တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ နံနက္ခင္းသတင္းမ်ား

[Zawgyi] မန္စီးတီးနဲ႔ စပါးပြဲမွာ အေကာင္းဆံုးကစားသမားဆုကို ဘာနာတုိ ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ဘာနာတိုက အဆိုပါဆုကို ပြဲရဲ႕ အႏုိင္ဂိုးရွင္ ဖိုဒန္အား လြဲေျပာင္း ေပးအပ္ခဲ့တယ္လို႔ သိရတယ္။ ဖိုဒန္ဟာ ကစားသမားဘဝ ဒုတိယအၾကိမ္ေျမာက္ ပြဲထြက္ကစားမႈမွာ ပထမဆံုး ပရီးမီးယားလိဂ္ဂိုး ရခဲ့တာျဖစ္ပါတယ္။

မန္စီးတီး ကစားသမားေတြျဖစ္တဲ့ အဂြယ္ရို၊ စတာလင္၊ ဘာနာတို တို႔ဟာ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု (PFA) အတြက္ ဆန္ကာတင္ စာရင္းမွာ ပါဝင္လာပါတယ္။ စတာလင္နဲ႔ ဘာနာတို တို႔ဟာ တစ္ႏွစ္တာအေကာင္းဆံုး လူငယ္ ဆန္ကာတင္ စာရင္းမွာလည္း ပါဝင္ခဲ့ၾကပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ခ်န္ပီယံလိဂ္ကေန ထြက္ခြာရတဲ့ နာက်င္ခံစားရမႈဒဏ္ကေန ပရိသတ္ေတြက အေကာင္းဆံုး တုန္႔ျပန္ႏုိင္ခဲ့ျပီး စပါးနဲ႔ပြဲမွာ ထူးခၽြန္တဲ့ အားေပးမႈေတြ ျပဳလုပ္ေပးခဲ့ၾကတာအတြက္ အထူး ေက်းဇူးတင္ပါေၾကာင္း ပြဲျပီးမွာ ေျပာဆိုပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက ကလပ္အသင္းဟာ အေျပာင္းအေရႊ႔ကေန ကစားသမား 6 ဦးေလာက္ကို ေခၚယူသြားမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ သူကေတာ့ ယူႏုိက္တက္ကို ျပန္လည္တည္ေဆာက္မႈက အခ်ိန္ယူရမွာျဖစ္ျပီး အေျပာင္းအရႊ႔ တစ္ခုတည္းနဲ႔တင္ ျပီးျပတ္မယ့္ကိစၥ မဟုတ္ပါဘူးလို႔ ေျပာဆိုပါတယ္။

ယူႏုိက္တက္ရဲ႕ မာေဆးဆိုဒ္ကို ထြက္ခြာတဲ့ ခရီးမွာ စီနီယာာ အသင္းသာေတြ စံုစံုလင္လင္ ပါဝင္သြားပါတယ္။ လူစာရင္းမွာေတာ့ ဘိုင္လီ၊ ဆန္းခ်က္နဲ႔ မာတစ္၊ မာတာလို ၾကံ႕ခိုင္မႈ ျပႆနာရွိတဲ့ ကစားသမားေတြလည္း ပါဝင္သြားခဲ့ပါတယ္။

ယူႏုိက္တက္က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ပဲေလစ့္တိုက္စစ္သမား ဇာဟာက သူဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရ ကလပ္အသင္းေတြမွာ ပါဝင္ကစားဖို႔နဲ႔ ဆုဖလားစိန္ေခၚႏုိင္စြမ္းရွိတဲ့ အသင္းေတြမွာ ပါဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနပါျပီလို႔ ေျပာဆိုလာပါတယ္။ ယူႏုိက္တက္ကေန ထြက္ခြာလာတဲ့ေနာက္ ဇာဟာ ဟာ ပိုမိုရင့္က်က္တဲ့ တိုက္စစ္သမားအျဖစ္ ထိပ္သီးအသင္းတိုင္း အလိုရွိသူ ျဖစ္လာေနပါတယ္။

စပါးမန္ေနဂ်ာ ပိုခ်က္တီႏိုက ေဝၚကာရဲ႕ ျပစ္ဒဏ္ကို ပင္နယ္တီ မရခဲ့တာနဲ႔ ပက္သက္ျပီး ” က်ေနာ္ အထြန္႔တက္မွာ မဟုတ္ပါဘူး။ က်ေန္ာရဲ႕ မွတ္ခ်က္မွာ မွ်တဖို႔ ၾကိဳးစားမွာပါ။ ဒိုင္လူၾကီးက ေနရာေကာင္းမွာ ရွိေနခဲ့တာပါ။ ဒါက ရွင္းလင္းတဲ့ လက္ထိေဘာပါပဲ။ ဒါေပမယ့္ ပင္နယ္တီ မဟုတ္ဘူးဆိုရင္လည္း က်ေန္ာ လက္ခံပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

စပါးပရိသတ္ေတြက မန္စီးတီးရဲ႕ အီသီဟတ္မွာ ယွဥ္ျပိဳင္တဲ့ ပြဲအတြင္း ‘VAR ဆိုတာကို ငါတို႔ သိပ္ၾကိဳက္တာပဲ’ ဆိုတာကို မန္ခ်က္စတာျမိဳ႕မွာ သီခ်င္းလုပ္ သီဆိုခဲ့ၾကတယ္။ မန္စီးတီး ပရိသတ္ေတြက ႏိုင္ပြဲအျပီး ‘မင္းတို႔ရဲ႕ VAR က ဘယ္မွာလဲ’ လို႔ ေအာ္ဟစ္ေလွာင္ေျပာင္မႈကို လန္ဒန္သားေတြက ‘ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲအတြက္ အနားယူေနတာေလ’ လို႔ တုန္႔ျပန္ခဲ့ၾကပါတယ္။

စပါးအသင္းဟာ ကြင္းလယ္လူ အဲရစ္ဆန္ကို သက္တမ္းတိုးဖို႔ စကားေျပာမႈေတြ စတင္ေနခဲ့ျပီျဖစ္ျပီး ကာလရွည္ စာခ်ဳပ္ကို လက္မွတ္ထိုးႏုိင္မယ္လို႔ ယံုၾကည္ေနပါတယ္။

လီဗာပူးအသင္းဟာ သူ ရင္ဆိုင္ဖူးသမွ် အသင္းေတြထဲ အေကာင္းဆံုးအသင္းေတြထဲက တစ္သင္း ျဖစ္တယ္လို႔ မန္စီးတီး မန္ေနဂ်ာ ပက္ ဂြာဒီယိုလာက ၀န္ခံေျပာၾကားလိုက္ပါတယ္။

ေနာက္တစ္ပတ္ မွာ ေၾကျငာမယ့္ ပရီးမီးယားလိဂ္ တစ္နွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ဗန္ဒိုက္ မရရွိဘူးဆိုရင္ စိတ္ပ်က္ရမွာ ျဖစ္ေၾကာင္း လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

လီဗာပူးလူငယ္ကစားသမား ကမာခ်ိဳဟာ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္နွစ္သာ က်န္ရွိျပီး ထြက္ခြာလိုေနတာပါ။ ၄င္းဟာ တိုက္စစ္ေနရာမွာ ကစားဖို႔ လိုလားေပမယ့္ ပထမအသင္းၾကီးက နည္းျပေတြက ညာျခမ္းခံစစ္ေနရာမွာသာ ထားခဲ့လို႕ မေက်နပ္ေၾကာင္းကိုလည္း လတ္တေလာမွာတင္ ေျပာဆိုထားျပီး အသင္းဘက္ကေတာ့ ကမာခ်ိဳကို ဆက္ထိန္းထားလိုေနပါတယ္။

ဘုန္းေမာက္နည္းျပ အက္ဒီဟို၀ီဟာ ခ်ယ္ဆီးနည္းျပသစ္ ျဖစ္လာနုိင္တယ္လို႔ ေပါလ္မာဆန္က အံ့အားသင့္ဖြယ္ ခန္႔မွန္း ေျပာဆိုလိုက္ပါတယ္။ ဟို၀ီက နည္းျပေကာင္းလည္း ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။

ပက္ဒရိုက ၄ငး္္ရဲ႕ ခ်ယ္ဆီးအသင္းေဖာ္ ဟာဇက္ဟာ အသင္းအတြက္ စိတ္နွစ္ကစားေပးေနတယ္လို႔ ေထာက္ခံေျပာဆိုလိုက္ျပီး ဘယ္လ္ဂ်ီယံသားရဲ႕ အနာဂတ္နဲ႕ ပတ္သတ္လို႔ေတာ့ သူ မသိေၾကာင္း ၀န္ခံေျပာၾကားလိုက္ပါတယ္။

ခ်ယ္ဆီးအမ်ိဳးသမီးအသင္းဟာ လိုင္ယြန္နဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖို္င္နယ္ပြဲ ဒီေန႔ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ျပီး အသင္း မန္ေနဂ်ာ အီမာေဟးရက္စ္ကေတာ့ ဒီပြဲဟာ သူမ နည္းျပဘ၀ အၾကီးက်ယ္ဆံုးပြဲ ျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္နဲ႕ ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ ခရစၥတယ္ပဲေလ့စ္မွ တိုက္စစ္သမား ဇာဟာက ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပါ၀င္ကစားလိုတယ္လို႔ ဆိုလိုက္ျပီး လက္ရွိအသင္းကေန ထြက္ခြာရန္ ၾကံရြယ္ေနပါတယ္။

လက္ရွိနည္းျပ အူနိုင္း အမ္မရီနဲ႕ ယခင္နည္းျပေဟာင္း အာဆင္၀င္းဂါးတု႔ိၾကားမွာ မတူညီမႈေတြ အမ်ားၾကီး ရွိတယ္လို႔ အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီက ေျပာၾကားလိုက္ပါတယ္။

ဂိုးေတြသြင္းတာက နိုင္ပြဲေတြကိုယူေဆာင္ေပးနုိင္ေပမယ့္ ေဘာလံုးကို နားလည္သူေတြဆို ခံစစ္ကပဲ လိဂ္မွာ ခ်န္ပီယံျဖစ္ေစတယ္ဆိုတာ သိျမင္ေၾကာင္း အာဆင္နယ္ ခံစစ္မွဴး ဆိုကေရးတစ္က ေျပာၾကားလိုက္ပါတယ္။ ဒါေပမယ့္ အသင္းက ဂိုးေတြ ေပးေနရတဲ့အေပၚ ၄င္းက နွစ္သက္ျခင္း မရွိေၾကာင္းလည္း ၀န္ခံေျပာဆိုခဲ့ပါတယ္။

Sports Home Time

[Unicode] မန်စီးတီးနဲ့ စပါးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ဘာနာတို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာနာတိုက အဆိုပါဆုကို ပွဲရဲ့ အနိုင်ဂိုးရှင် ဖိုဒန်အား လွဲပြောင်း ပေးအပ်ခဲ့တယ်လို့ သိရတယ်။ ဖိုဒန်ဟာ ကစားသမားဘဝ ဒုတိယအကြိမ်မြောက် ပွဲထွက်ကစားမှုမှာ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ရခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ကစားသမားတွေဖြစ်တဲ့ အဂွယ်ရို၊ စတာလင်၊ ဘာနာတို တို့ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (PFA) အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်လာပါတယ်။ စတာလင်နဲ့ ဘာနာတို တို့ဟာ တစ်နှစ်တာအကောင်းဆုံး လူငယ် ဆန်ကာတင် စာရင်းမှာလည်း ပါဝင်ခဲ့ကြပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ချန်ပီယံလိဂ်ကနေ ထွက်ခွာရတဲ့ နာကျင်ခံစားရမှုဒဏ်ကနေ ပရိသတ်တွေက အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့ပြီး စပါးနဲ့ပွဲမှာ ထူးချွန်တဲ့ အားပေးမှုတွေ ပြုလုပ်ပေးခဲ့ကြတာအတွက် အထူး ကျေးဇူးတင်ပါကြောင်း ပွဲပြီးမှာ ပြောဆိုပါတယ်။

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက ကလပ်အသင်းဟာ အပြောင်းအရွှေ့ကနေ ကစားသမား 6 ဦးလောက်ကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သူကတော့ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်မှုက အချိန်ယူရမှာဖြစ်ပြီး အပြောင်းအရွှ့ တစ်ခုတည်းနဲ့တင် ပြီးပြတ်မယ့်ကိစ္စ မဟုတ်ပါဘူးလို့ ပြောဆိုပါတယ်။

ယူနိုက်တက်ရဲ့ မာဆေးဆိုဒ်ကို ထွက်ခွာတဲ့ ခရီးမှာ စီနီယာာ အသင်းသာတွေ စုံစုံလင်လင် ပါဝင်သွားပါတယ်။ လူစာရင်းမှာတော့ ဘိုင်လီ၊ ဆန်းချက်နဲ့ မာတစ်၊ မာတာလို ကြံ့ခိုင်မှု ပြဿနာရှိတဲ့ ကစားသမားတွေလည်း ပါဝင်သွားခဲ့ပါတယ်။

ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပဲလေစ့်တိုက်စစ်သမား ဇာဟာက သူဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းတွေမှာ ပါဝင်ကစားဖို့နဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းတွေမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောဆိုလာပါတယ်။ ယူနိုက်တက်ကနေ ထွက်ခွာလာတဲ့နောက် ဇာဟာ ဟာ ပိုမိုရင့်ကျက်တဲ့ တိုက်စစ်သမားအဖြစ် ထိပ်သီးအသင်းတိုင်း အလိုရှိသူ ဖြစ်လာနေပါတယ်။

စပါးမန်နေဂျာ ပိုချက်တီနိုက ဝေါ်ကာရဲ့ ပြစ်ဒဏ်ကို ပင်နယ်တီ မရခဲ့တာနဲ့ ပက်သက်ပြီး ” ကျနော် အထွန့်တက်မှာ မဟုတ်ပါဘူး။ ကျနေ်ာရဲ့ မှတ်ချက်မှာ မျှတဖို့ ကြိုးစားမှာပါ။ ဒိုင်လူကြီးက နေရာကောင်းမှာ ရှိနေခဲ့တာပါ။ ဒါက ရှင်းလင်းတဲ့ လက်ထိဘောပါပဲ။ ဒါပေမယ့် ပင်နယ်တီ မဟုတ်ဘူးဆိုရင်လည်း ကျနေ်ာ လက်ခံပါတယ် ” လို့ ဆိုခဲ့ပါတယ်။

စပါးပရိသတ်တွေက မန်စီးတီးရဲ့ အီသီဟတ်မှာ ယှဉ်ပြိုင်တဲ့ ပွဲအတွင်း ‘VAR ဆိုတာကို ငါတို့ သိပ်ကြိုက်တာပဲ’ ဆိုတာကို မန်ချက်စတာမြို့မှာ သီချင်းလုပ် သီဆိုခဲ့ကြတယ်။ မန်စီးတီး ပရိသတ်တွေက နိုင်ပွဲအပြီး ‘မင်းတို့ရဲ့ VAR က ဘယ်မှာလဲ’ လို့ အော်ဟစ်လှောင်ပြောင်မှုကို လန်ဒန်သားတွေက ‘ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအတွက် အနားယူနေတာလေ’ လို့ တုန့်ပြန်ခဲ့ကြပါတယ်။

စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ကို သက်တမ်းတိုးဖို့ စကားပြောမှုတွေ စတင်နေခဲ့ပြီဖြစ်ပြီး ကာလရှည် စာချုပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ သူ ရင်ဆိုင်ဖူးသမျှ အသင်းတွေထဲ အကောင်းဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်တယ်လို့ မန်စီးတီး မန်နေဂျာ ပက် ဂွာဒီယိုလာက ဝန်ခံပြောကြားလိုက်ပါတယ်။

နောက်တစ်ပတ် မှာ ကြေငြာမယ့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဗန်ဒိုက် မရရှိဘူးဆိုရင် စိတ်ပျက်ရမှာ ဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လီဗာပူးလူငယ်ကစားသမား ကမာချိုဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိပြီး ထွက်ခွာလိုနေတာပါ။ ၎င်းဟာ တိုက်စစ်နေရာမှာ ကစားဖို့ လိုလားပေမယ့် ပထမအသင်းကြီးက နည်းပြတွေက ညာခြမ်းခံစစ်နေရာမှာသာ ထားခဲ့လို့ မကျေနပ်ကြောင်းကိုလည်း လတ်တလောမှာတင် ပြောဆိုထားပြီး အသင်းဘက်ကတော့ ကမာချိုကို ဆက်ထိန်းထားလိုနေပါတယ်။

ဘုန်းမောက်နည်းပြ အက်ဒီဟိုဝီဟာ ချယ်ဆီးနည်းပြသစ် ဖြစ်လာနိုင်တယ်လို့ ပေါလ်မာဆန်က အံ့အားသင့်ဖွယ် ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ ဟိုဝီက နည်းပြကောင်းလည်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

ပက်ဒရိုက ၎င်း်ရဲ့ ချယ်ဆီးအသင်းဖော် ဟာဇက်ဟာ အသင်းအတွက် စိတ်နှစ်ကစားပေးနေတယ်လို့ ထောက်ခံပြောဆိုလိုက်ပြီး ဘယ်လ်ဂျီယံသားရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့တော့ သူ မသိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ချယ်ဆီးအမျိုးသမီးအသင်းဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ဒီနေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အသင်း မန်နေဂျာ အီမာဟေးရက်စ်ကတော့ ဒီပွဲဟာ သူမ နည်းပြဘ၀ အကြီးကျယ်ဆုံးပွဲ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ခရစ္စတယ်ပဲလေ့စ်မှ တိုက်စစ်သမား ဇာဟာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားလိုတယ်လို့ ဆိုလိုက်ပြီး လက်ရှိအသင်းကနေ ထွက်ခွာရန် ကြံရွယ်နေပါတယ်။

လက်ရှိနည်းပြ အူနိုင်း အမ်မရီနဲ့ ယခင်နည်းပြဟောင်း အာဆင်ဝင်းဂါးတု့ိကြားမှာ မတူညီမှုတွေ အများကြီး ရှိတယ်လို့ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ပြောကြားလိုက်ပါတယ်။

ဂိုးတွေသွင်းတာက နိုင်ပွဲတွေကိုယူဆောင်ပေးနိုင်ပေမယ့် ဘောလုံးကို နားလည်သူတွေဆို ခံစစ်ကပဲ လိဂ်မှာ ချန်ပီယံဖြစ်စေတယ်ဆိုတာ သိမြင်ကြောင်း အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အသင်းက ဂိုးတွေ ပေးနေရတဲ့အပေါ် ၎င်းက နှစ်သက်ခြင်း မရှိကြောင်းလည်း ဝန်ခံပြောဆိုခဲ့ပါတယ်။

Sports Home Time