[Zawgyi] စကိုင္းမွ အားကစားကေလာင္ရွင္ နဗီးက အာဆင္နယ္အတြက္ ဒီရာသီမွာ အက်ိဳးျဖစ္ေစတဲ့ ကစားသမားအျဖစ္ ေတာ္ရဲရာကို ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။ ေႏြအေျပာင္းအေရႊ႔မွာ ဆမ့္ဒိုးရီးယားကေန အာဆင္နယ္ကို ေပါင္ 26.5 သန္းနဲ႔ ေျပာင္းလာခဲ့တဲ့ ေတာ္ရဲရားဟာ ေတာ္တင္ဟမ္နဲ႔ ဟက္ဒါဖီးပြဲေတြမွာ အေရးပါတဲ့ သြင္းဂိုးေတြကို သြင္းယူေပးခဲ့ေသးတာပါ။
နဗီးက ကမၻာဖလားမွာကတည္းက ဥရုေဂြးကြင္းလယ္လူ ေတာ္ရဲရားကို သတိထားမိေပမယ့္ အရမ္းၾကီး အထင္မၾကီးခဲ့ဘူးလို႔ ဝန္ခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းမွာ ေတာ္ရဲရား ျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ ဥရုေဂြးကြင္းလယ္လူအေပၚထားတဲ့ သူ႔ရဲ႕အျမင္ေတြ ေျပာင္းလဲလာေစခဲ့ျပီလို႔လည္း ေျပာဆိုပါတယ္။
စကိုင္းရဲ႕ Monday Night Football ပရိုဂရမ္မွာ နဗီးက “ က်ေနာ္ အေတာ္ေလး အထင္ၾကီးမိပါတယ္။ ကမၻာဖလားမွာကတည္းက သူ႔ကို ေစာင့္ၾကည့္ခဲ့တာပါ။ ျပင္သစ္နဲ႔-ဥရုေဂြးပြဲမွာ သူကစားတာကို က်ေနာ္ ျမင္ခဲ့ပါေသးတယ္။ ျပင္သစ္အေကာင္းဆံုး ပံုစံေတြ ရခ်ိန္မွာေတာ့ သူက ေျခစြမ္းျပႏိုင္ခဲ့ျခင္း မရွိပါဘူး။
အာဆင္နယ္က သူ႔ကို လက္မွတ္ထိုးမယ္ဆိုေတာ့ က်ေနာ္ အံ့ၾသမိခဲ့ေသးတယ္။ ဒါေပမယ့္လို႔ အာဆင္နယ္အသင္းအေပၚ သူ႔ရဲ႕ သက္ေရာက္မႈက ၾကီးမွားပါတယ္။ အာဆင္နယ္အတြက္ အက်ိဳးသက္ေရာက္မႈ အရွိဆံုး ကစားသမားပါပဲ။ ဒီရာသီ အာဆင္နယ္အသင္းရဲ႕ ကစားဟန္မွာ အသင္းေဖာ္ေတြ ဘာလုပ္ရမယ္ဆိုတာအတြက္ သူက အေကာင္းဆံုး ဦးေဆာင္ေနသူလို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ေျပာပါတယ္။
ေတာ္ရဲရာဟာ အာဆင္နယ္အတြက္ အေကာင္းဆံုးေျခစြမ္းေတြ ဆက္တုိက္ျပသေနတာပါ။ ဒါေပမယ့္ သူ႔ရဲ႕အေကာင္းဆံုး စြမ္းေဆာင္ရည္ကိုေတာ့ ေတာ္တင္ဟမ္နဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲမွာ ျမင္ေတြ႔ခဲ့ရတယ္။ သူဟာ အဆိုပါ ႏုိင္ပြဲအေပၚ အေတာ္ေလး အက်ိဳးသက္ေရာက္မႈ ၾကီးမားခဲ့ပါတယ္။
“ ေတာ္တင္ဟမ္နဲ႔ပြဲမွာ ေတာ္ရဲရားကို ၾကည့္မယ္ဆိုရင္ ဧရိယာထဲမွာလည္း တိုက္စစ္လိုက္ပါေနျပီး စြမ္းအင္အျပည့္နဲ႔ ကစားေနခဲ့တာပါ။ အာဆင္နယ္က အဲ့သည္လို ကစားသမားကို လိုေနခဲ့တာပါ။ အရင္ 5 ႏွစ္ 6 ႏွစ္ေလာက္ကတည္းက အာဆင္နယ္ဟာ သူ႔လိုကစားသမား လိုအပ္ေနတယ္လို႔ က်ေနာ္ ထင္တယ္။ ပီတစ္ (သို႔) ဗီရဲယာလို သန္မာတဲ့ ကြင္းလယ္လူမ်ိဳးလိုေနတာပါ။ ေတာ္ရဲရာကေတာ့ ေသးေသးေကြးေကြးေပမယ့္ေပါ့ေလ။
ေတာရဲရာက လူေကာင္ေသးေပမယ့္ ဇြဲၾကီးပါတယ္။ သူက ဧရိယာထဲထိ ဝင္ေရာက္ကစားျပီး အရင္အပတ္မွာတင္ ႏွစ္ဂိုး သြင္းထားခဲ့တယ္။ ေဘာလံုးကိုင္ကစားတာေကာင္းျပီး အာဆင္နယ္အတြက္ေတာ့ စိတ္ဓါတ္ပိုင္းဆိုင္ရာအရ တကယ္ကို အဆင့္ျမင့္တင္ႏိုင္မႈပါပဲ ” လို႔ နဗီးက ထပ္ေျပာခဲ့ပါတယ္။
ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ အာဆင္နယ္ဟာ တိုက္စစ္ပိုင္းသြင္းဂိုးရဖို႔ ရုန္းကန္ေနရေပမယ့္ ေတာ္ရဲရာရဲ႕ သြင္းဂိုးေၾကာင့္ပဲ အႏိုင္ရခဲ့ပါတယ္။ အာဆင္နယ္ ျပိဳင္ပြဲစံု 21 ပြဲထိ အရံွဴးမရွိ ကစားထားခဲ့ျပီး ေတာ္ရဲရာရဲ႕သြင္းဂိုးကေတာ့ ထိပ္ဆံုး 4 ေနရာအတြက္ စိန္ေခၚႏိုင္ဖုိ႔ တြန္းအားေကာင္းျဖစ္ေစခဲ့ပါတယ္။
Sports Home Time

[Unicode] စကိုင်းမှ အားကစားကလောင်ရှင် နဗီးက အာဆင်နယ်အတွက် ဒီရာသီမှာ အကျိုးဖြစ်စေတဲ့ ကစားသမားအဖြစ် တော်ရဲရာကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ နွေအပြောင်းအရွှေ့မှာ ဆမ့်ဒိုးရီးယားကနေ အာဆင်နယ်ကို ပေါင် 26.5 သန်းနဲ့ ပြောင်းလာခဲ့တဲ့ တော်ရဲရားဟာ တော်တင်ဟမ်နဲ့ ဟက်ဒါဖီးပွဲတွေမှာ အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့သေးတာပါ။
နဗီးက ကမ္ဘာဖလားမှာကတည်းက ဥရုဂွေးကွင်းလယ်လူ တော်ရဲရားကို သတိထားမိပေမယ့် အရမ်းကြီး အထင်မကြီးခဲ့ဘူးလို့ ဝန်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ တော်ရဲရား ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဥရုဂွေးကွင်းလယ်လူအပေါ်ထားတဲ့ သူ့ရဲ့အမြင်တွေ ပြောင်းလဲလာစေခဲ့ပြီလို့လည်း ပြောဆိုပါတယ်။
စကိုင်းရဲ့ Monday Night Football ပရိုဂရမ်မှာ နဗီးက “ ကျနော် အတော်လေး အထင်ကြီးမိပါတယ်။ ကမ္ဘာဖလားမှာကတည်းက သူ့ကို စောင့်ကြည့်ခဲ့တာပါ။ ပြင်သစ်နဲ့-ဥရုဂွေးပွဲမှာ သူကစားတာကို ကျနော် မြင်ခဲ့ပါသေးတယ်။ ပြင်သစ်အကောင်းဆုံး ပုံစံတွေ ရချိန်မှာတော့ သူက ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပါဘူး။
အာဆင်နယ်က သူ့ကို လက်မှတ်ထိုးမယ်ဆိုတော့ ကျနော် အံ့သြမိခဲ့သေးတယ်။ ဒါပေမယ့်လို့ အာဆင်နယ်အသင်းအပေါ် သူ့ရဲ့ သက်ရောက်မှုက ကြီးမှားပါတယ်။ အာဆင်နယ်အတွက် အကျိုးသက်ရောက်မှု အရှိဆုံး ကစားသမားပါပဲ။ ဒီရာသီ အာဆင်နယ်အသင်းရဲ့ ကစားဟန်မှာ အသင်းဖော်တွေ ဘာလုပ်ရမယ်ဆိုတာအတွက် သူက အကောင်းဆုံး ဦးဆောင်နေသူလို့ ကျနော် ထင်ပါတယ် ” လို့ ပြောပါတယ်။
တော်ရဲရာဟာ အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းတွေ ဆက်တိုက်ပြသနေတာပါ။ ဒါပေမယ့် သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်ကိုတော့ တော်တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ မြင်တွေ့ခဲ့ရတယ်။ သူဟာ အဆိုပါ နိုင်ပွဲအပေါ် အတော်လေး အကျိုးသက်ရောက်မှု ကြီးမားခဲ့ပါတယ်။
“ တော်တင်ဟမ်နဲ့ပွဲမှာ တော်ရဲရားကို ကြည့်မယ်ဆိုရင် ဧရိယာထဲမှာလည်း တိုက်စစ်လိုက်ပါနေပြီး စွမ်းအင်အပြည့်နဲ့ ကစားနေခဲ့တာပါ။ အာဆင်နယ်က အဲ့သည်လို ကစားသမားကို လိုနေခဲ့တာပါ။ အရင် 5 နှစ် 6 နှစ်လောက်ကတည်းက အာဆင်နယ်ဟာ သူ့လိုကစားသမား လိုအပ်နေတယ်လို့ ကျနော် ထင်တယ်။ ပီတစ် (သို့) ဗီရဲယာလို သန်မာတဲ့ ကွင်းလယ်လူမျိုးလိုနေတာပါ။ တော်ရဲရာကတော့ သေးသေးကွေးကွေးပေမယ့်ပေါ့လေ။
တောရဲရာက လူကောင်သေးပေမယ့် ဇွဲကြီးပါတယ်။ သူက ဧရိယာထဲထိ ဝင်ရောက်ကစားပြီး အရင်အပတ်မှာတင် နှစ်ဂိုး သွင်းထားခဲ့တယ်။ ဘောလုံးကိုင်ကစားတာကောင်းပြီး အာဆင်နယ်အတွက်တော့ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ တကယ်ကို အဆင့်မြင့်တင်နိုင်မှုပါပဲ ” လို့ နဗီးက ထပ်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းသွင်းဂိုးရဖို့ ရုန်းကန်နေရပေမယ့် တော်ရဲရာရဲ့ သွင်းဂိုးကြောင့်ပဲ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ် ပြိုင်ပွဲစုံ 21 ပွဲထိ အရှူံးမရှိ ကစားထားခဲ့ပြီး တော်ရဲရာရဲ့သွင်းဂိုးကတော့ ထိပ်ဆုံး 4 နေရာအတွက် စိန်ခေါ်နိုင်ဖို့ တွန်းအားကောင်းဖြစ်စေခဲ့ပါတယ်။
Sports Home Time
