[Zawgyi] မန္စီးတီးအသင္းဟာ အေမရိကန္ဂိုးသမား ဇက္စတီဖန္ကို မေဖာ္ျပတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ လာမယ့္ ေႏြမွာ ေခၚယူဖို႔ အျပီးသတ္လက္မွတ္ထိုးမႈေတြ လုပ္ျပီးခဲ့ပါျပီ။ ေမဂ်ာလိဂ္သမိုင္းမွာ ဂိုးသမားတစ္ေယာက္အတြက္ အျမင့္ဆံုးေျပာင္းေရႊ႔ေၾကးျဖင့္ သေဘာတူညီမႈျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းဟာ စတက္ဖန္ကိစၥအတြက္ ေမဂ်ာလိဂ္ကလပ္ ကိုလမ္ဘတ္စ္ခ႐ူး အသင္းနဲ႔ ဒီကေန႔မွာပဲ အျပီးသတ္လက္မွတ္ထိုးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေျပာင္းေရႊ႔ေၾကးဟာ အနည္းဆုံး ေပါင္ 5.5 သန္းကေန အျမင့္ဆုံး ေပါင္ 7.8 သန္းထိ ရွိႏိုင္မယ္လို႔ သိထားရတယ္။ မန္စီးတီးက လိုအပ္ရင္ ဂိုးသမား အီဒါဆန္ရဲ႕ေနာက္ ဒုတိယဦးစားအေပးအျဖစ္ အစားဝင္ႏိုင္ဖို႔အတြက္ စတီဖန္ကို လက္မွတ္ထိုးခဲ့တာျဖစ္တယ္။
စတက္ဖန္အတြက္ 2018 ဟာ အေကာင္းဆုံးရာသီျဖစ္ခဲ့ၿပီး အဲ့ဒီ့ရာသီမွာ ေမဂ်ာလိဂ္ ရဲ႕ တႏွစ္တာ အေကာင္းဆုံး ဂိုးသမားဆုကို ရရွိခဲ့တာပါ။ ႏိုင္ငံအသင္းမွာလဲ ဦးစားေပးဂိုးသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ မန္စီးတီးရဲ႕ လက္ရွိ ပြဲထြက္ဂိုးသမား အီဒါဆန္ဟာ အသက္ 25 ႏွစ္အ႐ြယ္ျဖစ္ျပီး စတက္ဖန္ထက္ ႏွစ္ႏွစ္သာႀကီးပါတယ္။ စီးတီးဟာ သူ႔အလားအလာကို ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ထားတယ္ဆိုတာ သူ႔ရဲ႕ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကိုၾကည့္ရင္ သိႏိုင္ပါတယ္။
မန္စီးတီးအသင္းရဲ႕ အရန္ဂိုးသမား ကေလာ္ဒီယို ဘရာဗိုဟာ ၾသဂုတ္လက ဖေနာင့္ေၾကာေပါက္တဲ့ ဒဏ္ရာရရွိခဲ့ၿပီး ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့တာေၾကာင့္ စီးတီးက ဘရီဒါအသင္းကို အငွါးခ်ထားတဲ့ ကိုဆိုဗို ဂိုးသမား ေအ႐ို မီးရစ္ကို အေရးေပၚ ျပန္လည္ေခၚယူခဲ့ပါတယ္။ အေမရိကန္ဂိုးသမားဟာ အီသီဟဒ္ကြင္းမွာ ေနရာတစ္ခု ရယူႏိုင္ဖို႔ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ ရင္ဆိုင္ေနႏိုင္ေပမယ့္ အဓိက ျပိဳင္ဘက္က အီဒါဆန္ ျဖစ္လာမွာပါ။
မန္စီးတီးကလပ္အသင္းဘက္က တရားဝင္အတည္ျပဳခဲ့ျပီျဖစ္တဲ့ စတီဖန္ဟာ အရပ္ 6 ေမ 3 လက္မ ျမင့္မားျပီး ကာကြယ္မႈပိုင္းမွာ တည္ျငိမ္သူျဖစ္တယ္။ မန္ေနဂ်ာဂြာဒီယိုလာကေတာ့ အသင္းမွာ အားနည္းေနတဲ့ ဂိုးသမား အီဒါဆန္ ေနရာကို လိုအပ္ရင္ ခ်က္ျခင္း အစားဝင္ေပးႏိုင္ဖို႔ ရည္ရြယ္လာခဲ့ပါျပီ။
Sports Home Time

[Unicode] မန်စီးတီးအသင်းဟာ အမေရိကန်ဂိုးသမား ဇက်စတီဖန်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးနဲ့ လာမယ့် နွေမှာ ခေါ်ယူဖို့ အပြီးသတ်လက်မှတ်ထိုးမှုတွေ လုပ်ပြီးခဲ့ပါပြီ။ မေဂျာလိဂ်သမိုင်းမှာ ဂိုးသမားတစ်ယောက်အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြင့် သဘောတူညီမှုဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ စတက်ဖန်ကိစ္စအတွက် မေဂျာလိဂ်ကလပ် ကိုလမ်ဘတ်စ်ခရူး အသင်းနဲ့ ဒီကနေ့မှာပဲ အပြီးသတ်လက်မှတ်ထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးဟာ အနည်းဆုံး ပေါင် 5.5 သန်းကနေ အမြင့်ဆုံး ပေါင် 7.8 သန်းထိ ရှိနိုင်မယ်လို့ သိထားရတယ်။ မန်စီးတီးက လိုအပ်ရင် ဂိုးသမား အီဒါဆန်ရဲ့နောက် ဒုတိယဦးစားအပေးအဖြစ် အစားဝင်နိုင်ဖို့အတွက် စတီဖန်ကို လက်မှတ်ထိုးခဲ့တာဖြစ်တယ်။
စတက်ဖန်အတွက် 2018 ဟာ အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး အဲ့ဒီ့ရာသီမှာ မေဂျာလိဂ် ရဲ့ တနှစ်တာ အကောင်းဆုံး ဂိုးသမားဆုကို ရရှိခဲ့တာပါ။ နိုင်ငံအသင်းမှာလဲ ဦးစားပေးဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မန်စီးတီးရဲ့ လက်ရှိ ပွဲထွက်ဂိုးသမား အီဒါဆန်ဟာ အသက် 25 နှစ်အရွယ်ဖြစ်ပြီး စတက်ဖန်ထက် နှစ်နှစ်သာကြီးပါတယ်။ စီးတီးဟာ သူ့အလားအလာကို ဘယ်လောက်တောင် မျှော်လင့်ထားတယ်ဆိုတာ သူ့ရဲ့မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကိုကြည့်ရင် သိနိုင်ပါတယ်။
မန်စီးတီးအသင်းရဲ့ အရန်ဂိုးသမား ကလော်ဒီယို ဘရာဗိုဟာ သြဂုတ်လက ဖနောင့်ကြောပေါက်တဲ့ ဒဏ်ရာရရှိခဲ့ပြီး ပွဲစဉ် တော်တော်များများကို လွဲချော်ခဲ့တာကြောင့် စီးတီးက ဘရီဒါအသင်းကို အငှါးချထားတဲ့ ကိုဆိုဗို ဂိုးသမား အေရို မီးရစ်ကို အရေးပေါ် ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အမေရိကန်ဂိုးသမားဟာ အီသီဟဒ်ကွင်းမှာ နေရာတစ်ခု ရယူနိုင်ဖို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေနိုင်ပေမယ့် အဓိက ပြိုင်ဘက်က အီဒါဆန် ဖြစ်လာမှာပါ။
မန်စီးတီးကလပ်အသင်းဘက်က တရားဝင်အတည်ပြုခဲ့ပြီဖြစ်တဲ့ စတီဖန်ဟာ အရပ် 6 မေ 3 လက်မ မြင့်မားပြီး ကာကွယ်မှုပိုင်းမှာ တည်ငြိမ်သူဖြစ်တယ်။ မန်နေဂျာဂွာဒီယိုလာကတော့ အသင်းမှာ အားနည်းနေတဲ့ ဂိုးသမား အီဒါဆန် နေရာကို လိုအပ်ရင် ချက်ခြင်း အစားဝင်ပေးနိုင်ဖို့ ရည်ရွယ်လာခဲ့ပါပြီ။
Sports Home Time
