္​ နဲ႔ ​ေမဆန္​ဂရင္​းဝုဒ္​တို႔ ပါဝင္​လာခဲ့ပါတယ္​။

အလက္​ဆစ္​ဆန္​းခ်က္​၊ ဗစ္​တာလင္​ဒီ​ေလာ့ဖ္​၊ အန္​သိုနီ မာရွယ္​နဲ႔ လုခ္​​ေရွာတို႔ဟာ ဒဏ္​ရာျပသနာ​ေတြ​ေၾကာင္​့ ဖူလ္​ဟမ္​နဲ႔ပြဲကို လြဲ​ေခ်ာ္​ခဲ့ၿပီး စပိန္​ကိုလဲမလိုက္​နိုင္​ခဲ့ပါဘူး။ စ​ေမာလင္​း၊ ဒါမီးယန္​း နဲ႔ ဒီယိုဂို ဒယ္​​ေလာ့တို႔ဟာလဲ ​ေလ့က်င္​့​ေရးမွာ မပါခဲ့ဘဲ ခရီးကိုလဲ လိုက္​ပါခဲ့ျခင္​းမရွိပါဘူး။

​ေနာက္​တနဂၤ​ေႏြ​ေန႔မွာ​ေတာ့ ယူနိုက္​တက္​ ဟာ အန္​ဖီးလ္​မွာ လီဗာပူး ကို ရင္​ဆိုင္​ရမွာျဖစ္​ၿပီး ဒီဇင္​ဘာ 22 မွာ ကာဒစ္​ဖ္​ကို သြားရမွာပါ။ ​ေဘာက္​ဆင္​​ေဒးမွာ ဟက္​ဒါဖီးလ္​ကို သြား​ေရာက္​ ကစားရမွာျဖစ္​ၿပီး ဒီဇင္​ဘာ ၃ဝ မွာ​ေတာ့ ဘုန္​း​ေမာက္​ကို လက္​ခံကစားကာ 2018ကို ကုန္​ဆုံးမွာျဖစ္​ပါတယ္​။

Sports Home Time

[Unicode] ယူနိုက်တက်မှ ဆယ်ကျော်သက် လူငယ်ကစားသမား နှစ်ယောက် ဖြစ်တဲ့ ​မေဆန်​ဂရင်​းဝုဒ်​ နဲ့ ဂျိမ်​းစ်​ဂါနာတို့ဟာ ယ​နေ့ညမှာ ကစားမယ်​့ ဗလန်​စီယာအသင်​းနဲ့ ချန်​ပီယံလိဂ်​ အုပ်​စု H ​နောက်​ဆုံးပွဲစဉ်​မှာ ပါဝင်​ကြမှာဖြစ်​ပါတယ်​။ နှစ်ယောက်လုံးက ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးတွေ ဖြစ်ပါတယ်။

​မေဆန်ဂရင်​းဝုဒ်​ ဟာ လွန်​ခဲ့တဲ့ နှစ်​လကမှ ပ​ရော်​ဖက်​ရှင်​နယ်​ စာချုပ်​ချုပ်​ဆိုခဲ့တာဖြစ်​ပြီး ယူ18 အသင်​းအတွက်​ 15ပွဲမှာ 18ဂိုးထိ သွင်​းယူနိုင်​ခဲ့ပါတယ်​။ ယော့ခ်​ရှီးယား ​ဒေသဖွား ဂရင်​းဟာ ​အောက်​တိုဘာ လက ဝုလ်​ဗ်​အသင်​းနဲ့ ကစားခဲ့တဲ့သူ့ရဲ့ U23 ပွဲဦးထွက်​မှာလဲ ဂိုးသွင်​းခဲ့သူပါ။ ဂရင်​းဝုဒ်​ က ယူအီးအက်​ဖ်​​အေ လူငယ်​လိဂ်​ ငါးပွဲမှာ ငါးဂိုးသွင်​းထားတာ​ကြောင်​့ ချန်​ပီယံလိဂ်​ မှာ ရှုံးထွက်​အဆင်​့တက်​​ရောက်​သွားပြီဖြစ်​တဲ့ ယူနိုက်​တက်​ စီနီယာအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဂရင်​းနဲ့ ဂါနာတို့ကို ပါဝင်​ကစား​စေဖို့ ဟို​ဆေး​မော်​ရင်​ညို က ဆုံးဖြတ်​ထားပါတယ်​။ အဂါင်္​နေ့ မှာ သူတို့နှစ်​ဦးလုံး အသင်​းကြီးနဲ့ ​လေ့ကျင်​့​ရေး ဆင်​းခဲ့ပြီး ဗလန်​စီယာ နဲ့ ချန်​ပီယံလိဂ်​ အုပ်​စု​နောက်​ဆုံးပွဲမှာ ပါဝင်​ကြမှာပါ။

သူတို့ကို အ​မေရိကန်​ ရာသီကြိုခရီးမှာလဲ ​မော်​ရင်​ညို က ​ခေါ်​ဆောင်​ခဲဲ့ဖူးပြီး ထိုစဉ်က ရီးရဲလ်​မက်​ဒရစ်​ နဲ့ ​နောက်​ဆုံးပွဲအပြီးမှာ ဂျိမ်​းစ်​ဂါနာရဲ့ အမည်ကို ထုတ်ပြောကာ အ​တွေ့အကြုံ​တွေက​နေ အကျိုးများစွာ ရယူနိုင်​ခဲ့တယ်​လို့ ဆိုခဲ့ဖူးပါတယ်​။ မာ​ဆေးဆိုဒ်​သား ကွင်းလယ် ကစားသမားလေး ဂျိမ်းစ် ဂါနာဟာလဲ အသက်​ ၁ရနှစ်​သာ ရှိ​သေးပြီး အင်္ဂလန်​ U18 အသင်​း​ခေါင်​း​ဆောင်​ ဖြစ်​ပါတယ်​။

​ဒေးဗစ်​ဒီဂီယာနဲ့ နီမန်​ဂျာ မာတစ်​တို့ဟာ ဗလန်​စီယာ နဲ့ပွဲမှာ အနား​ပေးခံရမယ်​့ အလားအလာရှိပါတယ်​။ ဖူလ်​ဟမ်​ ကို 4-1 နဲ့နိုင်​ခဲ့တဲ့ ပွဲအပြီး ​မော်​ရင်​ညို က စပိန်​မှာကစားရမယ်​့ပွဲအတွက်​ ကစားသမား​တွေကို အလဲအလှယ်​ လုပ်​မယ်​လို့​ပြောခဲ့ပါတယ်​။

“ကျ​နော်​တို့ကစားသမား​တွေကို အနား​ပေးဖို့လိုပါတယ်​။ ဗလန်​စီယာ ကိုသွားမယ်​. ကစားသမားအချို့ကို အနား​ပေးပြီး တချို့ကို ကစား​စေမှာပါ။ ​ပေါလ်​ဟာ ဗလန်​စီယာ နဲ့ပွဲမှာ ပါဝင်​မှာပါ။ အဲ့ဒါက ​ကောင်​းမွန်​တဲ့ ကစားပွဲဖြစ်​လာမှာ ဖြစ်​ပြီး သူ ဘယ်​​လောက်​​ကောင်​းတယ်​ဆိုတာ ပြသသွားမှာပါ.” လို့ မော်ရင်ညိုက ဆိုပါတယ်။

ဗလန်​စီယာ နဲ့ပွဲအတွက်​ အတည်​ပြုလူစာရင်​းမှာ​တော့ ဆာဂျီယို ရိုမီရို၊ လီးဂရန်​့၊ အက်​ရှ်​​လေယန်​း၊ အန်​တိုနီယို ဗလန်​စီယာ၊ အဲရစ်​ဘိုင်​လီ၊ ဖီးလ်​ဂျုံးစ်​၊ မားကို့စ်​ရိုဂျို၊ ဖရက်၊ ပါရဲရား၊ ဟာရဲရား၊ စ​ကော့မက်​တိုမီ​နေး၊ ဂျိမ်​းစ်​ဂါနာ၊ ​ပေါလ်​​ပေါ့ဘာ၊ လင်​ဂတ်​၊ ဖယ်​လိုင်​နီ၊ မာတာ၊ လူကာကူ၊ ရက်​ရှ်​ဖို့ဒ်​ နဲ့ ​မေဆန်​ဂရင်​းဝုဒ်​တို့ ပါဝင်​လာခဲ့ပါတယ်​။

အလက်​ဆစ်​ဆန်​းချက်​၊ ဗစ်​တာလင်​ဒီ​လော့ဖ်​၊ အန်​သိုနီ မာရှယ်​နဲ့ လုခ်​​ရှောတို့ဟာ ဒဏ်​ရာပြသနာ​တွေ​ကြောင်​့ ဖူလ်​ဟမ်​နဲ့ပွဲကို လွဲ​ချော်​ခဲ့ပြီး စပိန်​ကိုလဲမလိုက်​နိုင်​ခဲ့ပါဘူး။ စ​မောလင်​း၊ ဒါမီးယန်​း နဲ့ ဒီယိုဂို ဒယ်​​လော့တို့ဟာလဲ ​လေ့ကျင်​့​ရေးမှာ မပါခဲ့ဘဲ ခရီးကိုလဲ လိုက်​ပါခဲ့ခြင်​းမရှိပါဘူး။

​နောက်​တနင်္ဂ​နွေ​နေ့မှာ​တော့ ယူနိုက်​တက်​ ဟာ အန်​ဖီးလ်​မှာ လီဗာပူး ကို ရင်​ဆိုင်​ရမှာဖြစ်​ပြီး ဒီဇင်​ဘာ 22 မှာ ကာဒစ်​ဖ်​ကို သွားရမှာပါ။ ​ဘောက်​ဆင်​​ဒေးမှာ ဟက်​ဒါဖီးလ်​ကို သွား​ရောက်​ ကစားရမှာဖြစ်​ပြီး ဒီဇင်​ဘာ ၃ဝ မှာ​တော့ ဘုန်​း​မောက်​ကို လက်​ခံကစားကာ 2018ကို ကုန်​ဆုံးမှာဖြစ်​ပါတယ်​။

Sports Home Time