ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္မွာ လီဗာပူးအသင္း ေတြ႔ႏိုင္မယ့္ အသင္းမ်ား

[Zawgyi] အန္ဖီးကြင္းမွာ လီဗာပူးက ျပိဳင္ဘက္ နာပိုလီကို 1-0 နဲ႔ အႏိုင္ရျပီး ရံွဴးထြက္အဆင့္ကို တက္ေရာက္သြားပါျပီ။ အဲ့တာေၾကာင့္ ရံွဴးထြက္မွာ လီဗာပူးအသင္း ထိပ္တိုက္ေတြ႔ႏိုင္တဲ့ အသင္းေတြကို ေဖာ္ျပပါမယ္။

အိမ္ကြင္းအန္ဖီးမွာ ယွဥ္ျပိဳင္ကစားခဲ့ရေပမယ့္လည္း လီဗာပူးအတြက္ လြယ္ကူတဲ့ ပြဲတစ္ပြဲေတာ့ မျဖစ္ခဲ့ပါဘူး။ ဒါေပမယ္ ဆာလက္ရဲ႕ သြင္းဂိုး၊ အယ္လီဆန္ရဲ႕ မယံုႏိုင္ေလာက္တဲ့ ကာကြယ္မႈက လီဗာပူးကို အႏုိင္သံုမွတ္ ရေစခဲ့ျပီး ေနာက္တစ္ဆင့္ကိုတက္ေရာက္ေစခဲ့တယ္။

နာပိုလီကို အႏိုင္ရလိုက္တဲ့ လီဗာပူးဟာ အုပ္စု C မွာ ပီအက္ဂ်ီေနာက္ အုပ္စုဒုတိယနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္မွာျဖစ္ပါတယ္။ မနက္ျဖန္ညမွာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ေနာက္ဆံုးပြဲကို ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနေပမယ့္ လီဗာပူးရဲ႕ အနာဂတ္ ျပိဳင္ဘက္စာရင္းက ၾကိဳတင္တြက္ဆလို႔ ရေနပါျပီ။

16 သင္းအဆင့္ ရံွဴးထြက္ကို ဘယ္အခ်ိန္ မဲခြဲမလဲ?

ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ ရံွဴးထြက္ပြဲေတြအတြက္ မဲခြဲမႈကိုေတာ့ ဒီဇင္ဘာလ 17 ရက္ေန႔ Nyon မွာ ျပဳလုပ္ပါမယ္။

ဘယ္ တီဗီေတြက ျပမလဲ?

ယူအီးအက္ဖ္ေအက တရားဝင္ဝဘ္ဆိုဒ္ကေန ေဖာ္ျပမွာပါ။ ျဗိတိန္ပရိသတ္ေတြအတြက္က BT Sport ကေန တိုက္ရိုက္ၾကည့္ခြင့္ ရရွိပါမယ္။

လီဗာပူးနဲ႔ ေတြ႔ႏိုင္တဲ့အသင္းေတြ?

Ajax, Barcelona, Bayern Munich, Borussia Dortmund, Juventus, Porto, Real Madrid, Juventus, Roma.

ျပည္တြင္းျပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီး၊ ယူႏိုက္တက္၊ ေတာ္တင္ဟမ္တို႔ကလည္း ရံွဴးထြက္အဆင့္ကို တက္ေရာက္လာျပီျဖစ္ေပမယ့္ 16 သင္းအဆင့္မွာေတာ့ ထိပ္တိုက္ေတြ႔ၾကမွာ မဟုတ္ပါဘူး။

16 သင္းအဆင့္ကို ဘယ္အခ်ိန္မွာ စတင္ယွဥ္ျပိဳင္မလဲ?

ပထမအေက်ာ့ေတြကို ေဖေဖာ္ဝါရီ 12/13 ရက္ (သို႔) ေဖေဖာ္ဝါရီလ 19/20 ရက္။ ဒုတိယအေက်ာ့ေတြကို မတ္လ 5/6 ရက္ (သို႔) 12/13 ရက္ေတြမွာ က်င္းပသြားပါမယ္။

လီဗာပူးအသင္း ဘယ္အသင္းေတြနဲ႔ ထိပ္တိုက္ေတြ႔မယ္ေတာ့ မသိရေသးပါဘူး။ ေသခ်ာတာကေတာ့ ခမ္းနားလွတဲ့ အန္ဖီးရဲ႕ ခ်န္ပီယံလိဂ္ညကို ဒီရာသီမွာ ဆက္လက္ျမင္ေတြ႔ရမွာျဖစ္ပါတယ္။

Sports Home Time

[Unicode] အန်ဖီးကွင်းမှာ လီဗာပူးက ပြိုင်ဘက် နာပိုလီကို 1-0 နဲ့ အနိုင်ရပြီး ရှူံးထွက်အဆင့်ကို တက်ရောက်သွားပါပြီ။ အဲ့တာကြောင့် ရှူံးထွက်မှာ လီဗာပူးအသင်း ထိပ်တိုက်တွေ့နိုင်တဲ့ အသင်းတွေကို ဖော်ပြပါမယ်။

အိမ်ကွင်းအန်ဖီးမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့်လည်း လီဗာပူးအတွက် လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ် ဆာလက်ရဲ့ သွင်းဂိုး၊ အယ်လီဆန်ရဲ့ မယုံနိုင်လောက်တဲ့ ကာကွယ်မှုက လီဗာပူးကို အနိုင်သုံမှတ် ရစေခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်စေခဲ့တယ်။

နာပိုလီကို အနိုင်ရလိုက်တဲ့ လီဗာပူးဟာ အုပ်စု C မှာ ပီအက်ဂျီနောက် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။ မနက်ဖြန်ညမှာ ချန်ပီယံလိဂ် အုပ်စုတွင်း နောက်ဆုံးပွဲကို ယှဉ်ပြိုင်ကစားရဖို့ ရှိနေပေမယ့် လီဗာပူးရဲ့ အနာဂတ် ပြိုင်ဘက်စာရင်းက ကြိုတင်တွက်ဆလို့ ရနေပါပြီ။

16 သင်းအဆင့် ရှူံးထွက်ကို ဘယ်အချိန် မဲခွဲမလဲ?

ချန်ပီယံလိဂ် 16 သင်းအဆင့် ရှူံးထွက်ပွဲတွေအတွက် မဲခွဲမှုကိုတော့ ဒီဇင်ဘာလ 17 ရက်နေ့ Nyon မှာ ပြုလုပ်ပါမယ်။

ဘယ် တီဗီတွေက ပြမလဲ?

ယူအီးအက်ဖ်အေက တရားဝင်ဝဘ်ဆိုဒ်ကနေ ဖော်ပြမှာပါ။ ဗြိတိန်ပရိသတ်တွေအတွက်က BT Sport ကနေ တိုက်ရိုက်ကြည့်ခွင့် ရရှိပါမယ်။

လီဗာပူးနဲ့ တွေ့နိုင်တဲ့အသင်းတွေ?

Ajax, Barcelona, Bayern Munich, Borussia Dortmund, Juventus, Porto, Real Madrid, Juventus, Roma.

ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ တော်တင်ဟမ်တို့ကလည်း ရှူံးထွက်အဆင့်ကို တက်ရောက်လာပြီဖြစ်ပေမယ့် 16 သင်းအဆင့်မှာတော့ ထိပ်တိုက်တွေ့ကြမှာ မဟုတ်ပါဘူး။

16 သင်းအဆင့်ကို ဘယ်အချိန်မှာ စတင်ယှဉ်ပြိုင်မလဲ?

ပထမအကျော့တွေကို ဖေဖော်ဝါရီ 12/13 ရက် (သို့) ဖေဖော်ဝါရီလ 19/20 ရက်။ ဒုတိယအကျော့တွေကို မတ်လ 5/6 ရက် (သို့) 12/13 ရက်တွေမှာ ကျင်းပသွားပါမယ်။

လီဗာပူးအသင်း ဘယ်အသင်းတွေနဲ့ ထိပ်တိုက်တွေ့မယ်တော့ မသိရသေးပါဘူး။ သေချာတာကတော့ ခမ်းနားလှတဲ့ အန်ဖီးရဲ့ ချန်ပီယံလိဂ်ညကို ဒီရာသီမှာ ဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။

Sports Home Time