နဗီးေရြးခ်ယ္သည့္ လီဗာပူး၊ ယူႏိုက္တက္ ႏွစ္သင္းေပါင္း ၁၁ ဦးစာရင္းကို ကာေရဂါ ေလွာင္ေျပာင္

[Zawgyi] လီဗာပူး၊ ယူႏိုက္တက္ပြဲၾကိဳ ႏွစ္သင္းေပါင္း အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္း ေရြးခ်ယ္ရာမွာ နဗီးက ကြင္းလယ္တစ္ေနရာအတြက္ ေပါ့ဘာကို ထည့္သြင္းခဲ့မႈကို ကာရေဂါက ဟားတိုက္ေလွာင္ေျပာင္လုိက္ပါတယ္။ အဂၤလန္ရဲ႕ အေအာင္ျမင္ဆံုး အသင္းႏွစ္သင္း ထိပ္တိုက္ေတြ႔မယ့္ တနဂၤေႏြေန႔ပြဲမွာ လီဗာပူးက အမွတ္ေပးဇယားကို ဦးေဆာင္သူအျဖစ္ ရွိေနျပီး ယူႏိုက္တက္ကေတာ့ အဆင့္ ၆ ေနရာမွာ ရွိေနတာပါ။

စကိုင္းက ျပဳလုပ္တဲ့ Monday Night Football အစီအစဥ္မွာ အစီအစဥ္မွဴးေတြျဖစ္တဲ့ နဗီးနဲ႔ ကာေရဂါတို႔ဟာ ကိုယ္ပိုင္ အေကာင္းဆံုးအသင္းေတြကို ေရြးခ်ယ္ခဲ့ၾကတယ္။ ႏွစ္ေယာက္လံုးက လီဗာပူးအသင္းသားေတြကို အေျခခံတဲ့ လူစာရင္းေတြကိုပဲ ေရြးခ်ယ္ခဲ့ၾကေပမယ့္ ကြင္းလယ္ပိုင္း ေရြးခ်ယ္မႈမွာေတာ့ အနည္းငယ္ အခက္ေတြ႔ခဲ့ၾကပါတယ္။

နဗီးကေတာ့ သူ႔ရဲ႕အေကာင္းဆံုးအသင္းမွာ လီဗာပူးကစားသမားေတြျဖစ္တဲ့ ဝိုက္နယ္ဒမ္၊ ကိတ္တာတို႔နဲ႔ တြဲဘက္ျပီး ေပါ့ဘာကို ထည့္သြင္းေရြးခ်ယ္ခဲ့ပါတယ္။ အဲ့သည္လူစာရင္းကို ျမင္ျပီးတဲ့ေနာက္မွာ ကာေရဂါက နဗီးရဲ႕ အတြင္းလူေနရာမွာ ေပါ့ဘာကို ေရြးခ်ယ္မႈကို ေမးခြန္းထုတ္ခဲ့ျပီး စည္းကမ္းလိုက္နာမႈ မရွိဆံုး ကစားသမားပဲလို႔ ေဝဖန္လိုက္တာပါ။

လီဗာပူးဂႏၱဝင္ရဲ႕ ေဝဖန္မႈကို နဗီးက ဝန္ခံျပီး ‘ ေပါ့ဘာကို အရမ္းၾကီး ယံုၾကည္စြာနဲ႔ ေရြးခ်ယ္လိုက္တာ မဟုတ္ဘူးလို႔ ရိုးရိုးသားသားပဲ ေျပာလိုပါတယ္။ မာတစ္၊ ဟန္ဒါဆန္နဲ႔ မီလ္နာတို႔ကလည္း ဝင္လိုက္၊ ထြက္လိုက္နဲ႔ ကစားေနၾကရတာပါ။ ေပါ့ဘာကို ေရြးခ်ယ္လိုက္တာက အျခားထက္စာရင္ ယူႏိုက္တက္ ကစားသမားတစ္ဦးကို ေရြးခ်ယ္ခ်င္လို႔ပါပဲ ‘ လို႔ ဝန္ခံစကားဆိုပါတယ္။

ေမာ္ရင္ညိဳကိုယ္တုိင္က ပစာေပးျခင္း မရွိတဲ့ ကြင္းလယ္လူဟာ ႏွစ္သင္းရဲ႕ ကြင္းလယ္အတြင္းလူေတြထဲမွာ အရည္အခ်င္း အရွိဆံုး ကြင္းလယ္လူအျဖစ္ေတာ့ နဗီးက ယံုၾကည္ထားဆဲျဖစ္ျပီး ဒါကလည္း ေပါ့ဘာကို သူဘာလို႔ ေရြးခ်ယ္ရတယ္ဆိုတာရဲ႕ ေနာက္ထပ္ အေၾကာင္းျပခ်က္ျဖစ္ပါတယ္။

နဗီးက သူ႔ရဲ႕ အေကာင္းဆံုးအသင္းမွာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ ဒီဂီယာ၊ ဘိုင္လီ၊ ေပါ့ဘာနဲ႔ မာရွယ္တို႔ကို ထည့္ခဲ့ျပီး က်န္ ၇ ေနရာမွာေတာ့ လီဗာပူး ကစားသမားေတြကို ေရြးခ်ယ္ပါတယ္။ ကာေရဂါက ဒီဂီယာနဲ႔ မာတစ္အျပင္ ေနာက္ထပ္ ၉ ေနရာအတြက္ လီဗာပူးကစားသမားေတြကို ေရြးခ်ယ္ခဲ့တယ္။

MNF ရဲ႕ ႏွစ္သင္းေပါင္း အေကာင္းဆံုးအသင္းမွာေတာ့ ယူႏုိက္တက္ကစားသမား 3 ဦးနဲ႔ လီဗာပူးကစားသမား 8 ဦးထိ ပါဝင္သြားခဲ့ပါတယ္။ ေမးခြန္းတစ္ခုရွိတာက လီဗာပူး၊ ယူႏုိက္တက္ ႏွစ္သင္းေပါင္း အေကာင္းဆံုးအသင္းမွာ သင္ဆိုရင္ေကာ ဘယ္သူေတြကို ထည့္မလဲ?

Gary Neville’s combined XI

De Gea, Alexander-Arnold, Van Dijk, Bailly, Robertson, Wijnaldum, Pogba, Keita, Salah, Firmino, Martial.

Jamie Carragher’s combined XI

De Gea, Alexander-Arnold, Lovren, Van Dijk, Robertson, Keita, Matic, Milner, Salah, Firmino, Mane.

MNF Liverpool-United combined XI

De Gea, Alexander-Arnold, Bailly, Van Dijk, Robertson, Keita, Matic, Pogba, Salah, Firmino, Mane.

Sports Home Time

[Unicode] လီဗာပူး၊ ယူနိုက်တက်ပွဲကြို နှစ်သင်းပေါင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း ရွေးချယ်ရာမှာ နဗီးက ကွင်းလယ်တစ်နေရာအတွက် ပေါ့ဘာကို ထည့်သွင်းခဲ့မှုကို ကာရဂေါက ဟားတိုက်လှောင်ပြောင်လိုက်ပါတယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ထိပ်တိုက်တွေ့မယ့် တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးက အမှတ်ပေးဇယားကို ဦးဆောင်သူအဖြစ် ရှိနေပြီး ယူနိုက်တက်ကတော့ အဆင့် ၆ နေရာမှာ ရှိနေတာပါ။

စကိုင်းက ပြုလုပ်တဲ့ Monday Night Football အစီအစဉ်မှာ အစီအစဉ်မှူးတွေဖြစ်တဲ့ နဗီးနဲ့ ကာရေဂါတို့ဟာ ကိုယ်ပိုင် အကောင်းဆုံးအသင်းတွေကို ရွေးချယ်ခဲ့ကြတယ်။ နှစ်ယောက်လုံးက လီဗာပူးအသင်းသားတွေကို အခြေခံတဲ့ လူစာရင်းတွေကိုပဲ ရွေးချယ်ခဲ့ကြပေမယ့် ကွင်းလယ်ပိုင်း ရွေးချယ်မှုမှာတော့ အနည်းငယ် အခက်တွေ့ခဲ့ကြပါတယ်။

နဗီးကတော့ သူ့ရဲ့အကောင်းဆုံးအသင်းမှာ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဝိုက်နယ်ဒမ်၊ ကိတ်တာတို့နဲ့ တွဲဘက်ပြီး ပေါ့ဘာကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ အဲ့သည်လူစာရင်းကို မြင်ပြီးတဲ့နောက်မှာ ကာရေဂါက နဗီးရဲ့ အတွင်းလူနေရာမှာ ပေါ့ဘာကို ရွေးချယ်မှုကို မေးခွန်းထုတ်ခဲ့ပြီး စည်းကမ်းလိုက်နာမှု မရှိဆုံး ကစားသမားပဲလို့ ဝေဖန်လိုက်တာပါ။

လီဗာပူးဂန္တဝင်ရဲ့ ဝေဖန်မှုကို နဗီးက ဝန်ခံပြီး ‘ ပေါ့ဘာကို အရမ်းကြီး ယုံကြည်စွာနဲ့ ရွေးချယ်လိုက်တာ မဟုတ်ဘူးလို့ ရိုးရိုးသားသားပဲ ပြောလိုပါတယ်။ မာတစ်၊ ဟန်ဒါဆန်နဲ့ မီလ်နာတို့ကလည်း ဝင်လိုက်၊ ထွက်လိုက်နဲ့ ကစားနေကြရတာပါ။ ပေါ့ဘာကို ရွေးချယ်လိုက်တာက အခြားထက်စာရင် ယူနိုက်တက် ကစားသမားတစ်ဦးကို ရွေးချယ်ချင်လို့ပါပဲ ‘ လို့ ဝန်ခံစကားဆိုပါတယ်။

မော်ရင်ညိုကိုယ်တိုင်က ပစာပေးခြင်း မရှိတဲ့ ကွင်းလယ်လူဟာ နှစ်သင်းရဲ့ ကွင်းလယ်အတွင်းလူတွေထဲမှာ အရည်အချင်း အရှိဆုံး ကွင်းလယ်လူအဖြစ်တော့ နဗီးက ယုံကြည်ထားဆဲဖြစ်ပြီး ဒါကလည်း ပေါ့ဘာကို သူဘာလို့ ရွေးချယ်ရတယ်ဆိုတာရဲ့ နောက်ထပ် အကြောင်းပြချက်ဖြစ်ပါတယ်။

နဗီးက သူ့ရဲ့ အကောင်းဆုံးအသင်းမှာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဒီဂီယာ၊ ဘိုင်လီ၊ ပေါ့ဘာနဲ့ မာရှယ်တို့ကို ထည့်ခဲ့ပြီး ကျန် ၇ နေရာမှာတော့ လီဗာပူး ကစားသမားတွေကို ရွေးချယ်ပါတယ်။ ကာရေဂါက ဒီဂီယာနဲ့ မာတစ်အပြင် နောက်ထပ် ၉ နေရာအတွက် လီဗာပူးကစားသမားတွေကို ရွေးချယ်ခဲ့တယ်။

MNF ရဲ့ နှစ်သင်းပေါင်း အကောင်းဆုံးအသင်းမှာတော့ ယူနိုက်တက်ကစားသမား 3 ဦးနဲ့ လီဗာပူးကစားသမား 8 ဦးထိ ပါဝင်သွားခဲ့ပါတယ်။ မေးခွန်းတစ်ခုရှိတာက လီဗာပူး၊ ယူနိုက်တက် နှစ်သင်းပေါင်း အကောင်းဆုံးအသင်းမှာ သင်ဆိုရင်ကော ဘယ်သူတွေကို ထည့်မလဲ?

Gary Neville’s combined XI

De Gea, Alexander-Arnold, Van Dijk, Bailly, Robertson, Wijnaldum, Pogba, Keita, Salah, Firmino, Martial.

Jamie Carragher’s combined XI

De Gea, Alexander-Arnold, Lovren, Van Dijk, Robertson, Keita, Matic, Milner, Salah, Firmino, Mane.

MNF Liverpool-United combined XI

De Gea, Alexander-Arnold, Bailly, Van Dijk, Robertson, Keita, Matic, Pogba, Salah, Firmino, Mane.

Sports Home Time