လီဗာပူးကို အထင္မေသးပါနဲ႔ မင္းတို႔ျမင္ခဲ့ရတာ ေျခစြမ္းမေကာင္းတုန္းက လီဗာပူးပါ ဘရားသားတို႔

[Zawgyi] ယာဂင္ကေလာ့ပ္က ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္မႈမွာ အကူအညီျဖစ္ေစခဲ့တဲ့ အန္ဖီးကြင္းမွ ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔အတူ အသင္းသားေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ ခ်ီးက်ဴးခဲ့ျပီး ကမၻာေပၚမွာ ဂုဏ္အယူရဆံုး မန္ေနဂ်ာေတာင္ ျဖစ္ေနႏိုင္တယ္လို႔ ညႊန္းဆိုလိုက္ပါတယ္။

လီဗာပူးက နာပိုလီကို အိမ္ကြင္းမွာ 1-0 အႏိုင္ရျပီး ပီအက္ဂ်ီက ျပိဳင္ဘက္ ရတ္စတားကို အေဝးကြင္းမွာ 4-1 နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ႏွစ္သင္းလံုးဟာ အုပ္စု C ကေန ေနာက္တစ္ဆင့္ကို တက္ေရာက္သြားၾကပါျပီ။

ဆာလက္ရဲ႕ ပထမပိုင္းသြင္းဂိုးေၾကာင့္ လီဗာပူးက ပြဲကို လႊမ္းမိုးထားႏိုင္ခဲ့ျပီး ပြဲျပီးခါနီးမွာ အယ္လီဆန္ ေဘကာရဲ႕ မီလစ္ရဲ႕ အပိုင္ပိတ္သြင္းမႈကို ကာကြယ္ေပးႏိုင္မႈက လီဗာပူးကို အႏိုင္ေသခ်ာေစခဲ့တယ္။ ကေလာ့ပ္ကေတာ့ ” အယ္လီဆန္ အဲ့ေလာက္ထိ ေကာင္းမယ္သိရင္ ေျပာင္းေရႊ႔ေၾကးကို ႏွစ္ဆေလာက္ထိ ေပးပါတယ္ ” လို႔ အရႊန္းေဖာက္သြားခဲ့ပါေသးတယ္။

ပြဲအျပီးမွာ ကေလာ့ပ္က “ မယံုႏိုင္ေလာက္ေအာင္ပဲ။ လီဗာပူးအတြက္ က်ေနာ္ ဂုဏ္ယူေနသလို ေက်နပ္ဂုဏ္ယူေနတဲ့ မန္ေနဂ်ာေတာင္ ရွိေတာ့မယ္ မထင္ပါဘူး။ မိုက မယံုႏိုင္ေလာက္တဲ့ သြင္းဂိုးကို သြင္းယူေပးခဲ့ျပီး အလီက အံ့မခန္း ကာကြယ္ေပးခဲ့တယ္။ ဘဝမွာ အဲ့ေလာက္ေကာင္းတဲ့ ကာကြယ္မႈမ်ိဳး ျမင္ရပါဦးမလား မသိေတာ့ပါဘူး။

အသင္းပရိသတ္ေတြနဲ႔ အတူတူ၊ အန္ဖီးကြင္းနဲ႔ အတူတူ အသင္းက အေကာင္းဆံုးလုပ္ႏိုင္ခဲ့တယ္။ ပြဲေကာင္းတစ္ပြဲကို က်ေနာ္တုိ႔ ကစားခဲ့ၾကပါတယ္။ နာပိုလီရဲ႕ ပြဲေတြအားလံုးကို ၾကည့္ရႈျပီး သူတို႔ကို ရင္ဆိုင္ကာ ျပႆနာေတြ ေျဖရွင္းႏိုင္မယ့္ အသင္းတစ္သင္းကို ဒီညအတြက္ က်ေနာ္တို႔ ရွာေဖြခဲ့ရတာပါ ” လို႔ ရွင္းျပပါတယ္။

အုပ္စု C မွာ အုပ္စုတြင္းပြဲရဲ႕ တစ္ဝက္ေလာက္ထိ အေရးနိမ့္ခဲ့တာေတာင္မွ လီဗာပူးက ေနာက္တစ္ဆင့္ကို တက္ခဲ့ပါတယ္။ ေနပယ္မွာနဲ႔ ဘဲဂရိတ္မွာ အေရးနိမ့္ခဲ့တဲ့ ပြဲေတြက လီဗာပူးအသင္းအေနနဲ႔ ကိုယ္ဘာသာ အျပစ္တင္ရမယ့္ ညံ့ဖ်င္းတဲ့ ပြဲေတြျဖစ္ခဲ့တာကို ကေလာ့ပ္က ဝန္ခံပါတယ္။

“ အရင္တစ္ၾကိမ္ နာပိုလီနဲ႔ ရင္ဆိုင္ေတြ႔တုန္းက သူတို႔က က်ေနာ္တုိ႔ ဘယ္သူေတြဆိုတာ ေသခ်ာသိရဲ႕လားေတာ့ မေသခ်ာဘူးေပါ့ေလ။ အဲ့သည္ပြဲမွာ ညံ့ဖ်င္းတဲ့ က်ေနာ္တို႔ရဲ႕ ပံုစံကိုပဲ သူတို႔ ျမင္ေတြ႔ခဲ့ၾကတာေပါ့။ အဲ့သည္ေန႔မွာ ညံ့ဖ်င္းခဲ့ရင္ေတာင္ ဒီညမွာေတာ့ ညံ့ဖ်င္းမွာ မဟုတ္ဘူး။ သံုးေလးပတ္ ဆက္တိုက္ၾကီး က်ေနာ္တုိ႔ မညံ့ပါဘူး။ ေနပယ္မွာ က်ေနာ္တို႔ ရံွဴးဖို႔ ထိုက္တန္ပါတယ္၊ ဘဲဂရိတ္လည္း ရံွဴးဖို႔ ထိုက္တန္ခဲ့ပါတယ္။

အဲ့သည္လို ေျခစြမ္းညံ့ဖ်င္းမႈေတြက လြင့္ျပယ္သြားပါျပီ။ က်ေနာ္တို႔ စိန္ေခၚမႈေတြအတြက္ အဆင္သင့္ျဖစ္ေနပါျပီ။ ဒီေန႔ညမွာ ဘယ္လိုေတာင္ ပြဲေကာင္းတစ္ပြဲကို ကစားခဲ့တာပါ။ ဒါက အန္ဖီးပါပဲ။ ဒီေန႔ပြဲ မစခင္တည္းကဆိုရင္ ေနာက္တစ္ဆင့္ကိုတက္ဖို႔ေတာင္ မေသခ်ာေသးပါဘူး။ အခုခ်ိန္မွာေတာ့ ဘယ္အသင္းနဲ႔ ထိပ္တိုက္ေတြ႔ေတြ႔ က်ေန္ာ ဂရုမစိုက္ပါဘူး ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

အုပ္စု C မွာ ဒုတိယနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားတဲ့ လီဗာပူးဟာ ရံွဴးထြက္မွာေတာ့ ဘိုင္ယန္၊ ဘာကာ၊ ဂ်ဴဗီတို႔လို ထိပ္တန္းအသင္းေတြနဲ႔ ေတြ႔ဆံုႏိုင္ေခ် ရွိေနတာျဖစ္ပါတယ္။

Sports Home Time

[Unicode] ယာဂင်ကလော့ပ်က ချန်ပီယံလိဂ် ရှူံးထွက်အဆင့်ကို တက်ရောက်မှုမှာ အကူအညီဖြစ်စေခဲ့တဲ့ အန်ဖီးကွင်းမှ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပြီး ကမ္ဘာပေါ်မှာ ဂုဏ်အယူရဆုံး မန်နေဂျာတောင် ဖြစ်နေနိုင်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။

လီဗာပူးက နာပိုလီကို အိမ်ကွင်းမှာ 1-0 အနိုင်ရပြီး ပီအက်ဂျီက ပြိုင်ဘက် ရတ်စတားကို အဝေးကွင်းမှာ 4-1 နဲ့ အနိုင်ရခဲ့တဲ့နောက် နှစ်သင်းလုံးဟာ အုပ်စု C ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားကြပါပြီ။

ဆာလက်ရဲ့ ပထမပိုင်းသွင်းဂိုးကြောင့် လီဗာပူးက ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ အယ်လီဆန် ဘေကာရဲ့ မီလစ်ရဲ့ အပိုင်ပိတ်သွင်းမှုကို ကာကွယ်ပေးနိုင်မှုက လီဗာပူးကို အနိုင်သေချာစေခဲ့တယ်။ ကလော့ပ်ကတော့ ” အယ်လီဆန် အဲ့လောက်ထိ ကောင်းမယ်သိရင် ပြောင်းရွှေ့ကြေးကို နှစ်ဆလောက်ထိ ပေးပါတယ် ” လို့ အရွှန်းဖောက်သွားခဲ့ပါသေးတယ်။

ပွဲအပြီးမှာ ကလော့ပ်က “ မယုံနိုင်လောက်အောင်ပဲ။ လီဗာပူးအတွက် ကျနော် ဂုဏ်ယူနေသလို ကျေနပ်ဂုဏ်ယူနေတဲ့ မန်နေဂျာတောင် ရှိတော့မယ် မထင်ပါဘူး။ မိုက မယုံနိုင်လောက်တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အလီက အံ့မခန်း ကာကွယ်ပေးခဲ့တယ်။ ဘဝမှာ အဲ့လောက်ကောင်းတဲ့ ကာကွယ်မှုမျိုး မြင်ရပါဦးမလား မသိတော့ပါဘူး။

အသင်းပရိသတ်တွေနဲ့ အတူတူ၊ အန်ဖီးကွင်းနဲ့ အတူတူ အသင်းက အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ပွဲကောင်းတစ်ပွဲကို ကျနော်တို့ ကစားခဲ့ကြပါတယ်။ နာပိုလီရဲ့ ပွဲတွေအားလုံးကို ကြည့်ရှုပြီး သူတို့ကို ရင်ဆိုင်ကာ ပြဿနာတွေ ဖြေရှင်းနိုင်မယ့် အသင်းတစ်သင်းကို ဒီညအတွက် ကျနော်တို့ ရှာဖွေခဲ့ရတာပါ ” လို့ ရှင်းပြပါတယ်။

အုပ်စု C မှာ အုပ်စုတွင်းပွဲရဲ့ တစ်ဝက်လောက်ထိ အရေးနိမ့်ခဲ့တာတောင်မှ လီဗာပူးက နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။ နေပယ်မှာနဲ့ ဘဲဂရိတ်မှာ အရေးနိမ့်ခဲ့တဲ့ ပွဲတွေက လီဗာပူးအသင်းအနေနဲ့ ကိုယ်ဘာသာ အပြစ်တင်ရမယ့် ညံ့ဖျင်းတဲ့ ပွဲတွေဖြစ်ခဲ့တာကို ကလော့ပ်က ဝန်ခံပါတယ်။

“ အရင်တစ်ကြိမ် နာပိုလီနဲ့ ရင်ဆိုင်တွေ့တုန်းက သူတို့က ကျနော်တို့ ဘယ်သူတွေဆိုတာ သေချာသိရဲ့လားတော့ မသေချာဘူးပေါ့လေ။ အဲ့သည်ပွဲမှာ ညံ့ဖျင်းတဲ့ ကျနော်တို့ရဲ့ ပုံစံကိုပဲ သူတို့ မြင်တွေ့ခဲ့ကြတာပေါ့။ အဲ့သည်နေ့မှာ ညံ့ဖျင်းခဲ့ရင်တောင် ဒီညမှာတော့ ညံ့ဖျင်းမှာ မဟုတ်ဘူး။ သုံးလေးပတ် ဆက်တိုက်ကြီး ကျနော်တို့ မညံ့ပါဘူး။ နေပယ်မှာ ကျနော်တို့ ရှူံးဖို့ ထိုက်တန်ပါတယ်၊ ဘဲဂရိတ်လည်း ရှူံးဖို့ ထိုက်တန်ခဲ့ပါတယ်။

အဲ့သည်လို ခြေစွမ်းညံ့ဖျင်းမှုတွေက လွင့်ပြယ်သွားပါပြီ။ ကျနော်တို့ စိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီနေ့ညမှာ ဘယ်လိုတောင် ပွဲကောင်းတစ်ပွဲကို ကစားခဲ့တာပါ။ ဒါက အန်ဖီးပါပဲ။ ဒီနေ့ပွဲ မစခင်တည်းကဆိုရင် နောက်တစ်ဆင့်ကိုတက်ဖို့တောင် မသေချာသေးပါဘူး။ အခုချိန်မှာတော့ ဘယ်အသင်းနဲ့ ထိပ်တိုက်တွေ့တွေ့ ကျနေ်ာ ဂရုမစိုက်ပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

အုပ်စု C မှာ ဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားတဲ့ လီဗာပူးဟာ ရှူံးထွက်မှာတော့ ဘိုင်ယန်၊ ဘာကာ၊ ဂျူဗီတို့လို ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံနိုင်ချေ ရှိနေတာဖြစ်ပါတယ်။

Sports Home Time