[Zawgyi] ခ်န္ပီယံလိဂ္ပြဲၾကိဳ အင္တာဗ်ဴးမွာ ယူႏိုက္တက္မန္ေနဂ်ာေမာ္ရင္ညိဳဟာ ေပါ့ဘာနဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံရပါတယ္။ ဒီရာသီမွာ ကမၻာဖလားခ်န္ပီယံ ကြင္းလယ္လူထံက အေကာင္းဆံုးေျခစြမ္းေတြ ထြက္ေပၚမလာခဲ့ပဲ ဒီအေနအထားအတြက္ သတင္းေထာက္ေတြက ဦးတည္ေမးျမန္းမႈ လုပ္ခဲ့တာပါ။
ေမာ္ရင္ညိဳက ” မင္းတို႔ေမးခြန္းရဲ႕ ဦးတည္ခ်က္ေတြကို မၾကိဳက္ဘူး။ အဲ့သည္ ေမးခြန္းနဲ႔ အေျဖေတြကို ငါမေပးခ်င္ဘူး။ ေမးခြန္းလည္း မၾကိဳက္ဘူး၊ ဦးတည္မႈကိုလည္း မၾကိဳက္ဘူး ” လို႔ တုန္႔ျပန္ပါတယ္။ ဒါေပမယ့္လို႔ ဗလန္စီယာနဲ႔ပြဲမွာ ေသခ်ာေပါက္ ပြဲထြက္ခြင့္ရမယ့္ ေပါ့ဘာနဲ႔ ပက္သက္ျပီး ေျဖဆိုမႈေတာ့ လုပ္ေပးသြားပါတယ္။
ေမာ္ရင္ညိဳက ” ေပါ့ဘာ ေကာင္းေကာင္းကစားျပီး အသင္းအတြက္ အက်ိဳးျဖစ္ဖို႔၊ ကစားပြဲအတြက္ အက်ိဳးျဖစ္ဖုိ႔ ေမွ်ာ္လင့္ပါတယ္။ အသင္းမွာ ပြဲထြက္ခြင့္ေတြ အမ်ားၾကီး မရထားတဲ့ ကစားသမားေတြရွိပါတယ္။ အသင္းက ကစားသမား အမ်ားအျပားက ပြဲေတြအမ်ားၾကီး မကစားရေသးပါဘူး။ ဒါေၾကာင့္ ေပါလ္ အပါအဝင္ ကစားသမား ႏွစ္ဦးေလာက္ဟာ အသင္းအတြက္ ပြဲထြက္ခြင့္ရတာက ပံုမွန္ပါပဲ။ အသင္းအတြက္ အက်ိဳးျဖစ္ေစမယ့္ ေကာင္မြန္တဲ့အဆင့္ကို ေရာက္ဖုိ႔ သူတို႔ ပြဲထြက္ခြင့္ေတြ လိုပါတယ္ ” လို႔ ဆိုပါတယ္။
ယူႏိုက္တက္ဟာ ဒီအပတ္ တနဂၤေႏြမွာေတာ့ လီဗာပူးအသင္းနဲ႔ ရင္ဆိုင္ကစားရမွာပါ။ ေမာ္ရင္ညိဳကေတာ့ ျပည္တြင္းျပိဳင္ဘက္နဲ႔ ယွဥ္ျပိဳင္ရမွာထက္ ဗလန္စီယာပြဲကိုပဲ အာရံုစိုက္လိုေနပါတယ္။ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကိုေတာ့ တက္ေရာက္ထားႏိုင္ပါျပီ။
” လီဗာပူးနဲ႔ပြဲဆိုတာထက္ မနက္ျဖန္ပြဲကပဲ အေရးၾကီးပါတယ္။ ေဘာလံုးက ဘာမဆိုျဖစ္ႏိုင္တယ္။ ပံုမွန္အားျဖင့္ေတာ့ ဂ်ဴဗင္တပ္က ယန္းဘိြဳင္းကို အႏိုင္ရမွာျဖစ္လို႔ အုပ္စုဗိုလ္ (သို႔) ဒုတိယအေနနဲ႔ တက္မယ္ဆိုတာေတြက အက်ိဳးျဖစ္မယ္ မထင္ဘူး။ ဒါေပမယ့္ ေဘာလံုးပြဲပါ။ ခ်န္ပီယံလိဂ္ပြဲပါ။ က်ေနာ္တုိ႔က မန္ခ်က္စတာယူႏိုက္တက္ျဖစ္ျပီး ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြပါ။ စြမ္းေဆာင္ရည္ေကာင္းဖို႔ လိုပါတယ္ ” လို႔ ေမာ္ရင္ညိဳက ထပ္ေျပာပါတယ္။
ယူႏိုက္တက္စီနီယာအသင္းမွာ ယူ-18 မွ ဂါနာနဲ႔ ဂရင္းဝုဒ္တို႔ကို ထည့္သြင္းလာပါတယ္။ အသင္းပရိသတ္ေတြၾကား လူငယ္ေလးေတြ ပါဝင္လာမႈကို ေမးခြန္းထုတ္ရမႈေတြ ရွိလာေပမယ့္လို႔ သူတို႔ေတြက ပြဲထြက္ခြင့္ရမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။
လူငယ္ေတြ အသံုးျပဳမလားဆိုတဲ့ ေမာ္ရင္ညိဳက ” ေကာင္ေလးေတြ ပြဲထြက္ခြင့္ရမွာ မဟုတ္ပါဘူး။ ဂါနာက အရန္ခံုမွာ ရွိေနမွာျဖစ္ျပီး ေမဆန္ဂရင္းဝုဒ္က ျဖစ္လာႏိုင္တဲ့ ဒဏ္ရာအေျခအေနေတြအတြက္ ကာကြယ္မႈပါ။ က်ေနာ္တို႔မွာ ပြဲကစားခြင့္လိုတဲ့ ကစားသမားေတြေကာ၊ ပြဲထြက္ခြင့္ ထိုက္တန္တဲ့ ကစားသမားေတြေကာ ရွိထားပါတယ္။ မန္ခ်က္စတာမွာ ကစားသမားအခ်ိဳ႕ကို ခ်န္ခဲ့ပါတယ္။ ဒါေပမယ့္ စီနီယာကစားသမားေတြနဲ႔ပဲ ဒီပြဲမွာ ကစားသြားမွာပါ ” လို႔ ေမးခြန္းကို ေျဖဆိုသြားပါတယ္။
Sports Home Time

[Unicode] ချန်ပီယံလိဂ်ပွဲကြို အင်တာဗျူးမှာ ယူနိုက်တက်မန်နေဂျာမော်ရင်ညိုဟာ ပေါ့ဘာနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံရပါတယ်။ ဒီရာသီမှာ ကမ္ဘာဖလားချန်ပီယံ ကွင်းလယ်လူထံက အကောင်းဆုံးခြေစွမ်းတွေ ထွက်ပေါ်မလာခဲ့ပဲ ဒီအနေအထားအတွက် သတင်းထောက်တွေက ဦးတည်မေးမြန်းမှု လုပ်ခဲ့တာပါ။
မော်ရင်ညိုက ” မင်းတို့မေးခွန်းရဲ့ ဦးတည်ချက်တွေကို မကြိုက်ဘူး။ အဲ့သည် မေးခွန်းနဲ့ အဖြေတွေကို ငါမပေးချင်ဘူး။ မေးခွန်းလည်း မကြိုက်ဘူး၊ ဦးတည်မှုကိုလည်း မကြိုက်ဘူး ” လို့ တုန့်ပြန်ပါတယ်။ ဒါပေမယ့်လို့ ဗလန်စီယာနဲ့ပွဲမှာ သေချာပေါက် ပွဲထွက်ခွင့်ရမယ့် ပေါ့ဘာနဲ့ ပက်သက်ပြီး ဖြေဆိုမှုတော့ လုပ်ပေးသွားပါတယ်။
မော်ရင်ညိုက ” ပေါ့ဘာ ကောင်းကောင်းကစားပြီး အသင်းအတွက် အကျိုးဖြစ်ဖို့၊ ကစားပွဲအတွက် အကျိုးဖြစ်ဖို့ မျှော်လင့်ပါတယ်။ အသင်းမှာ ပွဲထွက်ခွင့်တွေ အများကြီး မရထားတဲ့ ကစားသမားတွေရှိပါတယ်။ အသင်းက ကစားသမား အများအပြားက ပွဲတွေအများကြီး မကစားရသေးပါဘူး။ ဒါကြောင့် ပေါလ် အပါအဝင် ကစားသမား နှစ်ဦးလောက်ဟာ အသင်းအတွက် ပွဲထွက်ခွင့်ရတာက ပုံမှန်ပါပဲ။ အသင်းအတွက် အကျိုးဖြစ်စေမယ့် ကောင်မွန်တဲ့အဆင့်ကို ရောက်ဖို့ သူတို့ ပွဲထွက်ခွင့်တွေ လိုပါတယ် ” လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ ဒီအပတ် တနင်္ဂနွေမှာတော့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။ မော်ရင်ညိုကတော့ ပြည်တွင်းပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ရမှာထက် ဗလန်စီယာပွဲကိုပဲ အာရုံစိုက်လိုနေပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကိုတော့ တက်ရောက်ထားနိုင်ပါပြီ။
” လီဗာပူးနဲ့ပွဲဆိုတာထက် မနက်ဖြန်ပွဲကပဲ အရေးကြီးပါတယ်။ ဘောလုံးက ဘာမဆိုဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့်တော့ ဂျူဗင်တပ်က ယန်းဘွိုင်းကို အနိုင်ရမှာဖြစ်လို့ အုပ်စုဗိုလ် (သို့) ဒုတိယအနေနဲ့ တက်မယ်ဆိုတာတွေက အကျိုးဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် ဘောလုံးပွဲပါ။ ချန်ပီယံလိဂ်ပွဲပါ။ ကျနော်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတွေပါ။ စွမ်းဆောင်ရည်ကောင်းဖို့ လိုပါတယ် ” လို့ မော်ရင်ညိုက ထပ်ပြောပါတယ်။
ယူနိုက်တက်စီနီယာအသင်းမှာ ယူ-18 မှ ဂါနာနဲ့ ဂရင်းဝုဒ်တို့ကို ထည့်သွင်းလာပါတယ်။ အသင်းပရိသတ်တွေကြား လူငယ်လေးတွေ ပါဝင်လာမှုကို မေးခွန်းထုတ်ရမှုတွေ ရှိလာပေမယ့်လို့ သူတို့တွေက ပွဲထွက်ခွင့်ရမှာ မဟုတ်တာတော့ သေချာပါတယ်။
လူငယ်တွေ အသုံးပြုမလားဆိုတဲ့ မော်ရင်ညိုက ” ကောင်လေးတွေ ပွဲထွက်ခွင့်ရမှာ မဟုတ်ပါဘူး။ ဂါနာက အရန်ခုံမှာ ရှိနေမှာဖြစ်ပြီး မေဆန်ဂရင်းဝုဒ်က ဖြစ်လာနိုင်တဲ့ ဒဏ်ရာအခြေအနေတွေအတွက် ကာကွယ်မှုပါ။ ကျနော်တို့မှာ ပွဲကစားခွင့်လိုတဲ့ ကစားသမားတွေကော၊ ပွဲထွက်ခွင့် ထိုက်တန်တဲ့ ကစားသမားတွေကော ရှိထားပါတယ်။ မန်ချက်စတာမှာ ကစားသမားအချို့ကို ချန်ခဲ့ပါတယ်။ ဒါပေမယ့် စီနီယာကစားသမားတွေနဲ့ပဲ ဒီပွဲမှာ ကစားသွားမှာပါ ” လို့ မေးခွန်းကို ဖြေဆိုသွားပါတယ်။
Sports Home Time
