[Zawgyi] အာဆင္နယ္အသင္းေခါင္းေဆာင္ ကိုစီရယ္နီက ဒီႏွစ္ ေမလတည္းက စလို႔ အသင္းအတြက္ ေကာင္းေကာင္း မကစားေပးနုိင္ေသးပါဘူး.. ဒါေပမယ့္ သူ႔ရဲ႕ျဖစ္တည္မႈကိုက လန္ဒန္ကလပ္အေပၚမွာ သက္ေရာက္မႈ ရွိေနဆဲပါ။ ဘယ္လိုေၾကာင့္မ်ားလဲ? ကိုစီရယ္နီရဲ႕ လႊမ္းမိုးမႈအေၾကာင္းကို ဂိုးသမား လီနုိက ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္နည္းျပ အမ္မရီဟာ ၃၃ နွစ္အရြယ္ ၀ါရင့္ဂန္းနားၾကီးကို ဘုန္းေမာက္၊ မန္ခ်က္စတာယူနိုက္တက္နဲ႕ ပြဲေတြမွာ အသင္းနဲ႕အတူ အေ၀းကြင္းေတြ လိုက္ပါဖို႔ ေတာင္းဆိုခဲ့ရပါတယ္။ ေတာ့တင္ဟမ္နဲ႕ပြဲမွာလည္း အသင္း လူစာရင္းမွာ မပါ၀င္ခဲ့ေပမယ့္ ပြဲမတိုင္ခင္မွာ အသင္းသားေတြကို ဒါဘီနဲ႔ပတ္သတ္တဲ့ အစဥ္အလာေတြ ရွင္းျပကာ စိတ္ဓာတ္တက္ၾကြေစေအာင္ စကားေျပာခဲ့တယ္လုိ႔ သိရပါတယ္။ ကိုစီရယ္နီက တကယ့္ကို ျပီးျပည့္စံုတဲ့ အသင္းေခါင္းေဆာင္ေကာင္းလို႔ လီနိုက ဆိုပါတယ္။
“ကုိစီရယ္နီ ဒဏ္ရာ မရခင္ကနဲ႕ အခု အသင္း အေျခအေနကို ႏႈိငး္ယွဥ္ဖို႔ေတာ့ ခက္တာေပါ့.. က်ေနာ္မွ အရင္က ဒီမွာ မရွိခဲ့တာ.. ဒါေပမယ့္ ေလ့က်င့္ေရးမွာ သူ ကစားသမားေတြကို ဘယ္လို စကားေျပာတယ္ဆိုတာ ျမင္ေစ့ခ်င္တယ္။ က်ေနာ္တို႔မွာ လူငယ္ကစားသမားေတြ အမ်ားၾကီး ရွိတယ္.. သူက လူငယ္ေတြကို စကားေျပာေလ့ရွိတယ္.. သူ႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႕ အသင္းေပၚမွာ လႊမ္းမိုးမႈ ၾကီးၾကီး ရွိတယ္။ အ၀တ္လဲခန္းမွာ ၾသဇာၾကီးတယ္။”

“ေတာ့တင္ဟမ္နဲ႕ပြဲ လူစာရင္းမွာ သူ မပါေပမယ့္ ပြဲမစခင္ ၅ မိနစ္ေလာက္ အလို အ၀တ္လဲခန္းထဲမွာ က်ေနာ္တို႔ကို စကားေျပာခဲ့တယ္။ သူက ဒီလို ဒါဘီပြဲေတြရဲ႕ အစဥ္အလာ သမိုင္းေၾကာင္းနဲ႕ ေကာင္းတဲ့ အခ်က္ေတြ အမ်ားၾကီး ေျပာျပတယ္။ ဒီပြဲဟာ ပရိသတ္ေတြအတြက္၊ ကလပ္အသင္းအတြက္၊ ကစားသမားေတြအတြက္ ဘယ္လို အေရးပါတယ္ဆိုတာ သေဘာေပါက္ေအာင္ ရွင္းျပသြားတယ္။ သူက က်ေနာ္တို႔အတြက္ေတာ့ တကယ့္ ေခါင္းေဆာင္ အသင္းေခါင္းေဆာင္ေကာင္းပါ။” လို႔ ဒီရာသီမွာ အမ္းမရိတ္ေရာက္လာခဲ့တဲ့ လီနိုက ေျပာၾကားခဲ့တာပါ။
ကုိစီရယ္နီရဲ႕ ဦးေဆာင္လံွဳ႕ေဆာ္မႈက သက္ေရာက္မႈ ရွိခဲ့တယ္ဆိုတာ စပါးကို ဦးေဆာင္ဂိုး ၂ဂိုးေပးျပီးမွ ဒီရာသီ အေကာင္းဆံုး ေျခစြမ္းပံုစံနဲ႕ ဂန္းနားေတြ ျပန္လာနုိင္တာ ၾကည့္ရင္ သိနုိင္ပါတယ္။ ဒီပြဲအနုိင္ေၾကာင့္ အာဆင္နယ္ရဲ႕ ၂၁ ပြဲဆက္ ရွံဳးပြဲမရွိ မွတ္တမ္းလည္း ဆက္လက္ အသက္ဆက္နုိင္သြားခဲ့တာပါ။
ျပင္သစ္လက္ေရြးစင္ေဟာင္း ဗဟိုခံစစ္မွဴးၾကီးဟာ ၾကာသပေတးေန႔ ကြာရာဘတ္နဲ႕ ယူရိုပါလိဂ္ပြဲမွာ ျပန္လည္ ပါ၀င္နုိင္မယ္ ေမွ်ာ္လင့္ရျပီး ပရီးမီးယားလိဂ္မွာလည္း ခံစစ္သမားေတြ ဒဏ္ရာရ ပြဲပယ္ေတြ မ်ားေနတဲ့ အာဆင္နယ္အတြက္ အေနွးနဲ႕ အျမန္ ကိုစီရယ္နီကို လိုအပ္ေနျပီ ျဖစ္ပါတယ္။
Sports Home Time
[Unicode] အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီရယ်နီက ဒီနှစ် မေလတည်းက စလို့ အသင်းအတွက် ကောင်းကောင်း မကစားပေးနိုင်သေးပါဘူး.. ဒါပေမယ့် သူ့ရဲ့ဖြစ်တည်မှုကိုက လန်ဒန်ကလပ်အပေါ်မှာ သက်ရောက်မှု ရှိနေဆဲပါ။ ဘယ်လိုကြောင့်များလဲ? ကိုစီရယ်နီရဲ့ လွှမ်းမိုးမှုအကြောင်းကို ဂိုးသမား လီနိုက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီဟာ ၃၃ နှစ်အရွယ် ၀ါရင့်ဂန်းနားကြီးကို ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲတွေမှာ အသင်းနဲ့အတူ အဝေးကွင်းတွေ လိုက်ပါဖို့ တောင်းဆိုခဲ့ရပါတယ်။ တော့တင်ဟမ်နဲ့ပွဲမှာလည်း အသင်း လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲမတိုင်ခင်မှာ အသင်းသားတွေကို ဒါဘီနဲ့ပတ်သတ်တဲ့ အစဉ်အလာတွေ ရှင်းပြကာ စိတ်ဓာတ်တက်ကြွစေအောင် စကားပြောခဲ့တယ်လို့ သိရပါတယ်။ ကိုစီရယ်နီက တကယ့်ကို ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင်ကောင်းလို့ လီနိုက ဆိုပါတယ်။
“ကိုစီရယ်နီ ဒဏ်ရာ မရခင်ကနဲ့ အခု အသင်း အခြေအနေကို နှိုငး်ယှဉ်ဖို့တော့ ခက်တာပေါ့.. ကျနော်မှ အရင်က ဒီမှာ မရှိခဲ့တာ.. ဒါပေမယ့် လေ့ကျင့်ရေးမှာ သူ ကစားသမားတွေကို ဘယ်လို စကားပြောတယ်ဆိုတာ မြင်စေ့ချင်တယ်။ ကျနော်တို့မှာ လူငယ်ကစားသမားတွေ အများကြီး ရှိတယ်.. သူက လူငယ်တွေကို စကားပြောလေ့ရှိတယ်.. သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အသင်းပေါ်မှာ လွှမ်းမိုးမှု ကြီးကြီး ရှိတယ်။ အဝတ်လဲခန်းမှာ သြဇာကြီးတယ်။”
“တော့တင်ဟမ်နဲ့ပွဲ လူစာရင်းမှာ သူ မပါပေမယ့် ပွဲမစခင် ၅ မိနစ်လောက် အလို အဝတ်လဲခန်းထဲမှာ ကျနော်တို့ကို စကားပြောခဲ့တယ်။ သူက ဒီလို ဒါဘီပွဲတွေရဲ့ အစဉ်အလာ သမိုင်းကြောင်းနဲ့ ကောင်းတဲ့ အချက်တွေ အများကြီး ပြောပြတယ်။ ဒီပွဲဟာ ပရိသတ်တွေအတွက်၊ ကလပ်အသင်းအတွက်၊ ကစားသမားတွေအတွက် ဘယ်လို အရေးပါတယ်ဆိုတာ သဘောပေါက်အောင် ရှင်းပြသွားတယ်။ သူက ကျနော်တို့အတွက်တော့ တကယ့် ခေါင်းဆောင် အသင်းခေါင်းဆောင်ကောင်းပါ။” လို့ ဒီရာသီမှာ အမ်းမရိတ်ရောက်လာခဲ့တဲ့ လီနိုက ပြောကြားခဲ့တာပါ။
ကိုစီရယ်နီရဲ့ ဦးဆောင်လှုံ့ဆော်မှုက သက်ရောက်မှု ရှိခဲ့တယ်ဆိုတာ စပါးကို ဦးဆောင်ဂိုး ၂ဂိုးပေးပြီးမှ ဒီရာသီ အကောင်းဆုံး ခြေစွမ်းပုံစံနဲ့ ဂန်းနားတွေ ပြန်လာနိုင်တာ ကြည့်ရင် သိနိုင်ပါတယ်။ ဒီပွဲအနိုင်ကြောင့် အာဆင်နယ်ရဲ့ ၂၁ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းလည်း ဆက်လက် အသက်ဆက်နိုင်သွားခဲ့တာပါ။
ပြင်သစ်လက်ရွေးစင်ဟောင်း ဗဟိုခံစစ်မှူးကြီးဟာ ကြာသပတေးနေ့ ကွာရာဘတ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပြန်လည် ပါဝင်နိုင်မယ် မျှော်လင့်ရပြီး ပရီးမီးယားလိဂ်မှာလည်း ခံစစ်သမားတွေ ဒဏ်ရာရ ပွဲပယ်တွေ များနေတဲ့ အာဆင်နယ်အတွက် အနှေးနဲ့ အမြန် ကိုစီရယ်နီကို လိုအပ်နေပြီ ဖြစ်ပါတယ်။
Sports Home Time
