လီဗာပူးအတြက္ ကိုယ္ပိုင္အမွတ္တရနဲ႔ ေနာက္ထပ္ ခ်န္ပီယံလိဂ္ ဇာတ္လမ္းေတြ ထပ္ေရးမယ္

[Zawgyi] မနက္ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ နာပိုလီနဲ႔ပြဲအတြက္ လီဗာပူးပရိသတ္ေတြနဲ႔ အသင္းသားေတြအတြက္ ကေလာ့ပ္ရဲ႕ မွာတမ္းပါ။

“ ခ်န္ပီယံလိဂ္အေဝးကြင္းေတြမွာ က်ေနာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ အရမ္းမေကာင္းခဲ့တာကို ဖုန္းကြယ္ထားဖို႔ မလိုပါဘူး။ က်ေနာ္တို႔ တိုးတက္မႈရဲ႕ မွန္ကန္တဲ့အေနအထားကို ရရွိထားတာျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္မွာ က်ေနာ္တို႔ ဆက္လက္ ပါဝင္သြားႏိုင္ဖုိ႔ အခြင့္အေရးရွိေနဆဲဆိုတာ ေမ့ပစ္ဖို႔ မလိုဘူး။ က်ေနာ္တုိက အိမ္ကြင္းအန္ဖီးမွာဆိုရင္ အရမ္းေကာင္းပါတယ္။ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖုိ႔ ဘာေတြလုပ္ရမယ္ဆိုတာ က်ေနာ္တုိ႔ သိပါတယ္။ က်ေနာ္တုိ႔မွာ အလုပ္တစ္ခုပဲရွိတာက ဒီပြဲကို ႏိုင္ဖို႔ပါပဲ။ အေကာင္းဆံုးၾကိဳးစားမယ္ဆိုရင္ က်ေနာ္တုိ႔မွာ အခြင့္အေရးရွိပါတယ္။

နာပိုလီက သိပ္ကိုခက္ခဲတဲ့ ျပိဳင္ဘက္ပါ။ သူတို႔မွာ သိပ္ကိုေကာင္းတဲ့ ကစားသမားေတြလည္းရွိတယ္။ ဒါေပမယ့္ ထက္ျမက္ျပီး ေခါင္းေဆာင္ႏိုင္စြမ္းရွိတဲ့ အန္ဆယ္ေလာ့တီက နာပိုလီကို တကယ္ျပိဳင္ဘက္ေကာင္းျဖစ္ေအာင္ လုပ္လာေပးခဲ့ျပီလို႔ က်ေနာ္ထင္တယ္။

နာပိုလီကို ေလးစားေပမယ့္ ဒီကေန႔ညပြဲကေတာ့ က်ေနာ္တို႔အတြက္နဲ႔ က်ေနာ္တို႔ရဲ႕ အလားအလာအတြက္ပါပဲ။ ဒါကိုပဲ အသင္းက အျပည့္အဝ အာရံုစိုက္ထားပါတယ္။ က်ေနာ္တုိ႔မွာရွိတဲ့ အရည္အခ်င္းကို နားလည္တယ္၊ က်ေနာ္တုိ႔မွာရွိတဲ့ စိတ္ဓါတ္ပိုင္းကိုလည္း နားလည္တယ္။ က်ေနာ္တို႔ ဘာကိုလိုအပ္တယ္ဆိုတဲ့အေပၚ ယံုၾကည္ရမယ္ဆိုတာကိုလည္း သိထားပါတယ္။

ဒီလိုအခိုက္အတန္႔ကို ပိုင္ဆိုင္ေထြးေပြ႔ခြင့္ရတာအတြက္ လီဗာပူးအသင္းအဝတ္လဲခန္းကိုယ္စာ က်ေနာ္ အရမ္း ဂုဏ္ယူပါတယ္။ သူတို႔ေတြက ဒီအသင္းမွာ အစိတ္အပိုင္းအျဖစ္ ပါဝင္ရတာကို ႏွစ္သက္ခဲ့ၾကျပီးပါျပီ။ သူတို႔ ကိုယ္ပိုင္ အမွတ္တရေတြနဲ႔ မွတ္တမ္းေတြကို ဖန္တီးလိုစိတ္ရွိၾကတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္ ဇာတ္လမ္းေလးေတြေပါ့။ ဒီကေန႔ညမွာ အသင္းပရိသတ္ေတြ ေပ်ာ္ရႊင္ေအာင္လို႔ သူတို႔ေတြ လုပ္ေပးပါလိမ့္မယ္။

ဒီကေန႔ရဲ႕ အသင္းလူစာရင္းမွာ နာမည္ပါဝင္တဲ့ ကစားသမား 18 ဦးက မည္သူေတြျဖစ္ေစ၊ လီဗာပူးမိသားစု တစ္ခုလံုးလိုပဲ က်ေနာ္တို႔က အခ်င္းခ်င္း ယံုၾကည္ရမယ္ဆိုတာ နားလည္တယ္။ ဒါက အေရးၾကီးပါတယ္။ ျပင္းျပမႈပိုင္းေတြမွာ က်ေနာ္တို႔ ေကာင္ေလးေတြက အရမ္းကို ထူးခၽြန္ပါတယ္။ သူတို႔ ရဲရင့္ဖို႔လိုတယ္ဆိုတာ သူတို႔သိတယ္။ ေနာက္ျပီး အႏိုင္ယူဖို႔ တာဝန္ရွိတာကိုလည္း သိပါတယ္။ ပထမပိုင္း 5 မိနစ္မွာတင္ ပြဲကို အႏုိင္ရဖို႔ မလိုပါဘူး။ အဆံုးသတ္ထိ အႏိုင္ရဖို႔ စိတ္ရွည္စြာနဲ႔ ယွဥ္ျပိဳင္သြားဖို႔ လိုပါတယ္။ ”

Sports Home Time

{Unicode] မနက် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် နာပိုလီနဲ့ပွဲအတွက် လီဗာပူးပရိသတ်တွေနဲ့ အသင်းသားတွေအတွက် ကလော့ပ်ရဲ့ မှာတမ်းပါ။

“ ချန်ပီယံလိဂ်အဝေးကွင်းတွေမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည် အရမ်းမကောင်းခဲ့တာကို ဖုန်းကွယ်ထားဖို့ မလိုပါဘူး။ ကျနော်တို့ တိုးတက်မှုရဲ့ မှန်ကန်တဲ့အနေအထားကို ရရှိထားတာဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ကျနော်တို့ ဆက်လက် ပါဝင်သွားနိုင်ဖို့ အခွင့်အရေးရှိနေဆဲဆိုတာ မေ့ပစ်ဖို့ မလိုဘူး။ ကျနော်တိုက အိမ်ကွင်းအန်ဖီးမှာဆိုရင် အရမ်းကောင်းပါတယ်။ ရှူံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့မှာ အလုပ်တစ်ခုပဲရှိတာက ဒီပွဲကို နိုင်ဖို့ပါပဲ။ အကောင်းဆုံးကြိုးစားမယ်ဆိုရင် ကျနော်တို့မှာ အခွင့်အရေးရှိပါတယ်။

နာပိုလီက သိပ်ကိုခက်ခဲတဲ့ ပြိုင်ဘက်ပါ။ သူတို့မှာ သိပ်ကိုကောင်းတဲ့ ကစားသမားတွေလည်းရှိတယ်။ ဒါပေမယ့် ထက်မြက်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အန်ဆယ်လော့တီက နာပိုလီကို တကယ်ပြိုင်ဘက်ကောင်းဖြစ်အောင် လုပ်လာပေးခဲ့ပြီလို့ ကျနော်ထင်တယ်။

နာပိုလီကို လေးစားပေမယ့် ဒီကနေ့ညပွဲကတော့ ကျနော်တို့အတွက်နဲ့ ကျနော်တို့ရဲ့ အလားအလာအတွက်ပါပဲ။ ဒါကိုပဲ အသင်းက အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျနော်တို့မှာရှိတဲ့ အရည်အချင်းကို နားလည်တယ်၊ ကျနော်တို့မှာရှိတဲ့ စိတ်ဓါတ်ပိုင်းကိုလည်း နားလည်တယ်။ ကျနော်တို့ ဘာကိုလိုအပ်တယ်ဆိုတဲ့အပေါ် ယုံကြည်ရမယ်ဆိုတာကိုလည်း သိထားပါတယ်။

ဒီလိုအခိုက်အတန့်ကို ပိုင်ဆိုင်ထွေးပွေ့ခွင့်ရတာအတွက် လီဗာပူးအသင်းအဝတ်လဲခန်းကိုယ်စာ ကျနော် အရမ်း ဂုဏ်ယူပါတယ်။ သူတို့တွေက ဒီအသင်းမှာ အစိတ်အပိုင်းအဖြစ် ပါဝင်ရတာကို နှစ်သက်ခဲ့ကြပြီးပါပြီ။ သူတို့ ကိုယ်ပိုင် အမှတ်တရတွေနဲ့ မှတ်တမ်းတွေကို ဖန်တီးလိုစိတ်ရှိကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းလေးတွေပေါ့။ ဒီကနေ့ညမှာ အသင်းပရိသတ်တွေ ပျော်ရွှင်အောင်လို့ သူတို့တွေ လုပ်ပေးပါလိမ့်မယ်။

ဒီကနေ့ရဲ့ အသင်းလူစာရင်းမှာ နာမည်ပါဝင်တဲ့ ကစားသမား 18 ဦးက မည်သူတွေဖြစ်စေ၊ လီဗာပူးမိသားစု တစ်ခုလုံးလိုပဲ ကျနော်တို့က အချင်းချင်း ယုံကြည်ရမယ်ဆိုတာ နားလည်တယ်။ ဒါက အရေးကြီးပါတယ်။ ပြင်းပြမှုပိုင်းတွေမှာ ကျနော်တို့ ကောင်လေးတွေက အရမ်းကို ထူးချွန်ပါတယ်။ သူတို့ ရဲရင့်ဖို့လိုတယ်ဆိုတာ သူတို့သိတယ်။ နောက်ပြီး အနိုင်ယူဖို့ တာဝန်ရှိတာကိုလည်း သိပါတယ်။ ပထမပိုင်း 5 မိနစ်မှာတင် ပွဲကို အနိုင်ရဖို့ မလိုပါဘူး။ အဆုံးသတ်ထိ အနိုင်ရဖို့ စိတ်ရှည်စွာနဲ့ ယှဉ်ပြိုင်သွားဖို့ လိုပါတယ်။ ”

Sports Home Time